< ١ أخبار 9 >
وَٱنْتَسَبَ كُلُّ إِسْرَائِيلَ، وَهَا هُمْ مَكْتُوبُونَ فِي سِفْرِ مُلُوكِ إِسْرَائِيلَ. وَسُبِيَ يَهُوذَا إِلَى بَابِلَ لِأَجْلِ خِيَانَتِهِمْ. | ١ 1 |
၁ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။-
وَٱلسُّكَّانُ ٱلْأَوَّلُونَ فِي مُلْكِهِمْ وَمُدُنِهِمْ هُمْ إِسْرَائِيلُ ٱلْكَهَنَةُ وَٱللَّاوِيُّونَ وَٱلنَّثِينِيمُ. | ٢ 2 |
၂ပထမဦးဆုံးမိမိတို့၏ဘိုးဘွားပိုင်မြို့ ရွာများသို့ပြန်လည်ရောက်ရှိလာကြသူ များအထဲတွင် ဣသရေလအမျိုးသား ဝတ်ကြောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များနှင့်ဗိမာန်တော်အလုပ် သမားများပါဝင်လေသည်။-
وَسَكَنَ فِي أُورُشَلِيمَ مِنْ بَنِي يَهُوذَا، وَبَنِي بَنْيَامِينَ، وَبَنِي أَفْرَايِمَ وَمَنَسَّى: | ٣ 3 |
၃ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။
عُوثَايُ بْنُ عَمِّيهُودَ بْنِ عُمْرِي بْنِ إِمْرِي بْنِبَانِي، مِنْ بَنِي فَارَصَ بْنِ يَهُوذَا. | ٤ 4 |
၄ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။
وَمِنَ ٱلشِّيلُونِيِّينَ: عَسَايَا ٱلْبِكْرُ وَبَنُوهُ. | ٥ 5 |
၅
وَمِنْ بَنِي زَارَحَ: يَعُوئِيلُ وَإِخْوَتُهُمْ سِتُّ مِئَةٍ وَتِسْعُونَ. | ٦ 6 |
၆
وَمِنْ بَنِي بَنْيَامِينَ: سَلُّو بْنُ مَشُلَّامَ بْنِ هُودُويَا بْنِ هَسْنُوأَةَ، | ٧ 7 |
၇ဗင်္ယာမိန်အနွယ်ဝင်များဖြစ်ကြသော၊ ဟာသေနွာ၏သားဟောဒဝိ၊ဟောဒဝိ၏သား မေရှုလံ၊ မေရှုလံ၏သားသလ္လု၊ ယေရောဟံ၏သားဣဗနိယ၊ သြဇိ၏သား၊ မိခရိ၏မြေးဧလာ၊ ဣဗနိယ၏သားရွေလ၊ ရွေလ၏သား ရှေဖတိ တို့သည်ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။
وَيِبْنِيَا بْنُ يَرُوحَامَ، وَأَيْلَةُ بْنُ عُزِّي بْنِ مِكْرِي، وَمَشُلَّامُ بْنُ شَفَطْيَا بْنِ رَعُوئِيلَ بْنِ يِبْنِيَا. | ٨ 8 |
၈
وَإِخْوَتُهُمْ حَسَبَ مَوَالِيدِهِمْ تِسْعُ مِئَةٍ وَسِتَّةٌ وَخَمْسُونَ. كُلُّ هَؤُلَاءِ ٱلرِّجَالِ رُؤُوسُ آبَاءٍ لِبُيُوتِ آبَائِهِمْ. | ٩ 9 |
