< اَلْمَزَامِيرُ 79 >

مَزْمُورٌ. لِآسَافَ اَللَّهُمَّ، إِنَّ ٱلْأُمَمَ قَدْ دَخَلُوا مِيرَاثَكَ. نَجَّسُوا هَيْكَلَ قُدْسِكَ. جَعَلُوا أُورُشَلِيمَ أَكْوَامًا. ١ 1
အို ဘု​ရား​သ​ခင်၊ ပြည်​တော်​ထဲ​သို့​ဘု​ရား​မဲ့​သူ​တို့​ချဉ်း​နင်း ဝင်​ရောက်​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​ကြ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ဖြို​ဖျက်​လိုက်​ကြ ပါ​ပြီ။
دَفَعُوا جُثَثَ عَبِيدِكَ طَعَامًا لِطُيُورِ ٱلسَّمَاءِ، لَحْمَ أَتْقِيَائِكَ لِوُحُوشِ ٱلْأَرْضِ. ٢ 2
သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ အ​လောင်း​များ​ကို​ငှက်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင့်​အ​စေ​ခံ​တို့​၏​အ​လောင်း​များ​ကို သား​ရဲ​တိရစ္ဆာန်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း ပစ်​ထား​ကြ​ပါ​ပြီ။
سَفَكُوا دَمَهُمْ كَٱلْمَاءِ حَوْلَ أُورُشَلِيمَ، وَلَيْسَ مَنْ يَدْفِنُ. ٣ 3
သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​၏​သွေး​ကို ရေ​ကဲ့​သို့ ယို​စီး​စေ​ကြ​ပါ​၏။ သွေး​ချောင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဖြတ်​၍ စီး​ဆင်း​လျက်​ရှိ​ပါ​၏။ အ​လောင်း​များ​ကို​သင်္ဂြိုဟ်​မည့်​သူ​တစ်​စုံ တစ်​ယောက်​မျှ မ​ကျန်​တော့​ပါ။
صِرْنَا عَارًا عِنْدَ جِيرَانِنَا، هُزْءًا وَسُخْرَةً لِلَّذِينَ حَوْلَنَا. ٤ 4
ပတ်​လည်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ကျွန်​တော်​မျိုး တို့​အား ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ကဲ့​ရဲ့​ပြောင်​လှောင်​ကြ​ပါ​၏။
إِلَى مَتَى يَارَبُّ تَغْضَبُ كُلَّ ٱلْغَضَبِ، وَتَتَّقِدُ كَٱلنَّارِ غَيْرَتُكَ؟ ٥ 5
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ် အ​မျက်​ထွက်​လျက်​နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​မ​ပြေ​ဘဲ​မီး​ကဲ့​သို့​တောက်​လောင် နေ​ပါ​မည်​လော။
أَفِضْ رِجْزَكَ عَلَى ٱلْأُمَمِ ٱلَّذِينَ لَا يَعْرِفُونَكَ، وَعَلَى ٱلْمَمَالِكِ ٱلَّتِي لَمْ تَدْعُ بِٱسْمِكَ، ٦ 6
ကိုယ်​တော်​ရှင်​အား​ရှိ​မ​ခိုး၊ဝတ်​မ​ပြု​သည့် လူ​မျိုး​တို့​အား​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​ထံ ဆု​တောင်း​ပတ္ထ​နာ​မ​တောင်း​မ​လျှောက် သူ​တို့​အား​လည်း​ကောင်း​အ​မျက်​ထွက်​တော်​မူ​ပါ။
لِأَنَّهُمْ قَدْ أَكَلُوا يَعْقُوبَ وَأَخْرَبُوا مَسْكَنَهُ. ٧ 7
ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို သတ်​ဖြတ်​ကြ​ပါ​ပြီ။ ပြည်​တော်​ကို​လည်း​ယို​ယွင်း​ပျက်​စီး​စေ​ကြ​ပါ​ပြီ။
لَا تَذْكُرْ عَلَيْنَا ذُنُوبَ ٱلْأَوَّلِينَ. لِتَتَقَدَّمْنَا مَرَاحِمُكَ سَرِيعًا، لِأَنَّنَا قَدْ تَذَلَّلْنَا جِدًّا. ٨ 8
ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ​အ​တွက် ကျွန်​တော်​မျိုး​တို့​အား​ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​မျှော်​လင့်​ရာ​မဲ့​လျက် ရှိ​ကြ​ပါ​၏။
أَعِنَّا يَا إِلَهَ خَلَاصِنَا مِنْ أَجْلِ مَجْدِ ٱسْمِكَ، وَنَجِّنَا وَٱغْفِرْ خَطَايَانَا مِنْ أَجْلِ ٱسْمِكَ. ٩ 9
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​ကူ​မ​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​ကို​ကယ်​ဆယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပါ။
لِمَاذَا يَقُولُ ٱلْأُمَمُ: «أَيْنَ هُوَ إِلَهُهُمْ؟». لِتُعْرَفْ عِنْدَ ٱلْأُمَمِ قُدَّامَ أَعْيُنِنَا نَقْمَةُ دَمِ عَبِيدِكَ ٱلْمُهْرَاقِ. ١٠ 10
၁၀``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း'' ဟု လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့် မေး​ရ​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​၏​သွေး​ကို​သွန်​သည့် လူ​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​တို့​မြင်​ရ​ကြ​ပါ​စေ​သော။
لِيَدْخُلْ قُدَّامَكَ أَنِينُ ٱلْأَسِيرِ. كَعَظَمَةِ ذِرَاعِكَ ٱسْتَبْقِ بَنِي ٱلْمَوْتِ. ١١ 11
၁၁အ​ကျဉ်း​သား​တို့​၏​ညည်း​ညူ​သံ​များ​ကို နား​ထောင်​တော်​မူ​၍​သေ​ဒဏ်​သင့်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​မ​ဟာ​တန်​ခိုး​တော်​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။
وَرُدَّ عَلَى جِيرَانِنَا سَبْعَةَ أَضْعَافٍ فِي أَحْضَانِهِمِ ٱلْعَارَ ٱلَّذِي عَيَّرُوكَ بِهِ يَارَبُّ. ١٢ 12
၁၂အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့် တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။
أَمَّا نَحْنُ شَعْبُكَ وَغَنَمُ رِعَايَتِكَ نَحْمَدُكَ إِلَى ٱلدَّهْرِ. إِلَى دَوْرٍ فَدَوْرٍ نُحَدِّثُ بِتَسْبِيحِكَ. ١٣ 13
၁၃ထို​အ​ခါ​သိုး​စု​တော်​တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သည့်​ကျွန်​တော်​မျိုး​တို့​သည် ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ ပါ​မည်။ သား​စဉ်​မြေး​ဆက်​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ပါ​မည်။

< اَلْمَزَامِيرُ 79 >