< Jozueu 23 >

1 Shumë kohë mbas pushimit që Zoti i kishte siguruar Izraelit nga të gjithë armiqtë që e rrethonin, Jozueu, tanimë i plakur dhe me moshë të shtyrë,
ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပတ်​ဝန်း ကျင်​ရှိ​ရန်​သူ​များ​၏​ဘေး​ရန်​မှ​ကင်း​ငြိမ်း စေ​တော်​မူ​၏။ ယော​ရှု​သည်​လည်း​အ​သက် အ​ရွယ်​အ​လွန်​ကြီး​ရင့်​လာ​ပြီ။-
2 mblodhi tërë Izraelin, pleqtë e tij, krerët, gjykatësit dhe oficerët e tij, dhe u tha: “Unë jam plak dhe i shtyrë në moshë,
ထို့​ကြောင့်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား သူ​ကြီး​များ၊ အ​ရာ​ရှိ​များ​မှ​စ​၍​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင်``ငါ သည်​အ​သက်​ကြီး​ရင့်​၍​အို​မင်း​လာ​ပြီ ဖြစ်​သည်။-
3 Ju i patë të gjitha ato që Zoti, Perëndia juaj, u ka bërë të gjitha kombeve, për shkakun tuaj, sepse ka qenë vetë Zoti, Perëndia juaj, që ka luftuar për ju.
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အ​ကျိုး​အ​တွက်​ဤ​နိုင်​ငံ အ​ပေါင်း​တို့​ကို​မည်​ကဲ့​သို့​နှိမ်​နင်း​တော် မူ​ခဲ့​ကြောင်း​သင်​တို့​တွေ့​မြင်​ရ​ကြ​ပြီ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ဘက်​မှ​စစ်​ကူ​တိုက်​တော်​မူ ခဲ့​၏။-
4 Dhe ja, unë kam ndarë midis jush me short, si trashëgimi për fiset tuaja, kombet që mbeten, bashkë me tërë kombet që kam shfarosur, nga Jordani deri në Detin e Madh, në perëndim.
ငါ​သည်​အ​ရှေ့​ဘက်​ယော်​ဒန်​မြစ်​မှ​အ​နောက် ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် တိုက်​ခိုက် သိမ်း​ယူ​ပြီး​သော​နိုင်​ငံ​သား​အား​လုံး​နှင့် တ​ကွ​သိမ်း​ယူ​ရန် ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​ကို​သင်​တို့​၏​အ​နွယ်​များ​အား ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့​ပြီ။-
5 Dhe Zoti, Perëndia juaj, do t’i dëbojë ai vetë para jush; kështu ju do të shtini në dorë vendin e tyre, ashtu si ju ka premtuar Zoti, Perëndia juaj.
သင်​တို့​သည်​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​သို့​ချီ​တက်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​နိုင်​ငံ​သား​တို့​ကို​သင်​တို့​ထံ​မှ​ဆုတ် ခွာ​ထွက်​ပြေး​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ တော်​အ​တိုင်း​သင်​တို့​သည်​သူ​တို့​၏​နယ် မြေ​ကို​သိမ်း​ပိုက်​ကြ​လိမ့်​မည်။-
6 Jini, pra, shumë të vendosur në zbatimin dhe vënien në praktikë të ligjit të Moisiut, pa u shmangur as djathtas as majtas,
သို့​ဖြစ်​၍​သင်​တို့​သည်​မော​ရှေ​၏​ပညတ်​ကျမ်း တွင်​ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​များ​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရန်​သ​တိ ပြု​ကြ​လော့။-
7 pa u përzier me kombet që mbeten midis jush; nuk do të përmendni as emrin e perëndive të tyre dhe nuk do të betoheni për ta; nuk do t’i shërbeni dhe nuk do të bini përmbys para tyre;
သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-
8 por do të lidheni ngushtë me Zotin, Perëndinë tuaj, siç keni bërë deri sot.
သင်​တို့​သည်​ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား ၏​သစ္စာ​တော်​ကို​စောင့်​ထိန်း​သ​ကဲ့​သို့​ဆက် လက်​စောင့်​ထိန်း​ကြ​လော့။-
9 Në fakt Zoti ka dëbuar para jush kombe të mëdhenj dhe të fuqishëm; dhe askush nuk ka mundur t’ju bëjë ballë deri më sot.
သင်​တို့​စစ်​ချီ​တိုက်​ခိုက်​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် အင်​အား​ကြီး​သော​လူ​မျိုး​တို့​ကို နှင်​ထုတ်​ခဲ့​သ​ဖြင့်​မည်​သူ​မျှ​သင်​တို့​အား ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ခဲ့​ချေ။-
10 Një i vetëm nga ju do të ndjekë njëmijë prej tyre, sepse Zoti, Perëndia juaj, është ai që lufton për ju, siç e ka premtuar.