၉ဤအနွယ်မှထိုမြို့တွင်နေထိုင်သူအိမ်ထောင်စု များမှာကိုးရာ့ငါးဆယ့်ခြောက်စုရှိသတည်း။ အထက်တွင်ဖော်ပြပါရှိသောအမျိုးသား အားလုံးသည်အိမ်ထောင်ဦးစီးများဖြစ်ပေ သည်။
وَمِنَ ٱلْكَهَنَةِ: يَدْعِيَا وَيَهُويَارِيبُ وَيَاكِينُ، | ١٠ 10 |
၁၀ယေရုရှလင်မြို့တွင် အောက်ပါယဇ်ပုရော ဟိတ်များသီတင်းသုံးနေထိုင်ကြသည်။ ယေဒါယ၊ယောယရိပ်နှင့်ယာခိန်၊ မေရှုလံ၊ဇာဒုတ်၊မရာယုတ်၊အဟိတုပ်တို့မှ ဆင်းသက်လာသူဟိလခိ၏သား (ဗိမာန်တော်မှူးချုပ်) အာဇရိ။ ပါရှုရနှင့်မာလခိတို့မှဆင်းသက်လာသူ ယေရောဟံ၏သားအဒါယ။ ယာဇေရ၊ မေရှုလံ၊ မေရှိလမုတ်နှင့် ဣမေရ တို့မှဆင်းသက်လာသူအဒေလ၏သား မာရှဲတို့ဖြစ်ကြ၏။
وَعَزَرْيَا بْنُ حِلْقِيَّا بْنِ مَشُلَّامَ بْنِ صَادُوقَ بْنِ مَرَايُوثَ بْنِ أَخِيطُوبَ رَئِيسِ بَيْتِ ٱللهِ، | ١١ 11 |
၁၁
وَعَدَايَا بْنُ يَرُوحَامَ بْنِ فَشْحُورَ بْنِ مَلْكِيَّا، وَمَعْسَايُ بْنُ عَدِيئِيلَ بْنِ يَحْزِيرَةَ بْنِ مَشُلَّامَ بْنِ مَشِلِّيمِيتَ بْنِ إِمِّيرَ. | ١٢ 12 |
၁၂
وَإِخْوَتُهُمْ رُؤُوسُ بُيُوتِ آبَائِهِمْ أَلْفٌ وَسَبْعُ مِئَةٍ وَسِتُّونَ جَبَابِرَةُ بَأْسٍ لِعَمَلِ خِدْمَةِ بَيْتِ ٱللهِ. | ١٣ 13 |
၁၃အိမ်ထောင်ဦးစီးများဖြစ်ကြသည့်ယဇ်ပုရော ဟိတ်တို့၏အရေအတွက်မှာ စုစုပေါင်းတစ် ထောင့်ခုနစ်ရာခြောက်ဆယ်ဖြစ်၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ဆောင်ရွက်ရသောအမှု ကိစ္စမှန်သမျှတို့တွင်အထူးကျွမ်းကျင်သူ များဖြစ်ကြ၏။
وَمِنَ ٱللَّاوِيِّينَ: شَمَعْيَا بْنُ حَشُّوبَ بْنِ عَزْرِيقَامَ بْنِ حَشَبْيَا مِنْ بَنِي مَرَارِي. | ١٤ 14 |
၁၄အောက်ပါလေဝိအနွယ်ဝင်တို့သည်ယေရုရှလင် မြို့တွင်နေထိုင်ကြ၏။ မေရာရိသားချင်းစုဝင်၊ ဟာရှဘိနှင့်အာဇရိကံ တို့မှ ဆင်းသက်လာသောဟာရှုပ်၏သားရှေမာရ။ ဗာကဗက္ကာ၊ဟေရက်နှင့်ဂလာလ။ အာသပ်၊ဇိခရိတို့မှဆင်းသက်လာသော မိက္ခာ၏သားမဿနိ။ ဂလာလ၊ ယေဒုသုံတို့မှဆင်းသက်လာ သော ရှေမာယ၏သားသြဗဒိ။ ဧလကာန၏မြေး၊အာသ၏သားဗေရခိ၊ ဧလကာနသည်နေတောဖာသိမြို့အပိုင် နယ်မြေသားဖြစ်၏။
وَبَقْبَقَّرُ وَحَرَشُ وَجَلَالُ وَمَتَنْيَا بْنُ مِيخَا بْنِ زِكْرِي بْنِ آسَافَ، | ١٥ 15 |
၁၅
