< Ibraniyawa 9 >
1 Nene nin nalikawali nburne wadi nin kiti ntumuzunu Kutelle, kikane inye, a duka ntimuzune,
၁ပထမပဋိညာဉ်တရားအတွက်ဝတ်ပြု ခြင်းဆိုင်ရာထုံးနည်းများနှင့်လူတို့တည် ဆောက်သည့်ဝတ်ပြုရာဌာနတော်ရှိ၏။-
2 Bara nanya kilari nliran, ina kele kutyi ku, kongo na idin yicu kiti kilau, nanya kiti kane upitila liyisin duku, a kutebul, a uborodi yita ku.
၂လူတို့သည်သန့်ရှင်းရာဌာနတော်ဟုခေါ်သော အပြင်တဲတော်အဆောင်ကိုတည်ဆောက်ကြ၏။ ထိုတဲတွင်မီးတင်ခုံကိုလည်းကောင်း၊ ဘုရား သခင်အားဆက်ကပ်သောမုန့်နှင့်စားပွဲကို လည်းကောင်းတွေ့ရ၏။-
3 Nin mamal kuzeni kibulun kin be nkon kutyi duku idin yicu kiti kilau kang.
၃ဒုတိယကန့်လန့်ကာနောက်၌အလွန်သန့်ရှင်း ရာဌာနတော်ဟုခေါ်သောတဲတော်ရှိ၏။-
4 Kidinin nbagadi fizinariya bara upizuru nwesu kulapi tutun kite dinin nakpati nalikawali, kanga na ina yacu vat nin nazurfa, nanya lisu fizinariya min umanna, ucah Haruna na tillo, allo natala aba duku an nalikawali.
၄ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-
5 Kitine nakpati nalikawali, kuyeli ngongon ncherebin di kitene mmarapin nse nwesu kulapi, konga na tiwasa ti belle nene ba.
၅သေတ္တာတော်ပေါ်တွင်ခေရုဗိမ်ရုပ်များရှိ၏။ ခေရု ဗိမ်တို့သည်ဘုရားသခင်ကိန်းဝပ်တော်မူခြင်းကို သရုပ်ဆောင်ကြ၏။ သူတို့၏အတောင်များသည် အပြစ်ဖြေရာပလ္လင်ကိုဖြန့်လျက်နေ၏။ ထိုအရာ များကိုယခုအသေးစိတ်ဖော်ပြရန်မလိုပေ။
6 Asa ikele imone, ame upirist ko kome kubi asa a pira kutyi ndase anan su uhidimomi.
၆ဤဝတ်ပြုခြင်းထုံးနည်းကိုဖော်ပြအံ့။ ယဇ် ပုရောဟိတ်တို့သည် မိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရာတွင်အပြင်တဲတော်သို့ နေ့စဉ်ဝင်ရကြ၏။-
7 Ame upirist udia asa apira kutyi kunba ame usame urum ko lome likus, na sa ugutunu mmyii bara litime nan naniti mye bara utazinu kugbas.
၇သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-
8 Nfip milau din dursuzu nworu libau ndu kiti kilauwe Isa puno ba, andi kiti nliran ncizinue duku liyisin.
၈ဤထုံးနည်းအရအပြင်တဲတော်တည်ရှိနေ သမျှကာလပတ်လုံးအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရန် လမ်းသည်ပိတ်လျက်ပင်ရှိမည် ဖြစ်ကြောင်းသန့်ရှင်းသောဝိညာဉ်တော်ကရှင်း လင်းစွာသွန်သင်ပေသည်။-
9 ulere umusali nko kube, vat unizu nin ngutunu mmii na idin nnizu nene, na a wasa ata nibinai nanan durtu Kutelle lau ba.
၉ဤအရာအပေါင်းတို့သည်မျက်မှောက်ခေတ်ကို ညွှန်ပြနေသည့်အမှတ်လက္ခဏာဖြစ်၏။ ပြဌာန်း ထားသည့်ပူဇော်သကာနှင့်ယဇ်များသည် ဝတ်ပြု သောသူ၏စိတ်နှလုံးကိုဖြူစင်သန့်ရှင်းအောင် ပြုပြင်၍မပေးနိုင်။-
10 Inine uliari nin nsonu cas, umunu imusi tibuki nkusu tone vat udukari bara kidowo, na ina ni kamin upese iba da ciu unin kite.
