< Psalmet 66 >
1 Lëshoni klithma gëzimi Perëndisë, ju të gjithë banorë të tokës;
၁လူအပေါင်းတို့၊ထာဝရဘုရားအားဝမ်းမြောက်စွာ အော်ဟစ်၍ထောမနာပြုကြလော့။
2 i këndoni himne lavdisë së emrit të tij; bëjeni zulmëmadh lëvdimin e tij.
၂ဘုန်းအသရေရှိတော်မူသောနာမတော် အကြောင်းကို သီချင်းဆိုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်ကို ထောမနာပြုကြလော့။
3 I thoni Perëndisë: “Sa të tmerrshme janë veprat e tua! Për shkak të madhështisë së fuqisë sate armiqtë e tu do të të nënshtrohen ty.
၃``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
4 Tërë toka do të të adhurojë dhe do të këndojë për ty, do të këndojë lëvdimet e emrit tënd. (Sela)
၄ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် ကိုယ်တော်ရှင်ကိုရှိခိုးဝတ်ပြုကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြု ကြပါ၏။ ကိုယ်တော်ရှင်၏နာမတော်အား ထောမနာသီချင်းဆိုကြပါ၏'' ဟု ဘုရားသခင်အားလျှောက်ထားကြလော့။
5 Ejani dhe admironi atë që Perëndia ka bërë; ai është i tmerrshëm në veprat tij për bijtë e njerëzve.
၅ဘုရားသခင်ပြုတော်မူသောအမှုအရာများ၊ လူတို့တွင်ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာ အမှုများကိုလာ၍ကြည့်ကြလော့။
6 Ai e ndryshoi detin në tokë të thatë; populli i tij e kaloi lumin me këmbë të thata; le të gëzohemi, pra, bashkë me të.
၆ကိုယ်တော်သည်ပင်လယ်ကိုကုန်းမြေအဖြစ်သို့ ပြောင်းလဲစေတော်မူသဖြင့် ငါတို့ဘိုးဘေးများသည်မြစ်ကို ခြေလျင်ဖြတ်ကူးခဲ့ကြ၏။ ထိုအခါကိုယ်တော်ပြုတော်မူသော အမှုအရာအတွက်ငါတို့သည် ရွှင်လန်းဝမ်းမြောက်ခဲ့ကြ၏။
7 Me fuqinë e tij ai mbretëron në përjetësi; sytë e tij këqyrin kombet. Mos lejoni që rebelët të ngrenë krye. (Sela)
၇ကိုယ်တော်သည်ဘုန်းအာနုဘော်တော်အားဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၍ လူမျိုးတကာတို့၏ခြေလှမ်းကိုကြည့်လျက် နေတော်မူ၏။ အဘယ်သူမျှကိုယ်တော်အားမပုန်ကန်ပါစေနှင့်။
8 Ju o popuj, bekoni Perëndinë tonë; dhe shpallni me zë të lartë lëvdimin e tij.
၈လူမျိုးအပေါင်းတို့၊ငါတို့၏ဘုရားအား ထောမနာပြုကြလော့။ သင်တို့၏ထောမနာသံကိုကြားပါစေ။
9 Ai na mban gjallë dhe nuk lejon që këmbët tona të pengohen.
၉ကိုယ်တော်သည်ငါတို့အားမသေစေဘဲ အသက်ချမ်းသာပေးတော်မူခဲ့ပါ၏။ ငါတို့အားပြိုလဲစေတော်မမူခဲ့ပါ။
10 Sepse ti na ke vënë në provë, o Perëndi, na ke pastruar ashtu si pastrohet argjendi.
၁၀အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စစ်ဆေးတော်မူပါပြီ။ ငွေကိုမီးဖြင့်ချွတ်သကဲ့သို့ကျွန်တော်မျိုး တို့အား စစ်ဆေးတော်မူပါပြီ။
11 Na ke bërë të biem në rrjetë, ke vënë një barrë të rëndë mbi kurrizet tona.
၁၁ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ထောင်ချောက်တွင်ကျစေတော်မူ၍ လေးလံသောဝန်ကိုထမ်းစေတော်မူပါ၏။
12 Ke bërë që njerëzit të ecin me kalë mbi kokën tonë; kemi kaluar nëpër zjarr dhe nëpër ujë, por ti na ke nxjerrë jashtë në një vend të freskët.