وَعُوبَدْيَا بْنُ شَمَعْيَا بْنِ جَلَالَ بْنِ يَدُوثُونَ، وَبَرَخْيَا بْنُ آسَا بْنِ أَلْقَانَةَ ٱلسَّاكِنُ فِي قُرَى ٱلنَّطُوفَاتِيِّينَ. | ١٦ 16 |
၁၆
وَٱلْبَوَّابُونَ: شَلُّومُ وَعَقُّوبُ وَطَلْمُونُ وَأَخِيمَانُ وَإِخْوَتُهُمْ. شَلُّومُ ٱلرَّأْسُ. | ١٧ 17 |
၁၇ယေရုရှလင်မြို့တွင်နေထိုင်သည့်ဗိမာန်တော် အစောင့်တပ်သားများမှာရှလ္လုံ၊ အက္ကုပ်၊ တာ လမုန်နှင့်အဟိမန်တို့ဖြစ်၏။ ရှလ္လုံသည်သူ တို့၏ခေါင်းဆောင်တည်း။-
وَحَتَّى ٱلْآنَ هُمْ فِي بَابِ ٱلْمَلِكِ إِلَى ٱلشَّرْقِ. هُمُ ٱلْبَوَّابُونَ لِفِرَقِ بَنِي لَاوِي. | ١٨ 18 |
၁၈သူတို့သည်ယခင်အခါကသူတို့သည် လေဝိတဲစခန်းမှတံခါးစောင့်များဖြစ် သည်။ အရှေ့အဝင်ဝရှင်ဘုရင်၏တံခါး ကိုစောင့်ရကြ၏။
وَشَلُّومُ بْنُ قُورِي بْنِ أَبِيأَسَافَ بْنِ قُورَحَ وَإِخْوَتُهُ لِبُيُوتِ آبَائِهِ. ٱلْقُورَحِيُّونَ عَلَى عَمَلِ ٱلْخِدْمَةِ حُرَّاسُ أَبْوَابِ ٱلْخَيْمَةِ، وَآبَاؤُهُمْ عَلَى مَحَلَّةِ ٱلرَّبِّ حُرَّاسُ ٱلْمَدْخَلِ. | ١٩ 19 |
၁၉ဘုရားသခင်၏တဲစခန်းကိုဘိုးဘေးတို့ တာဝန်ယူ၍စောင့်ရကြသကဲ့သို့ ဧဗျာသပ် ၏မြေး၊ ကောရ၏သားရှလ္လုံသည်မိမိ၏ အမျိုးသားများဖြစ်ကြသော အခြား ကောရသိသားချင်းစုဝင်တို့နှင့်အတူ သန့်ရှင်းမြင့်မြတ်သည့်တဲတော်အဝင်ဝ ကိုစောင့်ရန်တာဝန်ယူရ၏။-
وَفِينَحَاسُ بْنُ أَلِعَازَارَ كَانَ رَئِيسًا عَلَيْهِمْ سَابِقًا، وَٱلرَّبُّ مَعَهُ. | ٢٠ 20 |
၂၀ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
وَزَكَرِيَّا بْنَ مَشَلْمِيَا كَانَ بَوَّابَ بَابِ خَيْمَةِ ٱلِٱجْتِمَاعِ. | ٢١ 21 |
၂၁မေရှိလမိ၏သားဇာခရိသည်လည်း ထာဝရဘုရားကိန်းဝပ်ရာတဲတော် တံခါးစောင့်ဖြစ်၏။
جَمِيعُ هَؤُلَاءِ ٱلْمُنْتَخَبِينَ بَوَّابِينَ لِلْأَبْوَابِ مِئَتَانِ وَٱثْنَا عَشَرَ، وَقَدِ ٱنْتَسَبُوا حَسَبَ قُرَاهُمْ. أَقَامَهُمْ دَاوُدُ وَصَمُوئِيلُ ٱلرَّائِي عَلَى وَظَائِفِهِمْ. | ٢٢ 22 |
