< Markos 15 >

1 Nin shantu kiti nin kui dinding, adidya kutin nlira, nan nalcu kuna, nan nanan niyert a-a vat an lisosin tere tinu, itere Yisa inya ninghe idi nakpa Bilatus ku.
နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ကျမ်း​တတ်​ဆ​ရာ​များ၊ ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း တို့​နှင့် အ​လျင်​အ​မြန်​တွေ့​ဆုံ​၍​တိုင်​ပင်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​ကို​ချည်​နှောင်​ကာ ပိ​လတ် မင်း​ထံ​သို့​ခေါ်​ဆောင်​၍​အပ်​လိုက်​ကြ​၏။-
2 Bilatus tinighe, “Fere ugo na Yahudawe?” a kawaghe, “U belle nane re.”
ပိ​လတ်​မင်း​က ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​မှန် သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည့်​အ​တိုင်း​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။
3 A didya kutin nlire dunjo tinu gbardang kitenne Yisa.
ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည်​ကိုယ်​တော်​အ​ပေါ် အ​ပြစ်​များ​စွာ​စွပ်​စွဲ​ကြ​၏။-
4 Bilatus kuru atiringhe, “Na ukawa ba? Lanza tipinpin tongo na idin bellu litife?
သို့​ဖြစ်​၍​တစ်​ဖန်​ပိ​လတ်​မင်း​က​ကိုယ်​တော် အား ``သင်​သည်​မည်​သို့​မျှ​မ​ဖြေ​ဘဲ​နေ​ပါ သ​လော။ သင့်​အ​ပေါ်​မည်​မျှ​အ​ပြစ်​တင်​သည် ကို​ကြည့်​ပါ'' ဟု​ဆို​၏။
5 Na Yisa nkuru akawa Bilatus ku Ulliru ba, imone na Bilatus ku umamaki.
သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။
6 Kubi idi Bilatus asa bunku nani kucin kurum, urika na inin tiringhe.
ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ​တိုင်း ပြည်​သူ​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး လေ့​ရှိ​၏။-
7 Nan nya nanan licinne among waduku anan firu nnun, nan nya nanan nfiru nune lisa nmong wa di Barabas.
ထို​အ​ချိန်​၌​ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု ဖြင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​ရှိ​၏။ ထို​သူ​တို့ အ​ထဲ​တွင်​ဗာ​ရဗ္ဗ​ဆို​သူ​တစ်​ဦး​လည်း​ပါ​၏။-
8 Ligozin nanite da kitin Bilatus i woroghe a sü nani imonghe na amene nsue.
လူ​ပ​ရိ​သတ်​တို့​သည်​ပွဲ​တော်​အ​ခါ​၌​အ​စဉ် အ​လာ​ရှိ​သည်​အ​တိုင်း​တောင်း​ခံ​ရန်​ပိ​လတ် မင်း​ထံ​လာ​ရောက်​ကြ​သော​အ​ခါ၊-
9 Bilatus kawa nanin a woro, “I dinin nsu nsun minu ugoh na Yahudawa?”
ပိ​လတ်​မင်း​က ``သင်​တို့​သည်​ယု​ဒ​ရှင်​ဘု​ရင် အား လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။-
10 Awa yinin bara ivirari nta adidya kutin nlira da nin Yisa kitime.
၁၀ထို​သို့​မေး​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော​ဟိတ် ကြီး​တို့​သည် သ​ခင်​ယေ​ရှု​အား​မ​နာ​လို​သ​ဖြင့် မိ​မိ​ထံ​သို့​ပို့​အပ်​ကြ​ကြောင်း​ကို​သိ​သော ကြောင့်​ဖြစ်​၏။
11 Adidya kutin nlira tula ligozin nanite Ighantin tiwui ibellinghe idinin su ibunku nanin Barabasari ku.
၁၁ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​လှုံ့​ဆော်​သ​ဖြင့် လူ​အ​ပေါင်း တို့​သည်​သ​ခင်​ယေ​ရှု​အ​စား​ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​ရန်​တောင်း​ဆို​ကြ​၏။-
12 Bilatus kawa nanin tutung aworo, “Nene yaghari nba ti nin goh na Yahudawe?”
၁၂ပိ​လတ်​မင်း​က ``ယု​ဒ​ရှင်​ဘု​ရင်​ဟု​သင်​တို့​ခေါ် သူ​ကို ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​ပြန်​၍ မေး​၏။
13 Ikuru ighantina tiwui, “Kotinghe kitene kucha!”
၁၃သူ​တို့​က ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ပါ'' ဟု​ပြန်​၍​ဟစ်​အော်​ကြ​၏။
14 Bilatus woro nani, “Iyapin imon inanzanghari atah?” Ikuru ighantina tiwuiye, “Kotinghe.”
၁၄ပိ​လတ်​မင်း​က ``အ​ဘယ်​ကြောင့်​နည်း။ သူ​သည် အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​ပါ'' ဟု​ပို​၍​ပင်​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။
15 Bilatus wa yita nin su a nonko anite nibineyi, a bunku nani Barabas ku. Na a kpizo Yisa ku anin nakpa nanin ame idi kotinghe.