၁၀ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
11 Kristi na dak nafo upirist udia, un nimon icine na ina dak, unzu ndia nin gbardang nlau kilari Kutelle, kanga na acara nnitari na ke ba, kanga na kidi kin nyulele ba.
၁၁သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။-
12 Na iwadi bara nmii niyin sa aluka, barci nmii mere Kristi wa piru kiti kilau kubi kurum bara kogha, ase nari usortu sa ligan. (aiōnios )
၁၂ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ တစ်ကြိမ်တည်းအပြီးအပိုင်ဝင်တော်မူ သောအခါ၊ ယဇ်ပူဇော်ရန်ဆိတ်သွေး၊ နွားသွေး နှင့်ဝင်တော်မမူ။ မိမိကိုယ်တော်တိုင်၏သွေး နှင့်ဝင်တော်မူ၍ ငါတို့အားထာဝရ ကယ်တင်ခြင်းကိုပေးတော်မူ၏။- (aiōnios )
13 Bara andi nmii niyin nan nadaki ciu uzaminu ntong kuluka kiti nale na idi lau ba, asa mikusu nani ita lau nidowo.
၁၃ဆိတ်သွေး၊ နွားသွေး၊ နွားမကလေး၏ပြာတို့ ကိုညစ်ညမ်းသူတို့၏အပေါ်ပက်ဖျန်းသဖြင့် အညစ်အကြေးများကိုဆေးကြောသုတ်သင် ကာလူတို့အားသန့်စင်နိုင်စွမ်းရှိပါလျှင်၊-
14 Ani iziyari bati nmii Kristi, ulenge kiti nfip min sali ligan, awa nii litime ame anansali kulap kiti Kutelle, a kusu nibinai bit nin nadadu tikul tinan tumuzuno Kutelle nlaiya? (aiōnios )
၁၄ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။ (aiōnios )
15 Bara nanere, Kristi di kiyitik nalikawali apese, uwa so nani, bara awa kuu anan bunku nari unuzu nalikawali nburne, unuzu nsu nduk kulapi bara aworu alenge na Kutelle na yicila nani iseru lukawali ngadu sa ligan. (aiōnios )
၁၅ထိုကြောင့်ဘုရားသခင်ရွေးကောက်တော်မူခြင်း ခံရသူတို့သည် ကိုယ်တော်ကတိထားတော်မူ သောထာဝရကောင်းချီးမင်္ဂလာများကိုခံ စားနိုင်ကြစေရန် ခရစ်တော်သည်ပဋိညာဉ် သစ်ကိုစီမံပေးတော်မူ၏။ ယင်းသို့ခံစား နိုင်ခွင့်ရခြင်းမှာပထမပဋိညာဉ်၏လက် အောက်တွင်ရှိစဉ်အခါက လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုဖြေလွှတ်ပေးရန်အသေ ခံသူပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ (aiōnios )
16 Bara asa umong nsuna uliru kiti na nan kidung mye, uso gbasari idursu ukul nnit une ulenge na an su uliruwe.
၁၆သေတမ်းစာအတည်ဖြစ်နိုင်ရန်သေတမ်းစာကို ရေးသားခဲ့သူမှာ အမှန်ပင်သေပြီဖြစ်ကြောင်း အထောက်အထားပြရပေသည်။-
17 Bara uciu nliru uso dole cas kiti nle na ukul duku, bara na uso dole kiti nle na adinin nlai ba.
၁၇သေတမ်းစာရေးသူအသက်ရှင်နေစဉ်သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူသေ လွန်ပြီးမှသာလျှင်အတည်ဖြစ်၏။-
18 Nanere na iwa tunno alkawali nburne sa nmii ba.
၁၈ထိုကြောင့်ပထမပဋိညာဉ်ပင်လျှင်သွေး ဖြင့်အတည်ဖြစ်၏။-
19 Bara na Musa wa nii ko uyeme uduka nanya lidu, kiti vat nanit, a wa yiru nmii naluka nan niyin nin nmyen, aca ashine a kufan izob a zamina vat kubanga nan nanite vat,
၁၉မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။-
20 anin woro “monere nmii nalikawali na Kutelle wa ni uduka kitimine”.
