< Jakobit 4 >

1 Nga vijnë luftërat dhe grindjet te ju? A nuk vijnë, nga pasionet që luftojnë ndër gjymtyrët tuaja?
သင်​တို့​တွင်​အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဒေါ​သ​ဖြစ် မှု၊ အ​ငြင်း​ပွား​မှု​တို့​ဖြစ်​ပေါ်​လာ​သ​နည်း။ သင် တို့​၏​ကာ​ယ​လို​အင်​ဆန္ဒ​များ​ထ​ကြွ​နေ​သော ကြောင့်​မ​ဟုတ်​လော။-
2 Ju lakmoni dhe nuk keni, ju vrisni dhe keni smirë dhe nuk fitoni gjë; ju ziheni dhe luftoni, por nuk keni, sepse nuk kërkoni.
သင်​တို့​သည်​မိ​မိ​တို့​အ​လို​ရှိ​သော​အ​ရာ များ​ကို​မ​ရ​နိုင်​သ​ဖြင့်​လူ့​အ​သက်​ကို​သတ် ရန်​အ​သင့်​ရှိ​ကြ​၏။ မိ​မိ​တို့​လွန်​စွာ​လို​လား တောင့်​တ​သည့်​အ​ရာ​များ​ကို​မ​ရ​နိုင်​သ​ဖြင့် အ​ငြင်း​ပွား​ကြ​၏။ ရန်​ဖြစ်​ကြ​၏။ သင်​တို့​လို လား​သော​အ​ရာ​ကို​မ​ရ​ရှိ​ကြ​သည့်​အ​ကြောင်း မှာ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​မ​တောင်း​မ​လျှောက် ကြ​သော​ကြောင့်​ဖြစ်​၏။-
3 Ju kërkoni dhe nuk merrni, sepse kërkoni keqas që të shpenzoni për kënaqësitë tuaja.
သင်​တို့​တောင်း​လျှောက်​၍​မ​ရ​ခြင်း​မှာ​ရည်​ရွယ် ချက်​လွဲ​မှား​လျက်​မိ​မိ​တို့​စည်း​စိမ်​ခံ​စား​မှု အ​တွက်​သာ​လျှင်​တောင်း​လျှောက်​တတ်​ကြ​သော ကြောင့်​ဖြစ်​၏။-
4 O shkelës dhe shkelëse të kurorës, a nuk e dini se miqësia me botën është armiqësi me Perëndinë? Ai, pra, që don të jetë mik i botës bëhet armik i Perëndisë.
သင်​တို့​သည်​သစ္စာ​မဲ့​သူ​များ​ပါ​တ​ကား။ လော​က နှင့်​မိတ်​ဖွဲ့​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ရန်​ဘက်​ပြု​သူ​များ​ဖြစ်​သည်​ကို သင်​တို့​မ​သိ နား​မ​လည်​ကြ​သ​လော။ လော​က​၏​မိတ်​ဆွေ ဖြစ်​လို​သူ​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။-
5 Apo pandehni se Shkrimi thotë kot: “Fryma që rri në ne a lakmon deri në smirë”?
ကျမ်း​စာ​တော်​က``ငါ​တို့​အ​ထဲ​သို့​ဘု​ရား​သ​ခင် ပေး​သွင်း​တော်​မူ​သော​ဝိ​ညာဉ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​အ​လို​ဆန္ဒ​များ​နှင့်​ပြည့်​ဝ​၏'' ဟု​အ​ကြောင်း​မဲ့​ဖော်​ပြ​သည်​ဟု​မ​ထင်​ကြ​နှင့်။-
6 Por ai jep hir edhe më të madh; prandaj thotë: “Perëndia u kundërvihet mendjemëdhenjve dhe u jep hir të përulurve”.
သို့​ရာ​တွင်​ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ကျေး​ဇူး​တော်​သည်​ပို​၍​စွမ်း​အား ကြီး​ပေ​သည်။ ``ဘု​ရား​သ​ခင်​သည်​မာ​န​ကြီး သူ​တို့​အား​ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍​နှိမ့်​ချ သော​သူ​တို့​အား​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော် မူ​၏'' ဟု​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​ဖြစ်​၏။
7 Nënshtrojuni, pra, Perëndisë, kundërshtoni djallin dhe ai do të largohet nga ju!
သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​သို့​လိုက် ကြ​လော့။ မာရ်​နတ်​ကို​ခု​ခံ​ကြ​လော့။ သို့​ပြု လျှင်​သူ​သည်​သင်​တို့​ထံ​မှ​ထွက်​ပြေး​လိမ့်​မည်။-
8 Afrohuni te Perëndia dhe ai do t’ju afrohet juve; pastroni duart tuaja, o mëkatarë; dhe pastroni zemrat o njerëz me dy mendje!
