< إِشَعْيَاءَ 49 >

اِسْمَعِي لِي أَيَّتُهَا ٱلْجَزَائِرُ، وَٱصْغَوْا أَيُّهَا ٱلْأُمَمُ مِنْ بَعِيدٍ: ٱلرَّبُّ مِنَ ٱلْبَطْنِ دَعَانِي. مِنْ أَحْشَاءِ أُمِّي ذَكَرَ ٱسْمِي، ١ 1
တိုင်း​တစ်​ပါး​မှ​လူ​မျိုး​အ​ပေါင်း​တို့၊ ရပ်​ဝေး​တွင် နေ​ထိုင်​သော​လူ​တို့၊ ငါ​ပြော​သည်​ကို​သင်​တို့​နား​ထောင်​ကြ​လော့။ ငါ​မ​မွေး​မ​ဖွား​မီ​အ​ခါ​က​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ရွေး​ကောက်​တော်​မူ​၍၊ မိ​မိ​၏​အ​စေ​ခံ​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပါ​၏။
وَجَعَلَ فَمِي كَسَيْفٍ حَادٍّ. فِي ظِلِّ يَدِهِ خَبَّأَنِي وَجَعَلَنِي سَهْمًا مَبْرِيًّا. فِي كِنَانَتِهِ أَخْفَانِي. ٢ 2
ကိုယ်​တော်​သည်​ငါ​၏​နှုတ်​ကို​ဋ္ဌား​ကဲ့​သို့​ထက်​မြက် စေ​၍၊ လက်​တော်​ဖြင့်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ချွန်​မြ​၍​အ​သုံး​ပြု​ရန်​အ​သင့်​ရှိ​သည့် မြား​ကဲ့​သို့​ငါ့​ကို​ဖြစ်​စေ​တော်​မူ​၍၊
وَقَالَ لِي: «أَنْتَ عَبْدِي إِسْرَائِيلُ ٱلَّذِي بِهِ أَتَمَجَّدُ». ٣ 3
ငါ့​အား​ကိုယ်​တော်​က``အို ဣ​သ​ရေ​လ၊​သင်​သည် ငါ​၏​အ​စေ​ခံ​ဖြစ်​၏။ သင်​၏​အ​တွက်​ကြောင့်​လူ​တို့​သည်၊​ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
أَمَّا أَنَا فَقُلْتُ: «عَبَثًا تَعِبْتُ. بَاطِلًا وَفَارِغًا أَفْنَيْتُ قُدْرَتِي. لَكِنَّ حَقِّي عِنْدَ ٱلرَّبِّ، وَعَمَلِي عِنْدَ إِلَهِي». ٤ 4
ငါ​သည်​လည်း​မိ​မိ​လုပ်​ဆောင်​ခဲ့​သည့်​အ​မှု​တို့ အ​ကျိုး​မ​ရှိ​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​မှာ​အား​အင်​သာ​လျှင်​ကုန်​ခန်း​လျက် အ​ဘယ်​အ​မှု​အ​ရာ​မျှ​မ​အောင်​မြင်​ပုံ​ကို လည်း​ကောင်း တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​၏။ သို့​ရာ​တွင်​ငါ​သည်​မိ​မိ​၏​အ​မှု​ကိစ္စ​များ အ​ဆင်​ပြေ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​နိုင်​ပါ​စေ။ ကိုယ်​တော်​သည်​ငါ​ပြု​သည့်​အ​မှု​အ​တွက် ဆု​လာဘ်​များ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။
وَٱلْآنَ قَالَ ٱلرَّبُّ جَابِلِي مِنَ ٱلْبَطْنِ عَبْدًا لَهُ، لِإِرْجَاعِ يَعْقُوبَ إِلَيْهِ، فَيَنْضَمُّ إِلَيْهِ إِسْرَائِيلُ فَأَتَمَجَّدُ فِي عَيْنَيِ ٱلرَّبِّ، وَإِلَهِي يَصِيرُ قُوَّتِي. ٥ 5
အ​မိ​ဝမ်း​တွင်​ရှိ​စဉ်​အ​ခါ​က​ပင်​လျှင်၊ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ရွေး​ချယ်​ထား​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ပြန်​လည်​ခေါ်​ဆောင်​လာ​စေ​ရန်၊ ပျံ့​လွင့်​လျက်​ရှိ​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ​စေ​ရန် အ​စေ​ခံ​အ​ဖြစ်​ဖြင့်​ငါ​ကို​ခန့်​ထား​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဂုဏ်​ပြု​တော်​မူ​၍ ငါ့​ခွန်​အား​၏​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​၏။
