< Zbulesa 6 >
1 Pastaj pashë kur Qengji hapi të parën nga të shtatë vulat, dhe dëgjova një nga të katër qeniet e gjalla që thoshte si me zë bubullime: “Eja e shiko”.
၁ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။-
2 Dhe unë pashë, dhe ja, një kalë i bardhë. Dhe ai që e kalëronte kishte një hark; dhe atij iu dha një kurorë, dhe ai doli jashtë si fitimtar dhe për të fituar.
၂ငါကြည့်လိုက်သောအခါမြင်းဖြူတစ်ကောင် ကိုတွေ့ရ၏။ မြင်းစီးသူရဲသည်လေးကိုကိုင် ထား၏။ သရဖူကိုခံယူရရှိထား၏။ သူ သည်အောင်ပွဲခံပြီးသောသူအနေဖြင့်ဆက် လက်အောင်ပွဲခံရန်ထွက်ခွာသွား၏။
3 Kur ai hapi vulën e dytë, dëgjova qenien e dytë të gjallë që thoshte: “Eja dhe shiko”.
၃သိုးသူငယ်တော်သည်ဒုတိယတံဆိပ်ကိုဖွင့် လိုက်သောအခါ ဒုတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။-
4 Atëherë doli jashtë një kalë tjetër i kuq; dhe atij që e kalëronte iu dha të hiqte paqen nga dheu që njerëzit të vrasin njëri-tjetrin, dhe iu dha atij një shpatë e madhe.
၄ထိုနောက်မြင်းနီတစ်ကောင်ထွက်လာ၏။ လူတို့ သည်အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစေရန်မြင်းစီးသူရဲအား ဤ လောကတွင်စစ်မက်ဖြစ်ပွားစေနိုင်သည့်တန်ခိုး ကိုပေးအပ်ထား၏။ ဋ္ဌားကြီးတစ်လက်ကိုသူ့ အားပေးထား၏။
5 Dhe kur ai hapi vulën e tretë, dëgjova qenien e tretë e gjallë që thoshte: “Eja dhe shiko”. Dhe pashë dhe ja, një kalë i zi; dhe ai që e kalëronte kishte një peshore në dorën e tij.
၅သိုးသူငယ်တော်သည်တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။ ငါကြည့်လိုက်သော အခါမြင်းနက်တစ်ကောင်ကိုတွေ့ရ၏။ မြင်းစီး သူရဲသည်ချိန်ခွင်ကိုကိုင်ထား၏။-
6 Dhe dëgjova një zë në mes të katër qenieve të gjalla duke thënë: “Një kenik gruri për një denar, dhe dy kenikë elbi për një denar; dhe mos dëmto vajin, as verën”.
၆သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာ သည်ဟုထင်ရသောအသံတစ်ခုကိုငါကြား ရ၏။ ထိုအသံက``ဂျုံဆန်တစ်ခွက်ကိုတစ်နေ့ စာလုပ်အားခပေးရ၏။ သို့ရာတွင်သံလွင် ဥယျာဉ်နှင့်စပျစ်ဥယျာဉ်များကိုမဖျက် ဆီးကြနှင့်'' ဟုဆို၏။
