< Gjyqtarët 1 >
1 Mbas vdekjes së Jozueut, bijtë e Izraelit konsultuan Zotin, duke thënë: “Kush prej nesh ka për të vajtur i pari të luftojë kundër Kananejve?”.
၁ယောရှုကွယ်လွန်သွားသောအခါ ဣသရေလ အမျိုးသားတို့က``မည်သည့်အနွယ်ဝင်သည် ခါနာန်ပြည်သားတို့အား ဦးစွာပထမသွား ရောက်တိုက်ခိုက်ရပါမည်နည်း'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။
2 Zoti u përgjegj: “Do të shkojë Juda; ja, vendin ia kam dhënë në duart e tij”.
၂ထာဝရဘုရားက``ယုဒအနွယ်သည် ပထမသွားရောက်ရမည်။ ငါသည်ထိုပြည် ကိုသူတို့လက်သို့အပ်မည်'' ဟုမိန့်တော်မူ၏။
3 Atëherë Juda i tha Simeonit, vëllait të tij: “Eja me mua në vendin që më ra me short dhe do të luftojmë kundër Kananejve; pastaj edhe unë do të vij në vendin që të ra ty me short”. Dhe Simeoni u nis me të.
၃ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊-
4 Juda, shkoi, pra, dhe Zoti u la në dorë Kananejtë dhe Perezejtë; dhe në Bezek vranë dhjetë mijë burra.
၄ယုဒအနွယ်ဝင်တို့နှင့်အတူစစ်ပွဲဝင် ကြ၏။ ထာဝရဘုရားသည်လည်းသူတို့အား ခါနာန်ပြည်သားများနှင့်ဖေရဇိပြည်သား တို့အပေါ်၌အောင်ပွဲခံစေတော်မူသဖြင့် သူတို့သည်ဗေဇက်မြို့တွင်ရန်သူတပ်သား ပေါင်းတစ်သောင်းကိုတိုက်ခိုက်အောင်မြင် လိုက်ကြ၏။-
5 Dhe në Bezek gjetën Adoni-Bezekun dhe e sulmuan; mundën Kananejtë dhe Perezejtë.
၅ထိုမြို့တွင်သူတို့သည်အဒေါနိဗေဇက် မင်းကိုတွေ့၍သူ့အားတိုက်ခိုက်သဖြင့်၊-
6 Adoni-Bezeku ia mbathi, por ata e ndoqën e zunë dhe i prenë gishtërinjtë e mëdhenj të duarve dhe të këmbëve.
၆သူသည်ထွက်ပြေးလေသည်။ သူတို့သည်ထို မင်းအားလိုက်လံဖမ်းဆီးပြီးလျှင် သူ၏ လက်မခြေမများကိုဖြတ်တောက်ပစ် ကြ၏။-
7 Atëherë Adoni-Bezeku tha: “Shtatëdhjetë mbretër me gishtërinjtë e mëdhenj të duarve dhe të këmbëve të prerë mblidhnin ato që mbeteshin në tryezën time. Perëndia më ktheu atë që kam bërë”. E çuan pastaj në Jeruzalem ku vdiq.
၇အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
8 Bijtë e Judës sulmuan Jeruzalemin dhe e morën; i vranë me shpatë banorët e tij dhe i vunë flakën qytetit.
၈ယုဒအနွယ်ဝင်တို့သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်သိမ်းပိုက်ကြ၏။ မြို့သားတို့ကို သတ်၍မြို့ကိုမီးရှို့ကြလေသည်။-
9 Pastaj bijtë e Judës zbritën të luftojnë Kananejtë, që banonin në krahinën malore, në Negev dhe në ultësirë.
၉ထိုနောက်တောင်ကုန်းဒေသ၌လည်းကောင်း၊ တောင် ခြေရင်းဒေသနှင့်တောင်ဘက်သွေ့ခြောက်သည့် ဒေသ၌လည်းကောင်းနေထိုင်ကြသောခါနာန် ပြည်သားတို့အားသွားရောက်တိုက်ခိုက်ကြ၏။-
10 Juda marshoi pastaj kundër Kananjve që banonin në Hebron (emri i të cilit më parë ishte Kirjath-Arba) dhe mundi Seshain, Ahimanin dhe Talmain.
