< Roma 11 >
1 a belle nani sa Kutelle wa nnari anit me? uwanya uso nani ba bara men wangnkuna Isiraila ri unuzu likura Ibrahim tutun lilem benjamin benjamin.
၁သို့ဖြစ်၍ဘုရားသခင်သည်မိမိ၏လူစုတော် အား ပစ်ပယ်တော်မူပြီလောဟုမေးသော်ဧကန် မုချပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်ပင်လျှင် ဣသရေလအမျိုးသား၊ အာဗြဟံမှဆင်း သက်သူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။-
2 Kutelle wa nnari anit me b, ale na awadi ananyinu nani, sa lyiru imon ille na inyarta wa bellin litin kitin Iliya na awa sau kuhulu kiti Kutelle abara anan Israila?
၂ဘုရားသခင်သည်အစမူလကတည်းက မိမိရွေးကောက်ထားတော်မူသောလူစုတော် ကိုပစ်ပယ်တော်မမူ။ ကျမ်းစာတော်တွင်ဧလိယ သည်ဣသရေလအမျိုးသားတို့ကိုဆန့်ကျင်၍ ဘုရားသခင်ထံလျှောက်ထားသည့်စာပိုဒ်ကို သင်တို့သိကြ၏။-
3 Chikilari inna mollusu anit anan mbellu naufe ipucho tibagadife miyari chas nlawa tutun idin piziru nighe.
၃ထိုလျှောက်ထားချက်တွင်ဧလိယက``ထာဝရ ဘုရားရှင်၊ ထိုသူတို့သည်ကိုယ်တော်၏ပရော ဖက်များကိုသတ်ဖြတ်ခဲ့ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ် တစ်ဦးတည်းသာကျန်ပါ၏။ အကျွန်ုပ်ကိုလည်း သူတို့သတ်ရန်ကြိုးစားလျက်နေကြပါ၏'' ဟုဆို၏။-
4 Kutellẹ wa tarda awaro: “nna chau litinighe nanilime amui kuzor alle na issa tumuno nin naluum mine kitin baale ba”.
၄သို့ရာတွင်ဧလိယအားဘုရားသခင်အဘယ် သို့ပြန်၍မိန့်တော်မူသနည်း။ ကိုယ်တော်က``ငါ သည်ဗာလရုပ်တုအားဦးမညွှတ်၊ ရှိမခိုးသူ လူခုနစ်ထောင်ကိုငါ၏အတွက်ချန်ထား ပြီ'' ဟုမိန့်တော်မူ၏။-
5 har nene re nnya ko kusa ufere mboullu Kutellẹ imon nggisin duk.
၅ယခုကာလ၌လည်းဤနည်းအတိုင်းပင်။ ဘုရား သခင်၏ကျေးဇူးတော်ကြောင့်ရွေးကောက်ခြင်းခံ ရသူလူအနည်းငယ်ကျန်ရှိ၏။-
6 Vat nani andi barai ayii ubolluKutellẹ na bara katari ba andina nani ubollu Kutellẹ. di ubollu ba.
၆ကိုယ်တော်သည်ထိုသူတို့အားကျေးဇူးတော် ကိုအခြေခံ၍ရွေးကောက်တော်မူ၏။ သူတို့ ၏အကျင့်ကိုအခြေခံ၍ရွေးကောက်တော် မူသည်မဟုတ်။ အကယ်၍ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းသည် လူ့အကျင့်ကို အခြေခံလျှင်ကိုယ်တော်၏ကျေးဇူးတော် သည်အစစ်အမှန်မဟုတ်။
7 Iyarighari tutungha? imon ule na an Isirale wa piziru iwa se iniba nnan feeru Kuteelẹ wase ngisine ghas.
၇ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-
8 Ud nafo na inyerte wabellin “Kutellẹwa nii nani Ifipnnun me min nyisi na nyeju kiti ba nin atuf ansalin nlanzu uliru udak kitin mon”
၈ကျမ်းစာတော်က``ဘုရားသခင်သည်သူတို့ ၏စိတ်နှလုံးကိုထိုင်းမှိုင်းစေတော်မူ၏။ ယနေ့ တိုင်အောင်ပင်သူတို့သည်မမြင်မကြားနိုင် ကြ'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-
