< Vajtimet 5 >
1 Kujto, o Zot, atë që na ka ndodhur, shiko dhe vër re turpin tonë.
၁အို ထာဝရဘုရားအဘယ်သို့သော အဖြစ်အပျက်များနှင့် ကျွန်တော်မျိုးတို့ကြုံတွေ့ရကြသည်ကို အောက်မေ့သတိရတော်မူပါ။ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ၏။ ကျွန်တော်မျိုးတို့အသရေပျက်မှုကို ရှုမြင်တော်မူပါ။
2 Trashëgimia jonë u ka kaluar të huajve, shtëpitë tona njerëzve që nuk janë tanët.
၂ကျွန်တော်မျိုးတို့၏ပစ္စည်းဥစ္စာများသည် သူစိမ်းတစ်ရံဆံတို့၏လက်သို့ရောက်ရှိနေပါပြီ။ လူမျိုးခြားများသည်ကျွန်တော်မျိုးတို့၏အိမ်များတွင် နေထိုင်လျက်ရှိကြပါ၏။
3 Ne u bëmë jetimë, pa etër, nënat tona janë si të veja.
၃ကျွန်တော်မျိုးတို့၏ဖခင်များသည်ရန်သူ၏ သတ်ဖြတ်မှုကိုခံရကြလျက် မိခင်များမှာမုဆိုးမများ ဖြစ်ရကြပါ၏။
4 Duhet të paguajmë për ujët që pimë, drutë tona i kemi vetëm me pagesë.
၄ကျွန်တော်မျိုးတို့သည်မိမိတို့၏သောက်ရေအတွက် အဖိုးငွေပေးရကြပါ၏။ ထင်းကိုလည်းဝယ်ယူရကြပါ၏။
5 Na ndjekin me një zgjedhë mbi qafë, jemi të rraskapitur dhe nuk kemi fare pushim.
၅ကျွန်တော်မျိုးတို့သည်မြည်းများ၊ ကုလားအုတ် များကဲ့သို့ နောက်မှအပြင်းမောင်းနှင်ခြင်းခံနေရကြပါ၏။ မောပန်းပါသော်လည်းနားနေခွင့်မရကြပါ။
6 I kemi shtrirë dorën Egjiptit dhe Asirisë për t’u ngopur me bukë.
၆ကျွန်တော်မျိုးတို့သည်မိမိတို့အသက်ရှင်ရေးအတွက် အစားအစာအလုံအလောက်ရရှိနိုင်ရန် အာရှုရိပြည်နှင့်အီဂျစ်ပြည်သို့သွား၍ တောင်းရမ်းရကြပါ၏။
7 Etërit tanë kanë mëkatuar dhe nuk janë më, dhe ne mbajmë ndëshkimin për paudhësitë e tyre.
၇ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အပြစ် ကူးပြီးနောက်သေလွန်သွားကြသဖြင့် ကျွန်တော်မျိုးတို့သည်သူတို့၏အပြစ်ဝန်ကို ထမ်းရကြပါ၏။
8 Skllevërit sundojnë mbi ne, askush nuk mund të na çlirojë nga duart e tyre.
၈ကျွန်များနှင့်မခြားနားသူတို့၏အုပ်စိုး ခြင်းကို ကျွန်တော်မျိုးတို့ခံကြရသော်လည်း အဘယ်သူမျှကျွန်တော်မျိုးတို့အားထိုသူတို့၏ လက်မှမကယ်နိုင်ပါ။
9 E nxjerrim bukën duke rrezikuar jetën tonë, përpara shpatës së shkretëtirës.
၉ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
10 Lëkura jonë është ngrohur si në një furrë për shkak të valës së urisë.
၁၀ဆာလောင်မွတ်သိပ်မှုကြောင့်အဖျားတက်သဖြင့် ကျွန်တော်မျိုးတို့၏အသားအရေသည် မုန့်ဖိုတမျှပူလောင်ပါ၏။
11 Kanë dhunuar gratë në Sion, virgjëreshat në qytetet e Judës.
၁၁ကျွန်တော်မျိုးတို့၏ဇနီးများသည် ဇိအုန်တောင်ပေါ်၌ပင်လျှင် မုဒိမ်းအကျင့်ခံရကြပါ၏။ ကျွန်တော်မျိုးတို့၏သမီးပျိုများသည် ယုဒကျေးရွာမှန်သမျှ၌ အနိုင်အထက်မတော်မတရားပြုကျင့်မှုကို ခံရကြပါ၏။