၁၀ကိရယသာဘဟုအမည်တွင်ခဲ့သည့်ဟေဗြုန် မြို့၌နေထိုင်သောခါနာန်ပြည်သားတို့ကိုလည်း သွားရောက်တိုက်ခိုက်ကြ၏။ ထိုမြို့တွင်ရှေရှဲ အဟိမန်နှင့်တာလမဲသားချင်းစုတို့ကို နှိမ်နင်းအောင်မြင်ကြလေသည်။
11 Që këtej marshoi kundër banorëve të Debirit (që më parë quhej Kirjath-Sefer).
၁၁ထိုမှတစ်ဖန်ယုဒအနွယ်ဝင်တို့သည်ထိုစဉ် အခါကကိရယဿေဖာဟုနာမည်တွင်သည့် ဒေဗိရမြို့သို့ချီတက်ကြ၏။-
12 Atëherë Kalebi tha: “Atij që do të sulmojë Kiriath-Seferin dhe do ta shtjerë në dorë, unë do t’i jap për grua bijën time Aksah”.
၁၂ထိုသူတို့အနက်ကာလက်ဆိုသူက``ငါသည် ကိရယဿေဖာမြို့ကိုတိုက်ခိုက်အောင်မြင် သောသူအားငါ့သမီးအာခသနှင့် ပေးစားမည်'' ဟုဆို၏။-
13 E pushtoi Othnieli, bir i Kenazit, vëllai i vogël i Kalebit, dhe ky i dha për grua bijën e tij Aksah.
၁၃ယင်းသို့ဆိုသည်အတိုင်းသြသံယေလသည် ထို မြို့ကိုအောင်မြင်စွာတိုက်ခိုက်နိုင်သည်ဖြစ်၍ ကာလက်၏သမီးကိုရလေသည်။ သူသည် ကာလက်၏ညီကေနတ်၏သားဖြစ်သတည်း။-
14 Kur ajo erdhi të banojë me të, e bindi t’i kërkojë të atit të saj një fushë. Sapo ajo zbriti nga gomari, Kalebi e pyeti: “Çfarë kërkon?”.
၁၄မင်္ဂလာဆောင်သောနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံတွင်လယ်မြေ တစ်ကွက်ကိုတောင်းခံစေ၏။ အာခသသည် မြည်းအပေါ်မှဆင်းလိုက်သောအခါကာလက် က``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟုမေးလျှင်၊-
15 Ajo u përgjegj: “Më bëj një dhuratë, me qenë se ti më dhe toka në Negev, më jep edhe disa burime ujore”. Atëherë ai i dhuroi burimet e sipërme dhe ato të poshtme.
၁၅``ကျွန်မအားဖခင်ပေးထားသည့်မြေယာ သည်ခြောက်သွေ့သည့်အရပ်တွင်တည်ရှိပါ သည်။ သို့ဖြစ်၍ကျွန်မအားစမ်းရေတွင်းတို့ ကိုလည်းပေးစေချင်ပါသည်'' ဟုဆို၏။ ထို အခါကာလက်သည်သူ့အားအထက်စမ်း ရေတွင်းများနှင့်အောက်စမ်းရေတွင်းများ ကိုပေးလေသည်။
16 Atëherë bijtë e Keneos, vjehrrit të Moisiut, shkuan nga qyteti i palmave bashkë me bijtë e Judës në shkretëtirën e Judës, që ndodhet në Negev, afër Aradit; shkuan dhe u vendosën midis popullit.
၁၆မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-
17 Pastaj Juda u nis bashkë me vëllanë e tij Simeon dhe mundi Kananejtë që banonin në Tsefath dhe vendosën shfarosjen e tyre; për këtë arsye qyteti u quajt Hormah.
၁၇ယုဒအနွယ်ဝင်တို့သည်ရှိမောင်အနွယ်ဝင် တို့နှင့်အတူလိုက်၍ ဇေဖတ်မြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့အားတိုက်ခိုက် နှိမ်နင်းလိုက်ကြ၏။ သူတို့သည်ထိုမြို့ကို ကျိန်ဆဲကာဖျက်ဆီးပစ်ပြီးနောက်ဟော်မာ နာမည်ဖြင့်သမုတ်ကြလေသည်။-
18 Juda mori edhe Gazën me territorin e saj, Askalonin me territorin e tij dhe Ekronin me territorin e tij.
၁၈ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-
19 Kështu Zoti mbajti anën e Judës, që dëboi banorët e krahinës malore, por nuk mundi të dëbojë banorët e fushës, sepse kishin qerre të hekurta.
၁၉
20 Pastaj i dhanë Hebronin Kalebit, ashtu si kishte thënë Moisiu; dhe ai i dëboi tre bijtë e Anakut.
၂၀မောရှေမိန့်မှာခဲ့သည့်အတိုင်းကာလက်သည် ဟေဗြုန်မြို့ကိုရရှိလေသည်။ သူသည်အာနက် မှဆင်းသက်လာသောသားချင်းစုသုံးစု အားထိုမြို့မှနှင်ထုတ်လိုက်၏။-
21 Bijtë e Beniaminit nuk arritën t’i dëbojnë Jebusejtë që banonin në Jeruzalem; kështu Jebusejtë kanë banuar bashkë me bijtë e Beniaminit në Jeruzalem deri në ditën e sotme.
