< إِشَعْيَاءَ 42 >
«هُوَذَا عَبْدِي ٱلَّذِي أَعْضُدُهُ، مُخْتَارِي ٱلَّذِي سُرَّتْ بِهِ نَفْسِي. وَضَعْتُ رُوحِي عَلَيْهِ فَيُخْرِجُ ٱلْحَقَّ لِلْأُمَمِ. | ١ 1 |
၁ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
لَا يَصِيحُ وَلَا يَرْفَعُ وَلَا يُسْمِعُ فِي ٱلشَّارِعِ صَوْتَهُ. | ٢ 2 |
၂သူသည်အော်ဟစ်၍အသံကိုလွှင့်၍ စကားပြောဆိုလိမ့်မည်မဟုတ်။ လမ်းများပေါ်တွင်လည်းကျယ်လောင်စွာမိန့် ခွန်း စကားများကိုပြောကြားလိမ့်မည်မဟုတ်။
قَصَبَةً مَرْضُوضَةً لَا يَقْصِفُ، وَفَتِيلَةً خَامِدَةً لَا يُطْفِئُ. إِلَى ٱلْأَمَانِ يُخْرِجُ ٱلْحَقَّ. | ٣ 3 |
၃သူသည်ကောက်နေသောကူရိုးကိုမချိုး၊ မှိတ် တုတ် မှိတ်တုတ်၊ သေခါနီးမီးကိုမငြိမ်းသတ်ဘဲရှိ လိမ့်မည်။ သူသည်လူအပေါင်းတို့အားတရားမျှတစွာ စီရင်အုပ်ချုပ်လိမ့်မည်။
لَا يَكِلُّ وَلَا يَنْكَسِرُ حَتَّى يَضَعَ ٱلْحَقَّ فِي ٱلْأَرْضِ، وَتَنْتَظِرُ ٱلْجَزَائِرُ شَرِيعَتَهُ». | ٤ 4 |
၄သူသည်စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်။ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတစွာစီရင် အုပ်ချုပ်မှုကိုတည်တံ့ခိုင်မြဲစေလိမ့်မည်။ ရပ်ဝေးနိုင်ငံများသည်လည်းသူ၏သြဝါဒ ကို စိတ်ဝင်စားစွာစောင့်မျှော်ကြလိမ့်မည်။''
هَكَذَا يَقُولُ ٱللهُ ٱلرَّبُّ، خَالِقُ ٱلسَّمَاوَاتِ وَنَاشِرُهَا، بَاسِطُ ٱلْأَرْضِ وَنَتَائِجِهَا، مُعْطِي ٱلشَّعْبِ عَلَيْهَا نَسَمَةً، وَٱلسَّاكِنِينَ فِيهَا رُوحًا: | ٥ 5 |
၅ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
«أَنَا ٱلرَّبَّ قَدْ دَعَوْتُكَ بِٱلْبِرِّ، فَأُمْسِكُ بِيَدِكَ وَأَحْفَظُكَ وَأَجْعَلُكَ عَهْدًا لِلشَّعْبِ وَنُورًا لِلْأُمَمِ، | ٦ 6 |
၆``ငါထာဝရဘုရားသည်သင့်ကိုခေါ်ယူ၍ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတမှုကို ကျင့်သုံးစေရန် တန်ခိုးကိုပေးတော်မူပြီ။ သင့်အားဖြင့်ငါသည်လူများနှင့်ပဋိညာဉ် ပြုလျက် နိုင်ငံများအပေါ်သို့အလင်းကိုဆောင်စေ မည်။
لِتَفْتَحَ عُيُونَ ٱلْعُمْيِ، لِتُخْرِجَ مِنَ ٱلْحَبْسِ ٱلْمَأْسُورِينَ، مِنْ بَيْتِ ٱلسِّجْنِ ٱلْجَالِسِينَ فِي ٱلظُّلْمَةِ. | ٧ 7 |
