< Zakaria 8 >
1 Fjala e Zotit të ushtrive m’u drejtua përsëri, duke thënë:
၁အနန္တတန်ခိုးရှင်ထာဝရဘုရား၏နှုတ် ကပတ်တော်သည် ဇာခရိထံသို့ရောက်လာ ၏။-
2 Kështu thotë Zoti i ushtrive: Unë jam shumë xheloz për Sionin, po, unë digjem nga xhelozia për të”.
၂အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဇိအုန် မြို့သူမြို့သားတို့အပေါ်၌ငါထားရှိသည့် နက်နဲသောမေတ္တာကြောင့်သူတို့၏ရန်သူများ အပေါ်အမျက်ထွက်စေသည့် ငါ၏မေတ္တာကို ထောက်၍ငါသည်ထိုမြို့အားကူမရန် တောင့်တလျက်နေ၏။-
3 Kështu thotë Zoti: “Unë do të kthehem në Sion dhe do të banoj në mes të Jeruzalemit. Jeruzalemin do ta quajnë Qytet të besnikërisë dhe malin e Zotit të ushtrive, mal të shenjtërisë”.
၃ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
4 Kështu thotë Zoti i ushtrive: “Nëpër sheshet e Jeruzalemit do të ulen akoma pleq e plaka, secili me shkopin e vet në dorë për shkak të moshës së shtyrë.
၄``တောင်ဝှေးကိုစွဲကိုင်၍သွားရကြသည်တိုင် အောင် အိုမင်းသူအမျိုးသားအမျိုးသမီး ကြီးတို့သည် ယေရုရှလင်လမ်းများတွင် ထိုင်လျက်နေကြလိမ့်မည်။-
5 Sheshet e qytetit do të jenë plot e përplot me djem dhe vajza që do të lozin në sheshet e tij”.
၅လမ်းများသည်လည်းကစားလျက်နေသူ ကလေးသူငယ်သူငယ်မများနှင့်တစ်ဖန် ပြည့်နှက်၍နေပေလိမ့်ဦးမည်။''
6 Kështu thotë Zoti i ushtrive: “Në se kjo duket shumë e vështirë në sytë e atyre që kanë mbetur nga ky popull ndër këto ditë, a do të jetë gjithashtu tepër e vështirë për sytë e mi?”, thotë Zoti i ushtrive.
၆``ဤအမှုအရာများသည်ယခုအခါကျန် ကြွင်းနေသူ ယုဒအမျိုးသားတို့အတွက်ဖြစ် နိုင်ဖွယ်မရှိဟုထင်မှတ်ရသော်လည်း ငါအနန္တ တန်ခိုးရှင်ထာဝရဘုရား၏အတွက်မူကား ဖြစ်နိုင်သည်သာတည်း။-
7 Kështu thotë Zoti i ushtrive: “Ja, unë do ta shpëtoj popullin tim nga vendi i lindjes dhe nga vendi i perëndimit.
၇ငါအနန္တတန်ခိုးရှင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားသူတို့ရောက်ရှိလေ ရာအရပ်မှကယ်ဆယ်၍၊-
8 Unë do t’i bëj të vijnë dhe ata do të banojnë në Jeruzalem; ata do të jenë populli im dhe unë do të jem Perëndia i tyre me besnikëri dhe drejtësi”.
၈ယေရုရှလင်မြို့တွင်နေထိုင်ရန်အရှေ့နှင့် အနောက်အရပ်များမှခေါ်ဆောင်လာမည်။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။ ငါသည်လည်းသူတို့၏ဘုရားဖြစ်၍သူ တို့အားတရားမျှတစွာသစ္စာနှင့်အုပ်စိုး မည်။
9 Kështu thotë Zoti i ushtrive: “Duart tuaja le të jenë të fuqishme, ju që dëgjoni në këto ditë këto fjalë nga goja e profetëve që ishin në kohën kur po hidheshin themelet e shtëpisë të Zotit, me qëllim që të mund të rindërtohej tempulli.
၉ရဲရင့်မှုရှိကြလော့။ ယခုသင်တို့ကြားသိ ကြရသည့်စကားများသည် ငါအနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ရန်အုတ်မြစ်ချချိန်၌ပရောဖက် တို့ဟောကြားခဲ့ကြသည့်စကားများပင် ဖြစ်၏။-
10 Përpara asaj kohe nuk kishte pagesë për njeriun dhe pagesë për kafshët; nuk kishte fare siguri për këdo që shkonte ose vinte për shkak të armikut; unë vet, pra, i vija gjithë njerëzit kundër njeri tjetrit.
