< اَلْعَدَد 8 >
وَكَلَّمَ ٱلرَّبُّ مُوسَى قَائِلًا: | ١ 1 |
၁ထာဝရဘုရားသည်မောရှေအား၊-
«كَلِّمْ هَارُونَ وَقُلْ لَهُ: مَتَى رَفَعْتَ ٱلسُّرُجَ فَإِلَى قُدَّامِ ٱلْمَنَارَةِ تُضِيءُ ٱلسُّرُجُ ٱلسَّبْعَةُ». | ٢ 2 |
၂``အာရုန်သည်မီးခုံတိုင်တွင်မီးခွက်ခုနစ် လုံးကိုတင်သောအခါ မီးခွက်များမှအလင်း ရောင်သည်မီးခုံတိုင်ရှေ့သို့ထွက်စေရမည်'' ဟုမိန့်တော်မူ၏။-
فَفَعَلَ هَارُونُ هَكَذَا. إِلَى قُدَّامِ ٱلْمَنَارَةِ رَفَعَ سُرُجَهَا كَمَا أَمَرَ ٱلرَّبُّ مُوسَى. | ٣ 3 |
၃အာရုန်သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း မီးခုံတိုင်မှအလင်းရောင်ရှေ့ ထွက်စေရန်မီးခွက်များကိုတင်ထားလေ သည်။-
وَهَذِهِ هِيَ صَنْعَةُ ٱلْمَنَارَةِ: مَسْحُولَةٌ مِنْ ذَهَبٍ. حَتَّى سَاقُهَا وَزَهْرُهَا هِيَ مَسْحُولَةٌ. حَسَبَ ٱلْمَنْظَرِ ٱلَّذِي أَرَاهُ ٱلرَّبُّ مُوسَى هَكَذَا عَمِلَ ٱلْمَنَارَةَ. | ٤ 4 |
၄ထာဝရဘုရားကမောရှေအားပြတော်မူ သောပုံစံအတိုင်း မီးခုံတိုင်တစ်ခုလုံးကို အောက်ခြေမှအထက်ထိရွှေဖြင့်ထုလုပ် ထားလေသည်။
وَكَلَّمَ ٱلرَّبُّ مُوسَى قَائِلًا: | ٥ 5 |
၅ထာဝရဘုရားသည်မောရှေအား၊-
«خُذِ ٱللَّاوِيِّينَ مِنْ بَيْنِ بَنِي إِسْرَائِيلَ وَطَهِّرْهُمْ. | ٦ 6 |
၆``လေဝိအနွယ်ဝင်တို့ကိုဣသရေလအမျိုး သားများမှသီးခြားခွဲထုတ်၍ သူတို့အတွက် အောက်ပါအတိုင်းသန့်စင်ခြင်းဝတ်ကိုပြု လော့။-
وَهَكَذَا تَفْعَلُ لَهُمْ لِتَطْهِيرِهِمِ: ٱنْضِحْ عَلَيْهِمْ مَاءَ ٱلْخَطِيَّةِ، وَلْيُمِرُّوا مُوسَى عَلَى كُلِّ بَشَرِهِمْ، وَيَغْسِلُوا ثِيَابَهُمْ فَيَتَطَهَّرُوا. | ٧ 7 |
၇သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
ثُمَّ يَأْخُذُوا ثَوْرًا ٱبْنَ بَقَرٍ وَتَقْدِمَتَهُ دَقِيقًا مَلْتُوتًا بِزَيْتٍ. وَثَوْرًا آخَرَ ٱبْنَ بَقَرٍ تَأْخُذُ لِذَبِيحَةِ خَطِيَّةٍ. | ٨ 8 |
၈ထိုနောက်သူတို့သည်နွားထီးပေါက်တစ်ကောင် နှင့်ဘောဇဉ်သကာအဖြစ် သံလွင်ဆီရောထား သောမုန့်ညက်ကိုယူဆောင်ခဲ့စေရမည်။ အပြစ် ဖြေရာယဇ်အတွက်နောက်ထပ်နွားတစ်ကောင် ယူဆောင်ခဲ့ရမည်။-