فَقَالَ: «قَلِيلٌ أَنْ تَكُونَ لِي عَبْدًا لِإِقَامَةِ أَسْبَاطِ يَعْقُوبَ، وَرَدِّ مَحْفُوظِي إِسْرَائِيلَ. فَقَدْ جَعَلْتُكَ نُورًا لِلْأُمَمِ لِتَكُونَ خَلَاصِي إِلَى أَقْصَى ٱلْأَرْضِ». ٦ 6
ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
هَكَذَا قَالَ ٱلرَّبُّ فَادِي إِسْرَائِيلَ، قُدُّوسُهُ، لِلْمُهَانِ ٱلنَّفْسِ، لِمَكْرُوهِ ٱلْأُمَّةِ، لِعَبْدِ ٱلْمُتَسَلِّطِينَ: «يَنْظُرُ مُلُوكٌ فَيَقُومُونَ. رُؤَسَاءُ فَيَسْجُدُونَ. لِأَجْلِ ٱلرَّبِّ ٱلَّذِي هُوَ أَمِينٌ، وَقُدُّوسِ إِسْرَائِيلَ ٱلَّذِي قَدِ ٱخْتَارَكَ». ٧ 7
လူ​မျိုး​တ​ကာ​တို့​၏​ရွံ​ရှာ​မုန်း​တီး​ခြင်း​ကို များ​စွာ​ခံ​ရ​၍၊ မင်း​ဆိုး​မင်း​ညစ်​တို့​၏​အ​စေ​ခံ​ဖြစ်​သူ​အား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် သည့် ဘု​ရား​သ​ခင်၊ကယ်​တင်​ရှင်​က၊ ``ပြည်​ရှင်​မင်း​တို့​သည်​သင့်​အား​လွတ်​မြောက် စေ​ပြီး​လျှင် ထ​၍​အ​ရို​အ​သေ​ပေး​ကြ​လိမ့်​မည်။ မင်း​ညီ​မင်း​သား​များ​သည်​လည်း​သင့်​ကို​မြင်​၍၊ ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​အ​လေး​ပြု​ကြ​လိမ့်​မည်။'' အ​ဘယ်​ကြောင့်​ဆို​သော်၊က​တိ​တည်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ သင့်​ကို​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း​ဟု​မိန့်​တော်​မူ​ပါ​၏။
هَكَذَا قَالَ ٱلرَّبُّ: «فِي وَقْتِ ٱلْقُبُولِ ٱسْتَجَبْتُكَ، وَفِي يَوْمِ ٱلْخَلَاصِ أَعَنْتُكَ. فَأَحْفَظُكَ وَأَجْعَلُكَ عَهْدًا لِلشَّعْبِ، لِإِقَامَةِ ٱلْأَرْضِ، لِتَمْلِيكِ أَمْلَاكِ ٱلْبَرَارِيِّ، ٨ 8
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ``သင်​တို့​ကို​ကယ်​ရန်​အ​ချိန်​ကျ​သော​အ​ခါ၊ ငါ​သည်​သင်​တို့​အား​အ​ခွင့်​အ​ရေး​ပေး​၍၊ ကူ​မ​တော်​မူ​ရန်​သင်​တို့​ဟစ်​အော်​သံ​ကို နား​ညောင်း​မည်။ ငါ​သည်​သင်​တို့​အား​ထိန်း​သိမ်း​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​ဖြင့်​လူ​အ​ပေါင်း​တို့​နှင့်​လည်း ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ ယ​ခု​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့်​သင်​တို့ ၏​ပြည်​တွင်၊ တစ်​ဖန်​အ​တည်​တ​ကျ​ပြန်​လည်​နေ​ထိုင်​ခွင့်​ကို သင်​တို့​အား​ငါ​ပေး​မည်။