၂၂အဝင်ဝနှင့်တံခါးပေါက်များအတွက် အစောင့်တပ်သားများအဖြစ် ရွေးချယ်ခန့် ထားခြင်းခံရသူများမှာ လူပေါင်းနှစ်ရာ တစ်ဆယ့်နှစ်ယောက်ရှိသတည်း။ ထိုသူတို့ အားမိမိတို့နေထိုင်ရာရပ်ရွာများအလိုက် မှတ်တမ်းတင်ထား၏။ သူတို့၏ဘိုးဘေးများ အားဤသို့တာဝန်ရှိသည့်အလုပ်ကိုပေး အပ်ခဲ့သူများမှာဒါဝိဒ်မင်းနှင့်ပရော ဖက်ရှမွေလတို့ဖြစ်၏။-
وَكَانُوا هُمْ وَبَنُوهُمْ عَلَى أَبْوَابِ بَيْتِ ٱلرَّبِّ بَيْتِ ٱلْخَيْمَةِ لِلْحِرَاسَةِ. | ٢٣ 23 |
၂၃ထိုအစောင့်တပ်သားများနှင့်သားမြေးတို့ သည် ဆက်လက်၍ဗိမာန်တော်အဝင်တံခါး များကိုစောင့်ရကြ၏။-
فِي ٱلْجِهَاتِ ٱلْأَرْبَعِ كَانَ ٱلْبَوَّابُونَ، فِي ٱلشَّرْقِ وَٱلْغَرْبِ وَٱلشِّمَالِ وَٱلْجَنُوبِ. | ٢٤ 24 |
၂၄ဗိမာန်တော်၏အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာတွင်တံခါးတစ်ပေါက် စီရှိ၏။ ထိုတံခါးတစ်ပေါက်စီတွင်တံခါး မှူးတစ်ယောက်စီရှိ၏။-
وَكَانَ إِخْوَتُهُمْ فِي قُرَاهُمْ لِلْمَجِيءِ مَعَهُمْ فِي ٱلسَّبْعَةِ ٱلْأَيَّامِ، حِينًا بَعْدَ حِينٍ. | ٢٥ 25 |
၂၅ယင်းတံခါးမှူးတို့အားရွာများတွင်နေထိုင် ကြသူဆွေမျိုးသားချင်းတို့က တစ်ကြိမ် လျှင်ခုနစ်ရက်အလှည့်ကျတံခါးစောင့် အလုပ်တွင်ကူညီရကြလေသည်။-
لِأَنَّهُ بِٱلْوَظِيفَةِ رُؤَسَاءُ ٱلْبَوَّابِينَ هَؤُلَاءِ ٱلْأَرْبَعَةُ هُمْ لَاوِيُّونَ وَكَانُوا عَلَى ٱلْمَخَادِعِ وَعَلَى خَزَائِنِ بَيْتِ ٱللهِ. | ٢٦ 26 |
၂၆တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-
وَنَزَلُوا حَوْلَ بَيْتِ ٱللهِ لِأَنَّ عَلَيْهِمِ ٱلْحِرَاسَةَ، وَعَلَيْهِمِ ٱلْفَتْحَ كُلَّ صَبَاحٍ. | ٢٧ 27 |
၂၇သူတို့၏တာဝန်ဝတ္တရားမှာဗိမာန်တော်ကို စောင့်ရန်နှင့် တံခါးများကိုနံနက်တိုင်းဖွင့် ပေးရန်ဖြစ်သဖြင့် သူတို့သည်ဗိမာန်တော် အနီးတွင်နေထိုင်ရကြ၏။
وَبَعْضُهُمْ عَلَى آنِيَةِ ٱلْخِدْمَةِ، لِأَنَّهُمْ كَانُوا يُدْخِلُونَهَا بِعَدَدٍ، وَيُخْرِجُونَهَا بِعَدَدٍ. | ٢٨ 28 |
၂၈အချို့သောလေဝိအနွယ်ဝင်တို့သည်ကိုးကွယ် ဝတ်ပြုရာ၌အသုံးပြုသောခွက်ဖလားများ ကိုတာဝန်ယူရကြ၏။ ခွက်ဖလားများကို အသုံးပြုသည့်အခါတိုင်း စစ်ဆေး၍ထုတ် ပေးပြီးနောက်စစ်ဆေး၍ပြန်လည်လက်ခံ ရကြ၏။-
