< Zbulesa 14 >
1 Pastaj pashë Qengjin që rrinte në këmbë në mal të Sionit, dhe bashkë me të ishin njëqind e dyzet e katër mijë njerëz, që e kishin të shkruar mbi ballin e tyre emrin e tij dhe emrin e Atit të tij.
၁ထိုနောက်ကြည့်လိုက်သောအခါဇိအုန်တောင် ပေါ်တွင် သိုးသူငယ်တော်ရပ်နေသည်ကိုငါ မြင်ရ၏။ သူ၏နာမနှင့်ခမည်းတော်၏နာမ တော်ကိုနဖူးတွင် ရေးမှတ်ထားသူလူပေါင်း တစ်သိန်းလေးသောင်းလေးထောင်တို့သည် သိုး သူငယ်တော်နှင့်အတူရှိကြ၏။-
2 Dhe dëgjova pastaj një zë nga qielli si ushtima e shumë ujërave dhe si gjëmimi i një bubullime të madhe; dhe zëri që dëgjova ishte si ai i kitaristëve që u bien qesteve së tyre.
၂ကောင်းကင်မှသမုဒ္ဒရာဟုန်းသံနှင့်မိုးချုန်း သံကြီးကဲ့သို့သောအသံကို ငါကြားရ၏။ ထိုအသံသည်စောင်းသမားများတီးသည့် စောင်းသံနှင့်တူ၏။-
3 Ata këndonin një këngë të ri përpara fronit, përpara katër qenjeve të gjalla dhe përpara pleqve; dhe asnjë nuk mund ta mësonte kantikun përveç të njëqind e dyzet e katër mijëve, që ishin shpenguar nga toka.
၃ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။-
4 Këta janë ata që nuk janë ndotur me femra; janë në fakt të virgjër. Këta janë ata që ndjekin Qengjit, kudo që të shkojë ai; këta u shpenguan ndër njerezit, që të jenë të parat fruta për Perëndinë dhe Qengjin.
၄ထိုသူတို့သည်ကာမဂုဏ်ခံစားမှုနှင့်ကင်း လွတ်သူလူပျိုစင်များဖြစ်၍ သိုးသူငယ် တော်သွားလေရာအရပ်သို့လိုက်ကြ၏။ သူ တို့သည်လူသားတို့အနက်ကရွေးနုတ် ကယ်တင်ခြင်းခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်အား အဦးဆုံးဆက်သ ခြင်းခံရသူများဖြစ်ကြသတည်း။-
5 Edhe në gojë të tyre nuk u gjet gënjeshtër, sepse janë të paqortueshëm përpara fronit të Perëndisë.
၅သူတို့သည်အဘယ်အခါမျှ လိမ်လည်၍ မပြောတတ်။ အပြစ်ကင်းစင်သူများဖြစ် ပေသည်။
6 Pastaj pashë një engjëll tjetër që fluturonte në mes të qiellit dhe që kishte ungjillin e përjetshëm, që t’ua predikojë banorëve të dheut dhe çdo kombi, dhe fisi, dhe gjuhe, dhe populli, (aiōnios )
၆ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။- (aiōnios )
7 dhe thoshte me zë të madh: “Druani Perëndinë dhe i jepni lavdi, sepse ora e gjyqit të tij erdhi; adhuroni atë që bëri qiellin, dheun, detin dhe burimet e ujërave”.
၇ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
8 Pastaj një tjetër ëngjëll shkoi pas tyre, duke thënë: “Ra, ra Babilona, qyteti i madh që u ka dhënë të pinë të gjithë kombeve verën e zemërimit të kurvërimit të saj”.
၈ထိုနောက်ဒုတိယကောင်းကင်တမန်ပေါ်လာ ပြီးလျှင်၊ ``ဗာဗုလုန်မြို့ကြီးပြိုပျက်လေပြီ၊ ပြိုပျက်လေပြီ။ ထိုမြို့သည်ကာမဂုဏ်လိုက် စားမှုတည်းဟူသောစပျစ်ရည်ကိုလူမျိုး တကာတို့အားတိုက်လေပြီ'' ဟုကြွေးကြော်၏။
9 Një engjëll i tretë shkoi pas tyre duke thënë me zë të madh: “Nëse ndokush adhuron bishën dhe figurën e saj dhe merr damkën mbi ballin e vet ose mbi dorën e vet,
၉ထိုနောက်တတိယကောင်းကင်တမန် ပေါ်လာ လျက် ``သားရဲနှင့်သူ၏ရုပ်တုကိုရှိခိုး၍ မိမိ ၏နဖူးသို့မဟုတ်လက်တွင် ထိုသားရဲ၏ အမှတ်တံဆိပ်ကိုရိုက်နှိပ်ထားသောသူသည်၊-
10 do të pijë edhe ai nga vera e zemërimit të Perëndisë, që është derdhur e papërzier në kupën e zemërimit të tij dhe do të mundohet me zjarr e squfur përpara engjëjve të shenjtë dhe përpara Qengjit.