၇သင်သည်မျက်မမြင်တို့အားမျက်စိပွင့်လင်း လာစေ၍ အချုပ်ထောင်အမှောင်ခန်းများရှိလူတို့အား အနှောင်အဖွဲ့မှလွတ်မြောက်စေလိမ့်မည်။
«أَنَا ٱلرَّبُّ هَذَا ٱسْمِي، وَمَجْدِي لَا أُعْطِيهِ لِآخَرَ، وَلَا تَسْبِيحِي لِلْمَنْحُوتَاتِ. | ٨ 8 |
၈``ငါတစ်ပါးတည်းသာလျှင်သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။ ငါ၏ဘုန်းအသရေကိုအခြားအဘယ် ဘုရားမျှ ခံယူရလိမ့်မည်မဟုတ်။ ငါသည်မိမိအားရုပ်တုများနှင့်အတူထောမနာ ပြုခွင့်ကိုလည်းပေးလိမ့်မည်မဟုတ်။
هُوَذَا ٱلْأَوَّلِيَّاتُ قَدْ أَتَتْ، وَٱلْحَدِيثَاتُ أَنَا مُخْبِرٌ بِهَا. قَبْلَ أَنْ تَنْبُتَ أُعْلِمُكُمْ بِهَا». | ٩ 9 |
၉ငါကြိုတင်ဟောကြားခဲ့သည့်အမှုအရာများ သည် ယခုဖြစ်ပျက်လာလေပြီ။ ယခုတစ်ဖန်ငါသည်သင့်အားဆန်းသစ်သည့် အမှုအရာများကို ယင်းတို့အစပြု၍မပေါ်ပေါက်မီပင်ဖော်ပြ ပါအံ့။''
غَنُّوا لِلرَّبِّ أُغْنِيَةً جَدِيدَةً، تَسْبِيحَهُ مِنْ أَقْصَى ٱلْأَرْضِ. أَيُّهَا ٱلْمُنْحَدِرُونَ فِي ٱلْبَحْرِ وَمِلْؤُهُ وَٱلْجَزَائِرُ وَسُكَّانُهَا، | ١٠ 10 |
၁၀သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
لِتَرْفَعِ ٱلْبَرِّيَّةُ وَمُدُنُهَا صَوْتَهَا، ٱلدِّيَارُ ٱلَّتِي سَكَنَهَا قِيدَارُ. لِتَتَرَنَّمْ سُكَّانُ سَالِعَ. مِنْ رُؤُوسِ ٱلْجِبَالِ لِيَهْتِفُوا. | ١١ 11 |
၁၁တောကန္တာရနှင့်ထိုအရပ်ရှိမြို့များသည် ဘုရားသခင်အားထောမနာပြုကြစေ။ ကေဒါအနွယ်ဝင်အပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြစေ။ သေလမြို့သူမြို့သားတို့သည်တောင်ထိပ်များမှနေ၍ ရွှင်လန်းစွာကြွေးကြော်ကြစေ။
لِيُعْطُوا ٱلرَّبَّ مَجْدًا وَيُخْبِرُوا بِتَسْبِيحِهِ فِي ٱلْجَزَائِرِ. | ١٢ 12 |
၁၂ရပ်ဝေးနိုင်ငံသားတို့သည်လည်းထာဝရဘုရားကို ထောမနာပြု၍၊ ဘုန်းအသရေတော်ကိုဖော်ပြ ကြစေ။
ٱلرَّبُّ كَٱلْجَبَّارِ يَخْرُجُ. كَرَجُلِ حُرُوبٍ يُنْهِضُ غَيْرَتَهُ. يَهْتِفُ وَيَصْرُخُ وَيَقْوَى عَلَى أَعْدَائِهِ. | ١٣ 13 |
၁၃ထာဝရဘုရားသည်သူရဲကောင်းကဲ့သို့စစ်တိုက်ရန် ထွက်ကြွတော်မူ၏။ ကိုယ်တော်သည်တိုက်ပွဲဝင်ရန်အသင့်ရှိ၍ စိတ်စောလျက်နေတော်မူ၏။ ကိုယ်တော်သည်စစ်တိုက်သံကြွေးကြော်လျက် မိမိ၏ ရန်သူတို့အားတန်ခိုးတော်ကိုပြတော်မူ၏။
«قَدْ صَمَتُّ مُنْذُ ٱلدَّهْرِ. سَكَتُّ. تَجَلَّدْتُ. كَٱلْوَالِدَةِ أَصِيحُ. أَنْفُخُ وَأَنَخُرُ مَعًا. | ١٤ 14 |
