< Nehemia 6 >

1 Kur Sanballati, Tobiahu dhe Geshem Arabi dhe armiqtë tanë të tjerë mësuan që unë kisha rindërtuar muret dhe që nuk kishte mbetur asnjë e çarë në to (megjithëse atëherë nuk i kisha vënë akoma kanatet e portave),
ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊
2 Sanballati dhe Geshemi më çuan për të thënë: “Eja dhe takohemi bashkë me një nga fshatrat e luginës së Onos”. Por ata mendonin të ma punonin.
သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကို မှာလိုက်ကြ၏။
3 Kështu unë u dërgova atyre lajmëtarë për t’u thënë: “Jam duke bërë një punë të madhe dhe nuk mund të zbres. Pse duhet ta ndërpresim punën, kur unë po e lë për të zbritur tek ju?”.
ငါကလည်း၊ ငါသည်ကြီးသောအမှုကို ဆောင် ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော ၏။
4 Plot katër herë ata më çuan njerëz për të thënë të njëjtën gjë, dhe unë u përgjigja në të njëjtën mënyrë.
ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
5 Atëherë Sanballati më dërgoi shërbëtorin e tij që të më thotë po atë gjë për të pestën herë me një letër të hapur në dorë,
နောက်ပဥ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ် သောစာပါ၏။
6 në të cilën ishte shkruar: “Éshtë përhapur fjala midis kombeve, dhe Gashmu e pohon këtë, që ti dhe Judejtë po kurdisni një rebelim; prandaj, sipas këtyre zërave, ti po rindërton muret, për t’u bërë mbreti i tyre,
စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင် သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ၊ မြို့ရိုးကို တည်၏။
7 dhe ke caktuar madje profetë për të bërë shpalljen tënde në Jeruzalem, duke thënë: “Ka një mbret në Judë!”. Tani, këto gjëra do t’i njoftohen mbretit. Prandaj eja dhe të këshillohemi bashkë”.
ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။
8 Por unë i çova për të thënë: “Punët nuk janë ashtu si thua ti, por ti i shpik në mendjen tënde”.
ငါကလည်း၊ သင်ပြောသောစကားတခွန်းမျှ မမှန်၊ ကိုယ်စိတ်ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။
9 Tërë këta njerëz në fakt donin të na trembnin dhe thonin: “Duart e tyre do ta lënë punën që do të mbetet e papërfunduar”. Prandaj tani, o Perëndi, forco duart e mia!
အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြ လိမ့်မည်ဟု ဆိုလျက်ငါတို့ကို ခြိမ်းချောက်ကြ၏။ သို့ရာ တွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။
10 Atëherë unë shkova në shtëpinë e Shemajahut, birit të Delajahut, që ishte bir i Mehetabeelit, që ishte mbyllur aty brenda; ai më tha: “Takohemi bashkë në shtëpinë e Perëndisë, brenda tempullit, dhe
၁၀ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာ ယ၏သားရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည်။ ယနေ့ညဉ့်၌ပင် လာကြလိမ့် မည်ဟု ဆို၏။
11 Por unë u përgjigja: “A mundet një njeri si unë të marrë arratinë? A mundet një njeri si unë të hyjë në tempull për të shpëtuar jetën? Jo, unë nuk do të hyj”.
၁၁ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရ မည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်း ငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။
12 Kuptova pastaj që Perëndia nuk e kishte dërguar, por kishte shqiptuar atë profeci kundër meje, sepse Tobiahu dhe Sanbalati e kishin paguar.
၁၂ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။
13 Ishte paguar pikërisht për këtë: për të më trembur dhe për të më shtyrë të veproj në atë mënyrë dhe të mëkatoj, dhe kështu të më dilte një nam i keq dhe të mbulohesha me turp.
၁၃သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေ လျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ၏။
14 O Perëndia im, kujtoje Tobiahun dhe Sanbalatin, për këto vepra të tyre, si edhe profeteshën Noadiah dhe profetët e tjerë që kanë kërkuar të më trembin!
၁၄အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။
15 Muret u përfunduan ditën e njëzetepestë të muajit Elul, brenda pesëdhjetë e dy ditëve.
၁၅အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။
16 Kur tërë armiqtë tanë e mësuan këtë gjë dhe tërë kombet që na rrethonin e panë, e ndjenë veten shumë të dëshpëruar, sepse e kuptuan që kjo vepër ishte kryer me ndihmën e Perëndisë tonë.
၁၆ထိုသိတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ၏။
17 Në ato ditë edhe paria e Judës i dërgonte shpesh letra Tobiahut dhe merrte letra prej Tobiahut.
၁၇ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာ သော မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။
18 Shumë në Judë ishin në fakt të lidhur me të me anë të betimit, sepse ai ishte dhëndër i Shekanijahut, birit të Arahut, dhe biri i tij Jehohanan ishte martuar me bijën e Meshulamit, birit të Berekiahut.
၁၈တောဘိသည် အာရာသားရှေကနိ၏ သမက် ဖြစ်သောကြောင့်၎င်း၊ သူ၏သား ယောဟနန်သည် ဗေရ ခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့်၎င်း၊ ယုဒလူ အများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။
19 Edhe në praninë time ata flisnin mirë për të dhe ia njoftonin fjalët e mia. Dhe Tobiahu dërgonte letra për të më trembur.
၁၉သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အား ပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်လေ၏။

< Nehemia 6 >