< أَيُّوبَ 16 >
فَأَجَابَ أَيُّوبُ وَقَالَ: | ١ 1 |
၁ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
«قَدْ سَمِعْتُ كَثِيرًا مِثْلَ هَذَا. مُعَزُّونَ مُتْعِبُونَ كُلُّكُمْ! | ٢ 2 |
၂ထိုသို့ သောစကားများ တို့ကို ငါကြား ဘူးပြီ။ သင် တို့ရှိသမျှ သည် နှစ်သိမ့် စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်း စေသောသူဖြစ် ကြပါသည်တကား။
هَلْ مِنْ نِهَايَةٍ لِكَلَامٍ فَارِغٍ؟ أَوْ مَاذَا يُهَيِّجُكَ حَتَّى تُجَاوِبَ؟ | ٣ 3 |
၃အချည်းနှီး သော စကားမကုန် နိုင်သလော။ သင် သည်စကားတုံ့ပြန် ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့် သနည်း။
أَنَا أَيْضًا أَسْتَطِيعُ أَنْ أَتَكَلَّمَ مِثْلَكُمْ، لَوْ كَانَتْ أَنْفُسُكُمْ مَكَانَ نَفْسِي، وَأَنْ أَسْرُدَ عَلَيْكُمْ أَقْوَالًا وَأُنْغِضَ رَأْسِي إِلَيْكُمْ. | ٤ 4 |
၄သင် တို့ပြော သကဲ့သို့ငါ သည်လည်း ပြော နိုင်၏။ သင် တို့သည် ငါ ကဲ့သို့ဖြစ် လျှင် ၊ ငါသည်သင် တို့တစ်ဘက် က စကား များကို ပုံ၍ထားနိုင်၏။ ခေါင်း ကိုလည်း ခါ နိုင်၏။
بَلْ كُنْتُ أُشَدِّدُكُمْ بِفَمِي، وَتَعْزِيَةُ شَفَتَيَّ تُمْسِكُكُمْ. | ٥ 5 |
၅ထိုသို့ငါသည်မပြုဘဲ၊ သင် တို့ကို ငါ့ စကား နှင့် မစ မည်။ အချည်းနှီးသောစကားကို ငါချုပ်တည်း မည်။
«إِنْ تَكَلَّمْتُ لَمْ تَمْتَنِعْ كَآبَتِي، وَإِنْ سَكَتُّ فَمَاذَا يَذْهَبُ عَنِّي؟ | ٦ 6 |
၆ယခုမှာငါသည် ပြော သော်လည်း မ သက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
إِنَّهُ ٱلْآنَ ضَجَّرَنِي. خَرَّبْتَ كُلَّ جَمَاعَتِي. | ٧ 7 |
၇ဘုရားသခင်သည် ငါ့ ကိုပင်ပန်း စေတော်မူပြီ။ ငါ့ အိမ် ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။
قَبَضْتَ عَلَيَّ. وُجِدَ شَاهِدٌ. قَامَ عَلَيَّ هُزَالِي يُجَاوِبُ فِي وَجْهِي. | ٨ 8 |
၈ငါ့ ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တစ်ဘက်က သက်သေခံ ၏။ ငါ ပိန်ကြုံ ခြင်းအရာသည် လည်း ငါ့ တစ်ဘက် ကထ ၍ မျက်နှာ ချင်းဆိုင်လျက် သက်သေခံ ၏။
غَضَبُهُ ٱفْتَرَسَنِي وَٱضْطَهَدَنِي. حَرَقَ عَلَيَّ أَسْنَانَهُ. عَدُوِّي يُحَدِّدُ عَيْنَيْهِ عَلَيَّ. | ٩ 9 |
၉အမျက် တော်သည် ငါ့ ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ်၏။ ငါ့ အပေါ် မှာ အံသွား ခဲကြိတ် ခြင်းကို ပြုတော်မူ၏။ ငါ့ ရန်သူ သည်ငါ့ ကို မျက်စောင်း ထိုး၏။
فَغَرُوا عَلَيَّ أَفْوَاهَهُمْ. لَطَمُونِي عَلَى فَكِّي تَعْيِيرًا. تَعَاوَنُوا عَلَيَّ جَمِيعًا. | ١٠ 10 |
၁၀သူတပါးတို့သည် ငါ့ ကို ပစပ် ဟ ကြ၏။ အရှက် ခွဲ၍ ပါး ကိုပုတ် ကြ၏။ ငါ့ တဘက် က တညီတညွတ် တည်းစုဝေး ကြ၏။
دَفَعَنِيَ ٱللهُ إِلَى ٱلظَّالِمِ، وَفِي أَيْدِي ٱلْأَشْرَارِ طَرَحَنِي. | ١١ 11 |