၂၁ဗင်္ယာမိန်အနွယ်ဝင်တို့မူကားယေရုရှလင် မြို့တွင် နေထိုင်သောယေဗုသိအမျိုးသားတို့ အားထိုမြို့မှနှင်ထုတ်ခြင်းမပြုကြချေ။ သို့ ဖြစ်၍ထိုအချိန်အခါမှအစပြု၍ယေဗုသိ အမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ နှင့်အတူယေရုရှလင်မြို့တွင်နေထိုင်ခဲ့ ကြသတည်း။
22 Edhe shtëpia e Jozefit u ngrit gjithashtu kundër Bethelit, dhe Zoti qe me ta.
၂၂ဧဖရိမ်အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင် တို့သည်ဗေသလမြို့ကိုတိုက်ခိုက်ရန်သွား ရောက်ကြ၏။ ထိုစဉ်အခါကထိုမြို့သည် လုဇမြို့ဟုအမည်တွင်လေသည်။ ထာဝရ ဘုရားသည်သူတို့အားကူညီမစတော် မူ၏။ မြို့တွင်းသို့သူတို့စေလွှတ်လိုက်သော သူလျှိုတို့သည်၊-
23 Shtëpia e Jozefit dërgoi njerëz për të vëzhguar në Bethel (qytet që më parë qyhej Luc).
၂၃
24 Zbuluesit panë një burrë që dilte nga qyteti dhe i thanë: “Tregona rrugën për të hyrë në qytet dhe ne do të tregohemi të mëshirshëm me ty”.
၂၄မြို့ထဲမှလူတစ်ယောက်ထွက်လာသည်ကိုမြင် ကြ၏။ သူတို့ကထိုသူအား``မြို့ထဲသို့ဝင်ရန် ငါတို့အားလမ်းပြမည်ဆိုလျှင်သင့်ကိုငါ တို့အဘယ်သို့မျှအန္တရာယ်ပြုမည်မဟုတ် ပါ'' ဟုပြောကြ၏။-
25 Ai u tregoi rrugën për të hyrë në qytet, dhe ata i vranë me shpatë banorët e qytetit, por e lanë të shkojë atë burrë me gjithë familjen e tij.
၂၅ထိုသူကလည်းသူတို့အားလမ်းပြသဖြင့် ဧဖရိမ်အမျိုးသားနှင့်မနာရှေအမျိုး သားတို့သည် ထိုသူနှင့်သူ၏အိမ်ထောင်စု သားများမှအပအခြားမြို့သူမြို့သား ရှိသမျှကိုသတ်ဖြတ်ကြလေသည်။-
26 Ai shkoi në vendin e Hitejve dhe ndërtoi aty një qytet që e quajti Luc, emër që mban edhe sot e kësaj dite.
၂၆ထိုသူသည်ဟိတ္တိပြည်သို့သွားပြီးလျှင် မြို့ တစ်မြို့ကိုတည်ထောင်ကာ ထိုမြို့ကိုလုဇမြို့ ဟုခေါ်ဝေါ်သမုတ်သဖြင့် ထိုမြို့သည်ယနေ့ တိုင်အောင်လုဇမြို့ဟူ၍နာမည်တွင်လျက် ရှိသတည်း။
27 Manasi përkundrazi nuk i dëboi banorët e Beth-Sheanit dhe të fshatrave të tij kufitarë, as banorët e Tanaakut dhe të fshatrave të tij kufitarë, as banorët e Dorit dhe të fshatrave të tij kufitarë, as banorët e Ibleamit dhe të fshatrave të tij kufitarë, as banorët e Megidos dhe të fshatrave të tij kufitarë, sepse Kananejtë ishin të vendosur të qëndronin në atë vend.
၂၇မနာရှေအနွယ်ဝင်တို့သည်ဗက်ရှန်မြို့၊ တာနက် မြို့၊ ဒေါရမြို့၊ ဣဗလံမြို့၊ မေဂိဒ္ဒေါမြို့တို့နှင့်ထို မြို့တို့၏အနီးရှိမြို့ရွာများမှလူတို့အား နှင်မထုတ်ခဲ့ကြချေ။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်ထိုမြို့ရွာများ၌ပင်ဆက်လက် နေထိုင်ကြလေသည်။-