وَبَعْضُهُمُ ٱؤْتُمِنُوا عَلَى ٱلْآنِيَةِ وَعَلَى كُلِّ أَمْتِعَةِ ٱلْقُدْسِ وَعَلَى ٱلْدَقِيقِ وَٱلْخَمْرِ وَٱللُّبَانِ وَٱلْأَطْيَابِ. | ٢٩ 29 |
၂၉အချို့သူတို့မှာသန့်ရှင်းရာဌာနတော်ဆိုင် ရာအသုံးအဆောင်တန်ဆာများ၊ မုန့်ညက်၊ စပျစ်ရည်၊ သံလွင်ဆီ၊ လော်ဗန်နှင့်နံ့သာ မျိုးတို့ကိုကြည့်ရှုသိမ်းဆည်းရန်တာဝန် ယူရကြ၏။-
وَٱلْبَعْضُ مِنْ بَنِي ٱلْكَهَنَةِ كَانُوا يُرَكِّبُونَ دَهُونَ ٱلْأَطْيَابِ. | ٣٠ 30 |
၃၀သို့ရာတွင်နံ့သာမျိုးတို့ကိုပေါင်းစပ်ရော နှောသည့်အလုပ်မှာမူ ယဇ်ပုရောဟိတ်တို့ ၏တာဝန်ဖြစ်ပေသည်။
وَمَتَّثْيَا وَاحِدٌ مِنَ ٱللَّاوِيِّينَ، وَهُوَ بِكْرُ شَلُّومَ ٱلْقُورَحِيِّ، بِٱلْوَظِيفَةِ عَلَى عَمَلِ ٱلْمَطْبُوخَاتِ. | ٣١ 31 |
၃၁ကောရဆွေမျိုးစုမှရှလ္လုံ၏သားဦးမတ္တိသိ နာမည်ရှိသောလေဝိအနွယ်ဝင်တစ်ယောက် သည် မီးဖြင့်ဖုတ်လုပ်ရသည့်ပူဇော်သကာ များကိုတာဝန်ယူ၍ပြင်ဆင်ရ၏။-
وَٱلْبَعْضُ مِنْ بَنِي ٱلْقَهَاتِيِّينَ مِنْ إِخْوَتِهِمْ عَلَى خُبْزِ ٱلْوُجُوهِ لِيُهَيِّئُوهُ فِي كُلِّ سَبْتٍ. | ٣٢ 32 |
၃၂ကောဟတ်သားချင်းတွင်ပါဝင်သူတို့သည် ဥပုသ်နေ့တိုင်းဗိမာန်တော်အတွက်ရှေ့ တော်မုန့်ကိုပြင်ဆင်ရကြ၏။
فَهَؤُلَاءِ هُمُ ٱلْمُغَنُّونَ رُؤُوسُ آبَاءِ ٱللَّاوِيِّينَ فِي ٱلْمَخَادِعِ، وَهُمْ مُعْفَوْنَ، لِأَنَّهُ نَهَارًا وَلَيْلًا عَلَيْهِمِ ٱلْعَمَلُ. | ٣٣ 33 |
၃၃လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
هَؤُلَاءِ رُؤُوسُ آبَاءِ ٱللَّاوِيِّينَ. حَسَبَ مَوَالِيدِهِمْ رُؤُوسٌ. هَؤُلَاءِ سَكَنُوا فِي أُورُشَلِيمَ. | ٣٤ 34 |
၃၄အထက်တွင်ဖော်ပြပါရှိသောအမျိုးသား တို့သည် မိမိတို့ဘိုးဘေးအဆက်အနွယ် စာရင်းများအရလေဝိအိမ်ထောင်ဦးစီး များဖြစ်ကြ၏။ သူတို့သည်ယေရုရှလင် မြို့တွင်နေထိုင်သည့်ခေါင်းဆောင်များဖြစ် ပေသည်။
وَفِي جِبْعُونَ سَكَنَ أَبُو جِبْعُونَ يَعُوئِيلُ، وَٱسْمُ ٱمْرَأَتِهِ مَعْكَةُ. | ٣٥ 35 |
၃၅ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ၏ဇနီးမှာမာခါနာမည်ရှိ၏။-
وَٱبْنُهُ ٱلْبِكْرُ عَبْدُونُ ثُمَّ صُورُ وَقَيْسُ وَبَعَلُ وَنَيْرُ وَنَادَابُ | ٣٦ 36 |