၁၀ထိုအချိန်ကာလမတိုင်မီအခါကအဘယ် သူမျှလူများ၊ တိရစ္ဆာန်များကိုငှားရမ်းစေ ခိုင်းနိုင်စွမ်းမရှိ။ အဘယ်သူမျှလည်းမိမိ တို့ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံမှု မရှိ။ ငါသည်လူမျိုးတစ်ဦးနှင့်တစ်ဦးရန် ဘက်ဖြစ်စေခဲ့၏။-
11 Por tani nuk do të jem më me ata të mbeturit nga ky popull siç kam qenë në kohërat e shkuara”, thotë Zoti i ushtrive.
၁၁သို့သော်ယခုငါသည်ဤလူမျိုးအကြွင်း အကျန်များနှင့် တစ်မျိုးတစ်ဖုံပြောင်းလဲ ဆက်ဆံမည်။-''
12 “Sepse do të ketë një farë paqeje: hardhia do të japë frytin e vet, toka do të japë prodhimet e veta dhe qiejt do t’u japin vesën e tyre. Do t’i bëj ata të mbeturit nga ky popull të kenë zotërimin e të gjitha këtyre gjërave.
၁၂``သူတို့သည်မိမိတို့ကောက်ပဲသီးနှံများ ကိုငြိမ်းချမ်းစွာစိုက်ပျိုးရကြလိမ့်မည်။ သူ တို့၏စပျစ်ပင်များသည်အသီးများ သီးလိမ့်မည်။ မြေကြီးသည်ကောက်ပဲသီး နှံများကိုဆောင်လျက်မိုးသည်လည်းအမြောက် အမြားရွာသွန်းလိမ့်မည်။ ကြွင်းကျန်နေသူ ငါ၏လူမျိုးတော်အားဤကောင်းချီးမင်္ဂ လာအပေါင်းကိုငါပေးမည်။-
13 Dhe do të ndodhë që, ashtu si ishit një mallkim midis kombeve, o shtëpi e Judës dhe shtëpi e Izraelit, kështu, kur t’ju shpëtoj, do të jeni një bekim. Mos u trembni, duart tuaja le të jenë të fuqishme!”.
၁၃အို ယုဒနှင့်ဣသရေလပြည်သားတို့၊ အတိတ် အခါကလူမျိုးခြားတို့သည်မိမိတို့အချင်း ချင်းကျိန်ဆဲရာတွင်`သင်တို့သည်ယုဒနှင့် ဣသရေလအမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ရကြပါ စေသော' ဟုဆိုတတ်ကြ၏။ သို့ရာတွင်ငါ သည်သင်တို့အားကယ်တင်တော်မူမည်ဖြစ်၍ ထိုလူမျိုးခြားတို့သည်တစ်ဦးနှင့်တစ်ဦး၊ `သင်တို့သည်ယုဒနှင့်ဣသရေလအမျိုး သားတို့ခံစားရသည့်ကောင်းချီးမင်္ဂလာ များကိုခံစားရကြပါစေသော' ဟုဆို ကြလိမ့်မည်။ သို့ဖြစ်၍ရဲရင့်မှုရှိကြ လော့။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
14 Sepse kështu thotë Zoti i ushtrive: “Ashtu si vendosa t’ju bëj keq kur etërit tuaj më provokuan zemërimin”, thotë Zoti i ushtrive, “dhe nuk u pendova,
၁၄အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင် တို့၏ဘိုးဘေးများငါ့အားအမျက်ထွက် စေကြသောအခါ ငါသည်သူတို့ကိုဆိုး ကျိုးပေးရန်ကြံစည်ခဲ့၏။ ထိုနောက်စိတ် သဘောမပြောင်းမလဲဘဲယင်းသို့ကြံ စည်သည့်အတိုင်းငါပြုခဲ့၏။-
15 kështu, këto ditë kam vendosur rishtas t’i bëj mirë Jeruzalemit dhe shtëpisë së Judës. Mos u trembni!
၁၅သို့ရာတွင်ယခုငါသည်ယေရုရှလင်မြို့ သူမြို့သားများနှင့် ယုဒပြည်သားတို့ အားကောင်းချီးပေးရန်ကြံစည်လျက် ရှိ၏။ သို့ဖြစ်၍မကြောက်ကြနှင့်။-
16 Këto janë gjërat që duhet të bëni: i flisni me vërtetësi secili të afërmit të tij, në portat tuaja jepni gjykime me vërtetësi, drejtësi dhe paqe.
