< Romakëve 3 >

1 Cila është, pra, përparësia e Judeut, ose cila është dobia e rrethprerjes?
သို့​ဖြစ်​လျှင်​ယု​ဒ​လူ​မျိုး​သည် လူ​မျိုး​ခြား တို့​ထက်​အ​ဘယ်​သို့​သာ​သ​နည်း။ သူ​တို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည့်​အ​တွက် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။-
2 E madhe në çdo mënyrë; para së gjithash sepse orakujt e Perëndisë iu besuan atyre.
အ​ကျိုး​ကား​အ​ဘက်​ဘက်​၌​များ​စွာ​ရှိ​၏။ ပ​ထ​မ​အ​နေ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့ သည်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ ယူ​ရ​ရှိ​ကြ​၏။-
3 Ç’të thuash atëherë? Në qoftë se disa nuk besuan, mosbesimi i tyre do ta anulojë, vallë, besnikërinë e Perëndisë?
အ​ကယ်​၍​ထို​သူ​အ​ချို့​တို့​သည်​သစ္စာ​မဲ့​ကြ ခြင်း​ကြောင့် ဘု​ရား​သ​ခင်​သည်​လည်း​သစ္စာ​မဲ့ တော်​မူ​မည်​ဟု​ဆို​ရ​မည်​လော။-
4 Kurrë mos qoftë; përkundrazi, qoftë Perëndia i vërtetë dhe çdo njeri gënjeshtar, siç është shkruar: “Që ti të shfajësohesh në fjalët e tua dhe të ngadhënjesh kur të gjykohesh”.
မည်​သည့်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဆို​နိုင်။ လူ​တိုင်း ပင်​လိမ်​လည်​ကြ​စေ​ကာ​မူ​ဘု​ရား​သ​ခင်​မူ ကား က​တိ​သစ္စာ​တည်​တော်​မူ​မည်​သာ​ဖြစ်​၏။ ကျမ်း​စာ​တော်​က၊ ``ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​သည် မှန်​ကန်​ရ​မည်။ တ​ရား​ဆိုင်​တော်​မူ​ရ​လျှင်​လည်း​ကိုယ်​တော် သာ​လျှင် အ​နိုင်​ရ​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​၏။
5 Po në qoftë se padrejtësia jonë e vë në pah drejtësinë e Perëndisë, ç’do të themi? Perëndia qënka i padrejtë kur shfren zemërimin e tij? (Unë flas si njeri).
သို့​ရာ​တွင်​လူ​အ​ချို့​က``ငါ​တို့​၏​ဆိုး​ယုတ်​မှု သည်​ဘုရား​သ​ခင်​၏​ကောင်း​မြတ်​မှန်​ကန်​မှု​ကို ပို​မို​ထင်​ရှား​စေ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​ကြ​လိမ့်​မည်။ ငါ​တို့​မည်​သို့​အ​ဖြေ​ပေး မည်​နည်း။ ``ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒဏ်​ခတ်​တော်​မူ​သည်​မှာ​မ​တ​ရား'' ဟု​ငါ တို့​ဖြေ​ဆို​ကြ​မည်​လော။ (ဤ​သို့​ငါ​ဆို​ရာ ၌​လူ​တို့​ပြော​ဆို​လေ့​ရှိ​သည့်​အ​တိုင်း​ပြော လိုက်​ခြင်း​ဖြစ်​သည်။-)
6 Kurrë mos qoftë! Sepse atëherë, si do ta gjykonte Zoti botën?
``ဘု​ရား​သ​ခင်​သည်​မ​တ​ရား'' ဟု​အ​ဘယ် နည်း​နှင့်​မျှ​မ​ဆို​နိုင်။ အ​ကယ်​၍​ကိုယ်​တော် သည်​မ​တ​ရား​ပါ​မူ အ​ဘယ်​သို့​လျှင်​ကမ္ဘာ လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​နိုင်​မည် နည်း။
7 Prandaj në qoftë se me anë të gënjeshtrës sime e vërteta e Perëndisë e lartëson lavdinë e tij, përse unë gjykohem akoma si mëkatar?
