< Gjoni 10 >
1 “Në të vërtetë, në të vërtetë unë po ju them: Ai që nuk hyn nëpër derë të vathës së deleve, por ngjitet nga një anë tjetër, ai është vjedhës dhe kusar;
၁သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား သိုးခြံထဲသို့တံခါးပေါက် ကမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သူ သည်သူခိုးဋ္ဌားပြဖြစ်၏။-
2 kurse kush hyn nëpër derë është bariu i deleve.
၂တံခါးပေါက်ကဝင်သူမူကားသိုးထိန်းဖြစ်၏။-
3 Atij ia hap portieri; delet e dëgjojnë zërin e tij, dhe ai i thërret delet e tij me emër dhe i prin jashtë.
၃သိုးထိန်းအားတံခါးစောင့်သည်တံခါးဖွင့်၍ ပေးတတ်၏။ သိုးတို့သည်သူ၏အသံကိုနား ထောင်တတ်ကြ၏။ သူသည်သိုးတို့ကိုနာမည် ဖြင့်ခေါ်၍သိုးခြံမှထုတ်ဆောင်တတ်၏။-
4 Dhe, pasi i ka nxjerrë delet e tij, shkon para tyre; dhe delet e ndjekin, sepse njohin zërin e tij.
၄သိုးတို့ကိုထုတ်ပြီးလျှင်သိုးတို့၏အရှေ့က ဦးဆောင်၍သွားတတ်၏။ သိုးတို့သည်သူ့အသံ ကိုသိသဖြင့်နောက်ကလိုက်ကြ၏။-
5 Por nuk ndjekin asnjë të huaj, por do të ikin larg tij, sepse nuk e njohin zërin e të huajve”.
၅သိုးတို့သည်သူစိမ်း၏နောက်သို့မူလိုက်လိမ့်မည် မဟုတ်။ သူစိမ်း၏အသံကိုမသိသဖြင့်သူ့ ထံမှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
6 Jezusi u tha atyre këtë shëmbëlltyrë, por ata nuk morën vesh për çfarë po u fliste.
၆သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။
7 Prandaj Jezusi u tha atyre përsëri: “Në të vërtetë, në të vërtetë po ju them: unë jam dera e deleve.
၇ထို့ကြောင့်တစ်ဖန်သခင်ယေရှုက ``အမှန်အကန် သင်တို့အားငါဆိုသည်ကား ငါသည်သိုးတို့ဝင် သောတံခါးပေါက်ဖြစ်၏။-
8 Të gjithë ata që erdhën para meje janë vjedhës e kusarë; por delet nuk i kanë dëgjuar.
၈ငါ့ရှေ့တွင်ရောက်ရှိလာသူအားလုံးသည်သူခိုး ဋ္ဌားပြများဖြစ်ကြ၏။ သို့ရာတွင်သိုးတို့သည် ထိုသူတို့၏စကားကိုနားမထောင်ကြ။-
9 Unë jam dera; nëse dikush hyn nëpërmjet meje, do të shpëtohet; do të hyjë, do të dalë dhe do të gjejë kullotë.
၉ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။-
10 Vjedhësi nuk vjen veçse për të vjedhur, për të vrarë e për të shkatërruar; por unë kam ardhur që të kenë jetë e ta kenë me bollëk.
၁၀သူခိုးသည်ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကားသင်တို့အသက်ရှင်ကြစေရုံ မျှသာမက ကြွယ်ဝပြည့်စုံသောအသက်ကို ရှင်နိုင်ကြစေရန်လာသတည်း။
11 Unë jam bariu i mirë; bariu i mirë jep jetën e vet për delet.
၁၁``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
12 Kurse rrogëtari, që nuk është bari, dhe delet nuk janë të vetat, sheh ujkun që po vjen, i braktis delet dhe ikën; dhe ujku i rrëmben dhe i shpërndan delet.