၁၆သင်တို့ပြုကျင့်သင့်သည့်အမှုများမှာ အချင်းချင်းဟုတ်မှန်ရာကိုပြောဆိုရန် ငြိမ်းချမ်းသာယာရေးအတွက်ဖြောင့်မှန် စွာတရားစီရင်ကြရန်ပင်ဖြစ်ပေသည်။-
17 Askush të mos kurdisë në zemër të vet ndonjë të keqe kundër të afërmit të vet dhe mos pëlqeni betimin e rremë, sepse të gjitha këto gjëra unë i urrej, thotë Zoti”.
၁၇သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။
18 Fjala e Zotit të ushtrive m’u drejtua përsëri, duke thënë:
၁၈အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇာခရိအားဤသို့ဗျာဒိတ်ပေးတော်မူ၏။-
19 “Kështu thotë Zoti i ushtrive: Agjërimi i muajit të katërt, agjërimi i të pestit, agjërimi i të shtatit dhe agjërimi i të dhjetit do të bëhen për shtëpinë e Judës një periudhë gëzimi, hareje dhe festash të gëzuara; prandaj duajeni të vërtetën dhe paqen”.
၁၉``စတုတ္ထ၊ ပဉ္စမ၊ သတ္တမနှင့်ဒသမလများ တွင်ကျင်းပသည့်အစာရှောင်သည့်ပွဲတော် များသည် ယုဒပြည်သားအတွက်ရွှင်လန်း ဝမ်းမြောက်ဖွယ်ဖြစ်လာလိမ့်မည်။ သင်တို့ သည်အမှန်တရားနှင့်ငြိမ်းချမ်းသာယာ မှုကိုနှစ်သက်မြတ်နိုးရကြမည်'' ဟု မိန့်တော်မူ၏။
20 Kështu thotë Zoti i ushtrive: “Do të vijnë akoma popuj dhe banorë të shumë qyteteve;
၂၀အနန္တတန်ခိုးရှင်ထာဝရဘုရားက``တိုင်း နိုင်ငံကြီးများနှင့်မြို့များမှလူတို့သည် ယေရုရှလင်မြို့သို့လာရောက်ကြမည့် အချိန်ကျရောက်လာလိမ့်မည်။-
21 banorët e një qyteti do të shkojnë tek ata të tjetrit, duke thënë: “Le të shkojmë menjëherë t’i përgjërohemi fytyrës së Zotit dhe të kërkojmë Zotin e ushtrive. Edhe unë do të shkoj”.
၂၁မြို့တစ်မြို့မှလူတို့သည်အခြားမြို့မှလူ တို့အား`ငါတို့သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံသွားရောက်ဝတ်ပြုကိုးကွယ်ကာ ကိုယ်တော်၏ကောင်းချီးမင်္ဂလာကိုတောင်း ခံကြကုန်အံ့။ ငါတို့နှင့်အတူလိုက်ခဲ့ကြ လော့' ဟုဆိုလိမ့်မည်။-
22 Po, shumë popuj dhe kombe të fuqishëm do të vijnë të kërkojnë Zotin e ushtrive në Jeruzalem dhe t’i përgjërohen fytyrës së Zotit”.
၂၂တန်ခိုးကြီးမားသည့်တိုင်းကြီးပြည်ကြီး သားတို့သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအား ဝတ်ပြုကိုးကွယ်ရန်နှင့်ကိုယ် တော်၏ကောင်းချီးမင်္ဂလာကိုတောင်းခံရန် ယေရုရှလင်မြို့သို့လာရောက်ကြလိမ့်မည်။-
23 Kështu thotë Zoti i ushtrive: “Në ato ditë dhjetë burra nga të gjitha gjuhët e kombeve do të zënë një Jude nga cepi i rrobës dhe do të thonë: “Ne duam të vijmë me ju sepse kemi dëgjuar se Perëndia është me ju””.
၂၃ထိုနေ့ရက်ကာလ၌ယုဒအမျိုးသား တစ်ဦးအားလူမျိုးခြားတစ်ကျိပ်က``ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူကြောင်း ငါတို့ကြားသိရကြပေပြီ။ သို့ဖြစ်၍ ငါတို့သည်သင်တို့နှင့်ဆိုးတူကောင်းဖက် ဖြစ်လိုကြပါသည်' ဟုဆိုလိမ့်မည်'' ဟု မိန့်တော်မူ၏။