28 Më vonë, kur Izraeli u bë i fortë, i nënshtroi Kananejtë dhe i bëri skllevër, por nuk i dëboji krejt.
၂၈ဣသရေလအမျိုးသားတို့သည်ပို၍အင်အား တောင့်တင်းလာသောအခါ ခါနာန်အမျိုးသား တို့အားချွေးတပ်ဆွဲကြ၏။ သို့ရာတွင်သူတို့ အားနှင်ထုတ်ခြင်းကိုမူမပြုကြ။
29 As Efraimi nuk i dëboi Kananejtë që banonin në Gezer; kështu Kananejtë banuan në Gezer në mes të tyre.
၂၉ဧဖရိမ်အနွယ်ဝင်တို့သည်လည်း ဂေဇာမြို့တွင် နေထိုင်သောခါနာန်အမျိုးသားတို့အားနှင် မထုတ်ဘဲနေကြ၏။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်သူတို့နှင့်အတူဆက်လက်နေ ထိုင်ကြ၏။
30 As Zabuloni nuk i dëboi banorët e Kitronit dhe ata të Nahalolit; kështu Kananejtë banuan në mes të tyre, por iu nënshtruan skllavërisë.
၃၀ဇေဗုလုန်အနွယ်ဝင်တို့ကလည်း ကိတရုန် မြို့နှင့်နဟာလောလမြို့တို့တွင်နေထိုင်သူ တို့အားနှင်မထုတ်ဘဲနေကြသဖြင့် ခါနာန် အမျိုးသားတို့သည်သူတို့နှင့်အတူဆက် လက်နေလျက်သူတို့၏ချွေးတပ်ဆွဲခြင်း ကိုခံရကြ၏။
31 As Asheri nuk i dëboi banorët e Akosit, as banorët të Sidonit, as ata të Ahlabit, të Akzibit, të Helbahut, të Afikut dhe të Rehobit;
၃၁အာရှာအနွယ်ဝင်တို့သည်အက္ခောမြို့၊ ဇိဒုန်မြို့၊ အာလပ်မြို့၊ အာခဇိပ်မြို့၊ ဟေလဗမြို့၊ အာဖိတ် မြို့၊ ရဟောဘမြို့တို့တွင်နေထိုင်သူတို့အား နှင်မထုတ်ခဲ့ကြချေ။-
32 kështu bijtë e Asherit u vendosën në mes të Kananejve që banonin në këtë vend, sepse nuk i dëbuan.
၃၂ထို့ကြောင့်အာရှာအမျိုးသားတို့သည်ယင်း ဒေသခံခါနာန်အမျိုးသားတို့နှင့်အတူ နေထိုင်ရကြ၏။
33 As Neftsali nuk i dëboi banorët e Beth-Shemeshit dhe ata të Beth-Anathit, dhe u vendos në mes të Kananejve që banonin në këtë vend; por banorët e Beth-Shemeshit dhe të Beth-Anathit iu nënshtruan skllavërisë.
၃၃နဿလိအနွယ်ဝင်တို့သည်ဗက်ရှေမက်မြို့၊ ဗေသနတ်မြို့တို့တွင်နေထိုင်သူတို့အားနှင် မထုတ်ကြဘဲ ဒေသခံခါနာန်အမျိုးသား တို့နှင့်အတူနေထိုင်ကြကာသူတို့အား ချွေးတပ်ဆွဲကြလေသည်။
34 Amorejtë i detyruan bijtë e Danit të qëndronin në krahinën malore dhe nuk i lanë të zbresin në luginë.
၃၄အာမောရိအမျိုးသားတို့သည်ဒန်အနွယ်ဝင် တို့အား တောင်ကုန်းဒေသသို့နှင်ထုတ်လိုက်ကြ ပြီးလျှင်ချိုင့်ဝှမ်းဒေသသို့ပြန်လာခွင့်မပြု ကြ။-
35 Amorejtë ishin të vendosur të qëndronin në malin Heres, në Ajalon dhe në Shaal-Bim; por kur dora e shtëpisë së Jozefit u fuqizua, ata iu nënshtruan skllavërisë.
၃၅အာမောရိအမျိုးသားတို့သည်အာဇလုန်မြို့၊ ရှာလဗိမ်မြို့နှင့်ဟေရက်တောင်စခန်းမြို့တို့ တွင်ဆက်လက်နေထိုင်ကြ၏။ သို့ရာတွင်ဧဖရိမ် အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင်တို့သည်သူ တို့အားဆက်လက်အုပ်စိုး၍ချွေးတပ်ဆွဲကြ လေသည်။
36 Kufiri i Amorejve shtrihej nga e përpjeta e Akrabimit, nga Sela e lart.
၃၆သေလမြို့၏မြောက်ဘက်တွင်ဧဒုံပြည်နယ် နိမိတ်သည် အကရဗ္ဗိမ်တောင်ကြားလမ်းကို ဖြတ်၍သွားသတည်း။