၁၂ကိုယ်တော်ရှင်သည်ရန်သူတို့အားကျွန်တော်မျိုး တို့ကို ကျော်နင်းခွင့်ပေးတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်မီးဘေးရေဘေးတို့နှင့် ကြုံတွေ့ရပါ၏။ သို့ရာတွင်ယခုအခါ၌ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါပြီ။
13 Unë do të hyj në shtëpinë tënde me olokauste; do të plotësoj zotimet e mia,
၁၃ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အိမ်တော် သို့ မီးရှို့ရာပူဇော်သကာကိုယူဆောင်လာပါမည်။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးပြုခဲ့သည့် ကတိသစ္စာဝတ်ကိုဖြေပါမည်။
14 që buzët e mia kanë formuluar dhe që goja ime ka shqiptuar kur kaloja fatkeqësi.
၁၄ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါက၊ ကတိသစ္စာထားခဲ့သည့်အတိုင်းကိုယ်တော် ရှင်အား ဆက်သပါမည်။
15 Do të të ofroj olokauste kafshësh të majme, me erën e këndshme të deshve; do të flijoj qe dhe cjep. (Sela)
၁၅ကျွန်တော်မျိုးသည်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရန် သိုးကိုဆက်သပါမည်။ ကျွန်တော်မျိုးသည်နွားနှင့်ဆိတ်များကို ယဇ်ပူဇော်ပါမည်။ မီးရှို့ရာယဇ်များမှမီးခိုးသည်ကောင်းကင်သို့ တက်ပါလိမ့်မည်။
16 Ejani dhe dëgjoni, ju të gjithë që i trëmbeni Perëndisë, dhe unë do t’ju tregoj atë që ai bëri për shpirtin tim.
၁၆ဘုရားသခင်အားကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။ ကိုယ်တော်သည်ငါ့အတွက်အဘယ်သို့ ကျေးဇူးပြုတော်မူကြောင်းကိုငါပြောမည်။
17 I thirra atij me gojën time dhe e përlëvdova me gjuhën time.
၁၇ကူမတော်မူရန်ကိုယ်တော်၏ထံတော်သို့ ငါအော်ဟစ်ခဲ့ပြီ။ ကိုယ်တော်အားသီချင်းများဖြင့်ထောမနာပြုခဲ့ပြီ။
18 Po të kisha ruajtur të keqen në zemrën time, Zoti nuk do të më kishte dëgjuar.
၁၈အကယ်၍ငါသည်မိမိ၏အပြစ်များကို လျစ်လူရှု၍နေခဲ့ပါမူ၊ ထာဝရဘုရားသည်ငါ၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူမည်မဟုတ်ပါ။
19 Por Perëndia më dëgjoi dhe i kushtoi kujdes zërit të lutjes sime.
၁၉သို့ရာတွင်ဘုရားသခင်သည်ငါ၏လျှောက်ထားချက်ကို အမှန်ပင်ကြားတော်မူလေပြီ။ ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူလေပြီ။
20 Qoftë i bekuar Perëndia, që nuk e hodhi poshtë lutjen time dhe nuk më mohoi mirësinë e tij.
၂၀ဘုရားသခင်သည်ငါ၏ဆုတောင်းပတ္ထနာကို ပယ်တော်မမူသဖြင့်လည်းကောင်း၊ငါ့ထံမှခိုင်မြဲသော မေတ္တာတော်ကိုရုပ်သိမ်းတော်မမူသဖြင့်လည်းကောင်း ငါသည်ကိုယ်တော်အားချီးမွမ်းထောမနာပြုပါ၏။