၁၅ပိ​လတ်​မင်း​သည်​လူ​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို သ​ဖြင့် ဗာ​ရဗ္ဗ​ကို​လွှတ်​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ် ဒဏ်​ခတ်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ရန်​အပ်​လိုက်​၏။
16 Anan techu natino pira ninghe nanya kutii lipitin, inin yicilla lipitin nan techu natino.
၁၆စစ်​သား​များ​သည်​ကိုယ်​တော်​ကို​ဘု​ရင်​ခံ​မင်း ၏​အိမ်​တော်​ဝင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တပ်​ခွဲ​တစ်​ခု​လုံး​ကို​စု​ရုံး​စေ​၏။-
17 Ishono Yisa ku kultuk kudya, i peu imart itaghe liti.
၁၇ထို​နောက်​ကိုယ်​တော်​အား​နီ​မောင်း​သော​အ​ဝတ် ကို​ဝတ်​ဆင်​စေ​၍ ဆူး​ခက်​ဖြင့်​ရက်​သော​သ​ရ​ဖူ ကို​ဆောင်း​ပေး​ပြီး​နောက်၊-
18 Ichizina ulisuzughe, “i lisofi ugo na Yahudawa!”
၁၈``ယု​ဒ​ရှင်​ဘု​ရင်​သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ပြက်​ရယ်​ပြု​လျက်​အ​ရို​အ​သေ​ပေး​ကြ​၏။-
19 I kpeghe liti nin likpu, i titizinghe ataf. Izazinghe, itumuzunghe.
၁၉ဦး​ခေါင်း​တော်​ကို​ကူ​လုံး​နှင့်​ရိုက်​ကြ​၏။ ကိုယ် တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ရှေ့​တော်​၌ ဒူး​ထောက်​လျက်​ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-
20 Na iwa malu usughe liyong, ikalaghe kultuk kudyawẹ, ikpilla i shonghe kunme. I gya ninghe uchin din kotinghe.
၂၀ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။
21 Ita umong unan katu ayauna kucha nkotunẹ gbas, ulenge na awa nuzu kagin gbiri, lisame Simion kunan Kirawani (uchiffin Alexander nin Rufus).
၂၁ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-
22 Anan techu natino da nin Yisa nkankiti na idin sumun u Golgotha (kikanga na idin yicu skull).
၂၂ထို​နောက်​ကိုယ်​တော်​ကို​ဂေါ​လ​ဂေါ​သ​နာ​မည် တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ဂေါ​လ​ဂေါ​သ​၏​အ​နက်​ကား​ဦး​ခေါင်း​ခွံ အ​ရပ်​ဟူ​၏။-
23 Iketilne nmyen inabi nin myrrd inaghe anari usonẹ.
၂၃သူ​တို့​သည်​မု​ရန်​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို ကိုယ်​တော်​အား​တိုက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​သောက်​တော်​မ​မူ။-
24 Ikotinghe kucha inin koso imon me isu maferu feru natimine kitene nimon me iyinin kome kusareri kogha mase.
၂၄ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။-
25 Kubi nikoro itat nin kulelenghari iwa kotinghe.
၂၅ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။-
26 I yertine kulap I tafaghe kuchẹ un bellu kulapi me, “UGOH NA YAHUDAWA.”
၂၆ကိုယ်​တော်​၏​ပြစ်​မှု​ကို​ကမ္ပည်း​ရေး​ထိုး​၍​လက်​ဝါး ကပ်​တိုင်​အ​ထက်​တွင်​တင်​ထား​သည်​ကား ``ယု​ဒ ရှင်​ဘု​ရင်'' ဟူ​၍​ဖြစ်​သ​တည်း။-
27 Iwa kotinghe ligo nin nakiri a waba, uwarum nchara ulime, uwwarum nchara ugule.
၂၇ကိုယ်​တော်​နှင့်​အ​တူ​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လက် ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက် တွင်​တစ်​ယောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ကြ​၏။-
28 Ulire na iwa su nanya niyertẹ kullo ulenge na iwa bellinng (Imunughe ligowe na nan kulapi).
၂၈(ဤ​သို့​လျှင် ``ရာ​ဇ​ဝတ်​မှု​ကူး​လွန်​သူ​များ​စာ ရင်း​တွင်​ကိုယ်​တော်​ပါ​ဝင်​၏'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​၍​လာ​တော့​၏။)
29 Alle na iwa din katizu libauwe zoguzoghe, izullu atimine mine idin du “Aha” fe ulle na uba turnu Kutin nlira ukuru ukẹ kunin nanya nayiri attat,
၂၉လမ်း​သွား​လမ်း​လာ​သူ​တို့​သည်​ခေါင်း​ညိတ်​လျက် ``ဟဲ့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​မည့်​သူ၊-
30 bollo litife utolu kitene kuche!”