၃၆သူ၏သားဦးကားအာဗဒုန်ဖြစ်၏။ သူ၏ အခြားသားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
وَجَدُورُ وَأَخِيُو وَزَكَرِيَّا وَمِقْلُوثُ. | ٣٧ 37 |
၃၇ဂေဒေါ်၊ အဟိသြ၊ ဇာခရိ၊ မိကလုတ်တို့ ဖြစ်ကြ၏။-
وَمِقْلُوثُ وَلَدَ شَمْآمَ. وَهُمْ أَيْضًا سَكَنُوا مُقَابِلَ إِخْوَتِهِمْ فِي أُورُشَلِيمَ مَعَ إِخْوَتِهِمْ. | ٣٨ 38 |
၃၈မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့၏ သားမြေးများသည် မိမိတို့၏အနွယ်ဝင် အခြားအိမ်ထောင်စုများနှင့်ယှဉ်တွဲ၍ ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။
وَنَيْرُ وَلَدَ قَيْسَ، وَقَيْسُ وَلَدَ شَاوُلَ، وَشَاوُلُ وَلَدَ: يَهُونَاثَانَ وَمَلْكِيشُوعَ وَأَبِينَادَابَ وَإِشْبَعَلَ. | ٣٩ 39 |
၃၉နေရ၏သားသည်ကိရှ၊ ကိရှ၏သားသည် ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလ ခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍သား လေးယောက်ရှိ၏။-
وَٱبْنُ يَهُونَاثَانَ مَرِيبْبَعَلُ، وَمَرِيبْبَعَلُ وَلَدَ مِيخَا. | ٤٠ 40 |
၄၀ယောနသန်၏သားသည်မေရိဗ္ဗာလ၊ မေရိဗ္ဗာလ ၏သားမှာမိက္ခာဖြစ်၏။-
وَبَنُو مِيخَا: فِيثُونُ وَمَالِكُ وَتَحْرِيعُ وَآحَازُ. | ٤١ 41 |
၄၁မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ်ဟူ ၍သားလေးယောက်ရှိ၏။-
وَآحَازُ وَلَدَ يَعْرَةَ، وَيَعْرَةُ وَلَدَ عَلْمَثَ وَعَزْمُوتَ وَزِمْرِي. وَزِمْرِي وَلَدَ مُوصَا، | ٤٢ 42 |
၄၂အာခတ်၏သားသည်ယာရဖြစ်၏။ ယာရတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍သား သုံးယောက်ရှိ၏။ ဇိမရိ၏သားသည်မောဇ၊-
وَمُوصَا وَلَدَ يِنْعَا، وَرَفَايَا ٱبْنَهُ، وَأَلْعَسَةَ ٱبْنَهُ، وَآصِيلَ ٱبْنَهُ. | ٤٣ 43 |
၄၃မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်၏။
وَكَانَ لِآصِيلَ سِتَّةُ بَنِينَ وَهَذِهِ أَسْمَاؤُهُمْ: عَزْرِيقَامُ وَبُكْرُو ثُمَّ إِسْمَاعِيلُ وَشَعَرْيَا وَعُوبَدْيَا وَحَانَانُ. هَؤُلَاءِ بَنُو آصِيلَ. | ٤٤ 44 |
၄၄အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်ဟူ၍သားခြောက်ယောက် ရှိ၏။