< Luka 2 >

1 Nene nanya nayiri a ne, kaisar Agustus yita tigo a nutuno uduka nworuu i nyertu tisa na nit vat na idi nanyan mmyin nRoma.
ထိုအခါ တနိုင်ငံလုံးကို စာရင်းယူစေခြင်းငှါ ကဲသာဘုရင်ဩဂုတ္တုသည် အမိန့်တော်ရှိ၏။
2 Ulelere kibatiza nfari na iwasu kubi na kiriniyas wandi ugumuna nSiriya.
ကုရေနိသည် ရှုရိပြည်၌မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပဌမစာရင်းယူခြင်း ဖြစ်သတည်း။
3 Ko gha nya udu kagbir mye idi nyertu ghe bara kibatiza.
လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှါ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ၏။
4 Yusufu fita anuzu kipin Nazarat nanya Ngalili, acina udu Uyahudiya, kipin Baitalami, kanga na iyuru kinin kipin Dauda, bara ame wandi kuwunu unuzu likuran Dauda.
ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်း ဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။
5 A doo kikane idi nyertin ghe nin Maryamu, ule na awa di kubura nilugma mye, iyita ncaa ngono.
6 Nene uduru kubi na iwadi kikane, kubi nmaru ngono da ghe.
ဗက်လင်မြို့၌ရှိနေစဉ်၊ ဘွားအံ့သော နေ့လစေ့လျှင်၊
7 Amara gono, kin pari mye, a tursu ghe nin kupori, a cio ghe kiti nlii nimonli nakam. Bara na kutyi wa duku ba, kilari namara.
သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာစရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစာခွက်၌သိပ်ထားလေ၏။
8 Kusari kone, anan liwalli ninab wa duku, alenge na iwa sosin nfong iwadi ncaa ligozi nakam nin kiitik.
ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊
9 Kpak unan kadura Ncikilari nuzu kiti mine, ngongong Kutelle din nbaltu kiyitik mine, fiu da noni.
ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော်ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။
10 Unan kadura Kutelle woro nani, “Na iwa lanza fiu ba bara nba bellin munu uliru ucine, ulenge na uba dak nin lanzu nmang kang kiti nanit vat.
၁၀ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်း သာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။
11 Kitimone imarra munu unan tucu, nanya kagbir Dauda! Amere Kristi Cikilari!
၁၁ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
12 Alamere ale na iba ni munu, iba se gone ikiroghe nin kuzeni anong kiti nlii nimonli nin kuzeni anong kiti nlii nimonli nakam.”
၁၂သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့် ပတ်ရစ်၍ နွားစာ ခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊
13 Kpak nin unan kadura Kutelle a soja kiteni kani gbardang wan duku nsu liru kutelle idin su,
၁၃ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊
14 “Ngongon udu kiti Kutelle kitene kani, lisosin lishau ba yitu inyi nanya nanit nin nalenge na ayi mye npoon ninghinu.”
၁၄ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။
15 Uso na unan kadura Kutelle nnnya kiti mine, anan liwali nine woro natimine, “Cannari nene udu Baitalami tiyene imon ile na idi ilenge na Cikilari nta tiyino inin.”
၁၅ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊
16 Ido kikane dedei ise Maryamu ku nin Yusufu, iyene gono nonn kiti nlii nimonli nakame.
၁၆အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသောသူငယ်ကို၎င်း တွေ့ကြ၏။
17 Na iyene nani, ita anit yinno imon ile na ibelle nani kitene ngono kane.
၁၇တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။
18 Vat nalenge na iwa lanza ikifo tinnu, bara ile imon na ubelle nani kiti na nan liwali ninah.
၁၈သိုးထိန်းတို့ပြောသောစကားကိုကြားသော သူရှိသမျှုတို့သည် အံ့ဩခြင်းရှိကြ၏။
19 Ame Maryamu tinna nkilizu kitene vat nile imon na lanza acio inin nanya kibinai mye.
၁၉မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
20 Anan liwali nineh kpilla, idin nzazinu nin liru Kutelle, bara imon ile vat na ilanza, iyene idi nafo na ina belin nani.
၂၀သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။
21 Na ayiri kuliri nkulo, kubi nkalu kucuru ngone ndah, inaghe lisa Yesu, Lisa na unan kadura Kutelle wa mallu unighe, kamin nuzu nanya libure.
၂၁ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက် လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။
22 Na ayiri linanu mye nmala, bara uduka Musa, Yusufu nin Maryamu damun kagone nanya kutyi nliran nurushelima, inakpa ghe kitin Cikilari.
၂၂ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့ သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊
23 Nafo na inyerte di nanya duka Cikilari, “Ko kame gono nfari kilime iba yicu ghe ulau Ncikilari.”
၂၃သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာ သည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊
24 Tutun iwa dak ida ni uhudaya bara uleli ubelle nanya nduka Ncikilari, “awullung abba sa atanta bara.”
၂၄ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိ ကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။
25 Au umong unit nanya Urushelima lisa mye Simeon, unit une ullau wari unan ni litii, awadi ncaa nle na aaba da bunu Isiraila ku, Uruhu ulau wa di litimye.
