< Matiyu 8 >

1 Na Yisa nto; o kitene likup, ligozi gbardang dofine.
တောင်​ပေါ်​မှ​သ​ခင်​ယေ​ရှု​ဆင်း​သက်​တော်​မူ​လျှင် လူ​ပ​ရိ​သတ်​ကြီး​များ​သည်​နောက်​တော်​သို့​လိုက် ကြ​၏။-
2 Umon, ame ukuturu da kitime, atumuno mbun me, aworo, “Cikilari andi uyinna, uwasa utayi nso lau.”
ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။
3 Yisa nakpa ucara me a dudoghe aworo, “Meng yinna. Ta lau.” Na nin nmolu kubi ba atinna a weseghe ata lau nin tikuturu me.
သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။-
4 Yisa woroghe, “Yene yenje uwa bellin umon imomon, can libaufe, udurso litife kitin pirist nin nni nimon ule na udukan Musa na bellin, bara uni ngodiya kitime.
သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။
5 Na Yisa npira nanyan Kaparnahum, nkon kusoja kudia nroma, da kitime ada tiringhe,
က​ပေ​ရ​နောင်​မြို့​ကို​ကိုယ်​တော်​ဝင်​တော်​မူ​သော အ​ခါ ရော​မ​စစ်​ဗိုလ်​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍၊-
6 aworoghe, “Cikilari, kucin nighe non nanya kilari nin nkonun nriu nagbergenu, adi nanyan nlanzu npazaza kang.”
``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။
7 Yisa bellinghe, “Meng ba dak nda shin ninghe.”
ကိုယ်​တော်​က ``ငါ​လာ​၍​သူ့​ရော​ဂါ​ကို​ပျောက်​ကင်း စေ​မည်'' ဟု​မိန့်​တော်​မူ​လျှင်၊
8 Ame udia nasoja kawaghe aworo, “Cikilari, na meng mabtin fe da piru nanya kilari nig ba, bara nani belle ligbulang cas kucineghe ba shinu.
စစ်​ဗိုလ်​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန်​သူ ဖြစ်​သ​ဖြင့်​အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ အ​မိန့်​တော်​သာ ပေး​တော်​မူ​ပါ​လျှင်​အ​ကျွန်ုပ်​၏​အ​စေ​ခံ​သည် ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-
9 Bara meng wang unitari ulle na nsosin kuteet likara, nmini dinin na soja alle na idi kadas nigh, assa nworo nlenge, 'Can,' ame nsa anya, nin kiti nmong tutun nworoghe, 'Da,' ame asa ada, nin kucin nigh, 'Su nenenghe,' asa asu inin.”
အ​ကျွန်ုပ်​သည်​အ​ထက်​အာ​ဏာ​ကို​နာ​ခံ​ရ​သူ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​လက်​အောက်​တွင်​လည်း​စစ် သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ်​ယောက်​ကို​သွား ချေ​ဟု​အ​ကျွန်ုပ်​ဆို​လျှင်​သူ​သည်​သွား​ပါ​၏။ အ​ခြား​တစ်​ယောက်​ကို​လာ​ခဲ့​ဟု​ဆို​လျှင်​လာ ပါ​၏။ ထို့​အ​ပြင်​အ​ကျွန်ုပ်​၏​ကျွန်​အား​ဤ​အ​မှု ကို​ပြု​လော့​ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု လျှောက်​၏။
10 Na Yisa nlanza nani, asu umamaki anin belle alenge na idi ligowe nanghe, “Kidegen ndin bellu munu, nin nanyan Iseraila, na nse umon na adinin nimus nle uyinnu sa uyene gbardang nani ba.
၁၀ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် အံ့​သြ​တော်​မူ​၏။ သို့​ဖြစ်​၍​နောက်​တော်​သို့​လိုက် လာ​ကြ​သော​ပ​ရိ​သတ်​တို့​အား
11 Ndin bellu minu, anit gbardang ba dak unuzu gabar nin yamma, iba da so ili kutebul nin Ibrahim, isheku a yakubu nanya kilari tigo kitene kani.
