< Psalmet 94 >

1 O Perëndi i hakmarrjes, o Zot, Perëndi i hakmarrjeve, shkëlqe.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ပြစ်​ပေး​ပိုင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။
2 Çohu, o gjykatës i tokës, dhe jepu shpërblimin mëndjemëdhenjve.
ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​အား တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော် မူ​ပါ​၏။ ထ​တော်​မူ​၍​မာ​န​ကြီး​သူ​တို့​အား​ထိုက်​လျောက်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​ပါ။
3 Deri kur të pabesët, o Zot, deri kur të pabesët do të triumfojnë?
သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။
4 Ata vjellin fjalë dhe mbajnë fjalime të paturpshme; të gjithë ata që kryejnë paudhësi flasin me arrogancë.
ပြစ်​မှု​ကူး​လွန်​သူ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မာန်​မာ​န​ထောင်​လွှား​၍ မိ​မိ​တို့​၏​ပြစ်​မှု​များ​အ​ကြောင်း​ကို​ကြွား​ဝါ​လျက် နေ​ကြ​ပါ​ဦး​မည်​နည်း။
5 Ata marrin nëpër këmbë popullin tënd, o Zot, dhe shtypin trashëgiminë tënde.
အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို နှိပ်​ကွပ်​ကြ​ပါ​၏။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​အား ဖိ​စီး​နှိပ်​စက်​ကြ​ပါ​၏။
6 Vrasin gruan e ve dhe të huajin, dhe vrasin jetimët,
သူ​တို့​သည်​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​တို့​အား သတ်​ဖြတ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သော ဧည့်​သည်​တို့​ကို​သတ်​ကြ​ပါ​၏။
7 dhe thonë: “Zoti nuk shikon, Perëndia i Jakobit nuk kupton”.
သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မြင်​တော်​မ​မူ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရှု​မြင်​တော်​မ​မူ'' ဟု​ဆို​ကြ​၏။
8 Kërkoni të kuptoni, o njerëz të pamend midis popullit; dhe ju budallenj, kur do të bëheni të zgjuar?
ငါ​၏​လူ​စု​တော်​တို့၊သင်​တို့​သည်​အ​ဘယ် သို့​လျှင် ဤ​မျှ​အ​သိ​ဉာဏ်​တုံး​လျက်​မိုက်​မဲ​၍ နေ​နိုင်​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​ခါ​ကျ​မှ​တတ်​သိ​လိမ္မာ​၍ လာ​ကြ​ပါ​မည်​နည်း။
9 Ai që ka vënë veshin, a nuk dëgjon? Ai që ka formuar syrin, a nuk shikon?
ငါ​တို့​၏​နား​များ​ကို​ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​သည် မြင်​တော်​မူ​နိုင်​သည်​မ​ဟုတ်​လော။
10 Ai që ndreq kombet, a nuk do t’i dënojë ata, ai që i mëson diturinë njeriut?
၁၀လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည် သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။ လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သော အ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။
11 Zoti i njeh mendimet e njeriut dhe e di që nuk janë veçse kotësi.
၁၁ထို​သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​၏။ သူ​တို့​စဉ်း​စား​ဆင်​ခြင်​မှု​များ​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော် မူ​၏။
12 Lum ai njeri që ti ndreq, o Zot, dhe që ti mëson sipas ligjit tënd,
၁၂အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​မှု​ကို​ခံ​ရ​သော သူ၊ တ​ရား​တော်​နှင့်​ဆိုင်​၍​ကိုယ်​တော်​၏​သွန်​သင် မှု​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။
13 për t’i dhënë prehje në ditët e fatkeqësisë, deri sa t’i hapet gropa të pabesit.
၁၃ထို​သူ​အား​သူ​ယုတ်​မာ​တို့​ကျ​စေ​ရန် တွင်း​တူး​၍ မ​ပြီး​စီး​မီ​ဆိုး​ရွား​သည့်​အ​ချိန်​ကာ​လ​မှ လွတ်​ငြိမ်း​ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မူ​ပါ​၏။
14 Sepse Zoti nuk ka për të hedhur poshtë popullin e tij dhe nuk ka për të braktisur trashëgiminë e tij.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
15 Gjykimi do të mbështetet përsëri mbi drejtësinë, dhe tërë ata që janë të drejtë nga zemra do t’i shkojnë pas.
၁၅တ​ရား​ရုံး​များ​၌​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု တစ်​ဖန်​ရှိ​လိမ့်​မည်။ သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​လည်း ယင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု​ကို ထောက်​ခံ​ကြ​လိမ့်​မည်။
16 Kush do të ngrihet në favorin tim kundër njerëzve të këqij? Kush do të më dalë krah kundër atyre që kryejnë paudhësi?
၁၆အ​ဘယ်​သူ​သည်​ငါ့​ဘက်​မှာ​ရှိ​၍​သူ​ယုတ်​မာ တို့​အား ဆန့်​ကျင်​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ငါ့​တစ်​ဘက်​ရှိ​မ​ကောင်း​မှု ပြု​သူ​တို့​အား​ဆန့်​ကျင်​ပါ​သ​နည်း။
17 Në qoftë se Zoti nuk do të më kishte ndihmuar, do të kisha përfunduar shpejt në vendin e heshtjes.
၁၇အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ငါ့​အား ကူ​မ​တော်​မ​မူ​ခဲ့​သော် ငါ​သည်​ဆိတ်​ညံ​ရာ​အ​ရပ်​သို့​အ​လျင်​အ​မြန် ရောက်​ရ​မည်​သာ​ဖြစ်​ပေ​သည်။
18 Kur thashë: “Këmba ime ngurron”, mirësia jote, o Zot, më ka përkrahur.
၁၈အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ခြေ​ချော်​၍​လဲ​ပြီ​ဟု ထင်​ရ​သော​အ​ခါ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကျွန်​တော်​မျိုး​အား​ချီ​ပင့်​ထား​တော်​မူ​ပါ​၏။
19 Kur një numër i madh shqetësimesh më mbysnin, përdëllimet e tua më jepnin zemër.
၁၉ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​လျက် သော​က​ရောက်​သော​အ​ခါ​ကိုယ်​တော်​ရှင် သည် ကျွန်​တော်​မျိုး​အား​စိတ်​သက်​သာ​ခွင့်​ကို​ပေး​၍ ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။
20 Do të jetë vallë aleati yt gjykata e padrejtë, që thur padrejtësi në emër të ligjit?
၂၀ကိုယ်​တော်​ရှင်​သည်​မ​တ​ရား​သော​အ​မှု​ကို တ​ရား​ဝင်​ဖြစ်​အောင်​ပြု​လုပ်​တတ်​သည့် အ​ဂ​တိ​လိုက်​စား​သူ​တ​ရား​သူ​ကြီး​များ​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်​ပါ။
21 Ata mblidhen tok kundër të drejtit dhe dënojnë gjakun e pafajshëm.
၂၁သူ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို​သေ​ကြောင်း ကြံ​စည်​ကြ​ပါ​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သေ​ဒဏ်​စီ​ရင်​ကြ​ပါ​၏။
22 Por Zoti është kështjella ime dhe Perëndia im është kalaja në të cilën gjej strehë.
၂၂သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။
23 Ai do të lëshojë mbi ta ligësinë e tyre dhe do t’i bëjë të vdesin për shkak të paudhësisë së tyre; Zoti, Perëndia ynë, do t’i shkatërrojë.
၂၃ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ယုတ်​မာ​မှု​များ အ​တွက် အ​ပြစ်​ဒဏ်​ပေး​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​ပြစ်​များ​အ​တွက်​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

< Psalmet 94 >