< Isaia 41 >

1 Ishuj, mbani heshtje! Le të marrin forca të reja popujt; le të afrohen dhe pastaj të flasin. Të mblidhemi bashkë për të gjykuar!
ဘု​ရား​သ​ခင်​က ``အ​ချင်း​ရပ်​ဝေး​နိုင်​ငံ​တို့၊ ဆိတ်​ဆိတ်​နေ​၍ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​အ​မှု​ကို​ရုံး​တော်​သို့​တင်​ရန်​အ​သင့် ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည်​လျှောက်​လဲ​ပြော​ဆို​နိုင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မှန်​သည်​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် ငါ​တို့​စု​ဝေး​ကြ​ကုန်​အံ့။
2 “Kush e ka nxitur një nga lindja, duke e thirrur në këmbët e tij në drejtësi? Kush i dorëzoi kombet dhe i nënshtroi mbretërit? Ai ia jep si pluhur shpatës së tij dhe si kashtë e shpërndarë harkut të tij.
အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။
3 Ai i përndjek dhe ecën i sigurtë nëpër një rrugë mbi të cilën këmbët e tij nuk kanë shkelur kurrë.
သူ​သည်​ရန်​သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ကာ ဘေး​မဲ့​လုံ​ခြုံ​စွာ​ဆက်​လက်​ချီ​တက်​ရာ​တွင် လျင်​မြန်​လှ​သ​ဖြင့် သူ​၏​ခြေ​သည်​မြေ​၌​ပင်​မ​ထိ​တော့ ပါ​တ​ကား။
4 Kush ka vepruar dhe ka kryer këtë, duke thirrur brezat që nga fillimi? Unë Zoti, jam i pari dhe, me ata të fundit, do të jem po ai”.
ဤ​သို့​ဖြစ်​ပျက်​စေ​သူ​ကား​အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​သည်​သ​မိုင်း​၏​ဖြစ်​ရပ်​များ​ကို စီ​ရင်​ဖန်​တီး​တော်​မူ​ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ကပ်​ကာ​လ​အ​စ က​ပင်​လျှင် ရှိ​နေ​တော်​မူ​ခဲ့​၍၊ ထာ​ဝ​ရ​အ​ရှင်​ငါ​ဘု​ရား​သ​ခင်​သည်​ကပ် ကာ​လ အ​ဆုံး​၌​လည်း​ရှိ​နေ​တော်​မူ​လတ္တံ့။
5 Ishujt e shohin dhe i ka zënë frika, skajet e tokës dridhen; po afrohen, po arrijnë.
``ရပ်​ဝေး​နိုင်​ငံ​များ​မှ​လူ​တို့​သည်​ငါ​ပြု သည့်​အ​မှု​ကို တွေ့​မြင်​ရ​ကြ​လေ​ပြီ။ သူ​တို့​သည်​ထိတ်​လန့်​လျက်​ကြောက်​ဒူး​တုန်​၍ နေ​ကြ​သ​ဖြင့် လာ​ရောက်​စု​ဝေး​ကြ​ကုန်​၏။
6 Secili ndihmon shokun e tij dhe i thotë vëllait të tij: “Kurajo”.
လက်​မှု​ပ​ညာ​သည်​တို့​သည်​အ​ချင်း​ချင်း​ကူ​ညီ ရိုင်း​ပင်း​လျက်​အား​ပေး​စ​ကား​ပြော​ကြား​ကြ​၏။
7 Farkëtari i jep zemër argjendarit dhe ai që i jep dorën e fundit punës me çekiç i jep zemër atij që i bie kudhrës dhe thotë për saldaturën: “Mirë është” dhe e përforcon me gozhda që të mos lëvizë.
