< Romakëve 4 >

1 Çfarë do të themi, pra, në lidhje me atë që ati ynë Abrahami, ka përfituar sipas mishit?
ထိုသို့ဖြစ်လျှင် ၊ ငါ တို့အဘ အာဗြဟံ သည် ဇာတိ ပကတိအားဖြင့် အဘယ် အကျိုး ကိုရသနည်း။
2 Sepse nëse Abrahami ishte shfajësuar nëpërmjet veprave, ai ka përse të lëvdohet; ndërsa përpara Perëndisë ai nuk ka asgjë për t’u lëvduar.
အာဗြဟံ သည် အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ရောက်သည်မှန်လျှင် ဝါကြွား စရာအကြောင်းရှိ ၏။ ဘုရားသခင့် ရှေ့ တော်၌ ထိုသို့မ ဟုတ်။
3 Në fakt, çfarë thotë Shkrimi? “Por Abrahami i besoi Perëndisë dhe kjo iu numërua për drejtësi”.
ကျမ်းစာ ၌ အဘယ်သို့ လာသနည်း။ အာဗြဟံ သည်ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။
4 Edhe atij që vepron, shpërblimi nuk i konsiderohet si hir por si borxh;
အကျင့် ရှိသောသူ မည်သည်ကား ၊ ကျေးဇူး အားဖြင့် အကျိုး ကို ခံရ သည်မ ဟုတ်။ ခံထိုက် သောအားဖြင့် ခံရ၏။
5 ndërsa atij që nuk vepron, por beson në atë që shfajëson të paudhin, besimi i tij i numërohet për drejtësi.
အကျင့် မ ရှိသောသူ မည်သည်ကား ၊ မတရား သောသူ၏အပြစ်ကိုဖြေ သောသူ ကို ယုံကြည် လျှင် ၊ သူ ၏ယုံကြည် ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် လျက်ရှိ၏။
6 Sikurse Davidi shpall lumturinë e njeriut të cilit Perëndia numëron drejtësi pa vepra, duke thënë:
ထိုအတူ၊ ဘုရားသခင် သည် အကျင့် ကို မ ထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ် ခြင်းကို ရသော သူ ၏မင်္ဂလာ ကိုဒါဝိဒ် သည် ရည်မှတ်၍ ဆို သည်ကား ၊
7 “Lum ata të cilëve u janë falur paudhësitë dhe të cilëve mëkatet u janë mbuluar.
အပြစ် မှလွှတ်ခြင်း၊ ဒုစရိုက် အပြစ် ကို ဖုံးအုပ် ခြင်းသို့ရောက်သော သူ တို့သည် မင်္ဂလာ ရှိကြ၏။
8 Lum njeriu të cilit Zoti nuk do t’ia numërojë mëkatin”.
ထာဝရ ဘုရားအပြစ် တင် တော်မူခြင်းနှင့် လွတ် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆိုသတည်း။
9 Por kjo lumturi a vlen vetëm për të rrethprerët, apo edhe për të parrethprerët? Sepse ne themi se besimi iu numërua Abrahamit si drejtësi.
အရေဖျားလှီး ခြင်းကိုခံသောသူ တို့သာလျှင်ထို မင်္ဂလာ ကိုရကြသလော။ သို့မဟုတ် အရေဖျားလှီး ခြင်းကိုမခံသောလူ တို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေး သနည်းဟူမူကား ၊ ယုံကြည် ခြင်းကို အာဗြဟံ ၌ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် သည်ဟု ဆိုကြ၏။
10 Në ç’mënyrë, pra, iu numërua? Kur ai ishte i rrethprerë apo i parrethprerë? Jo ndërsa ishte i rrethprerë, por kur ishte i parrethprerë.
၁၀ထိုသို့ဆိုသော် အဘယ်သို့ မှတ် သနည်း။ အရေဖျားလှီး ခြင်းကို ခံပြီးမှမှတ် သလော။ မ ခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မ ဟုတ်။ မ ခံမှီမှတ်သတည်း။
11 Pastaj mori shenjën e rrethprerjes, si vulë të drejtësisë për besimin që kishte patur kur ishte akoma i parrethprerë, me qëllim që të ishte ati i gjithë atyre që besojnë edhe se janë të parrethprerë, me qëllim që edhe atyre t’u numërohet drejtësia,
၁၁အရေဖျားလှီး ခြင်းကို မခံဘဲယုံကြည် သော သူ တို့သည် ဖြောင့်မတ် ခြင်းရှိသည်ဟု မှတ် စရာ အကြောင်းရှိစေခြင်းငှာ ၊
12 dhe të ishte atë i të rrethprerëve të vërtetë, pra i atyre që jo vetëm janë të rrethprerë, por që ndjekin edhe gjurmët e besimit të atit tonë Abrahamit, që ai pati ndërsa ishte i parrethprerë.
၁၂ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။
13 Në fakt premtimi për të qenë trashëgimtar i botës nuk iu bë Abrahamit dhe pasardhësve të tij nëpërmjet ligjit, por nëpërmjet drejtësisë së besimit.
