< Psalmet 82 >

1 Perëndia rri në kuvendin e Perëndisë, ai gjykon në mes të perëndive.
ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တွင်​ကျင်း​ပ သည့် ကောင်​စီ​အ​စည်း​အ​ဝေး​၌​နေ​ရာ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တို့​၏​အ​စည်း​ဝေး​၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သည်​မှာ
2 Deri kur do të gjykoni padrejtësisht dhe do të mbani anët e të pabesëve? (Sela)
``သင်​တို့​သည်​မ​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ် မှု​ကို မ​ပြု​ကြ​တော့​နှင့်။ သူ​ယုတ်​မာ​တို့​၏​မျက်​နှာ​ကို​ထောက်​၍ တ​ရား​စီ​ရင်​မှု​ကို​မ​ကျင့်​သုံး​ကြ​တော့​နှင့်။
3 Mbroni të dobëtin dhe jetimin, sigurojini drejtësi të vuajturit dhe të varfërit.
ဆင်း​ရဲ​သူ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏​ရ​ပိုင်​ခွင့် များ​ကို ကွယ်​ကာ​စောင့်​ရှောက်​ရ​ကြ​မည်။ ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့​သူ​တို့​အ​တွက် တ​ရား​မျှ​တ​စွာ​တ​ရား​စီ​ရင်​ရ​ကြ​မည်။
4 Çlironi të mjerin dhe nevojtarin; shpëtojeni nga dora e të pabesit.
သူ​တို့​အား​မ​တ​ရား​သော​သူ​တို့​၏​လက်​မှ ကယ်​ဆယ်​ရ​ကြ​မည်။
5 Ata nuk dinë asgjë dhe nuk kuptojnë asgjë, dhe ecin në terr; të gjitha themelet e tokës po luajnë.
``သင်​တို့​သည်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​လွန်​စွာ​ပင် မိုက်​မဲ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လုံး​ဝ​အ​ကျင့်​ပျက်​ကြ​ပြီ။ တ​ရား​မျှ​တ​မှု​သည်​ကမ္ဘာ​လော​က​မှ ကွယ်​ပျောက်​သွား​လေ​ပြီ။
6 Unë kam thënë: “Ju jeni perëndi, jeni të gjithë bijtë e Shumë të Lartit.
သင်​တို့​သည်​ဘု​ရား​များ​ဖြစ်​ကြောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​၏ သား​များ ဖြစ်​ကြောင်း​ကို​ငါ​ဖော်​ပြ​ခဲ့​၏။
7 Megjithatë ju do të vdisni si njerëzit e tjerë dhe do të bini si çdo i fuqishëm tjetër”.
သို့​ရာ​တွင်​သင်​တို့​သည်​လူ​သာ​မန်​များ​နည်း​တူ သေ​ရ​ကြ​မည်။ မင်း​သား​တို့​နည်း​တူ​အ​သက်​ကုန်​ဆုံး​ရ​ကြ​မည်။''
8 Çohu, o Perëndi, gjyko tokën, sepse ti do të trashëgosh tërë kombet.
အို ဘု​ရား​သ​ခင်၊ ကြွ​လာ​တော်​မူ​၍​ကမ္ဘာ​လော​က​ကို​အုပ်​စိုး​တော် မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​ကို​ကိုယ်​တော်​ရှင်​ပိုင်​တော် မူ​ပါ​၏။

< Psalmet 82 >