< Yuhana 15 >
1 “Menghari na kuca napau kidegene, Ucif ninghari unan bilisue.
၁သခင်ယေရှုက ``ငါသည်စပျစ်ပင်အစစ် ဖြစ်၍ငါ့အဖသည်ဥယျာဉ်မှူးဖြစ်တော် မူ၏။-
2 Adin kaluzu kidowo nighe ko uyeme ulang ule na udin macu ba, adin kaulu vat nlang ule na udin macu unan kpina umacu.
၂ကိုယ်တော်ရှင်သည်ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကိုခုတ်ပစ်တော်မူ ၏။ အသီးသီးသည့်အကိုင်းအခက်ရှိသမျှ ကိုလည်းပို၍သီးစေရန်သုတ်သင်ရှင်းလင်း တော်မူ၏။-
3 Anung di lau uworsu bara ulirue na nna belin minu.
၃ထိုနည်းတူစွာငါဟောပြောသောတရား အားဖြင့် ယခုသင်တို့ရှင်းလင်းလျက်ရှိကြ၏။-
4 Son nanya ning, meng so nanya mine. Nafo na ulang wasa usu kumat usamme ba se udofin kuce, nanere anung wang, se iso nanya ning.
၄ငါနှင့်တစ်လုံးတစ်ဝတည်းတည်နေကြလော့။ ငါသည်လည်းသင်တို့နှင့်တစ်လုံးတစ်ဝတည်း တည်နေမည်။ စပျစ်ကိုင်းသည်အပင်၌တည် မနေလျှင်အသီးမသီးနိုင်သကဲ့သို့ သင် တို့သည်ငါ၌တည်မနေလျှင်အသီး မသီးနိုင်ကြ။''
5 Menghari litinoe; anunghari tilanghe. Ule na adi nin mi ameng ninghe, ame uleli unite masu kumat gbardang, andi na nin mi ba iwasa isu imon ba.
၅``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။-
6 Andi na unit nso nin mi ba, ima fillinghe a koto nafo ulang; anit ma pitiru tilanghe iti nla, tima juju kidowo.
၆ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-
7 Asa iso nan mi, tutung asa uliru nighe nso nanya mine, tirinon imon ile na idi nin sue, ima su minu ining.
၇သင်တို့သည်ငါ၌တည်နေ၍ငါ၏တရား သည်လည်းသင်တို့၌တည်နေလျှင် သင်တို့ တောင်းလျှောက်သမျှသောအရာတို့ကိုရရှိ ကြလိမ့်မည်။-
8 Nin nanere idin ti Ucif gongong, inan macca nono gbardang ikuru iso nono katwa.
၈သင်တို့သည်များစွာသောအသီးသီးခြင်း အားဖြင့် ငါ့ခမည်းတော်၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေ၏။ ဤနည်းအားဖြင့် သင်တို့သည်ငါ၏တပည့်များဖြစ်လာကြ ၏။-
9 Nafo na Ucife dinin suninghe, Meng wang di nini sumine; Son nanya nsu ninghe.
၉ခမည်းတော်သည်ငါ့ကိုချစ်သကဲ့သို့ငါ သည်သင်တို့ကိုချစ်၏။ ငါ၏မေတ္တာ၌တည် နေကြလော့။-
10 Asa Idorto uduka nighe, ima so nanya nsuu nighe nafo na meng na dortu uduka Ncif nighe nmini naso nanya nsu me.
၁၀ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။''
11 Nbelin minu ile imone liburi libo ning nan yita nan ghinu, lin min liburi libowe nan se ukulu.
၁၁``သင်တို့သည်ငါ၏ဝမ်းမြောက်ခြင်းကိုခံစား ရလျက် အပြည့်အဝဝမ်းမြောက်နိုင်ကြစေ ရန်ဤစကားကိုငါပြော၏။-
12 Uduka nighari ulele, iti usuu nati nafo na meng nati usuu mine.
၁၂ငါ့ပညတ်ကားငါသည်သင်တို့ကိုချစ်သည့် နည်းတူ သင်တို့သည်အချင်းချင်းချစ်ကြ လော့။-
13 Na umong dinin suu ule na ukatin ulele ba, na ama ni ulai me bara adondong me.
၁၃မိမိ၏မိတ်ဆွေအတွက်အသက်ကိုစွန့်သော မေတ္တာထက်ကြီးမြတ်သည့်မေတ္တာမရှိတော့ ပြီ။-
14 Anung adondong nighari adi idi su imon ile na nbellin minu.
၁၄သင်တို့သည်ငါပညတ်သည့်အတိုင်းပြု ကျင့်လျှင် ငါ၏အဆွေဖြစ်ကြ၏။-
15 Na uma kuru nyiccila minu acin ba, bara na kucin asa yiro imon ile na Cikilari din su ba. Ncila minu adondong, vat nimon ile na nna lanza kitin Cifning, nna belin minu.