ဘု​ရား​သခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင်​တို့​ထံ​သို့ ကြွ​လာ​တော်​မူ​သည်။ အ​ပြစ်​ကူး​သူ​တို့၊ သင်​တို့​လက်​များ​ကို​ဆေး​ကြော​ကြ​လော့။ မာ​န​ထောင်​သူ​တို့၊ သင်​တို့​၏​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။-
9 Pikëllohuni, mbani zi dhe qani; të qeshurit tuaj le të kthehet në zi, dhe gëzimi në trishtim.
ဝမ်း​နည်း​ကြေ​ကွဲ​ကြ​လော့။ ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ရယ်​မော​ခြင်း​ကို​ငို​ကြွေး ခြင်း​ဖြစ်​စေ​ကြ​လော့။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​စိတ်​ညှိုး​ငယ်​စေ​ခြင်း​ဖြစ်​စေ​ကြ​လော့။-
10 Përuluni përpara Zotit, dhe ai do t’ju lartësojë!
၁၀သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ် တော်​သည်​သင်​တို့​အား​ချီး​မြှောက်​တော်​မူ​လိမ့် မည်။
11 Mos flisni keq për njeri tjetrin, vë-llezër; ai që flet kundër vëllait dhe e gjykon vëllanë e vet, flet kundër ligjit dhe gjykon ligjin; dhe, po të gjykosh ligjin, ti nuk je zbatues i ligjit, por gjykatës.
၁၁ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း​ပုတ် ခတ်​ဝေ​ဖန်​လျှင်​သော်​လည်း​ကောင်း၊ စစ်​ကြော စီ​ရင်​လျှင်​သော်​လည်း​ကောင်း​ပ​ညတ်​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​စစ်​ကြော​စီ​ရင်​ရာ ရောက်​၏။ ပ​ညတ်​တ​ရား​တော်​ကို​စစ်​ကြော​စီ​ရင် ကြ​လျှင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​စောင့် ထိန်း​သူ​များ​မ​ဟုတ်​ဘဲ​စစ်​ကြော​စီ​ရင်​သူ များ​သာ​ဖြစ်​ကြ​၏။-
12 Ka vetëm një Ligjdhënës, që mund të të shpëtojë ose të të çojë në humbje; por ti kush je që gjykon një tjetër?
၁၂ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​ပ​ညတ် တ​ရား​တော်​ကို​ပေး​၍​စစ်​ကြော​စီ​ရင်​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​တစ်​ပါး​တည်း သာ​လျှင်​ကယ်​တင်​ရန်​သော်​လည်း​ကောင်း၊ ဖျက် ဆီး​ရန်​သော်​လည်း​ကောင်း​တတ်​နိုင်​တော်​မူ​၏။ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​မိ​မိ​၏​အိမ်​နီး ချင်း​ကို​စစ်​ကြော​စီ​ရင်​ရ​သ​နည်း။
13 Dhe tani, ju që thoni: “Sot ose nesër do të shkojmë në atë qytet, dhe do të rrijmë atje një vit, do të tregtojmë dhe do të fitojmë”,
၁၃``ယ​နေ့​သို့​မ​ဟုတ်​နက်​ဖြန်​နေ့​၌​ဤ​မည်​သော မြို့​သို့​ငါ​တို့​သွား​၍​တစ်​နှစ်​မျှ​နေ​ကြ​ကုန်​အံ့။ ထို​မြို့​တွင်​ကုန်​သွယ်​၍​ငွေ​အ​မြောက်​အ​မြား​ရှာ ကြ​ကုန်​အံ့'' ဟု​သင်​တို့​အ​ချို့​ပြော​ဆို​လေ့​ရှိ ကြ​၏။ သို့​ရာ​တွင်​ငါ​ပြော​သည်​ကို​နား​ထောင် ကြ​လော့။-
14 ndërsa nuk dini për të nesërmen. Sepse ç’është jeta? Éshtë avull që duket për pak, dhe pastaj humbet.
၁၄သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။-
15 Në vend që të thoni: “Në dashtë Zoti dhe në paçim jetë, ne do të bëjmë këtë ose atë gjë”.
၁၅``ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ​လျှင်​ငါ​တို့ သည်​အ​သက်​ရှင်​၍​ဤ​အ​မှု​ထို​အ​မှု​ကို​ပြု ကြ​မည်'' ဟု​သင်​တို့​ဆို​သင့်​ကြ​၏။-
16 Ju, përkundrazi, mburreni në arrogancën tuaj; çdo mburrje e tillë është e keqe.
၁၆ယ​ခု​မူ​ကား​သင်​တို့​သည်​မာန်​မာ​န​ကြီး​ကာ ကြွား​ဝါ​တတ်​ကြ​၏။ ယင်း​သို့​ကြွား​ဝါ​မှု​ရှိ သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။
17 Ai, pra, që di të bëjë të mirë edhe nuk e bën, bën mëkat.
၁၇သို့​ဖြစ်​၍​ကောင်း​သော​အ​ကျင့်​ကို​သိ​လျက်​နှင့် မ​ပြု​မ​ကျင့်​ဘဲ​နေ​သော​သူ​သည်​အ​ပြစ်​ရှိ​၏။

< Jakobit 4 >