12 Krerët janë varur nga duart e tyre, personi i pleqëve nuk është respektuar.
၁၂ရန်သူများသည်ကျွန်တော်မျိုးတို့၏ ခေါင်းဆောင်များအား ဖမ်းဆီး၍စက်တိုင်တင်ကြပါ၏။ သူတို့သည်အသက်ကြီးသူများကိုလည်း ရိုသေလေးစားမှုမပြုကြပါ။
13 Të rinjtë i vunë të bluajnë, të vegjëlit u rrëzuan nën barrën e druve.
၁၃လူငယ်လူရွယ်များသည်ကျေးကျွန်သဖွယ် စပါးကြိတ်ရကြပါ၏။ လူငယ်တို့သည်လည်းလေးလံသော ထင်းစည်းများကိုယိမ်းယိုင်ကာသယ်ပို့ရ ကြပါ၏။
14 Pleqtë nuk mblidhen më te porta, të rinjtë nuk u bien më veglave të tyre.
၁၄အသက်ကြီးသူတို့သည်မြို့တံခါးအနီးတွင် မထိုင်ကြတော့ပါ။ လူငယ်လူရွယ်များသည်လည်းသီဆိုတီးမှုတ် မှုကို မပြုကြတော့ပါ။
15 Gëzimi i zemrave tona është pakësuar, vallja jonë është shndërruar në zi.
၁၅ဝမ်းမြောက်ရွှင်လန်းမှုသည်ကျွန်တော်မျိုးတို့ ၏ဘဝမှ ကွယ်ပျောက်သွားပါပြီ။ ကခုန်မှုများသည်ဝမ်းနည်းကြေကွဲမှုများသို့ ပြောင်းလဲသွားပါပြီ။
16 Kurora ka rënë nga koka jonë; mjerë ne, sepse kemi mëkatuar!
၁၆ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။
17 Prandaj u sëmur zemra jonë, për këto gjëra na janë errësuar sytë:
၁၇ကျွန်တော်မျိုးတို့သည်စိတ်ပျက်၍ မျက်ရည်များဝိုင်းလျက်နေသဖြင့် ကျွန်တော်မျိုးတို့၏မျက်စိများသည် ကြည့်၍မမြင်နိုင်တော့ပါ။
18 për malin e Sionit që është i shkretuar dhe në të cilin sillen dhelprat.
၁၈ဇိအုန်တောင်တော်သည်လူသူဆိတ်ညံသဖြင့် ခွေးအတို့ကျက်စားရာဖြစ်၍နေပါသည်။
19 Por ti, o Zot, mbetesh për jetë, dhe froni yt brez pas brezi.
၁၉သို့ရာတွင် အို ထာဝရဘုရားကိုယ်တော်ရှင်သည် ထာဝစဉ်ဘုရင်ဖြစ်တော်မူပါ၏။ ရာဇပလ္လင်တော်သည်နိစ္စထာဝရတည် ပါလိမ့်မည်။
20 Pse do të na harroje për jetë dhe do të na braktisje për një kohë të gjatë?
၂၀ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားအစဉ်အမြဲမေ့လျော့၍ နေတော်မူပါသနည်း။ အဘယ်ကြောင့်ဤမျှကြာစွာကျွန်တော်မျိုးတို့ကို စွန့်ပစ်၍ထားတော်မူပါသနည်း။
21 Na bëj që të rikthehemi te ti, o Zot, dhe ne do të kthehemi; rivendos ditët tona si në të kaluarën.
၂၁အို ထာဝရဘုရားအထံတော်သို့ ပြန်လာခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ရှေးကာလမှာကဲ့သို့ကျွန်တော်မျိုးတို့အား ဘုန်းကြီးစေတော်မူပါ။
22 Mos vallë na hodhe poshtë fare apo je zemëruar me të madhe kundër nesh?
၂၂သို့တည်းမဟုတ်ကိုယ်တော်သည်ကျွန်တော်မျိုး တို့အား ထာဝစဉ်စွန့်ပစ်ထားတော်မူပြီလော။ ကိုယ်တော်ရှင်၏အမျက်တော်ငြိမ်းမည့် ကာလမရှိတော့ပါတကား။ ပရောဖက်ယေရမိမြည်တမ်းသော စကားပြီး၏။