၂၅ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ် သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊
26 Awa se uleli uyinno kiti nruhu ulau, na uwa woroghe, na ame ba kuu ba, sei ayene Cikilari Kristi.
၂၆သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။
27 Nlon liri ada kutyi nlira, Uruhu ulau wari wa dofin ninghe. Kubi na Ucife nin nne wa dinin gone Yesu, ida sughe ile imon na uduka anbelle isu.
၂၇ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊
28 Ame Simeon ne sereghe nin nacara mye, asu liru Kutelle anin woro,
၂၈ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက်၍၊
29 “Nene na kucin fe nya sheu, Cikilari, bara uliru ligbulang fe.
၂၉ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ် တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။
30 Bara iyizi nighe nyene utucu fe,
၃၀ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။
31 Ulenge na uwa keele nanya nyenju nanit vat.
၃၁
32 Ame ba so nkanan bara upunu kidegen kiti nalumai, aba so ngongon nanit mye Isiraila.”
၃၂
33 Ucif nin nnah nngone kiffo tinu kitene nile imon na idin kitin gone.
၃၃ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။
34 Simeon ta nani nmari, abelle Maryamu ku unene, “Lanzai gegeme gono kane ba so libau ndiu nin nfitu nanit gbardang nan Isiraila nin nalama alenge na idin bellu kitene mye.
၃၄ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။
35 Tutun Kusangali ba wariu kidowo fe, bara ukpilizu nibinai gbardang bba nuzu fong.”
၃၅ထိုမှတပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။
36 Umong uwani unan nliru nin nnu Kutelle, lisa mye Anna ame wang wa duku, ame ushonon Fanuwel unuzu likuran Ashar, awa dinin mye nin nlesi akus kuzor cas,
၃၆အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊
37 a so nanya likulok uduru akus akut kulir nin na nas. Na a suna u picu kutiin nlira ba kitik nin liring, a suzu ukotu nayi nin lira.
၃၇အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။
38 Nkoni kube ada kiti mine a cizina ugodiya kiti Kutelle, asu uliru kitene ngone kiti nko gha, alenge na idin ncaa ntucu Urushelima.
၃၈သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
39 Kubi na imala vat nile imon na iwa dinin su nsuwe bara uduka Ncikilari, ikpilla udu Ugalili, udu kagbir mine Unanzaret.
၃၉မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက်အမည်ရှိသော မိမိတို့ မြို့သို့ပြန်ကြ၏။
40 Kinin gone kunno ata likara, njinjin kpina ku nsheu Kutelle so liti mye.
၄၀သူငယ်သည်လည်းကြီးပွား၍ပညာဥာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။
41 Ucife nin nnere asa ido Urushelima ko lome likus bara ubukin (keterewa).
၄၁မိဘတို့သည် နှစ်တိုင်းအစဉ်ပသခါ ပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့သွားကြ၏။
42 Kubi na awa duru akus likure inung tutun nya kubi nalada a kubi nbuki.
၄၂ယေရှုသည် တဆယ်နှစ်နှစ်ရှိသောအခါ ပသခါ ပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့တက်ကြ၍၊
43 Na iso, ayiri nbuke vat malla, izina ukpilizinu kilari, ame gone Yesu lawa kidung, nanyan Urushelima, na inung Ucife nin nnene wa yiru ba.
၄၃ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကို မသိ၍၊
44 Inung dinsu nworu adi nanya ligo nanit, na iwa di nanghinu, isu ucin liri lirum, inin cizina upiziru ghe nanya likura nan nadondon.
၄၄အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုး အသိ အကျွမ်းတို့တွင်ရှာ၍၊
45 Na iseghe ba, inung kpilla udu Urushelimma, itunna npiziru ghe kikane.
၄၅မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်၍ရှာကြ၏။
46 Iduru ayiri ataat iseghe nanya kutyi nliran, asosin kiyitik na nan nyiru, inlanzu nani nin ntinu nani.
၄၆သူငယ်မူကား၊ ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှတွေ့ကြ၏။
47 Vat nalenge na iwa lanza ghe iwa kiffo tinu, bbara uyiru nin nkawu mye.
၄၇သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကို၎င်း၊ စကားအဖြေကို၎င်း အံ့ဩကြ၏။
48 Kubi na iyene ghe ikiffo tinu unna mye woro, “Gono, iyaghari nta usu nari nani? Lanza Cife nin mye tidin piziru fi kkang.”
၄၈မိဘတို့သည် သားကိုမြင်လျှင်မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာကြပြီဟုဆိုသော်၊
49 A woro nani, “Iyaghari nta idin pizirie? na anug yiru ba uso yi gbasari nso kilari Kutelle?”
၄၉ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည်အဘ၏ အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊
50 Bara na inung nyinno ile imon na tigbulang mye din bellu ba.
၅၀သူတို့သည် ထိုစကားကိုနားမလည်ကြ။
51 A kpilla kilare nanghinu udu Unazareet adorto uliru mine, unna mye cio vat nimon ine nanya kibinai mye.
၅၁ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နား ထောင်လျက်နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။
52 Yesu leo ubun nkunju nin njinjin a njangaram, ase uyinnu Kutelle nan nanit.
၅၂ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာ ရတော်မူ၏။

< Luka 2 >