၃၀လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့။ သင့်​ကိုယ် ကို​သင်​ကယ်​တင်​လော့'' ဟု​ဆို​၍​ကိုယ်​တော်​ကို သ​ရော်​ကြ​၏။-
31 Nanere wang adidya kutin lira wa dighe liyong ligowe nan nanan niyerte iworo, “Ana tuchu among amini ndari utuchu litime.
၃၁ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​ပြောင်​လှောင်​ကြ​၏။ ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။-
32 Na Kristi, ugoh Isaraila tollu kitene kuchan kotine, tinan yene tiyinna.” Allenge na iwa kotin nani ligowe billighe uliru unanzang.
၃၂ဣသ​ရေ​လ​ရှင်​ဘု​ရင်၊ မေ​ရှိ​ယ​အ​ရှင်​သည် လက်​ဝါး​ကပ်​တိုင်​မှ​ယ​ခု​ဆင်း​ခဲ့​ပါ​စေ။ သို့ ဆင်း​သည်​ကို​မြင်​ရ​လျှင်​ငါ​တို့​ယုံ​ကြည် ပေ​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက် သ​ရော်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင် အ​တင်​ခံ​ရ​သော​သူ​များ​က​လည်း ကိုယ်​တော် ကို​ပြက်​ရယ်​ပြု​ကြ​၏။
33 Kubi kun tochin, kiti tinna kisirou vat udu ikoro in tir.
၃၃မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။-
34 Nin fikoro fin tire Yisa tina ghatina liwui, “Eloi, Eloi, Lama Sabatani?” Ulle na ukpliwe nworo, “Kutellẹ nin, Kutellẹ nin, inyagharin ta usuni?”
၃၄မွန်း​လွဲ​သုံး​နာ​ရီ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​စွာ​ကြွေး ကြော်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​သ​နည်း'' ဟူ​၏။
35 Among na iwa yisin kupowe lanza inin woro, “Lanzang adi yichu Iliya ku.”
၃၅အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို စ​ကား​ကို​ကြား​လျှင် ``ကြည့်​လော့။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​လျက်​နေ​၏'' ဟု​ဆို​ကြ​၏။-
36 Umong tah uchum adi shintin usoso nmyen mi gbalala, ata likpu, anakpaghe asono. Unite woro, “Nati yene sa Iliya ba da toltinghe.”
၃၆လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။
37 Yisa ghatina liwui ata kuchulu atinna aku.
၃၇သ​ခင်​ယေ​ရှု​သည်​ကျယ်​စွာ​ကြွေး​ကြော်​တော် မူ​ပြီး​နောက်​အ​သက်​ချုပ်​တော်​မူ​၏။-
38 Kuzeni kongo na kuwa kese kiti kilau kutï nlire tinna kujarta tiba unuzu kitene unuzu kitene uda dak kadas.
၃၈ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက် စွန်း​မှ​အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။-
39 Na unan chawe na awa yising in yenju Yisakun yene aku nani, aworo, “Kidegen unit ulele gono Kutellẹri.”
၃၉ကိုယ်​တော်​၏​ရှေ့​တွင်​ရပ်​နေ​သူ​တပ်​မှူး​သည် ကိုယ် တော်​အ​သက်​ချုပ်​တော်​မူ​ပုံ​ကို​မြင်​သ​ဖြင့် ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​၏'' ဟု​ဆို​၏။
40 Among awani wang wa yisin npït idin yenjẹ. Nanya mine Maremu Magadaline, Maremu (unan Yakubu ubene nin Yoses), a Solomi.
၄၀အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။-
41 Kube na awadi in Galili iwa dofinghe isuzughe katah. Among awani gbardang wa da ninghe Urushalima.
၄၁သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။
42 Na kuleleng nta, bara lire wadi lirin kye kitiari, wati liri kafin lin na Sabat,
၄၂ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။-
43 Yusufu kunan Armatiya da kite, awa di umong udyawa nanya nanan kutï nlira, ulle na awadin cha ntollu kilari tigoh Kutelle. A tah ayi akone ado adi tiring kidowo Yisa kitin Bilatus.
၄၃
44 Bilatus lanza umamaki nworu Yisa mal ku; ayichila unan chawe atiringhe sa Yisa mal ku.
၄၄ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။-
45 Na awa lanza kitin na chawa Yisa nmal bku, a na Yusufu ku kidowe.
၄၅သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။-
46 Yusufe wadi amal seru kumalti. A toltighe kitene kuchẹ a techeghe nya kumaltẹ, adi nonkoghe nanya na tala. Ma anin yillino kutala a tursu kibullung kiseke mun.
၄၆ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။-
47 Maremu Magdaline nin Maremu unan Yoses yene ki kanga na ikasa Yisa kuku.
၄၇အ​လောင်း​တော်​ကို​သင်္ဂြိုဟ်​သည့်​နေ​ရာ​ကို မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ​နှင့်​ယော​သေ​၏ အ​မိ​မာ​ရိ​တို့​တွေ့​မြင်​ရ​ကြ​၏။

< Markos 15 >