၁၃ထိုမှတစ်ပါး၊ ဤ လောက ကို အမွေ ခံ စေမည်ဟု ဂတိ တော်ကို အာဗြဟံ မှစသောသူ ၏ အမျိုးအနွယ် တို့ သည် ပညတ် တရားအားဖြင့် ရကြသည်မ ဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်းအားဖြင့် ရကြ၏။
14 Sepse nëse janë trashëgimtarë ata që janë të ligjit, besimi bëhet i kotë dhe premtimi anulohet,
၁၄အကြောင်းမူကား ၊ ပညတ် တရားနှင့် ဆိုင်သော သူတို့သည် အမွေခံ ဖြစ်သည်မှန်လျှင် ၊ ယုံကြည် ခြင်းတရားကိုပယ် ပြီ။ ဂတိ တော်လည်း အချည်းနှီး ဖြစ်၏။
15 sepse ligji prodhon zemërimin; në fakt atje ku nuk ka ligj, nuk ka as shkelje.
၁၅ပညတ် တရားသည်ကား အမျက် ဒေါသနှင့် စပ်ဆိုင် ၏။ ပညတ် တရားမ ရှိ လျှင် ၊ လွန်ကျူး ခြင်းအပြစ်မ ရှိ။
16 Prandaj trashëgimia është nëpërmjet besimit; në këtë mënyrë ajo është nëpërmjet hirit, me qëllim që premtimi të jetë i siguruar për të gjithë pasardhësit, jo vetëm për atë që është nga ligji, por edhe për atë që vjen nga besimi i Abrahamit, i cili
၁၆ထိုကြောင့် ၊ ဂတိ တော်သည် ပညတ် တရားနှင့်ဆိုင် သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ယုံကြည် ခြင်းတရားနှင့်ဆိုင် သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်း တို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူး တော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ၊ ယုံကြည် ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင်၏။
17 (siç është shkruar: “Unë të kam caktuar atin e shumë kombeve”), është ati i të gjithë neve para Perëndisë që ai besoi, i cili i jep jetë të vdekurve dhe thërret gjërat që nuk janë sikur të ishin.
၁၇ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။
18 Ai, duke shpresuar kundër çdo shprese, besoi për t’u bërë ati i shumë kombeve sipas asaj që i ishte thënë: “Kështu do të jetë pasardhja jotë”.
၁၈သင် ၏အမျိုးအနွယ် သည် ထိုသို့ ဖြစ် လိမ့်မည်ဟူသော ဗျာဒိတ် တော်အတိုင်း ၊ မိမိ သည် လူမျိုး အများ တို့၏ အဘ ဖြစ် မည်ဟု မြော်လင့် စရာအကြောင်းမရှိဘဲလျက်ယုံကြည် ၍ မြော်လင့် လေ၏။
19 Dhe, duke mos qenë aspak i dobët në besim, nuk i kushtoi kujdes trupit të tij, i bërë tashmë si i vdekur (ishte pothuaj njëqind vjeç) as barkut të vdekur të Sarës.
၁၉ယုံကြည် အားကြီး သည်ဖြစ်၍မိမိအသက်သည် အနှစ်တရာ လောက် ရှိ သဖြင့်၊ မိမိ ကိုယ် သည်အသေ ကဲ့သို့ရှိ ကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ ၏ ဝမ်း သည် သေ ကြောင်းကို၎င်း မ အောက်မေ့ ၊
20 Madje as nuk dyshoi nga mosbesimi në lidhje me premtimin e Perëndisë, por u përforcua në besim duke i dhënë lavdi Perëndisë,
၂၀ယုံမှား သောစိတ်နှင့်ကင်း ၍ ဘုရားသခင် ၏ ဂတိ တော်ကို တွေးတော ခြင်းမရှိ၊ ယုံကြည် အားကြီး သဖြင့် ဘုရားသခင် ကို ချီးမွမ်း ၍၊
21 plotësisht i bindur se atë që ai kishte premtuar ishte edhe i fuqishëm ta bënte.
၂၁ဂတိထားတော်မူသောသူသည် ဂတိ တော်အတိုင်း တတ်နိုင် တော်မူသည်ကို စိတ်စွဲလမ်း လေ၏။
22 Prandaj edhe kjo iu numërua atij për drejtësi.
၂၂ထိုကြောင့် ၊ သူ ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။
23 E po nuk u shkrua vetëm për të, që kjo i ishte numëruar,
၂၃ထိုသို့မှတ် တော်မူသည်ဟု အာဗြဟံ အကျိုး အလိုငှာ သာ ကျမ်းစာ၌ ရေး ထားသည်မ ဟုတ်။
24 por edhe për ne, të cilëve do të na numërohet, neve që besojmë në atë që ka ringjallur prej të vdekurve Jezusin, Zotin tonë,
၂၄ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။
25 i cili u dha për shkak të fyerjeve tona dhe u ringjall për justifikimin tonë.
၂၅ထို သခင်ယေရှုသည် ငါ တို့အပြစ် ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါ တို့သည်ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ထမြောက် တော်မူ၏။

< Romakëve 4 >