၂၀ထိုနောက်မောရှေက``ဤသွေးသည်သင်တို့လိုက် နာရန်ဘုရားသခင်ပေးအပ်တော်မူသော ပဋိညာဉ်ကိုအတည်ဖြစ်စေ၏'' ဟုဆို၏။-
21 Nanya nimon irume, awa zamin nmii nanya kuteen nliran nan vat nakpangiri na idin su katuwa npirist mung.
၂၁ထိုနည်းတူစွာမောရှေသည်ပဋိညာဉ်တဲတော် နှင့်တကွဝတ်ပြုကိုးကွယ်ရာတွင်အသုံးပြု သည့်တန်ဆာရှိသမျှကိုလည်းသွေးဖြင့်ပက် ဖျန်းလေသည်။-
22 “Nin nbellen lidu kusan vat nimon asa ikusu nin nmii, sa ugutunu nmii na ushawu kulapi di ba.
၂၂ပညတ်တရားအရအရာခပ်သိမ်းလိုလိုပင် သွေးအားဖြင့်သန့်စင်မှုကိုရရှိကြ၏။ သွေး သွန်းမှုရှိမှသာအပြစ်ပြေနိုင်၏။
23 Bara nani uwa so gbas nworu imon nanya kitene iba kusu, nin ngutunu nmiii ninawa ntene,
၂၃အဆိုပါနည်းအားဖြင့်ကောင်းကင်ဘုံတွင် ရှိသည့်အရာတို့၏ပုံတူများကိုသန့်စင် စေရ၏။ ကောင်းကင်ဘုံတွင်ရှိသည့်အရာ တို့ကိုသန့်စင်စေရန်မှာမူသာလွန်မွန်မြတ် သောယဇ်ကိုပူဇော်ရန်လို၏။-
24 Bara na Kristi wa piru nanya kiti kilau kanga na ina ke nin nacara nanit, kanga na kidi kuyeli nicine, nin nani apira kitene kane nin litime kikanga na ana duk ubun nmuro Kutelle bara arike.
၂၄စစ်မှန်သောသန့်ရှင်းရာဌာနတော်၏ပုံတူဖြစ် သောလူတို့လက်ဖြင့်တည်ဆောက်သည့်သန့်ရှင်း ရာဌာနတော်သို့ ခရစ်တော်သည်ဝင်တော်မူ သည်မဟုတ်ဘဲကောင်းကင်ဘုံသို့ဝင်တော်မူ၍ ငါတို့ကိုယ်စားဘုရားသခင်၏ရှေ့တော် မှောက်သို့ရောက်ရှိတော်မူ၏။-
25 Na awa do kikane bara ani litime ko kome kubi ba, nafo na upirist udia din suzu, ulenge na adin picu kiti kila, likus udu likus nin nmong nmii ugang.
၂၅ယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ၏ သွေးကို ယူ၍နှစ်စဉ်နှစ်တိုင်းအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေ့ရှိ၏။ ခရစ်တော်မူကားယင်းသို့ ကြိမ်ဖန်များစွာမိမိကိုယ်ကိုပူဇော်ရန်ဝင် တော်မမူ။-
26 Andi nani kidegenere, uba so gbasari kitime kubi kurumari, udu kibi nimalin nworu awa nuzu akalla kulapi nin ngutunu nmii litime. (aiōn )
၂၆အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။- (aiōn )
27 Ina ceo unit akuu urum, mamal nani udak nwucu kidegen.
၂၇လူသည်တစ်ကြိမ်တည်းသာသေရ၍ထို့နောက် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံရ၏။-
28 nanere tutun Kristi, ulenge na iwa nakpa ghe urum ada yaun kulapi nanit gbardang, aba kuru adak unba, na nin woro adas nnono nin kulapi ba, bara udu tucu nalenge na idin ncaa mye nin nayi asheu.
၂၈ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။