< 2 Utasalonika 3 >

1 Nene, linuana, sun nlira bara arik, bara ligbulan Cikilari nyaa mas nin zazinu, nofonalidi nin na nun,
ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပက်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊
2 tinan se tinuzu nachara na nan na buri asirne nin na nit ananzan, na vatari dinin kidegen ba.
အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည် အကြောင်း၊ ငါတို့အဘို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည် မဟုတ်။
3 Cikilari di nin kidegen, abatunu minu anin kuru ayenje minu unuzu na charan nnit unanzan.
သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းအမှု အရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
4 Arik yinna nin Cikilari ndellen mine, iba su ili ubun su ni le imon nati kpada minu.
ငါတို့ပညတ်သည် အတိုင်းသင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်းကျင့်ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။
5 Nlirari Cikilari durso nibinei mine uchindu usuu Kutelle nin teru kibinei Kristi.
ဘုရားသခင်ကို ချစ်စေခြင်းငှါ၎င်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။
6 Nene, tikpada minu, linuna nya lisan Cikilari bite Isa Kristi, ichin vat gonni ulenge na a sosin sa atanda ale na ina seru kitibite.
တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ၏။
7 Anun yiru iyizyari iba so nofo arik. Natiwa su nofo agballa nya mine ba.
အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။
8 Tutung na tiwa li imonli mmong sa nlira ba. Nworu nani, nya kataa nin nieu tiwa su kataa kitii nin liyirin, bara tiwa umon mine kutura.
အဘယ်သူ၏ အစာကိုမျှအလိုအလျောက် မစား။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညဉ့်မပြတ်လုပ်ဆောင်ကြ၏။
9 Na ti dira akara ri ba, bara ti so-oh imon yenu kitimine, anun nan so bara arik.
ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ် စေခြင်းငှါပြုကြ၏။
10 Kubi na tiwa di nan ghinu, tiwa kpada minu, “Asa umon nari usu kataa, naawa li ba.”
၁၀အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား၊ အစာကိုလည်းမစားစေနှင့်ဟု ပညတ်ထားကြပြီ။
11 Tina lanza amon nya mine di nin mon su ba. Na idin sukataa ba ama agballari nrusuzu nanit.
၁၁မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသော သူအချို့ တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။
12 Nene imus nalele tikpada nin nakara nya Cikilari Isa Kristi, nya kutik na isu kataa ili imonli mine.
၁၂ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။
13 Anun, linuana, yenjen iwa chin usu ni mon ichine nya nibinei mine.
၁၃ညီအစ်ကိုတို့အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့။
14 Asa umon nari ligbulan bit nyan niyert ilele, yenjen nani na imomon wa munu minu ba nan na nin ba, bara ina lanzan chin.
၁၄ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲ နေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဘော်မလုပ်ကြနှင့်။
15 Na iwa yene gne nofo unan liburi lisirne ba, wunun gne kutuf nofo gwana.
၁၅သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကို ကဲ့သို့မှတ်၍ သတိပေးကြလော့။
16 Na Cikilari mmang litime niminu mmang vat nabi nya tibau mine. Cikilari so nan na nun vat.
၁၆ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌ အစဉ်မပြတ်ခပ်သိမ်းသော အမူအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်းနျင့်အတူ ရှိတော်မူပါစေ သော။
17 Ilelere ilip nin, Bulus, nin na chara nin, udursuari vat nya niyert na nna yertin.
၁၇ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့်ရေးထား၏။ ဤသို့ရေးထား လေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒ၏ လက္ခဏာဖြစ်၏။
18 Na nshew Cikilari Isa Kristi sonan a nun vat.
၁၈ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။

< 2 Utasalonika 3 >