လက်​သ​မား​က​ပန်း​ထိမ်​သည်​အား `သင်​၏​လက်​ရာ​သည်​ကောင်း​လေ​စွ' ဟု​ဆို​၏။ ရုပ်​တု​ကို​အ​ချော​ထု​ရိုက်​သူ​က ယင်း​၏​အ​စိတ်​အ​ပိုင်း​များ​ကို​ဆက်​စပ်​သူ​အား၊ အား​ပေး​စ​ကား​ပြော​ကြား​လေ​၏။ `ဂ​ဟေ​ဆက်​ပုံ​မှာ​ကောင်း​ပေ​သည်' ဟု ပြော​ဆို​သူ​က​ပြော​ဆို​လျက်၊ သူ​တို့​သည်​ရုပ်​တု​ကို​နေ​ရာ​တ​ကျ​သံ​နှင့်​ရိုက်​၍ စိုက်​ထူ​ထား​ကြ​တော့​၏။
8 “Por ti, Izrael, shërbëtori im, Jakob që kam zgjedhur, pasardhës i Abrahamit, mikut tim,
``သို့​ရာ​တွင်​ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ ငါ​ရွေး​ချယ်​ထား​သည့်​သင်​တို့​သည်​ငါ​၏​မိတ်​ဆွေ အာ​ဗြ​ဟံ​၏​သား​မြေး​များ​ဖြစ်​ကြ​၏။
9 ty që të mora nga skajet e tokës, që kam thirrur nga cepat më të largëta të saj dhe të kam thënë: “Ti je shërbëtori im, të kam zgjedhur dhe nuk të kam hedhur poshtë”.
ငါ​သည်​သင်​တို့​အား​ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ ခေါ်​ယူ​ခဲ့​၏။ မြေ​စွန်း​ရပ်​ဖျား​များ​မှ​ခေါ်​ယူ​ကာ၊သင်​တို့​သည် ကား၊ ငါ​၏​အ​စေ​ခံ​များ​တည်း​ဟု​ဆို​ခဲ့​၏။ ငါ​သည်​သင်​တို့​အား​ပစ်​ပယ်​မည့်​အ​စား ရွေး​ချယ်​တော်​မူ​ခဲ့​၏။
10 Mos ki frikë, sepse unë jam me ty, mos e humb, sepse unë jam Perëndia yt. Unë të forcoj dhe njëkohësisht të ndihmoj dhe të mbaj me dorën e djathtë të drejtësisë sime.
၁၀မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။
11 Ja, tërë ata që janë zemëruar kundër teje do të turpërohen dhe do të shushaten; ata që luftojnë kundër teje do të katandisen në hiç dhe do të zhduken.
၁၁အို ငါ​၏​လူ​မျိုး​တော်၊သင်​တို့​ကို​အ​မျက်​ထွက်​သော သူ​တို့​သည်​အ​သ​ရေ​ပျက်​၍​အ​ရှက်​ကွဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။
12 Ti do t’i kërkosh, por nuk do t’i gjesh më ata që të kundërshtonin; ata që të bënin luftë do të jenë asgjë, si një gjë që nuk ekziston më.
၁၂သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ ကွယ်​ပျောက်​သွား​ကြ​လိမ့်​မည်။
13 Sepse unë, Zoti, Perëndia yt, të zë nga dora e djathtë dhe të them: “Mos u frikëso, unë të ndihmoj”.
၁၃ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
14 “Mos u frikëso, o krimb i Jakobit, o njerëz të Izraelit! Unë të ndihmoj”, thotë Zoti; “Shpëtimtari yt është i Shenjti i Izraelit.
၁၄ထာ​ဝ​ရ​ဘု​ရား​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​၏​အ​မျိုး​သည် သေး​ငယ်​၍ ချည့်​နဲ့​သော်​လည်း၊ မ​ကြောက်​ကြ​နှင့်၊သင်​တို့​ကို​ငါ​ကူ​မ​တော်​မူ မည်။ သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် ငါ​ပင်​ဖြစ်​ပေ​သည်။
15 Ja, unë të bëj një shirëse të re me dhëmbë të mprehura; ti do të shish malet dhe do t’i katandisësh në pluhur, dhe do t’i bësh kodrat si byk.
၁၅ငါ​သည်​သင်​တို့​အား​ထက်​မြက်​သည့် အ​သွား​များ​ရှိ​သော​စ​ပါး​နယ်​စက်​အ​သစ် ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ သင်​တို့​သည်​တောင်​ကြီး​များ​ကို​နယ်​၍ ညက်​ညက်​ကြေ​စေ​လိမ့်​မည်။ တောင်​ငယ်​များ​သည်​လည်း​မြေ​မှုန့်​ဖြစ်​၍ သွား​ကြ​လိမ့်​မည်။
16 Ti do t’i frysh, era do t’i çojë larg dhe shakullima do t’i shpërndajë; por ti do të gëzohesh te Zoti dhe do të përlëvdohesh tek i Shenjti i Izraelit.