၁၁ဘုရား သခင်သည်ငါ့ ကို မ တရားသောသူတို့တွင် ချုပ်ထား တော်မူပြီ။ လူဆိုး တို့၏ လက် သို့ အပ် တော်မူပြီ။
كُنْتُ مُسْتَرِيحًا فَزَعْزَعَنِي، وَأَمْسَكَ بِقَفَايَ فَحَطَّمَنِي، وَنَصَبَنِي لَهُ غَرَضًا. | ١٢ 12 |
၁၂ငါသည်ငြိမ်ဝပ် လျက်နေသောအခါ ငါ့ အရိုးတို့ကို ချိုး တော်မူ၏။ လည်ပင်း ကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါလှုပ် တော်မူ၏။ ငါ့ ကို ပစ်စရာစက်သွင်းတော်မူ ၏။
أَحَاطَتْ بِي رُمَاتُهُ. شَقَّ كُلْيَتَيَّ وَلَمْ يُشْفِقْ. سَفَكَ مَرَارَتِي عَلَى ٱلْأَرْضِ. | ١٣ 13 |
၁၃မြှား တော်တို့သည် ငါ့ ကိုဝိုင်း ၍ ကရုဏာ တော် မ ရှိဘဲ၊ ငါ့ ကျောက်ကပ် ကို စူးစေတော်မူ၏။ ငါ့ သည်းခြေ အရည်ကိုမြေ ပေါ် ၌ သွန်း တော်မူ၏။
يَقْتَحِمُنِي ٱقْتِحَامًا عَلَى ٱقْتِحَامٍ. يَعْدُو عَلَيَّ كَجَبَّارٍ. | ١٤ 14 |
၁၄ငါ့ ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲ ကဲ့သို့ ငါ့ ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
خِطْتُ مِسْحًا عَلَى جِلْدِي، وَدَسَسْتُ فِي ٱلتُّرَابِ قَرْنِي. | ١٥ 15 |
၁၅ငါသည်ကိုယ် အရေ ပေါ် မှာ လျှော်တေ အဝတ်ကို ချုပ် ၍ ကိုယ် ဦးချို ကို ရွှံ့ နှင့် လူး ပြီ။
اِحْمَرَّ وَجْهِي مِنَ ٱلْبُكَاءِ، وَعَلَى هُدْبِي ظِلُّ ٱلْمَوْتِ. | ١٦ 16 |
၁၆ငို ခြင်းအားဖြင့် ငါ့ မျက်နှာ ပျက်လျက်၊ ငါ့မျက်ခမ်း အပေါ် မှာ သေခြင်း အရိပ်လွှမ်းမိုးလျက် ရှိ၏။
مَعَ أَنَّهُ لَا ظُلْمَ فِي يَدِي، وَصَلَاتِي خَالِصَةٌ. | ١٧ 17 |
၁၇သို့သော်လည်းငါ့ လက် ၌ မ တရားသော အမှုမ ရှိ။ ငါပြုသော ပဌနာ သည် သန့်ရှင်း ၏။
«يَا أَرْضُ لَا تُغَطِّي دَمِي، وَلَا يَكُنْ مَكَانٌ لِصُرَاخِي. | ١٨ 18 |
၁၈အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။
أَيْضًا ٱلْآنَ هُوَذَا فِي ٱلسَّمَاوَاتِ شَهِيدِي، وَشَاهِدِي فِي ٱلْأَعَالِي. | ١٩ 19 |
၁၉ဤအမှု၌ ငါ့ သက်သေ သည် ကောင်းကင် ပေါ် မှာ ရှိ၏။
ٱلْمُسْتَهْزِئُونَ بِي هُمْ أَصْحَابِي. لِلهِ تَقْطُرُ عَيْنِي | ٢٠ 20 |
၂၀ငါ့သဘောကို သိသောသူသည် မြင့် သောအရပ်၌ ရှိ၏။ ငါ့ အဆွေ ခင်ပွန်းတို့သည် ငါ့ ကိုကဲ့ရဲ့ ၍၊ ငါသည် ဘုရား သခင့်ရှေ့တော်၌ မျက်ရည် ကျလျက်နေ၏။
لِكَيْ يُحَاكِمَ ٱلْإِنْسَانَ عِنْدَ ٱللهِ كَٱبْنِ آدَمَ لَدَى صَاحِبِهِ. | ٢١ 21 |
၂၁လူ သည် မိမိ အသိ အကျွမ်းနှင့် ဆွေးနွေး သကဲ့သို့ဘုရား သခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
إِذَا مَضَتْ سِنُونَ قَلِيلَةٌ أَسْلُكُ فِي طَرِيقٍ لَا أَعُودُ مِنْهَا. | ٢٢ 22 |
၂၂နှစ် ပေါင်းမကြာမမြင့်မှီတဖန်ပြန် ၍ မ လာရ သောလမ်း သို့ ငါလိုက်သွား ရတော့မည်။