7 Kur ai hapi vulën e katërt, dëgjova zërin e qenies së katërt të gjallë që thoshte: “Eja dhe shiko”.
၇သိုးသူငယ်တော်သည်စတုတ္ထချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ စတုတ္ထသတ္တဝါ၏အသံကို ငါကြားရ၏။ ထိုသတ္တဝါက``လာလော့'' ဟု ဆို၏။-
8 Dhe unë pashë, dhe ja një kalë i zbehtë; dhe ai që e kalëronte emrin e kishte Vdekja, dhe Hadesi vinte pas tij. Dhe iu dha atyre pushtet përmbi një të katërtën e dheut, të vrasin me shpatë dhe me zi buke e me vdekje, dhe nëpërmjet bishave të dheut. (Hadēs )
၈ငါကြည့်လိုက်သောအခါမြင်းမွဲတစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲ၏နာမည်မှာသေမင်း ဖြစ်၏။ သူ၏နောက်မှမရဏာနိုင်ငံလိုက်ပါ လာ၏။ သူတို့သည်ကမ္ဘာမြေကြီး၏လေးပုံတစ် ပုံတွင်ရှိသောလူတို့အားဋ္ဌားဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲ တိရစ္ဆာန်များ၏ဘေးတို့ဖြင့်သေစေနိုင်သည့် အခွင့်အာဏာကိုရရှိထားကြ၏။ (Hadēs )
9 Dhe kur hapi vulën e pestë, unë pashë nën altar shpirtrat e atyre që ishin therur për shkak të fjalës së Perëndisë dhe për shkak të dëshmisë që kishin;
၉သိုးသူငယ်တော်သည်ပဉ္စမချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောကြေညာသည့်အတွက်ကြောင့် လည်းကောင်း၊ သစ္စာနှင့်သက်သေခံသည့်အတွက် ကြောင့်လည်းကောင်းအသတ်ခံကြရသူတို့ ၏ဝိညာဉ်များကိုပလ္လင်တော်အောက်တွင်ငါ မြင်ရ၏။-
10 dhe ata thirrën me zë të madh duke thënë: “Deri kur, o Zot, që je i Shenjtë dhe i Vërtetë, nuk gjykon dhe nuk merr hak për gjakun tonë nga ata që banojnë mbi dhe?”.
၁၀ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-
11 Dhe secilit prej tyre ju dha një petk i bardhë dhe ju thanë që të preheshin edhe për pak kohë, deri sa të plotësohej numri edhe i bashkësherbëtoreve e tyre dhe i vëllezërve të tyre që duhet të vriteshin posi ata.
၁၁ထိုသူတို့သည်ဝတ်လုံဖြူတစ်ထည်စီကိုရပြီး လျှင် မိမိတို့နည်းတူအသတ်ခံရကြမည့် အစေခံချင်းနှင့်ညီအစ်ကိုချင်း အရေအတွက် ပြည့်သည့်တိုင်အောင်ခဏငြိမ်သက်စွာနေကြ ရန်အမိန့်ကိုရကြ၏။
12 Dhe pashë, kur ai hapi vulën e gjashtë; dhe ja, u bë një tërmet i madh, dhe dielli u bë i zi si një thes prej leshi, dhe hëna u bë si gjak;
၁၂ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။-
13 dhe yjet e qiellit ranë mbi dheun, ashtu si fiku hedh fiqtë e paarrirë kur e tund një erë e madhe.
၁၃ကောင်းကင်ရှိကြယ်များသည်လေပြင်းဒဏ် ကြောင့် အပင်မှကြွေကုန်သောင်္သဘောသဖန်း သီးစိမ်းများကဲ့သို့ကမ္ဘာမြေသို့ကျကုန်၏။
14 Pastaj qielli u hoq si një pergamenë që mbështillet, dhe çdo mal dhe ishull luajtën nga vendi i tyre.
၁၄မိုးကောင်းကင်သည်စာစောင်ကိုလိပ်သကဲ့သို့ ပျောက်ကွယ်သွား၏။ တောင်များနှင့်ကျွန်းရှိ သမျှသည်မိမိတို့နေရာမှရွေ့သွားကြကုန်၏။-
15 Dhe mbretërit e dheut, dhe të mëdhenjtë, dhe të pasurit, dhe komandantët, dhe të fuqishmit, dhe çdo skllav e çdo i lirë, u fshehën nëpër shpella dhe nëpër krepat e maleve,
၁၅ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။-
16 dhe u thoshnin maleve dhe shkëmbinjve: “Bini mbi ne dhe na fshihni nga fytyra e atij që rri mbi fron dhe nga zemërimi i Qengjit,
၁၆ထိုသူတို့ကတောင်များ၊ ကျောက်ဆောင်များ အား``ငါတို့အပေါ်သို့ပြိုကျလျက်ပလ္လင်တော် ပေါ်တွင်စံတော်မူသောအရှင်၏မျက်နှာတော် ကိုမမြင်ရစေရန်နှင့်သိုးသူငယ်တော်၏ အမျက်တော်မသင့်ကြစေရန်ငါတို့အား ဖုံးကွယ်၍ထားကြပါ။-
17 sepse erdhi dita e madhe e zemërimit së tij; dhe kush mund të qëndrojë?”.
၁၇ထိုအရှင်တို့၏အမျက်တော်သင့်မည့်နေ့ရက် ကာလကျရောက်လာလေပြီ။ ထိုအမျက်တော် ကိုအဘယ်သူသည်ရပ်ခံနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။