فَتُقَدِّمُ ٱللَّاوِيِّينَ أَمَامَ خَيْمَةِ ٱلِٱجْتِمَاعِ، وَتَجْمَعُ كُلَّ جَمَاعَةِ بَنِي إِسْرَائِيلَ، | ٩ 9 |
၉ထိုနောက်ဣသရေလတစ်မျိုးသားလုံးကို စုရုံးစေ၍ လေဝိအနွယ်ဝင်တို့အားငါစံ တော်မူရာတဲတော်ရှေ့တွင်ရပ်စေရမည်။-
وَتُقَدِّمُ ٱللَّاوِيِّينَ أَمَامَ ٱلرَّبِّ، فَيَضَعُ بَنُو إِسْرَائِيلَ أَيْدِيَهُمْ عَلَى ٱللَّاوِيِّينَ. | ١٠ 10 |
၁၀ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့၏ဦးခေါင်းများ ပေါ်တွင်လက်ကိုတင်ရမည်။-
وَيُرَدِّدُ هَارُونُ ٱللَّاوِيِّينَ تَرْدِيدًا أَمَامَ ٱلرَّبِّ مِنْ عِنْدِ بَنِي إِسْرَائِيلَ فَيَكُونُونَ لِيَخْدِمُوا خِدْمَةَ ٱلرَّبِّ. | ١١ 11 |
၁၁လေဝိအနွယ်တို့ကိုဣသရေလအမျိုး သားတို့မှ ငါ့အားဆက်သသောအထူး ပူဇော်သကာအဖြစ်အာရုန်သည်ဆက်ကပ် ရမည်။ ဤနည်းဖြင့်သူတို့သည် ငါ၏အမှု တော်ကိုဆောင်ရွက်နိုင်မည်။-
ثُمَّ يَضَعُ ٱللَّاوِيُّونَ أَيْدِيَهُمْ عَلَى رَأْسَيِ ٱلثَّوْرَيْنِ، فَتُقَرِّبُ ٱلْوَاحِدَ ذَبِيحَةَ خَطِيَّةٍ، وَٱلْآخَرَ مُحْرَقَةً لِلرَّبِّ، لِلتَّكْفِيرِ عَنِ ٱللَّاوِيِّينَ. | ١٢ 12 |
၁၂ထိုနောက်လေဝိအနွယ်ဝင်တို့သည်နွားထီး နှစ်ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရ ကြမည်။ လေဝိအနွယ်ဝင်တို့အားဘာသာ တရားကျင့်ထုံးအရ သန့်စင်စေရန်အတွက် အပြစ်ဖြေရာယဇ်အဖြစ်နွားထီးတစ်ကောင် ကိုလည်းကောင်း၊ မီးရှို့ရာယဇ်အဖြစ်အခြား နွားထီးတစ်ကောင်ကိုလည်းကောင်းပူဇော် ရမည်။
فَتُوقِفُ ٱللَّاوِيِّينَ أَمَامَ هَارُونَ وَبَنِيهِ وَتُرَدِّدُهُمْ تَرْدِيدًا لِلرَّبِّ. | ١٣ 13 |
၁၃``လေဝိအနွယ်ဝင်တို့ကိုငါ့အားအထူး ပူဇော်သကာအဖြစ်ဆက်ကပ်၍ အာရုန်နှင့် သူ၏သားတို့ကသူတို့ကိုကြီးကြပ်ကွပ် ကဲစေရမည်။-
وَتُفْرِزُ ٱللَّاوِيِّينَ مِنْ بَيْنِ بَنِي إِسْرَائِيلَ فَيَكُونُ ٱللَّاوِيُّونَ لِي. | ١٤ 14 |
၁၄ဤနည်းအားဖြင့်သူတို့ကိုငါပိုင်ဆိုင်ရာ ဖြစ်စေခြင်းငှာ ဣသရေလအမျိုးသားတို့ မှသီးခြားခွဲထုတ်လော့။-