قَائِلًا لِلْأَسْرَى: ٱخْرُجُوا. لِلَّذِينَ فِي ٱلظَّلَامِ: ٱظْهَرُوا. عَلَى ٱلطُّرُقِ يَرْعَوْنَ وَفِي كُلِّ ٱلْهِضَابِ مَرْعَاهُمْ. ٩ 9
အ​ကျဉ်း​ကျ​လျက်​နေ​သူ​တို့​အား`လွတ်​လပ်​စွာ ထွက်​ခွာ​သွား​ကြ​လော့' ဟူ​၍​လည်း​ကောင်း၊ မှောင်​မိုက်​တွင်​ရှိ​နေ​သူ​တို့​အား`အ​လင်း​သို့ ဝင်​ကြ​လော့' ဟူ​၍​လည်း​ကောင်း​ငါပြော​မည်။ သူ​တို့​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ပင် ကျက်​စား​လျက်​နေ​သော သိုး​များ​နှင့်​တူ​လိမ့်​မည်။
لَا يَجُوعُونَ وَلَا يَعْطَشُونَ، وَلَا يَضْرِبُهُمْ حَرٌّ وَلَا شَمْسٌ، لِأَنَّ ٱلَّذِي يَرْحَمُهُمْ يَهْدِيهِمْ وَإِلَى يَنَابِيعِ ٱلْمِيَاهِ يُورِدُهُمْ. ١٠ 10
၁၀သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊ နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။
وَأَجْعَلُ كُلَّ جِبَالِي طَرِيقًا، وَمَنَاهِجِي تَرْتَفِعُ. ١١ 11
၁၁``ငါ​သည်​တောင်​တန်း​များ​ကို​ဖြတ်​၍​လမ်း​မ​ကြီး တစ်​သွယ်​ကို​ဖောက်​လုပ်​မည်။ ငါ​၏​လူ​မျိုး​တော်​အ​တွက်​ခ​ရီး​လမ်း​ကို ပြင်​ဆင်​မည်။
هَؤُلَاءِ مِنْ بَعِيدٍ يَأْتُونَ، وَهَؤُلَاءِ مِنَ ٱلشَّمَالِ وَمِنَ ٱلْمَغْرِبِ، وَهَؤُلَاءِ مِنْ أَرْضِ سِينِيمَ». ١٢ 12
၁၂ငါ​၏​လူ​မျိုး​တော်​သည်​ရပ်​ဝေး​ဒေ​သ​များ​မှ လည်း​ကောင်း၊ မြောက်​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ​လည်း​ကောင်း၊ တောင်​အ​ရပ်​ရှိ​သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
تَرَنَّمِي أَيَّتُهَا ٱلسَّمَاوَاتُ، وَٱبْتَهِجِي أَيَّتُهَا ٱلْأَرْضُ. لِتُشِدِ ٱلْجِبَالُ بِٱلتَّرَنُّمِ، لِأَنَّ ٱلرَّبَّ قَدْ عَزَّى شَعْبَهُ، وَعَلَى بَائِسِيهِ يَتَرَحَّمُ. ١٣ 13
၁၃အို မိုး​ကောင်း​ကင်၊သီ​ချင်း​ဆို​လော့။ အို ကမ္ဘာ​မြေ​ကြီး၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ တောင်​ရိုး​တို့​သည်​အ​သံ​လွှင့်​၍​သီ​ချင်း​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​သော မိ​မိ​၏​လူ​မျိုး​တော်​အား​သ​နား​တော်​မူ​လိမ့်​မည်။
وَقَالَتْ صِهْيَوْنُ: «قَدْ تَرَكَنِي ٱلرَّبُّ، وَسَيِّدِي نَسِيَنِي». ١٤ 14
၁၄သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။
«هَلْ تَنْسَى ٱلْمَرْأَةُ رَضِيعَهَا فَلَا تَرْحَمَ ٱبْنَ بَطْنِهَا؟ حَتَّى هَؤُلَاءِ يَنْسَيْنَ، وَأَنَا لَا أَنْسَاكِ. ١٥ 15
၁၅ထာ​ဝ​ရ​ဘု​ရား​က ``မိ​ခင်​တစ်​ဦး​သည်​မိ​မိ​၏​ရင်​ခွင်​မှ​ရင် သွေး​ငယ်​ကို မေ့​လျော့​နိုင်​ပါ​မည်​လော။ မိ​မိ​ကိုယ်​ဝန်​ဆောင်​ခဲ့​သော​က​လေး​ကို​မ​ချစ်​ဘဲ နေ​နိုင်​ပါ​မည်​လော။ မိ​ခင်​ဖြစ်​သူ​သည်​က​လေး​ငယ်​ကို​မေ့​လျော့​သည် ဆို​စေ​ဦး၊ ငါ​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ လိမ့်​မည်​မ​ဟုတ်။
