< اَلْمَزَامِيرُ 32 >

لِدَاوُدَ. قَصِيدَةٌ طُوبَى لِلَّذِي غُفِرَ إِثْمُهُ وَسُتِرَتْ خَطِيَّتُهُ. ١ 1
မိ​မိ​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ခြင်း​ခံ​ရ​၍ ကူး​လွန်​မှု​များ​အ​တွက်​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏။
طُوبَى لِرَجُلٍ لَا يَحْسِبُ لَهُ ٱلرَّبُّ خَطِيَّةً، وَلَا فِي رُوحِهِ غِشٌّ. ٢ 2
မ​ကောင်း​မှု​ပြု​သူ​ဟု​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​တင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ လိမ်​လည်​လှည့်​စား​မှု​မှန်​သ​မျှ​နှင့်​ကင်း​စင်​သူ​သည် မင်္ဂ​လာ​ရှိ​၏။
لَمَّا سَكَتُّ بَلِيَتْ عِظَامِي مِنْ زَفِيرِي ٱلْيَوْمَ كُلَّهُ، ٣ 3
ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို မ​ဖော်​ပြ၊​ဝန်​မ​ခံ​ဘဲ​နေ​သော​အ​ခါ တစ်​နေ့​လုံး​ငို​ကြွေး​ရ​သ​ဖြင့်​မော​ပန်း​နွမ်း​နယ် ခဲ့​ပါ​၏။
لِأَنَّ يَدَكَ ثَقُلَتْ عَلَيَّ نَهَارًا وَلَيْلًا. تَحَوَّلَتْ رُطُوبَتِي إِلَى يُبُوسَةِ ٱلْقَيْظِ. سِلَاهْ. ٤ 4
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရော​ည​ပါ အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ​၏။ နွေ​ရာ​သီ​အ​ပူ​ရှိန်​ကြောင့်​အ​စို​ဋ္ဌာတ်​သည် ခန်း​ခြောက်​သွား​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ခန်း​သွား​ပါ​၏။
أَعْتَرِفُ لَكَ بِخَطِيَّتِي وَلَا أَكْتُمُ إِثْمِي. قُلْتُ: «أَعْتَرِفُ لِلرَّبِّ بِذَنْبِي» وَأَنْتَ رَفَعْتَ أَثَامَ خَطِيَّتِي. سِلَاهْ. ٥ 5
ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။
لِهَذَا يُصَلِّي لَكَ كُلُّ تَقِيٍّ فِي وَقْتٍ يَجِدُكَ فِيهِ. عِنْدَ غَمَارَةِ ٱلْمِيَاهِ ٱلْكَثِيرَةِ إِيَّاهُ لَا تُصِيبُ. ٦ 6
သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သူ​တို့​သည် အ​ရေး​ကြုံ​သည့်​အ​ခါ​များ​၌ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သင့်​ကြ ပါ​သည်။ အ​ဟုန်​ပြင်း​စွာ​လွှမ်း​မိုး​၍​လာ​သော​ရေ​သည် သူ​တို့​ထံ​သို့​ရောက်​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။
أَنْتَ سِتْرٌ لِي. مِنَ ٱلضِّيقِ تَحْفَظُنِي. بِتَرَنُّمِ ٱلنَّجَاةِ تَكْتَنِفُنِي. سِلَاهْ. ٧ 7
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။
«أُعَلِّمُكَ وَأُرْشِدُكَ ٱلطَّرِيقَ ٱلَّتِي تَسْلُكُهَا. أَنْصَحُكَ. عَيْنِي عَلَيْكَ. ٨ 8
ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။ သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။
لَا تَكُونُوا كَفَرَسٍ أَوْ بَغْلٍ بِلَا فَهْمٍ. بِلِجَامٍ وَزِمَامٍ زِينَتِهِ يُكَمُّ لِئَلَّا يَدْنُوَ إِلَيْكَ». ٩ 9
သင်​သည်​ဇက်​နှင့်​ဇက်​ကြိုး​ဖြင့်​ထိန်း​ရ​သော မြင်း​သို့​မ​ဟုတ်​လား​ကဲ့​သို့​ဉာဏ်​မ​တုံး​နှင့်'' ဟု မိန့်​တော်​မူ​၏။
كَثِيرَةٌ هِيَ نَكَبَاتُ ٱلشِّرِّيرِ، أَمَّا ٱلْمُتَوَكِّلُ عَلَى ٱلرَّبِّ فَٱلرَّحْمَةُ تُحِيطُ بِهِ. ١٠ 10
၁၀သူ​ယုတ်​မာ​တို့​သည်​ဒုက္ခ​ရောက်​ကြ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ကိုး​စား​သူ​တို့​မူ​ကား ခိုင်​မြဲ​သော​မေတ္တာ​တော်​ဖြင့်​ကွယ်​ကာ​ခြင်း​ကို ခံ​ရ​၏။
ٱفْرَحُوا بِٱلرَّبِّ وَٱبْتَهِجُوا يَا أَيُّهَا ٱلصِّدِّيقُونَ، وَٱهْتِفُوا يَا جَمِيعَ ٱلْمُسْتَقِيمِي ٱلْقُلُوبِ. ١١ 11
၁၁အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် အ​တွက် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။

< اَلْمَزَامِيرُ 32 >