وَبَعْدَ ذَلِكَ يَأْتِي ٱللَّاوِيُّونَ لِيَخْدِمُوا خَيْمَةَ ٱلِٱجْتِمَاعِ فَتُطَهِّرُهُمْ وَتُرَدِّدُهُمْ تَرْدِيدًا، | ١٥ 15 |
၁၅သင်သည်လေဝိအနွယ်ဝင်တို့အားသန့်စင်မှု၊ ဆက်ကပ်မှုဆောင်ရွက်ပြီးသောအခါ သူတို့ သည်တဲတော်တွင်အမှုတော်ဆောင်နိုင်လိမ့် မည်။-
لِأَنَّهُمْ مَوْهُوبُونَ لِي هِبَةً مِنْ بَيْنِ بَنِي إِسْرَائِيلَ. بَدَلَ كُلِّ فَاتِحِ رَحِمٍ، بِكْرِ كُلٍّ مِنْ بَنِي إِسْرَائِيلَ قَدِ ٱتَّخَذْتُهُمْ لِي. | ١٦ 16 |
၁၆ဣသရေလအမျိုးသားတို့၏သားဦး အပေါင်းတို့ကိုယ်စား သူတို့ကိုငါ့အတွက် ငါရွေးကောက်ခဲ့သဖြင့်သူတို့သည်ငါနှင့် သာဆိုင်၏။-
لِأَنَّ لِي كُلَّ بِكْرٍ فِي بَنِي إِسْرَائِيلَ مِنَ ٱلنَّاسِ وَمِنَ ٱلْبَهَائِمِ. يَوْمَ ضَرَبْتُ كُلَّ بِكْرٍ فِي أَرْضِ مِصْرَ قَدَّسْتُهُمْ لِي. | ١٧ 17 |
၁၇ငါသည်အီဂျစ်ပြည်တွင်သားဦးအပေါင်း တို့ကိုသေဒဏ်ခတ်ခဲ့စဉ်က ဣသရေလ အမျိုးသားတို့၏သားဦးများနှင့်တိရစ္ဆာန် သားဦးပေါက်များကို ငါပိုင်ဆိုင်ရာအဖြစ် သီးသန့်ရွေးချယ်ခဲ့၏။-
فَٱتَّخَذْتُ ٱللَّاوِيِّينَ بَدَلَ كُلِّ بِكْرٍ فِي بَنِي إِسْرَائِيلَ. | ١٨ 18 |
၁၈ယခုငါသည်ဣသရေလအမျိုးသား တို့၏သားဦးရှိသမျှတို့အစား လေဝိ အနွယ်ဝင်တို့ကိုရွေးချယ်၍၊-
وَوَهَبْتُ ٱللَّاوِيِّينَ هِبَةً لِهَارُونَ وَبَنِيهِ مِنْ بَيْنِ بَنِي إِسْرَائِيلَ، لِيَخْدِمُوا خِدْمَةَ بَنِي إِسْرَائِيلَ فِي خَيْمَةِ ٱلِٱجْتِمَاعِ، وَلِلتَّكْفِيرِ عَنْ بَنِي إِسْرَائِيلَ، لِكَيْ لَا يَكُونَ فِي بَنِي إِسْرَائِيلَ وَبَأٌ عِنْدَ ٱقْتِرَابِ بَنِي إِسْرَائِيلَ إِلَى ٱلْقُدْسِ». | ١٩ 19 |
၁၉ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။
فَفَعَلَ مُوسَى وَهَارُونُ وَكُلُّ جَمَاعَةِ بَنِي إِسْرَائِيلَ لِلَّاوِيِّينَ حَسَبَ كُلِّ مَا أَمَرَ ٱلرَّبُّ مُوسَى عَنِ ٱللَّاوِيِّينَ. هَكَذَا فَعَلَ لَهُمْ بَنُو إِسْرَائِيلَ. | ٢٠ 20 |
၂၀သို့ဖြစ်၍မောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရား မိန့်မှာတော်မူသည်အတိုင်း လေဝိအနွယ်ဝင် တို့ကိုဆက်ကပ်ကြ၏။-
