< Psalmet 136 >

1 Kremtoni Zotin, sepse ai është i mirë dhe mirësia e tij vazhdon përjetë.
ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
2 Kremtoni Perëndinë e perëndive, sepse mirësia e tij vazhdon përjetë.
ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​ကြီး​မြတ်​တော်​မူ​သော အ​ရှင်​၏​ကျေး​ဇူး​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
3 Kremtoni Zotin e zotërive, sepse mirësia e tij vazhdon përjetë,
အ​ရှင်​သ​ခင်​ရှိ​သ​မျှ​တို့​ထက် တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
4 atë që vetëm bën mrekulli të mëdha, sepse mirësia e tij vazhdon përjetë,
ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​အ​လွန် ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
5 atë që ka bërë qiejtë me dituri, sepse mirësia e tij vazhdon përjetë,
ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
6 atë që ka shtrirë tokën mbi ujërat, sepse mirësia e tij vazhdon përjetë,
ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
7 atë që ka bërë ndriçuesit e mëdhenj, sepse mirësia e tij vazhdon përjetë,
ကိုယ်​တော်​သည်​နေ​နှင့်​လ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
8 diellin për të sunduar mbi ditën, sepse mirësia e tij vazhdon përjetë,
နေ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ​နေ့​ကို အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
9 hënën dhe yjet për të sunduar mbi natën, sepse mirësia e tij vazhdon përjetë.
လ​နှင့်​ကြယ်​များ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ ညဥ့်​ကို​အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
10 Ai që goditi Egjiptasit në parëbirnitë e tyre, sepse mirësia e tij vazhdon përjetë,
၁၀ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​များ​၏ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
11 dhe e nxori Izraelin nga mjedisi i tyre, sepse mirësia e tij vazhdon përjetë,
၁၁ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
12 me dorë të fuqishme dhe krah të shtrirë, sepse mirësia e tij vazhdon përjetë.
၁၂ယင်း​သို့​ထုတ်​ဆောင်​တော်​မူ​သည်​မှာ​ခွန်​အား ကြီး​မား​သည့်​လက်​တော်​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​ကြီး​မား​သည့်​လက်​ရုံး​တော် အား​ဖြင့်​လည်း​ကောင်း​ဖြစ်​ပေ​သည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
13 Atë që ndau Detin e Kuq në dy pjesë, sepse mirësia e tij vazhdon përjetë,
၁၃ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​နှစ်​ပိုင်း​ကွဲ​စေ တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
14 dhe e bërë Izraelin të kalojë në mes të tij, sepse mirësia e tij vazhdon përjetë,
၁၄ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​ထို​ပင်​လယ်​ကို ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
15 por fshiu Faraonin dhe ushtrinë e tij në Detin e Kuq, sepse mirësia e tij vazhdon përjetë.
၁၅ကိုယ်​တော်​သည်​ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို ရေ​နစ်​သေ​ဆုံး​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
16 Atë që e çoi popullin e tij nëpër shkretëtirë, sepse mirësia e tij vazhdon përjetë,
၁၆ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
17 atë që goditi mbretër të mëdhenj, sepse mirësia e tij vazhdon përjetë,
၁၇ကိုယ်​တော်​သည်​ဘုန်း​ကြီး​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
18 dhe vrau mbretër të fuqishëm, sepse mirësia e tij vazhdon përjetë;
၁၈ကိုယ်​တော်​သည်​ကျော်​စော​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
19 Sihonin, mbretin e Amorejve, sepse mirësia e tij vazhdon përjetë,
၁၉အာ​မော​ရိ​ပြည်​ဘု​ရင်​ရှိ​ဟုန်​မင်း​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
20 dhe Ogun, mbretin e Bashanit, sepse mirësia e tij vazhdon përjetë.
၂၀ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​မင်း​ကို​လည်း ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
21 Dhe u dha atyre si trashëgimi vendin e tyre, sepse mirësia e tij vazhdon përjetë,
၂၁ကိုယ်​တော်​သည်​သူ​တို့​၏​ပြည်​နယ်​များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
22 në trashëgimi Izraelit, shërbëtorit të tij, sepse mirësia e tij vazhdon përjetë.
၂၂ထို​ပြည်​နယ်​များ​ကို​ကိုယ်​တော်​သည်​မိ​မိ​၏ အ​စေ​ခံ​ဣ​သ​ရေ​လ​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
23 Ai u kujtua për ne në kushtet tona të këqija, sepse mirësia e tij vazhdon përjetë,
၂၃ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ​ကိုယ်​တော်​သည် ငါ​တို့​အား​မေ့​လျော့​တော်​မ​မူ။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
24 dhe na çliroi nga armiqtë tanë, sepse mirësia e tij vazhdon përjetë.
၂၄ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​တို့​၏​လက်​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
25 Ai i jep ushqim çdo krijese, sepse mirësia e tij vazhdon përjetë.
၂၅ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​သတ္တဝါ​တို့​အား အ​စား​အ​စာ​များ​ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
26 Kremtoni Perëndinë e qiellit, sepse mirësia e tij vazhdon përjetë.
၂၆ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

< Psalmet 136 >