၁၂သူငှားသည်သိုးထိန်းမဟုတ်။ သိုးရှင်လည်းမဟုတ် သဖြင့် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်၍ထွက်ပြေးတတ်၏။ သို့ဖြစ်၍ဝံပုလွေသည် သိုးတို့ကိုကိုက်ဖမ်း၍ကစဥ့်ကရဲဖြစ်စေ တတ်၏။-
13 Rrogëtari ikën, sepse është rrogëtar dhe nuk do t’ia dijë për delet.
၁၃သူငှားသည်သူငှားဖြစ်သည့်အလျောက် သိုးတို့ ကိုဂရုမစိုက်ဘဲထွက်ပြေးတတ်၏။-
14 Unë jam bariu i mirë, dhe i njoh delet e mia dhe ato më njohin mua,
၁၄ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။-
15 ashtu siç më njeh Ati mua dhe unë e njoh Atin dhe lë jetën time për delet.
၁၅
16 Unë kam edhe dele të tjera që nuk janë të kësaj vathe; duhet t’i mbledh edhe ato, dhe ato do ta dëgjojnë zërin tim, dhe do të jetë një tufë e vetme dhe një Bari i vetëm.
၁၆ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
17 Prandaj Ati më do, sepse unë e lë jetën time që ta marr përsëri.
၁၇``ငါသည်အသက်ကို တစ်ဖန်ပြန်လည်ရရှိစေ ရန် ကိုယ့်အသက်ကိုစွန့်သောကြောင့်ခမည်းတော် သည်ငါ့ကိုချစ်တော်မူ၏။-
18 Askush nuk mund të ma heqë, por e lë nga vetja; unë kam pushtet ta lë e pushtet ta marr përsëri; ky është urdhri që kam marrë nga Ati im”.
၁၈အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
19 Atëherë lindi përsëri një përçarje midis Judenjve për shkak të këtyre fjalëve.
၁၉ဤသို့မိန့်တော်မူသောကြောင့်လူတို့သည် စိတ် သဘောကွဲလွဲသွားကြပြန်၏။-
20 Dhe shumë nga ata thoshnin: “Ai ka një demon dhe nuk është në vete; përse e dëgjoni?”.
၂၀လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။
21 Të tjerë thoshnin: “Këto nuk janë fjalë të një të demonizuari; a mundet një demon t’ua hap sytë të verbërve?”.
၂၁သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
22 U kremtua festa e Kushtimit në Jeruzalem, dhe ishte dimër.
၂၂ထိုအချိန်၌ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျရောက်လျက်ရှိ၏။ ထို အခါကားဆောင်းရာသီဖြစ်၏။-
23 Dhe Jezusi po ecte në tempull, nën portikun e Salomonit.
၂၃သခင်ယေရှုသည်ဗိမာန်တော်ရှိရှောလမုန် မုခ်တွင် စင်္ကြံသွားလျက်နေတော်မူ၏။-
24 E rrethuan, pra, Judenjtë dhe i thanë: “Deri kur do të na mbash pezull? Nëse je Krishti, na e thuaj haptas”.
၂၄ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။
25 Jezusi u përgjigj atyre: “Unë jua kam thënë, por ju nuk besoni; veprat që bëj në emër të Atit tim, janë ato që dëshmojnë për mua.
၂၅သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-
26 Por ju nuk besoni, sepse nuk jeni nga delet e mia, siç jua kam thënë.
၂၆သင်တို့သည်ငါ၏သိုးများမဟုတ်သဖြင့် ငါ့ကိုမယုံကြ။-
27 Delet e mia e dëgjojnë zërin tim, unë i njoh dhe ato më ndjekin;
၂၇ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
28 dhe unë u jap atyre jetën e përjetshme dhe nuk do të humbasin kurrë, e askush nuk do t’i rrëmbejë nga dora ime. (aiōn , aiōnios )
၂၈ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။- (aiōn , aiōnios )
29 Ati im, që m’i dha, është më i madh se të gjithë; dhe askush nuk mund t’i rrëmbejë nga dora e Atit tim.
၂၉သူတို့ကိုငါ့အားပေးသနားတော်မူသော ခမည်းတော်သည်ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍မည်သူမျှသိုး တို့ကိုခမည်းတော်၏လက်မှမလုမယူနိုင်။-