هُوَذَا عَلَى كَفَّيَّ نَقَشْتُكِ. أَسْوَارُكِ أَمَامِي دَائِمًا. ١٦ 16
၁၆အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင့်​ကို​အ​ဘယ်​အ​ခါ ၌​မျှ မ​မေ့​မ​လျော့​နိုင်။ ငါ​၏​လက်​ဝါး​တွင်​သင်​၏​နာ​မည်​ကို ရေး​မှတ်​၍​ထား​လေ​ပြီ။
قَدْ أَسْرَعَ بَنُوكِ. هَادِمُوكِ وَمُخْرِبُوكِ مِنْكِ يَخْرُجُونَ. ١٧ 17
၁၇``သင့်​ကို​ပြန်​လည်​ထူ​ထောင်​ကြ​မည့်​လူ​တို့​သည် မ​ကြာ​မီ​ရောက်​ရှိ​လာ​လိမ့်​မည်။ သင့်​ကို​ပျက်​ပြုန်း​စေ​ခဲ့​သော​သူ​တို့​မူ​ကား ထွက်​ခွာ​သွား​ရ​ကြ​လိမ့်​မည်။
اِرْفَعِي عَيْنَيْكِ حَوَالَيْكِ وَٱنْظُرِي. كُلُّهُمْ قَدِ ٱجْتَمَعُوا، أَتَوْا إِلَيْكِ. حَيٌّ أَنَا، يَقُولُ ٱلرَّبُّ، إِنَّكِ تَلْبَسِينَ كُلَّهُمْ كَحُلِيٍّ، وَتَتَنَطَّقِينَ بِهِمْ كَعَرُوسٍ. ١٨ 18
၁၈သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက် လျက် ရှိ​သည်​ကို​လှည့်​၍​ကြည့်​ပါ​လော့။ သင်​၏​အ​မျိုး​သား​တို့​သည်​စု​ရုံး​လျက် မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဝတ်​ဆင်​ထား​သည့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့​မိ​မိ​၏ အ​မျိုး​သား​များ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား ရ​လိမ့်​မည်။
إِنَّ خِرَبَكِ وَبَرَارِيَّكِ وَأَرْضَ خَرَابِكِ، إِنَّكِ تَكُونِينَ ٱلْآنَ ضَيِّقَةً عَلَى ٱلسُّكَّانِ، وَيَتَبَاعَدُ مُبْتَلِعُوكِ. ١٩ 19
၁၉``သင်​၏​ပြည်​သည်​ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ ဆိတ်​ငြိမ်​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​လာ​ရောက်​နေ​ထိုင်​ကြ​မည့် သူ​များ​အ​တွက် ထို​ပြည်​သည်​ကျဉ်း​လျက်​ပင်​နေ​လိမ့်​မည်။ သင့်​အား​ယို​ယွင်း​ပျက်​စီး​စေ​သူ​တို့​မူ​ကား၊ ရပ်​ဝေး​သို့​ရောက်​ရှိ​နေ​ကြ​လိမ့်​မည်။
يَقُولُ أَيْضًا فِي أُذُنَيْكِ بَنُو ثُكْلِكِ: ضَيِّقٌ عَلَيَّ ٱلْمَكَانُ. وَسِّعِي لِي لِأَسْكُنَ. ٢٠ 20
၂၀ပြည်​နယ်​ဒဏ်​သင့်​ရာ​တွင်​မွေး​ဖွား​ခဲ့​သည့် သင်​၏​အ​မျိုး​သား​တို့​သည်​တစ်​နေ့​သော​အ​ခါ​၌ သင့်​အား`ဤ​ပြည်​သည်​ငယ်​လွန်း​ပါ​၏။ ငါ​တို့​နေ​ထိုင်​ရန်​နေ​ရာ​ထပ်​၍​လို​ပါ​သည်' ဟု​ဆို​ကြ​လိမ့်​မည်။
فَتَقُولِينَ فِي قَلْبِكِ: مَنْ وَلَدَ لِي هَؤُلَاءِ وَأَنَا ثَكْلَى، وَعَاقِرٌ مَنْفِيَّةٌ وَمَطْرُودَةٌ؟ وَهَؤُلَاءِ مَنْ رَبَّاهُمْ؟ هَأَنَذَا كُنْتُ مَتْرُوكَةً وَحْدِي. هَؤُلَاءِ أَيْنَ كَانُوا؟». ٢١ 21