အ​ကယ်​၍​ငါ​၏​သစ္စာ​မဲ့​မှု​သည်​ဘု​ရား​သ​ခင် ၏​သစ္စာ​တော်​ကို​ပို​မို​ထင်​ရှား​စေ​သော​အား​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​အ​သ​ရေ​တော်​ကို​တောက်​ပ စေ​သည်​ဆို​ပါ​က အ​ဘယ်​ကြောင့်​ငါ​သည် အ​ပြစ်​ကူး​သူ​အ​ဖြစ်​ဖြင့်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​သ​နည်း။-
8 E përse të mos themi si disa që, duke shpifur, pohojnë se ne themi: “Të bëjmë të keqen që të vijë e mira”? Dënimi i këtyre është i drejtë.
``အ​ကောင်း​ကို​ဖြစ်​ပွား​စေ​ရန်​အ​ဆိုး​ကို​ငါ တို့​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ရ​မည်​လော။ ဤ​ကဲ့ သို့​ပင်​ငါ​ပြော​ဆို​သည်​ဟူ​၍​လူ​အ​ချို့​က ပြစ်​တင်​စွပ်​စွဲ​ကာ​ငါ့​အား​စော်​ကား​ကြ​လေ ပြီ။ ထို​သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​သည်​အ​တိုင်း​အ​မှန်​ပင်​ခံ​ရ​ကြ လိမ့်​မည်။
9 E çfarë pra? A kemi ne ndonjë epërsi? Aspak! E kemi treguar në fakt që më përpara se si Judenjtë ashtu edhe Grekët janë të gjithë nën mëkat,
သို့​ဖြစ်​ပါ​မူ​ငါ​တို့​ယု​ဒ​လူ​မျိုး​သည်​လူ မျိုး​ခြား​တို့​ထက်​အ​ဘယ်​သို့​လျှင် သာ​လွန် ကောင်း​မွန်​သည့်​အ​ခြေ​အ​နေ​တွင်​ရှိ​ကြ သ​နည်း။ မည်​သို့​မျှ​သာ​လွန်​ကောင်း​မွန်​သည့် အ​ခြေ​အ​နေ​တွင်​မ​ရှိ​ကြ။ ယု​ဒ​လူ​မျိုး ရော​လူ​မျိုး​ခြား​ပါ​အ​ပြစ်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​ကြောင်း​ငါ​အ​ထက်​က ဖော်​ပြ​ခဲ့​ပြီး​ဖြစ်​၏။-
10 siç është shkruar: “Nuk ka asnjeri të drejtë, as edhe një.
၁၀ကျမ်း​စာ​တော်​တွင်၊``ဖြောင့်​မတ်​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ။
11 Nuk ka asnjeri që të kuptojë, nuk ka asnjeri që të kërkojë Perëndinë.
၁၁ပ​ညာ​ရှိ​သူ​ဟူ​၍​မ​ရှိ။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ တစ်​ယောက်​မျှ​မ​ရှိ။
12 Të gjithë kanë dalë nga udha e tij, që të gjithë janë bërë të padobishëm, nuk ka asnjë që të bëjë të mirën, as edhe një.
၁၂လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကျော​ခိုင်း​သွား​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​လမ်း​လွဲ​ကြ​လေ​ပြီ။ အ​မှန်​တ​ရား​ကို​ပြု​ကျင့်​သူ​ဟူ​၍​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။
13 Gryka e tyre është një varr i hapur, me gjuhët e tyre kanë thurur mashtrime, ka helm gjarpërinjsh nën buzët e tyre;
၁၃သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။ မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။
14 goja e tyre është plot mallkim dhe hidhësi;
၁၄သူ​တို့​၏​ခံ​တွင်း​သည်​ခါး​သီး​စွာ​ကျိန်​စာ သင့်​သော စ​ကား​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။
15 këmbët e tyre janë të shpejta për të derdhur gjak;
၁၅သူ​တို့​သည်​လူ့​အ​သက်​ကို​သတ်​ရန်​လက်​မ​နှေး ကြ။
16 në udhët e tyre ka rrënim dhe gjëmë,
၁၆သူ​တို့​ရောက်​လေ​ရာ​တွင်​သူ​တို့​လက်​ချက်​ဖြင့် ပျက်​စီး​ဆုံး​ရှုံး​မှု​ရှိ​၏။
17 dhe nuk e kanë njohur udhën e paqes;
၁၇သူ​တို့​သည်​ငြိမ်း​ချမ်း​ရေး​လမ်း​စဉ်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လိုက်​ကြ။
18 nuk ka druajtja e Perëndisë para syve të tyre”.