၁၅ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
16 Na anunghari na fere yiba, menghari nafere minu nmini na ni minu katwaa inan do idi macu nono, tutung nono mine so. Uso nane bara vat nimon ile na ima tirinu Ucif nanya lissaning, ama ni minu inin.
၁၆သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
17 Ilenge imone ndin bellu minu inan su usuu nati mine.
၁၇ထို့ကြောင့်အချင်းချင်းချစ်ကြလော့ဟု သင်တို့အားငါပညတ်၏။''
18 Asa uyii nnari anung, yinnon nworu una cizin unari menku.
၁၈``လောကသားတို့သည်သင်တို့ကိုမုန်းတီးကြ လျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သတိရကြလော့။-
19 In dafo anung anan yieari, uye wa yitu nin suu mine nafo anit me; bara anung anan yiere ba tutung Meng na fere minu unuzu nanya yie, bara ile imone uyie ma nari anung.
၁၉သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။-
20 Lizinon ulirue na nna belin minu, 'Na kucin katin Cikilari me ba.' Andi ina ti meng ku uniu, anung wang ima ti minu uniu, andi ina lanza uliru nighe, ima lanzu umine wang.
၂၀ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။-
21 Ima su minu ile imone vat bara lissanighari, bara na iyiru ulenge na ana tuyi ba.
၂၁သို့ရာတွင်ထိုသူတို့သည်ငါ့ကိုစေလွှတ်တော် မူသောအရှင်ကိုမသိကြသဖြင့် ငါ၏နာမ အတွက်ကြောင့်သင်တို့ကိုညှဉ်းပန်းကြလိမ့် မည်။-
22 Ndafo na nna dak nda su nani uliru ba, na iwa di nin nalapi; ama nene na idi nin surtu ba bara kulapi mine.
၂၂ငါသည်လာ၍သူတို့အားမဟောမပြောပါက သူတို့အပြစ်ကူးလွန်မိမည်မဟုတ်။ ယခုမှာမူ သူတို့သည်မိမိတို့အပြစ်ကူးလွန်မှုအတွက် အဘယ်သို့မျှအကြောင်းမပြနိုင်တော့ပြီ။-
23 Ulenge na a narii anari Ucif nighe wang.
၂၃ငါ့ကိုမုန်းသောသူသည်ငါ့ခမည်းတော်ကို လည်းမုန်း၏။-
24 Ndafo nna su nitwa nanya mine nanga na umong nsa su ba, na iwa di nin kulapi ba, ama nene ina yene, ikuru inarii umunu Ucifnighe ku.
၂၄အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။-
25 Ile imone din tizu nani bara uliru nan kulo na udi nanya niyerte nduka mine, 'Inari mengku sa finu.'
၂၅ဤသို့မုန်းကြရခြင်းမှာပညတ်ကျမ်း၌ `သူ တို့သည်ငါ့ကိုအကြောင်းမဲ့မုန်းကြ၏' ဟူ၍ ရေးသားဖော်ပြထားသည့်အတိုင်းဖြစ်ပျက် ခြင်းပင်တည်း။''
26 Asa unan bunue nda, ulenge na nma tu minu mum unuzu kiti Ncife, unnare, Uruhu kidegen, ulenge na una nuzu kitin Ncife, uma ti ushaida kitene nighe.
၂၆``ခမည်းတော်ထံမှကြွလာ၍ဘုရားသခင် အကြောင်းဆိုင်ရာသမ္မာတရားကို ဖော်ပြသည့် မစတော်မူသောအရှင်တည်းဟူသောဝိညာဉ် တော်သည်ရောက်လာတော်မူသောအခါ ငါ၏ အကြောင်းကိုပြောကြားတော်မူလိမ့်မည်။ ထို အရှင်ကိုခမည်းတော်ထံမှသင်တို့ထံသို့ ငါစေလွှတ်မည်။-
27 Anung wang dinti nshaida bara idi ligowe nan mi unuzun cizunue.
၂၇သင်တို့သည်လည်းအစကပင်ငါနှင့်အတူ ရှိနေသောကြောင့် ငါ၏အကြောင်းကိုပြော ကြားရကြလိမ့်မည်။''