၁၀ဘုရားသခင်၏အမျက်တော်ဖလားမှ ပြင်း ထန်သောအမျက်တော်တည်းဟူသောစပျစ် ရည်ကိုသောက်ရလိမ့်မည်။ မြင့်မြတ်သန့်ရှင်း သောကောင်းကင်တမန်များနှင့်သိုးသူငယ် တော်၏ရှေ့၌ ကန့်နှင့်မီးထဲတွင်နှိပ်စက်ညှဉ်း ဆဲခြင်းကိုခံရလိမ့်မည်။-
11 Dhe tymi i mundimit të tyre ngjitet në shekuj të shekujve, dhe nuk do të kenë prehje ditë e natë ata që adhurojnë bishën dhe figurën e saj dhe kushdo që merr damkën e emrit të saj”. (aiōn )
၁၁ထိုမီးလျှံမှမီးခိုးသည် ထာဝစဉ်အထက် သို့တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကို ရှိခိုး၍ သားရဲ၏နာမည်တံဆိပ်နှိပ်ခြင်းခံရ သူအပေါင်းတို့သည် နေ့ရောညဥ့်ပါသက်သာ ရာရလိမ့်မည်မဟုတ်'' ဟုအသံကျယ်စွာ ကြွေးကြော်လေ၏။ (aiōn )
12 Këtu është qëndrueshmëria e shenjtorëve; këtu janë ata që zbatojnë urdhërimet e Perëndisë dhe besimin e Jezusit.
၁၂ဘုရားသခင်၏ပညတ်တော်ကိုစောင့်ထိန်း၍ ခရစ်တော်ကိုသစ္စာရှိကြသောဘုရားသခင် ၏လူစုတော်သည် ဤအခြေအနေမျိုး၌ခံ နိုင်ရည်ရှိရန်လိုပေသည်။
13 Pastaj dëgjova nga qielli një zë që më thoshte: “Shkruaj: Lum të vdekurit që këtej e tutje vdesin në Zotin; po, thotë Fryma, që të prehen nga mundimet e tyre; dhe veprat e tyre t’i ndjekin”.
၁၃ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
14 Pastaj pashë një re të bardhë, dhe ja, mbi re po rrinte i ulur një i ngjashëm me një Bir njeriu, i cili kishte mbi krye një kurorë të artë dhe në dorë një drapër të mprehtë.
၁၄တစ်ဖန်ကြည့်လိုက်သောအခါမိုးတိမ်ဖြူတစ်ခု ကို ငါမြင်ရ၏။ ထိုမိုးတိမ်ပေါ်တွင်လူနှင့်တူသော သူတစ်ဦးထိုင်၍နေ၏။ သူ၏ဦးခေါင်း၌ရွှေ သရဖူကိုဆောင်းထား၏။ လက်ထဲတွင်ထက် သောတံစဉ်ကိုကိုင်ထား၏။-
15 Një engjëll tjetër doli nga tempulli, duke i thirrur me zë të madh atij që ulej mbi re: “Vër dorë mbi drapërin tënd dhe korr, sepse ora e të korrurit ka ardhur dhe të korrat e dheut janë pjekur”.
၁၅အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။-
16 Atëherë ai që ulej mbi re e lëshoi drapërin e tij mbi tokë dhe dheu u korr.
၁၆သို့ဖြစ်၍မိုးတိမ်ပေါ်တွင်ထိုင်နေသူသည် မိမိ ၏တံစဉ်ကိုကမ္ဘာမြေပေါ်သို့ဝှေ့ယမ်းကာကမ္ဘာ မြေကြီးကစပါးများကိုရိတ်တော်မူ၏။
17 Pastaj një engjëll tjetër doli nga tempulli që është në qiell, duke mbajtur dhe ai një drapër të mprehtë.
၁၇ထိုနောက်အခြားကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံရှိဗိမာန်တော်မှထွက်လာ၏။ ထို သူသည်လည်းထက်သောတံစဉ်ကိုကိုင်ထား၏။
18 Dhe një engjëll tjetër, që kishte pushtet mbi zjarrin, doli nga altari dhe i thirri me zë të madhe atij që kishte drapërin e mprehtë, duke thënë: “Vëre në punë drapërin tënd të mprehtë dhe vil bistakët e vreshtit të dheut, sepse rrushi i tyre është pjekur”.
၁၈ထိုနောက်မီးကိုအစိုးရသောကောင်းကင်တမန် သည် ယဇ်ပလ္လင်တော်မှထွက်လာ၏။ သူသည်တံစဉ် ကိုကိုင်ထားသည့်ကောင်းကင်တမန်အား``သင်၏ တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်ကစပျစ်သီးတို့ ကိုရိတ်သိမ်းလော့။ စပျစ်သီးများမှည့်လေပြီ'' ဟုအသံကျယ်စွာပြော၏။-
19 Atëherë engjëlli e lëshoi drapërin e tij mbi tokë dhe voli vreshtin e dheut dhe hodhi rrushin në vozën e madhe të zemërimit të Perëndisë.
၁၉သို့ဖြစ်၍ထိုကောင်းကင်တမန်သည် မိမိတံစဉ် ကိုယူ၍ကမ္ဘာမြေပေါ်ကစပျစ်သီးများကို ရိတ်သိမ်းလေ၏။ ထိုနောက်စပျစ်သီးများကို ဘုရားသခင်၏အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းထဲသို့သွန်ချလိုက် ၏။-
20 Dhe voza u shtrydh jashtë qytetit dhe nga voza doli gjak deri te frerët e kuajve, për njëmijë e gjashtëqind stade.
၂၀စပျစ်သီးများကိုမြို့ပြင်တွင်နယ်၍စပျစ် သီးနယ်ရာကျင်းမှသွေးချောင်းစီးထွက်၍ လာ၏။ ထိုသွေးချောင်းသည်အလျားမိုင်နှစ်ရာ၊ အနက်ငါးပေခန့်ရှိသတည်း။