فَتَطَهَّرَ ٱللَّاوِيُّونَ وَغَسَّلُوا ثِيَابَهُمْ، وَرَدَّدَهُمْ هَارُونُ تَرْدِيدًا أَمَامَ ٱلرَّبِّ، وَكَفَّرَ عَنْهُمْ هَارُونُ لِتَطْهِيرِهِمْ. | ٢١ 21 |
၂၁လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်ကို သန့်စင်စေ၍ အဝတ်များကိုလျှော်ဖွပ်ကြ ပြီးနောက် အာရုန်သည်သူတို့ကိုထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်ကပ်လေ၏။ သူတို့အတွက်သန့်စင် ခြင်းဝတ်ကိုလည်းဆောင်ရွက်၏။-
وَبَعْدَ ذَلِكَ أَتَى ٱللَّاوِيُّونَ لِيَخْدِمُوا خِدْمَتَهُمْ فِي خَيْمَةِ ٱلِٱجْتِمَاعِ أَمَامَ هَارُونَ وَأَمَامَ بَنِيهِ، كَمَا أَمَرَ ٱلرَّبُّ مُوسَى عَنِ ٱللَّاوِيِّينَ هَكَذَا فَعَلُوا لَهُمْ. | ٢٢ 22 |
၂၂ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့နှင့်စပ်လျဉ်း၍ ထာဝရ ဘုရားမိန့်မှာတော်မူသမျှအတိုင်းဆောင် ရွက်ကြသည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့ သည် အာရုန်နှင့်သူ၏သားများကြီးကြပ် ကွပ်ကဲမှုဖြင့်တဲတော်တွင်အမှုတော် ထမ်းကြလေသည်။
وَكَلَّمَ ٱلرَّبُّ مُوسَى قَائِلًا: | ٢٣ 23 |
၂၃ထာဝရဘုရားသည်မောရှေအား၊-
«هَذَا مَا لِلَّاوِيِّينَ: مِنِ ٱبْنِ خَمْسٍ وَعِشْرِينَ سَنَةً فَصَاعِدًا يَأْتُونَ لِيَتَجَنَّدُوا أَجْنَادًا فِي خِدْمَةِ خَيْمَةِ ٱلِٱجْتِمَاعِ. | ٢٤ 24 |
၂၄``လေဝိအနွယ်ဝင်ထဲမှအသက်နှစ်ဆယ့် ငါးနှစ်အရွယ်သို့ရောက်သူတိုင်း တဲတော် တွင်အမှုထမ်း၍၊-
وَمِنِ ٱبْنِ خَمْسِينَ سَنَةً يَرْجِعُونَ مِنْ جُنْدِ ٱلْخِدْمَةِ وَلَا يَخْدِمُونَ بَعْدُ. | ٢٥ 25 |
၂၅အသက်ငါးဆယ်အရွယ်တွင်အမှုတော် ထမ်းခြင်းမှရပ်နားရမည်။-
يُوازِرُونَ إِخْوَتَهُمْ فِي خَيْمَةِ ٱلِٱجْتِمَاعِ لِحَرَسِ حِرَاسَةٍ، لَكِنْ خِدْمَةً لَا يَخْدِمُونَ. هَكَذَا تَعْمَلُ لِلَّاوِيِّينَ فِي حِرَاسَاتِهِمْ». | ٢٦ 26 |
၂၆အသက်ငါးဆယ်အရွယ်လွန်သူသည်တဲ တော်နှင့်ဆိုင်သောအလုပ်တွင် ဆွေမျိုးသား ချင်းတို့အားကူညီနိုင်သော်လည်း မိမိကိုယ် တိုင်တာဝန်ယူ၍မဆောင်ရွက်ရ။ သင်သည် ဤစည်းကမ်းချက်များနှင့်အညီ လေဝိ အနွယ်ဝင်တို့အားတာဝန်ပေးရမည်'' ဟု မိန့်တော်မူ၏။