၁၁``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ ကဲ့​သို့​သော​ယုံ​ကြည်​ခြင်း​ကို​ဣသ​ရေ​အ​မျိုး​သား တို့​တွင်​ငါ​မ​တွေ့​မ​ကြုံ​ဘူး​သေး။ လူ​အ​မြောက် အ​မြား​ပင်​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ လာ​၍​ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အာ​ဗြ​ဟံ၊ ဣဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည်။-
12 Bara inug, nono tigowe iba turnu nani nanya nsirti midiya, kiti kanga na kuculu ba yitu ku nin nyaku nayini.”
၁၂သို့​ရာ​တွင်​နိုင်​ငံ​တော်​သား​ဖြစ်​သင့်​သူ​တို့​မူ​ကား ပြင်​ပ​အ​မှောင်​ထဲ​သို့​ထုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​ရပ်​တွင်​သူ​တို့​သည်​ငို​ကြွေး​မြည် တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
13 Yisa belle udia nasoja, “Can! Nafo na uyinna uba di so nani, iba sufi.” Kucin me tunna ku shine ndedei kube.
၁၃ထို​နောက်​ကိုယ်​တော်​က​စစ်​ဗိုလ်​အား ``အိမ်​သို့​ပြန် လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​သည့်​အ​ချိန်​၌ ပင်​လျှင်​စစ်​ဗိုလ်​၏​အ​စေ​ခံ​သည်​ရော​ဂါ​ပျောက် လေ​၏။
14 Kubi na Yisa wa piru kilarin Bitrus, ayene kumara Bitrus kuwane, annon nin nkonu.
၁၄သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ သော​အ​ခါ​ပေ​တ​ရု​၏​ယောက္ခ​မ​မိန်း​မ​သူ​သည် ဖျား​၍​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​နေ​သည်​ကို မြင်​တော်​မူ​၏။-
15 Yisa dudo ucarame, atinna ashino. Na afita asughe uhidima.
၁၅ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။
16 Na kuleleng nda, anite da nin nale na agbergenu na rizu nani kitin Yisa anutuzuno agbergenue nin ligbulang nliru, ashino nin na nan tikonu vat.
၁၆ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။-
17 Nanere iwa kullu ule imon na iwan mo bellu kiti nnan liru nin nnu Kutelle Ishaya, nworu, “Ame litime na yaun tikonu bite nin ticuta.”
၁၇ဤ​သို့​လျှင် ``ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ဖျား​အ​နာ များ​နှင့်​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို​ဆောင်​ယူ​သွား တော်​မူ​၏'' ဟူ​၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ခဲ့​သည့် စ​ကား​အ​တိုင်း​ဖြစ်​ပျက်​၍​လာ​သ​တည်း။
18 Nene na Yesu nyene ligozi nkilinghe, ana uduka isun koni kusari kurawan Galili.
၁၈သ​ခင်​ယေ​ရှု​သည်​မိ​မိ​ပတ်​လည်​ရှိ​လူ​ပ​ရိ​သတ် ကို​တွေ့​မြင်​တော်​မူ​လျှင် အိုင်​တစ်​ဖက်​သို့​ထွက်​ခွာ ရန်​တ​ပည့်​တော်​တို့​အား​အ​မိန့်​ပေး​တော်​မူ​၏။-
19 Nani umong unan ninyerte da kitime aworo, “Unan durrsuzu meng ba dofinfi vat kika na uba du.”
၁၉ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​လာ​၍​ကိုယ် တော်​အား ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​အ​ရှင် ကြွ​တော်​မူ​ရာ​သို့​လိုက်​ပါ​မည်'' ဟု​လျှောက် ထား​၏။
20 Yesu woroghe, “Ninyanyawa dinin ti mine, anyin yita nin tido mine, amma na gono nnit dinin kiti ka na aba nonku litime ku ba.”
၂၀သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။
21 Umong nanya nono katuwa me bellinghe, “Cikilari, yinna menku ntu ndo ndi kasu ucif nighe.”
၂၁အ​ခြား​တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်၊ အ​ကျွန်ုပ် အား​အ​ဖ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန်​ခွင့်​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​၏။
22 Bara nani Yisa woroghe, “Dofini anan nkul kasu atimine anar nkul.”
၂၂သို့​သော်​ကိုယ်​တော်​က ``သင်​သည်​ငါ​နောက်​ကို လိုက်​လော့။ သူ​သေ​တို့​အား​သူ​သေ​တို့​ပင်​သင်္ဂြိုဟ် ကြ​ပါ​လေ​စေ'' ဟု​မိန့်​တော်​မူ​၏။
23 Na Yesu npira uzirgi, nono katuwa me dofinghhe udu nanye.
၂၃ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​လိုက်​သွား ကြ​၏။-
24 Itunna, kikane kuwut nin funu nuzu kitene kurawan fibarakh nmyin tursu uzirge, ame Yisa yita nmoro.
၂၄အိုင်​ထဲ​တွင်​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည်​လှိုင်း​တံ​ပိုး​များ​ထဲ​တွင်​နစ်​လု​မ​တတ် ရှိ​တော့​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ကား​အိပ်​စက် လျက်​နေ​တော်​မူ​၏။-