9 Dauda woro nenghe “na kutebul mine sokutaru libarda litala ntirzu a usọ atunu” kitimine.
၉ထို့အပြင်ဒါဝိဒ်မင်းက၊ ``သူတို့၏စားသောက်ပွဲများသည်သူတို့အတွက် ကျော့ကွင်းကဲ့သို့လည်းကောင်း၊ ထောင်ချောက်ကဲ့သို့လည်းကောင်းဖမ်းမိလျက် ဒဏ်ခတ်ခံရပါစေသော။
10 Naiyizi mine uwo isirọ bara i wayeje kiti ko kome mine tumun
၁၀သူတို့သည်ကြည့်၍မမြင်နိုင်စေရန် မျက်စိမှုန်ပါစေသော။ သူတို့၏ခါးသည်လည်းထမ်းရသောဝန်ထုပ် ကြောင့် အစဉ်ကုန်းပါစေသော'' ဟုမြွက်ဆိုတော်မူ၏။
11 Awa bellin nani “iwa utirzo bara disua idiuwa?” uwa uso nani ba bara nan naudisu mine watii uduchu daa na nan nan nsalin yiru Kutellẹ baraifea nanin ayinasu liyarin.
၁၁သို့ဖြစ်၍ယုဒအမျိုးသားတို့သည်ခလုတ် တိုက်၍လဲပြီလောဟုမေးသော် အဘယ်နည်း နှင့်မျှလဲ၍မနေရပါ။ သူတို့အပြစ်ကူး ခြင်းကြောင့်လူမျိုးခြားတို့သည်ကယ်တင်ခြင်း ကိုရရှိလာကြသဖြင့် ယုဒအမျိုးသား တို့သည်လူမျိုးခြားတို့အားမနာလိုစိတ် ရှိလာကြသည်။-
12 Andi uyi naseimon nachara diu mine uwalu mine umon nachara kiti nan ntanni nin malizin nacharaiworo use namon nachara.
၁၂ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။
13 Nene nin indin nliru nanghinu anan ntani kulle meng unan kadura na uda kiti nan ntanni Kutellẹ indin fọfigiri nin katanighe.
၁၃လူမျိုးခြားဖြစ်သူသင်တို့အားယခုငါပြော လို၏။ ငါသည်လူမျိုးခြားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည့်ကာလပတ်လုံးမိမိ ၏အလုပ်တွင်ဂုဏ်ယူဝါကြွားမည်။-
14 mmoti mba nanzu amon nibinai issua. lagann alle na idi amon mine se utuch.
၁၄ငါသည်မိမိ၏အမျိုးသားများအားမနာ လိုစိတ်ကိုရှိစေခြင်းအားဖြင့် ၎င်းတို့အထဲ မှအချို့တို့သည်ကယ်တင်ခြင်းကိုရကောင်း ရလိမ့်မည်။-
15 An di unna rani alele unare ti tise umuni nati an nye '' Yagari useru mine ba ti uba so ulai ki nan kulle?''
၁၅ဘုရားသခင်သည်ငါ၏အမျိုးသားတို့အား ပစ်ပယ်တော်မူသောအခါ၌ကမ္ဘာသူကမ္ဘာသား တို့အား မိမိရန်သူများဖြစ်ရာမှမိတ်ဆွေများ ဖြစ်စေတော်မူ၏။ သို့ဖြစ်၍ယုဒအမျိုးသား တို့အားဘုရားသခင်ပြန်လည်လက်ခံတော်မူ သောအခါ၌အဘယ်သို့ဖြစ်လိမ့်မည်နည်း။ သူသေတို့အားအသက်ပြန်၍ရှင်စေသကဲ့ သို့ဖြစ်လိမ့်မည်။
16 An di kumat ifarri adi lau na nere iyip ma, an tillin di lau, annere ti langgye ba yitu. pucu tilangye ina.
၁၆မိမိ၌ရှိသောမုန့်ညက်မှအနည်းငယ်ကို ယူ၍ဘုရားသခင်အားဦးစွာဆက်ကပ်လျှင် မုန့်ညက်အားလုံးကိုပင်လျှင်ဆက်ကပ်ရာ ရောက်၏။ သစ်ပင်၏အမြစ်ကိုဘုရားသခင် အားဆက်ကပ်လျှင်အကိုင်းအခက်များကို လည်းဆက်ကပ်ရာရောက်၏။-
17 Iwadin woru i puco ton ti lang kuca, f, kucan zaitu kusho iwa shonfi na nya mine uba koswu nan gyinu mmari tiling tiling kuca zaintu,
၁၇လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
18 yen je uwa fo figiri nin tilan gye. Asa uba fo figiri na fere nin tilang, na fe re ming ti langye ba, ama tilangyere min fi.