30 Unë dhe Ati jemi një”.
၃၀ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
31 Prandaj Judenjtë morën përsëri gurë për ta vrarë me gurë.
၃၁ထိုအခါလူတို့သည်ကိုယ်တော်ကိုပေါက်ရန် ခဲများကိုကောက်ပြန်၏။-
32 Jezusi u përgjigj atyre: “Ju tregova shumë vepra të mira nga Ati im; për cilën nga këto më vrisni me gurë?”.
၃၂သခင်ယေရှုက ``ခမည်းတော်စေခိုင်းတော်မူ သဖြင့် ငါသည်ကောင်းမြတ်သောအမှုများ ကိုပြုခဲ့၏။ ၎င်းအမှုများအနက်အဘယ် အမှုကြောင့်ငါ့အားသင်တို့ခဲနှင့်ပေါက်လို ကြသနည်း'' ဟုမေးတော်မူ၏။
33 Judenjtë u përgjigjën duke thënë: “Ne nuk të vrasim me gurë për asnjë vepër të mirë, po për blasfemi, dhe sepse ti, duke qenë njeri, e bën veten Perëndi”.
၃၃သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။
34 Jezusi u përgjigj atyre: “A nuk është shkruar në ligjin tuaj: “Unë thashë: Ju jeni perëndi”?
၃၄သခင်ယေရှုက ``ငါတို့ပညတ်ကျမ်းတွင် ဘုရား သခင်က `သင်တို့သည်ဘုရားများဖြစ်ကြ၏' ဟု ဖော်ပြထားလေသည်။-
35 Nëse ai i quan perëndi ata, të cilëve u qe drejtuar fjala e Perëndisë (dhe Shkrimi nuk mund të bjerë poshtë),
၃၅ကျမ်းစာတော်ဖော်ပြသည့်အရာများသည် အစဉ် မှန်ကန်ကြောင်းကိုငါတို့သိကြ၏။ ဘုရားသခင် ကမိမိ၏တရားတော်ကိုကြားနာရသူတို့အား `ဘုရားများ' ဟုဖော်ပြသည်။-
36 ju thoni se ai, që Ati e ka shenjtëruar dhe e ka dërguar në botë, blasfemon, sepse ka thënë: “Unë jam Biri i Perëndisë”?
၃၆ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-
37 Nëse unë nuk bëj veprat e Atit tim, mos më besoni,
၃၇ခမည်းတော်၏အမှုတော်များကိုငါမဆောင် ရွက်လျှင် ငါ့အားမယုံကြည်ကြနှင့်။-
38 por nëse i bëj, edhe po të mos më besoni mua, u besoni të paktën veprave, që të njihni e të besoni se Ati është në mua dhe unë në atë”.
၃၈ဆောင်ရွက်လျှင်မူကားငါ့ကိုမယုံသော်လည်း ငါ၏ဆောင်ရွက်ချက်များကိုယုံကြလော့။ သို့ မှသာလျှင်ခမည်းတော်သည်ငါနှင့်တစ်လုံး တစ်ဝတည်းရှိတော်မူလျက် ငါသည်လည်း ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသည် ကို သင်တို့သိမြင်နားလည်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
39 Për këtë arsye ata kërkonin përsëri ta kapnin, por ai ikte nga duart e tyre.
၃၉ထိုအခါသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင်ကိုယ်တော်သည် ရှောင်တိမ်း၍ကြွသွားတော်မူ၏။
40 Dhe shkoi përsëri përtej Jordanit, në vendin ku më parë Gjoni pagëzonte; dhe ndaloi aty.
၄၀ကိုယ်တော်သည်ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်ယောဟန်ဗတ္တိဇံင်္မဂလာပေးရာအရပ် သို့ပြန်လည်ကြွသွားတော်မူ၍ထိုအရပ် တွင်နေတော်မူ၏။-
41 Dhe shumë veta erdhën tek ai dhe thoshnin: “Gjoni vërtet nuk bëri asnjë shenjë, por gjithçka që Gjoni tha për këtë ishte e vërtetë”.
၄၁လူအများအပြားပင်အထံတော်သို့လာ ကြ၏။ သူတို့က ``ယောဟန်သည်အဘယ်အံ့ ဖွယ်နိမိတ်လက္ခဏာကိုမျှမပြခဲ့။ သို့ရာ တွင်ဤသူအကြောင်းနှင့်ပတ်သက်၍ယောဟန် ပြောသမျှမှန်ပေ၏'' ဟုဆိုကြ၏။-
42 Dhe atje shumë veta besuan në të.
၄၂သို့ဖြစ်၍ထိုအရပ်တွင်လူအမြောက်အမြား ပင် ကိုယ်တော်ကိုယုံကြည်လာကြ၏။