< 1 Timothawus 5 >

1 Na uwa boro ukune iyizi ba, fwanghe acara naco ucif, mino uzaman nafo nuana fin.
အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့၎င်း၊
2 Zazina awani akukune nafo annah, nuan nishono nafo nuan nishono, nin kibinayi kilau vat.
အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့၎င်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့် တကွ၊ နှမကဲ့သို့၎င်း မှတ်၍ကျင့်လော့။
3 Zazina awani ale na ales mine namo kuzu, ale na imal kunju.
မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။
4 Andi uwani ulle na ules me na kú, dumun nono nin nayalang, na icizin udursuzu nlanzu fiu Kutellẹ nan nya lilari mine. Na ibiya acif mine, bara na Kutellẹ din lanzu nmang nani.
သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ်၏။
5 Ame unan diru nles ulle na amẹ nkuno, na aceo kibinai me kiti Kutellẹ. Ashon liti nan nya nfo nacara kitik nin lirin.
မုတ်ဆိုးမအမှန်ဖြစ်၍ တယောက်တည်းကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ညဉ့်မပြတ် တည်နေတတ်၏။
6 Ame ulle na aceo kibanai me nlanzu nmang ame nkú, a ayita nin lai.
ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။
7 Ta isu illẹ imone, bara iwa se imon nvurzu.
ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ ဤသို့ ပညတ်ထားလော့။
8 Nanere ulle na amin kilari mẹ nin li uana ba, anari uyinnu sa uyenu, akanti kulumai nin nanzang.
မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။
9 Na iwa nyertin lissa nmon uwani unan dirun les, na akus me darni akut kutocin ba, uwani nles urum.
မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တယောက်တည်း ရှိဘူးသောသူ၊
10 Na iyininghe nin katuwa kacind, assa ana min nono gegeme, ayita washalang, asa ana kuzuzu abunu namara, asa ana buzuno nikimon, asa ana suzu imon vat nin likara.
၁၀ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။
11 Nanere alle na ales mine na kuzu ana isa kunjo ba, na iwa yertin tisa mine ba. Bara kubi ko na usu kidowon nkata likara minẹ, asa ipizira usu nilugma.
၁၁အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင်၊
12 Nan nya nlo libauwe, idinin shara natimine bara na inari uyinnu sa uyenu mine un burne.
၁၂အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။
13 Bara nani asa iso agballa. Nin dortu nilari nilari. Na asa iso agballa cas ba, asa iso anan kubellum. Ibelle ile imon na icaun ibellu ba.
၁၃ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။
14 Bara nani ndinin su awani abebene ale na ales mine na kuzu isu ilugma, imacu nono, imin nilari, na iwa ni shitan ku nfwang nnanzu katuwa bit ba.
၁၄ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဘွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ၏။
15 Nene wang, among mine nlasina idofino shitan ku.
၁၅အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။
16 Assa uwani ule na adinin yinnu sa uyenu, adinin nawani ale na alles mine na kuzu, na abun nani, bara katawe wa ti kutyin lire kadiawe, bara ina buno anan diru nales alle na ikunjo.
၁၆ယုံကြည်သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။
17 Na adidya ale na ina ghatin nani acara kutyin nlira, asa idin cinu nin nanit gegeme na ipatin uzazunu ulenge na iba ninani, umunu alenge na idin bellu idursuzo uliru Kutellẹ.
၁၇ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
18 Uliru Kutellẹ nworo, ''Na uwa nazu finafe nin nimoli kubi katwa ba,'' tutung ''Unan katuwa uwesu tinonto me.''
၁၈အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။
19 Kpada anan su nalapi nbun nanit, ngisine nan lanza fiu.
၁၉သက်သေခံနှစ်ဦးသုံးဦးမရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။
20 Asa na ulanza nnu nan waba sa awatat ba, na uwa yinnin nin vuru liti ndia kutyẹn lira ule na ina tarda ghe uchara ba.
၂၀ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့။
21 Ntafi ubun Kutellẹ, nin Yisa Kristi, a nono kadura Kutellẹ allege na ina fere nani, su ille imone, na uwa feru ba, yenje uwa su imomon nin su liti.
၂၁ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ၎င်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေး၏။
22 Na uwa tarda unit achara dsddei ba, bara uwa ti acara nan nya kulapin nmong, nafe litife so lau.
၂၂အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။
23 Na uwa so nmyen cas ba, kpina kamyen kagbagbai bara ukonu liburi nin nyeneyi kidowo fe.
၂၃သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။
24 Alapi na mong anit di kanang, idin cinu nbun udu kitin shara, among dorto kidung.
၂၄အချို့သော သူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။
25 Nanere tutun nituwa nicine di kanang, ni nin nanẹ wang na ni nyeshi ba.
၂၅ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက်၍မထားနိုင်။

< 1 Timothawus 5 >