၁၈သို့ဖြစ်၍သင်တို့သည်ခုတ်ဖြတ်ပစ်လိုက်သည့် အကိုင်းများနှင့်တူသောသူတို့ကိုအထင် မသေးကြနှင့်။ သင်တို့သည်အဘယ်သို့လျှင် ဝါကြွားနိုင်သနည်း။ သင်တို့သည်အကိုင်း အခက်မျှသာဖြစ်၍အမြစ်ကိုထောက်မ သည်မဟုတ်။ အမြစ်သည်သာလျှင်သင်တို့ ကိုထောက်မ၏။
19 Uma/ uba nin woru, ''Ina n shono men ku nan nye.''
၁၉သို့သော်သင်တို့က ``အကျွန်ုပ်တို့အားနေရာ ပေးရန်သံလွင်ယဉ်ကိုင်းများကိုခုတ်ဖြတ် သည်မဟုတ်ပါလော'' ဟုဆိုလိမ့်မည်။-
20 Kidegen nere/ kiden nere! Bara usalin nni kibinai mine iwa pucu tilangye, nin nani uyisa nan nya yenu fe sa uyenu. Nu uwa ganti liti fe kan ba, lanza fiu.
၂၀သင်တို့ဆိုသည်အတိုင်းလည်းမှန်၏။ ထိုသူတို့ ခုတ်ဖြတ်ခြင်းခံရကြသည်မှာသူတို့သည် ဘုရားသခင်ကိုယုံကြည်မှုမရှိကြသော ကြောင့်ဖြစ်၏။ သင်တို့မူကားကိုယ်တော်ကို ယုံကြည်သဖြင့်သံလွင်ပင်၏တစ်စိတ်တစ် ဒေသဖြစ်လာရ၏။ သို့သော်သင်တို့ကိုယ်ကို အထင်မကြီးဘဲကြောက်ရွံ့ခြင်းရှိကြလော့။-
21 Sasa na Kutelle wa sun tilang ti cine ba fe wang na awa sun fi ba.
၂၁ဘုရားသခင်သည်သံလွင်ပင်မှနဂိုမူရင်း အကိုင်းများသဖွယ်ဖြစ်ကြသူ ယုဒအမျိုး သားတို့ကိုသက်ညှာတော်မမူလျှင် အဘယ် သို့လျှင်သင်တို့ကိုသက်ညှာတော်မူမည်နည်း။-
22 Yenen nene, imon i cine irka na Kutelle na su. Nlong ikot urinjaya Kutenlle wa wunun ale na iwa dui, inlong likot urinjaya Kutelle na dak ati mine uni wa ti ayi a shaeu me, sasa na ni ba, fe wan iwa wernu i finlo. `
၂၂ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-
23 Iwasena ituna nan nya salin yinnu ibashonminu nan nya iba shunmunu nann nya. Bara Kutellẹ nwa nya apirun minu nnan nyẹ.
၂၃ယုဒအမျိုးသားတို့သည်မယုံကြည်သော စိတ်စွန့်၍ယုံကြည်ကြမည်ဆိုပါက အငုတ် တွင်ပြန်လည်ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံရ ကြလိမ့်မည်။ ဘုရားသခင်သည်ဤအမှုကို ပြုတော်မူနိုင်၏။-
24 fe wang iwa kalafi kiti kuchan nzaitu kusho, ko na litino me din nan nya kusho, ida munu fi nin kuchan nzaitun kilari, nafo na idin suzu belle anun na iyiru litinọ mine, ikuru ishominu kuwa.
၂၄လူမျိုးခြားဖြစ်သူသင်တို့အားမိမိတို့၏ နဂိုမူရင်းရိုင်းသောသံလွင်မှခုတ်ဖြတ်၍ သင် တို့၏နဂိုမူရင်းမဟုတ်သည့်ယဉ်သောသံလွင် တွင်ကိုင်းဆက်စိုက်ပျိုးတော်မူပါလျှင် ယဉ်သော သံလွင်၏နဂိုမူရင်းအကိုင်းများဖြစ်သည့် ယုဒအမျိုးသားတို့အား မူရင်းသံလွင်ပင် တွင်ပိုမိုလွယ်ကူစွာပြန်လည်ကိုင်းဆက် စိုက်ပျိုးတော်မူမည်မဟုတ်လော။
25 Linuana na iwa so lọn ba, nin nimon liyeshi, bari iwa yita nin yinnu nin kpiluzu nati mine; Israila nase ngbas bat nan nya mine, se na inase ukulu nannan tanni Kutellẹ.