၁၄ဘုရားသခင်က ``ငါသည်ကာလကြာမြင့်စွာဆိတ်ဆိတ်နေခဲ့၏။ ငါ၏လူမျိုးတော်အားအဖြေမပေးခဲ့။ သို့ရာတွင်ယခုအရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာလေပြီ။ ငါသည်သားဖွားသောဝေဒနာကိုခံရသူ အမျိုးသမီးကဲ့သို့အော်ဟစ်ပါ၏။
أَخْرِبُ ٱلْجِبَالَ وَٱلْآكَامَ وَأُجَفِّفُ كُلَّ عُشْبِهَا، وَأَجْعَلُ ٱلْأَنْهَارَ يَبَسًا وَأُنَشِّفُ ٱلْآجَامَ، | ١٥ 15 |
၁၅ငါသည်တောင်ကြီးတောင်ငယ်တို့ကိုဖြိုဖျက်၍ မြက်နှင့်သစ်ပင်များကိုခြောက်သွေ့စေမည်။ ငါသည်မြစ်ဝှမ်းတို့ကိုသဲကန္တာရများ အဖြစ်သို့ ပြောင်းလဲစေ၍ရေကန်များကိုခန်းခြောက်စေမည်။
وَأُسَيِّرُ ٱلْعُمْيَ فِي طَرِيقٍ لَمْ يَعْرِفُوهَا. فِي مَسَالِكَ لَمْ يَدْرُوهَا أُمَشِّيهِمْ. أَجْعَلُ ٱلظُّلْمَةَ أَمَامَهُمْ نُورًا، وَٱلْمُعْوَجَّاتِ مُسْتَقِيمَةً. هَذِهِ ٱلْأُمُورُ أَفْعَلُهَا وَلَاأَتْرُكُهُمْ. | ١٦ 16 |
၁၆``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
قَدِ ٱرْتَدُّوا إِلَى ٱلْوَرَاءِ. يَخْزَى خِزْيًا ٱلْمُتَّكِلُونَ عَلَى ٱلْمَنْحُوتَاتِ، ٱلْقَائِلُونَ لِلْمَسْبُوكَاتِ: أَنْتُنَّ آلِهَتُنَا! | ١٧ 17 |
၁၇ရုပ်တုများကိုယုံကြည်ကိုးစားကြသူတို့သည် လည်းကောင်း၊ ရုပ်တုများကိုမိမိတို့၏ဘုရားဟုခေါ်ဝေါ်ကြ သူတို့သည်လည်းကောင်း ရှုတ်ချခြင်းကိုခံရ၍အသရေပျက်ကြလိမ့် မည်။''
«أَيُّهَا ٱلصُّمُّ ٱسْمَعُوا. أَيُّهَا ٱلْعُمْيُ ٱنْظُرُوا لِتُبْصِرُوا. | ١٨ 18 |
၁၈ထာဝရဘုရားက ``အချင်းနားဆွံ့သူတို့နားထောင်ကြလော့။ အချင်းမျက်မမြင်တို့သေချာစွာကြည့်ကြလော့။
مَنْ هُوَ أَعْمَى إِلَّا عَبْدِي، وَأَصَمُّ كَرَسُولِي ٱلَّذِي أُرْسِلُهُ؟ مَنْ هُوَ أَعْمَى كَٱلْكَامِلِ، وَأَعْمَى كَعَبْدِ ٱلرَّبِّ؟ | ١٩ 19 |
၁၉ငါ၏အစေခံထက်ပို၍မျက်စိကန်းသူ၊ ငါစေလွှတ်လိုက်သည့်တမန်တော်ထက်ပို၍ နားဆွံ့သူတစ်စုံတစ်ယောက်ရှိပါသလော။
نَاظِرٌ كَثِيرًا وَلَا تُلَاحِظُ. مَفْتُوحُ ٱلْأُذُنَيْنِ وَلَا يَسْمَعُ». | ٢٠ 20 |
၂၀အို ဣသရေလအမျိုးသားတို့၊သင်တို့သည် တွေ့မြင်ရမှုများသော်လည်း၊ ထိုအမှုတို့သည်သင်တို့အတွက်အဘယ်သို့ အဋ္ဌိပ္ပါယ်ရှိသနည်း။ သင်တို့တွင်ကြားတတ်သောနားများရှိသော်လည်း အဘယ်အရာကိုသင်တို့အမှန်တကယ် ကြားကြလေပြီနည်း'' ဟုမိန့်တော်မူ၏။