၁၈သူ​တို့​တွင်​ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​သော စိတ်​မ​ရှိ​ကြ'' ဟူ​၍​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​သ​တည်း။
19 Por ne e dimë se gjithçka që thotë ligji, e thotë për ata që janë nën ligj, me qëllim që çdo gojë të heshtë dhe gjithë bota t’i jetë nënshtruar gjykimit të Perëndisë,
၁၉ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-
20 sepse asnjë mish nuk do të shfajësohet para tij për veprat e ligjit; me anë të ligjit në fakt arrihet njohja e mëkatit.
၂၀ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။
21 Por tani, pavarësisht nga ligji, është manifestuar drejtësia e Perëndisë, për të cilën dëshmojnë ligji dhe profetët,
၂၁သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။-
22 madje drejtësia e Perëndisë nëpërmjet besimit në Jezu Krishtin për të gjithë e mbi të gjithë ata që besojnë, sepse nuk ka dallim;
၂၂လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။-
23 sepse të gjithë mëkatuan dhe u privuan nga lavdia e Perëndisë,
၂၃လူ​မှန်​သ​မျှ​သည်​အ​ပြစ်​ကူး​သူ​များ​ဖြစ် ကြ​၍​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​မှ​ဝေး ကွာ​စွာ​နေ​ရ​ကြ​၏။-
24 por janë shfajësuar falas me anë të hirit të tij, nëpërmjet shpengimit që është në Krishtin Jezus.
၂၄လူ​တို့​အား​အ​ပြစ်​မှ​လွတ်​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သ​ခင်​သည်​အ​ခ​မဲ့​ကျေး​ဇူး​တော် အား​ဖြင့်​လူ​တို့​အား​မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​၏။-
25 Atë ka paracaktuar Perëndia për të bërë shlyerjen nëpërmjet besimit në gjakun e tij, për të treguar kështu drejtësinë e tij për faljen e mëkateve, që janë kryer më parë gjatë kohës së durimit të Perëndisë,
၂၅ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။
26 për të treguar drejtësinë e tij në kohën e tanishme, me qëllim që ai të jetë i drejtë dhe shfajësues i atij që ka besimin e Jezusit.
၂၆
27 Ku është, pra, mburrja? Éshtë përjashtuar. Nga cili ligj? Ai i veprave? Jo, por nga ligji i besimit.
၂၇သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။-
28 Ne, pra, konkludojmë se njeriu është i shfajësuar nëpërmjet besimit pa veprat e ligjit.
၂၈ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင်​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြောင်း၊ ပ​ညတ်​တ​ရား​ကို​ကျင့်​သုံး​ခြင်း​အား​ဖြင့် မ​ရ​ရှိ​နိုင်​ကြောင်း​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ ဖြစ်​သည်။-
29 A është vallë Perëndia vetëm Perëndia i Judenjve? A nuk është edhe i johebrenjve? Sigurisht, është edhe Perëndia i johebrenjve.
၂၉ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏ ဘု​ရား​သာ​ဖြစ်​သ​လော။ လူ​မျိုး​ခြား​တို့​၏ ဘု​ရား​လည်း​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။-
30 Sepse ka vetëm një Perëndi, që do të shfajësojë të rrethprerin nëpërmjet besimit, dhe të parrethprerin me anë të besimit.
၃၀ဘု​ရား​သ​ခင်​သည်​တစ်​ဆူ​တည်း​ဖြစ်​တော်​မူ ၏။ ကိုယ်​တော်​သည်​ယုံ​ကြည်​ခြင်း​ကြောင့်​ယု​ဒ အ​မျိုး​သား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၏။-
31 Anulojmë ne, pra, ligjin nëpërmjet besimit? Kështu mos qoftë; përkundrazi e forcojmë ligjin.
၃၁သို့​ဖြစ်​လျှင်​ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့် ပ​ညတ်​တ​ရား​ကို​ပယ်​ရာ​ရောက်​သ​လော။ အ​လျှင်း​မ​ပယ်။ ပ​ညတ်​တ​ရား​ကို​ထောက်​ခံ အ​တည်​ပြု​ခြင်း​သာ​ဖြစ်​၏။

< Romakëve 3 >