၁၀သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ အ​တွက်​စစ်​တိုက်​တော်​မူ​သ​ဖြင့်​သင်​တို့ အ​ထဲ​မှ​သူ​ရဲ​တစ်​ယောက်​က ရန်​သူ​တစ် ထောင်​ကို​က​စဥ့်​က​လျား​ထွက်​ပြေး​စေ နိုင်​၏။-
11 Tregoni, pra, kujdes të madh për shpirtrat tuaj, për ta dashur Zotin, Perëndinë tuaj.
၁၁သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​မြတ်​နိုး​ရန်​သ​တိ​မူ​ကြ လော့။-
12 Por në rast se i shmangeni dhe bashkoheni me mbeturinat e këtyre kombeve që kanë mbetur midis jush dhe bashkoheni me anë martesash me ta dhe përziheni me ta dhe ata me ju,
၁၂သင်​တို့​သည်​သစ္စာ​ဖောက်​၍​သင်​တို့​တွင်​ကျန် ရှိ​နေ​သေး​သော အ​ခြား​လူ​မျိုး​များ​နှင့် ပေါင်း​ဖက်​အိမ်​ထောင်​ဖက်​ပြု​ကြ​လျှင်၊-
13 dijeni me siguri që Zoti, Perëndia juaj, nuk ka për të vazhduar t’i dëbojë këto kombe para jush; por ata do të bëhen për ju një kurth, një kamzhik në ijët tuaja dhe hala në sytë tuaja, deri sa ju të zhdukeni nga ky vend i mirë që Zoti, Perëndia juaj, ju ka dhënë.
၁၃သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော​အ​ခါ ထို​လူ​မျိုး​များ​ကို​နှင်​ထုတ်​ပေး​တော့​မည် မ​ဟုတ်​ကြောင်း​သိ​မှတ်​ကြ​လော့။ ထို​လူ​မျိုး များ​သည်​သင်​တို့​အ​တွက်​ကျော့​ကွင်း​သို့ မ​ဟုတ်​ထောင်​ချောက်၊ သင်​တို့​၏​ကျော​ပေါ် သို့​ကျ​သော​ကြာ​ပွတ်​သို့​မ​ဟုတ် မျက်​စိ​ကို စူး​သော​ဆူး​သ​ဖွယ်​ဖြစ်​လိမ့်​မည်။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော ဤ​သာ​ယာ​သော​ပြည်​တွင်​သင် တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက်​စီး သည့်​တိုင်​အောင်​ထို​လူ​မျိုး​တို့​သည်​သင် တို့​အား​အန္တရာယ်​ပြု​ကြ​လိမ့်​မည်။
14 Dhe ja, unë po iki sot në rrugën e gjithë botës; pranoni, pra, me gjithë zemër e me gjithë shpirt që nuk ka rënë për tokë asnjë nga fjalët e mira që Zoti, Perëndia juaj, ka thënë lidhur me ju; të tëra u vërtetuan për ju; as edhe një nuk ra për tokë.
၁၄ငါ​မူ​ကား​စု​တေ​ရ​မည့်​အ​ချိန်​နီး​လာ​ပြီ။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ တော်​ရှိ​သည်​အ​တိုင်း သင်​တို့​အ​တွက်​ကောင်း​ချီး မင်္ဂ​လာ​ရှိ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ခဲ့​သည်​ဟု သင်​တို့​စိတ်​အ​တွင်း​၌​ခံ​စား​ရ​ကြ​၏။ ကိုယ်​တော် သည်​ကတိ​တော်​ရှိ​သ​မျှ​အ​ကောင်​အ​ထည်​ပေါ် စေ​ခဲ့​လေ​ပြီ။ အ​ကောင်​အ​ထည်​မ​ပေါ်​သည့် ကတိ​တော်​ဟူ​၍​တစ်​ခု​မျှ​မ​ရှိ။-
15 Dhe ka për të ndodhur që, ashtu si për të gjitha gjërat e mira që Zoti, Perëndia juaj, ju kishte premtuar ju kanë dalë, kështu Zoti do të sjellë mbi ju tërë fatkeqësitë, deri sa t’ju zhdukë nga ky vend i mirë që Perëndia juaj, Zoti ju ka dhënë.
၁၅ကိုယ်​တော်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း​သင် တို့​အား ကောင်း​ချီး​မင်္ဂလာ​ကို​ချ​ပေး​တော်​မူ​သည် မှန်​သော်​လည်း ကိုယ်​တော်​စ​ကား​ကို​နား​မ​ထောင် လျှင်​မူ​ကား သင်​တို့​အ​ပေါ်​သို့​ဘေး​ဒုက္ခ​အ​ပေါင်း တို့​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-
16 Në rast se shkelni besëlidhjen që Zoti, Perëndia juaj, ju ka urdhëruar, dhe shkoni t’u shërbeni perëndive të tjera dhe bini përmbys para tyre, atëherë zemërimi i Zotit do të ndizet kundër jush dhe ju do të zhdukeni shpejt nga vendi i mirë që Ai ju ka dhënë”.
၁၆သင်​တို့​သည်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သော်​လည်း မ​စောင့်​ထိန်း​ဘဲ​အ​ခြား သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပေး​သ​နား​တော်​မူ​သော​ဤ​သာ​ယာ​သော ပြည်​တွင်​သင်​တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​သည်​အ​ထိ သင်​တို့​အား​ဒဏ်​ခတ် တော်​မူ​လိမ့်​မည်'' ဟု​မိန့်​မှာ​လေ​၏။

< Jozueu 23 >