ٱلرَّبُّ قَدْ سُرَّ مِنْ أَجْلِ بِرِّهِ. يُعَظِّمُ ٱلشَّرِيعَةَ وَيُكْرِمُهَا. | ٢١ 21 |
၂၁ထာဝရဘုရားသည်ကယ်တင်ရန်စိတ်စော လျက်နေသည့် ဘုရားသခင်ဖြစ်၍၊ ကိုယ်တော်သည်မိမိ၏တရားတော်ကို ရိုသေလေးစားကြရန်အလိုရှိတော်မူ၏။
وَلَكِنَّهُ شَعْبٌ مَنْهُوبٌ وَمَسْلُوبٌ. قَدِ ٱصْطِيدَ فِي ٱلْحُفَرِ كُلُّهُ، وَفِي بُيُوتِ ٱلْحُبُوسِ ٱخْتَبَأُوا. صَارُوا نَهْبًا وَلَا مُنْقِذَ، وَسَلَبًا وَلَيْسَ مَنْ يَقُولُ: «رُدَّ!». | ٢٢ 22 |
၂၂သို့ရာတွင်ယခုအခါကိုယ်တော်၏လူစုသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလေပြီ။ သူတို့အားအကျဉ်းထောင်အမှောင်ခန်းများတွင် သော့ခတ်၍ဝှက်ထားကြ၏။ ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိဘဲ သူတို့သည်တိုက်ခိုက်လုယက်ခြင်းကို ခံရကြလေသည်။
مَنْ مِنْكُمْ يَسْمَعُ هَذَا؟ يَصْغَى وَيَسْمَعُ لِمَا بَعْدُ؟ | ٢٣ 23 |
၂၃သင်တို့အထဲမှအဘယ်သူသည်ဤစကားကို နားထောင်ပါမည်နည်း။ သင်တို့သည်ယခုအချိန်မှစ၍သေချာစွာ နားထောင်ကြမည်လော။
مَنْ دَفَعَ يَعْقُوبَ إِلَى ٱلسَّلَبِ وَإِسْرَائِيلَ إِلَى ٱلنَّاهِبِينَ؟ أَلَيْسَ ٱلرَّبُّ ٱلَّذِي أَخْطَأْنَا إِلَيْهِ وَلَمْ يَشَاءُوا أَنْ يَسْلُكُوا فِي طُرُقِهِ وَلَمْ يَسْمَعُوا لِشَرِيعَتِهِ. | ٢٤ 24 |
၂၄အဘယ်သူသည်ဣသရေလအမျိုးသား တို့အား၊ တိုက်ခိုက်လုယက်သူတို့လက်သို့အပ်နှံပါ သနည်း။ ထိုသူကားငါတို့ပြစ်မှားကြသည့်ထာဝရ ဘုရားပင် ဖြစ်ပါသည်တကား။ ငါတို့သည်ကိုယ်တော်အလိုရှိတော်မူသကဲ့သို့ မနေမထိုင်ကြ။ ကိုယ်တော်ပေးတော်မူသည့်သြဝါဒတော်တို့ကိုလည်း မလိုက်လျှောက်ကြ။
فَسَكَبَ عَلَيْهِ حُمُوَّ غَضَبِهِ وَشِدَّةَ ٱلْحَرْبِ، فَأَوْقَدَتْهُ مِنْ كُلِّ نَاحِيَةٍ وَلَمْ يَعْرِفْ، وَأَحْرَقَتْهُ وَلَمْ يَضَعْ فِي قَلْبِهِ. | ٢٥ 25 |
၂၅သို့ဖြစ်၍ကိုယ်တော်သည်ငါတို့အားမိမိ၏ အမျက်တော်အရှိန်ကိုလည်းကောင်း၊ ပြင်းထန်သောစစ်မက်အန္တရာယ်ကိုလည်းကောင်း ခံစေတော်မူ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ ဣသရေလပြည်တစ်လျှောက်တွင် တောက်လောင်လျက်ရှိ၏။ သို့ရာတွင်အဘယ်အမှုအရာဖြစ်ပျက်နေ သည်ကို ငါတို့မသိကြ။ ငါတို့သည်ထိုအမှုအရာမှအဘယ် သင်ခန်းစာကိုမျှမရကြ။