25 Inun nono katuwa da kitime ida fiyaghe, iworo, “Su utucu bite Cikilari; arike ba kuzu!”
၂၅တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​နှိုး​၍ ``အ​ရှင်၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ဆုံး​ရ​ကြ​ပါ တော့​မည်'' ဟု​လျှောက်​ကြ​၏။
26 Yesu woro nani, “Inyari nta idin lanzu fiu, idinin nyinu sa uyenu cingligha?” Afita akpada ufune nin kurawe. Kite tinna ki so tik. Inug anite su umamaki iworo, “Imusi nyapin unitari, ulle ufunu nin kurawa din dortu uliru me?”
၂၆ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။
27 Anite su umamaki, inin woro, “Uyapin unitari ulele har tifinu nin kuli din latizighe?”
၂၇တ​ပည့်​တော်​တို့​သည်​အံ့​သြ​၍ ``ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​ဆို​ကြ​၏။
28 Na Yesu nda nkon kusari nmyin Garasinawa, anit anwaba alle na agbergenu din cinnu ninghinu zuroghe, asa i wa nuzu nanya nisek idin nin magunta, na umon unan cin wansa akata libau lole ba.
၂၈ကိုယ်​တော်​သည်​အိုင်​တစ်​ဖက်​ကမ်း​ရှိ​ဂါ​ဒ​ရ​နယ် သို့​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ​နတ်​မိစ္ဆာ​ပူး​ဝင် သူ​လူ​နှစ်​ယောက်​သည် သင်္ချိုင်း​ဂူ​များ​အ​ကြား​မှ ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ကြ​၏။ ထို​သူ​တို့​သည်​လွန်​စွာ​ဆိုး​သွမ်း​သ​ဖြင့် မည်​သူ မျှ​ထို​လမ်း​ကို​မ​သွား​ဝံ့​ကြ။-
29 Itunna isu kuculu iworo, “Iyaghari tidumun na tiba su ninfi, gono Kutelle? fe nda kikanere unan tanari tinoo kamin kube na ina jeowa?”
၂၉ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။
30 Nene Ligo naladii wandi kikane kileo, na iwa di pit kitimine ba.
၃၀ထို​သူ​တို့​နှင့်​အ​နည်း​ငယ်​မျှ​ဝေး​သော​နေ​ရာ​တွင် ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​အ​စာ​စား​လျက်​ရှိ​၏။-
31 Inug agbergenue foghe acara iworo, “Assa unutuno nari, ta nari tipiru ligo naledu ane.”
၃၁နတ်​မိစ္ဆာ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို​နှင်​ထုတ်​မည် ဆို​ပါ​က​အ​ကျွန်ုပ်​တို့​အား​ထို​ဝက်​များ​ကို​ပူး​ဝင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​ကြ​၏။
32 Yesu belle nani “Can!” Inug agbergenue nuzu idi piru nanya naladue, itunna vat ligowe putu likup udu nanya kurawa inane nanya nmyen.
၃၂ကိုယ်​တော်​က​လည်း ``သွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​တို့​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဝက်​များ ကို​ပူး​ဝင်​ကြ​သ​ဖြင့်​ဝက်​အုပ်​တစ်​အုပ်​လုံး​ပင် ချောက် ကမ်း​ပါး​အ​တိုင်း​ပြေး​ဆင်း​ကာ​အိုင်​ထဲ​တွင်​နစ်​မြုပ် သေ​ဆုံး​ကြ​၏။
33 Inug anite alle na idin ndortu nalade ico udu nanya kipin, idi bellin vat nimone, umunu imon na ise alle na agbergenue din cinu ninghinu.
၃၃ဝက်​ထိန်း​များ​သည်​မြို့​သို့​ထွက်​ပြေး​ပြီး​နောက် နတ်​မိစ္ဆာ​ပူး​ဝင်​သူ​လူ​နှစ်​ယောက်​အ​ကြောင်း​နှင့် မိ​မိ တို့​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ ကို​ပြော​ကြား​ကြ​၏။-
34 Itunna vat kagbire nuzu udii zuru nan Yisa. Na iyene ghe, ifoghe acara asun kagbir mine.
၃၄သို့​ဖြစ်​၍​ထို​မြို့​တစ်​မြို့​လုံး​ပင်​လျှင်​သ​ခင်​ယေ​ရှု ထံ​သို့​လိုက်​လာ​ကြ​လေ​သည်။ ကိုယ်​တော်​ကို​တွေ့​သော အ​ခါ​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ​သွား​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။

< Matiyu 8 >