၂၁ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊ `ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့် ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။
هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: «هَا إِنِّي أَرْفَعُ إِلَى ٱلْأُمَمِ يَدِي وَإِلَى ٱلشُّعُوبِ أُقِيمُ رَايَتِي، فَيَأْتُونَ بِأَوْلَادِكِ فِي ٱلْأَحْضَانِ، وَبَنَاتُكِ عَلَى ٱلْأَكْتَافِ يُحْمَلْنَ. ٢٢ 22
၂၂ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ လူ​မျိုး​တော်​အား ``ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​အ​ချက် ပေး​လိုက်​သော​အ​ခါ၊ သူ​တို့​သည်​သင်​တို့​၏​သား​သ​မီး​များ​ကို ခေါ်​ဆောင်​လာ​ကြ​လိမ့်​မည်။
وَيَكُونُ ٱلْمُلُوكُ حَاضِنِيكِ وَسَيِّدَاتُهُمْ مُرْضِعَاتِكِ. بِٱلْوُجُوهِ إِلَى ٱلْأَرْضِ يَسْجُدُونَ لَكِ، وَيَلْحَسُونَ غُبَارَ رِجْلَيْكِ، فَتَعْلَمِينَ أَنِّي أَنَا ٱلرَّبُّ ٱلَّذِي لَا يَخْزَى مُنْتَظِرُوهُ». ٢٣ 23
၂၃ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။
هَلْ تُسْلَبُ مِنَ ٱلْجَبَّارِ غَنِيمَةٌ؟ وَهَلْ يُفْلِتُ سَبْيُ ٱلْمَنْصُورِ؟ ٢٤ 24
၂၄ကိုယ်​တော်​ရှင်​သည်​စစ်​သည်​သူ​ရဲ​ထံ​မှ​သူ​၏ လု​ရာ​ပါ ပစ္စည်း​ကို​သိမ်း​ယူ​နိုင်​ပါ​သ​လော။ မင်း​ဆိုး​မင်း​ညစ်​၏​လက်​မှ​သုံ့​ပန်း​များ​ကို ကယ်​ဆယ်​နိုင်​ပါ​သ​လော။
فَإِنَّهُ هَكَذَا قَالَ ٱلرَّبُّ: «حَتَّى سَبْيُ ٱلْجَبَّارِ يُسْلَبُ، وَغَنِيمَةُ ٱلْعَاتِي تُفْلِتُ. وَأَنَا أُخَاصِمُ مُخَاصِمَكِ وَأُخَلِّصُ أَوْلَادَكِ، ٢٥ 25
၂၅ထာ​ဝ​ရ​ဘု​ရား​က၊ ``ယ​ခု​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​သည် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ စစ်​သည်​သူ​ရဲ​ဖမ်း​ဆီး​ထား​သည့်​သုံ့​ပန်း​များ​ကို ငါ​လွှတ်​ပစ်​မည်။ မင်း​ဆိုး​မင်း​ညစ်​၏​လု​ရာ​ပါ​ပစ္စည်း​များ​ကို ငါ​သိမ်း​ဆည်း​မည်။ ငါ​သည်​သင့်​ကို​တိုက်​ခိုက်​သူ​တို့​အား​တိုက်​ခိုက်​၍၊ သင်​၏​သား​သ​မီး​များ​ကို​ကယ်​ဆယ်​မည်။
وَأُطْعِمُ ظَالِمِيكِ لَحْمَ أَنْفُسِهِمْ، وَيَسْكَرُونَ بِدَمِهِمْ كَمَا مِنْ سُلَافٍ، فَيَعْلَمُ كُلُّ بَشَرٍ أَنِّي أَنَا ٱلرَّبُّ مُخَلِّصُكِ، وَفَادِيكِ عَزِيزُ يَعْقُوبَ». ٢٦ 26
၂၆ငါ​သည်​သင့်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​အား အ​ချင်း​ချင်း​သတ်​ဖြတ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​ကို​ကယ်​တင်​ရွေး​နုတ် တော်​မူ​သော​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တန်​ခိုး တော်​ရှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။

< إِشَعْيَاءَ 49 >