၂၅ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
26 Nanere vat nan Israile base utuchu, nafo na ina yerti: “unantuchu ba nuzu nnan nyan Zion; aba kallu udiru kutelle kitin Yakub.
၂၆ထိုနောက်ဘုရားသခင်သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးကိုကယ်တင်တော် မူလိမ့်မည်။ ကျမ်းစာတော်တွင်၊ ``ကယ်တင်ရှင်သည်ဇိအုန်တောင်မှကြွလာပြီး လျှင်၊ ယာကုပ်၏သားမြေးများထံမှ၊ဆိုးညစ်မှု အပေါင်းကို ပယ်ရှားတော်မူလိမ့်မည်။
27 Likawali nigha lolẹ nan ghinu, nba kalu alapi mine.”
၂၇ငါသည်သူတို့၏အပြစ်များကိုပယ်ရှားသော အခါ သူတို့နှင့်ဤပဋိညာဉ်ကိုပြုမည်။'' ဟုဖော်ပြပါရှိသည်အတိုင်းဖြစ်လေသည်။-
28 Nlon likot nbellen nliru Kutellẹ, ina nari ani bara anun, nlon likot bara uferu Kutellẹ, anan suuwari barian ka mine.
၂၈သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-
29 Bara na Kutellẹ wasa akpiliya kibinai mẹ nan nya fillu nin yichilu me ba.
၂၉ကိုယ်တော်သည်မည်သူ့ကိုမဆိုရွေးကောက်၍ ကောင်းချီးပေးတော်မူရန်ဆုံးဖြတ်တော်မူ ပြီးနောက်စိတ်သဘောပြောင်းလဲတော်မမူ တတ်။-
30 Nafo nin chizune ne na iwadi anan dortu Kutellẹ ba, ina se nkune kune Kutellẹ bara udortu me,
၃၀လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။-
31 Nene alẹ Ayahudawe iwa nari udortu Kutellẹ, iwa first nani nkune kune nafo na ina durso minu inung ma nene seru nkune kune.
၃၁ထိုနည်းတူဘုရားသခင်၏ကရုဏာတော် ကိုသင်တို့ခံစားကြရခြင်းကြောင့် ယုဒ အမျိုးသားတို့သည်ကရုဏာတော်ကိုမိမိ တို့လည်းခံစားရအံ့သောငှာ ဘုရားသခင် ၏စကားတော်ကိုယခုအခါမနာခံဘဲ နေကြ၏။-
32 Kutellẹ na tursu kogha ku nin dirnun dortu me, bara adurọ in nkune kune kitin kogha. (eleēsē )
၃၂လူသားအပေါင်းတို့သည်မနာခံကြသည့် အတွက် ဘုရားသခင်သည်သူတို့အားအကျဉ်း သားများသဖွယ်ဖြစ်စေတော်မူ၏။ ဤသို့ ကိုယ်တော်ပြုတော်မူရခြင်းမှာသူတို့အား ကရုဏာတော်ကိုပြတော်မူလိုသောကြောင့် ပင်ဖြစ်ပေသည်။ (eleēsē )
33 Kakama, ncham cham nimon nachara inyiru nin yinnu Ketellẹ! Ghari wasa a pizira nan nya nsharamẹ, Tibau me katin likara inyinnu!
၃၃ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
34 “Ghari yiru kibinayi in Chikilarẹ? Sa ghari udon nkpiluzu in nliru me?
၃၄ကျမ်းစာတော်က၊ ``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။
35 Sa ghari na burun ana Kutellẹ imonimon, sa inan kpilla ina ghe?”
၃၅ကိုယ်တော်ကကျေးဇူးဆပ်တော်မူရအောင် အဘယ်သူသည်ကိုယ်တော်အားကျေးဇူးပြုဖူး သနည်း'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-
36 Bari kitimẹ, nin nan nya mẹ, a udu kitimẹre imon di vat. Udu kitimẹ ngongọn so saligang. Ussonani. (aiōn )
၃၆ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ (aiōn )