၁၆ယင်း​တို့​ကို​သင်​တို့​သည်​လှေ့​ကြ​လျက် လေ​များ​က​တိုက်​ခတ်​ဆောင်​ယူ​ပြီး​လျှင် မုန်​တိုင်း​များ​က​လွင့်​စင်​သွား​စေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ရ​ကား၊ သင်​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​လိမ့် မည်။ သင်​တို့​သည်​လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင် တည်း ဟူ​သော​ငါ့​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
17 Të mjerët dhe të varfërit kërkojnë ujë, por mungon; gjuha e tyre u është tharë nga etja; unë, Zoti do t’ua plotësoj dëshirën; unë, Perëndia i Izraelit, nuk do t’i braktis.
၁၇ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။
18 Do të bëj që të dalin lumenj mbi kodrat e zhveshura dhe burime në mes të luginave; do ta bëjë shkretëtirën një liqen uji dhe tokën e thatë burim ujërash.
၁၈ငါ​သည်​တောင်​က​တုံး​များ​၌​မြစ်​များ​ဖြစ်​ပေါ်​စေ​၍၊ ချိုင့်​ဝှမ်း​များ​နှင့်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ ငါ​သည်​သဲ​ကန္တာ​ရ​ကို​ရေ​ကန်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သော​မြေ​ယာ​များ​ကို​စမ်း​ရေ​တွင်း များ အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​မည်။
19 Do të mbjell në shkretëtirë kedrin, akacien, mërsinën dhe ullirin, do të mbjellë në Arabah qiparisin, vidhin dhe bredhin,
၁၉ငါ​သည်​သဲ​ကန္တာ​ရ​၌​အာ​ရစ်​ပင်(သစ်​က​တိုး) နှင့် ထ​နောင်း​ပင်၊မု​ရ​တု​ပင်​နှင့် သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း​ပေါက်​စေ​မည်။ သစ်​ပင်​မ​ပေါက်​သော​အ​ရပ်​တွင်​ထင်း​ရှူး​ပင် အ​မျိုး​မျိုး​နှင့် အာ​ရဇ်​ပင်​များ ရော​နှော​သည့်​သစ်​တော​များ ပေါက်​ရောက်​လာ​လိမ့်​မည်။
20 me qëllim që ta shohin, ta dinë, ta konsiderojnë dhe ta kuptojnë të gjithë tok se dora e Zotit e ka bërë këtë gjë dhe i Shenjti i Izraelit e ka krijuar.
၂၀ဤ​အ​ချင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ လူ​တို့​သည်​ဤ​အ​မှု​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အ​မှု​ပင်​ဖြစ်​ကြောင်း သိ​ရှိ​လာ​ကြ​လိမ့်​မည်။ ဤ​အ​မှု​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့် ဘု​ရား​သ​ခင်​ဖြစ်​ပွား​စေ​တော်​မူ​ကြောင်း နား​လည်​လာ​ကြ​လိမ့်​မည်။
21 Paraqitni çështjen tuaj, thotë Zoti, parashtroni arsyetimet tuaja, thotë Mbreti i Jakobit.
၂၁ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​က ``အ​ချင်း​လူ​မျိုး​တ​ကာ​ဘု​ရား​များ​တို့၊ သင်​တို့​၏​အ​မှု​ကို​တင်​ပြ​ကြ​လော့။ သင်​တို့​၏​အ​ခိုင်​မာ​ဆုံး​သော​လျှောက်​လဲ​ချက် များ​ကို ယူ​ဆောင်​လာ​ကြ​လော့။ ဤ​အ​ရပ်​သို့​လာ​၍​အ​နာ​ဂတ်​တွင်​အ​ဘယ်​သို့ ဖြစ်​ပျက်​မည်​ကို​ပြော​ကြား​ကြ​လော့။ အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​ဖြေ​ရှင်း​ဖော်​ပြ​ကာ၊ နောင်​အ​ခါ​၌​ယင်း​တို့​အ​ဘယ်​သို့​အ​ဆုံး​သတ်​မည်​ကို ငါ​တို့​အား​ပြော​ပြ​ကြ​လော့။ သို့​မှ​သာ​လျှင်​ထို​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။
22 Le t’i parashtrojnë dhe të na njoftojnë ç’ka për të ndodhur. Le të deklarojnë cilat ishin gjërat e kaluara, në mënyrë që të mund t’i shqyrtojmë dhe të njohim kryerjen e tyre; ose na njoftoni ç’ka për të ndodhur.
၂၂
23 Na njoftoni ç’ka për të ndodhur në të ardhmen, dhe kështu do të mësojmë se jeni perëndi; po, na bëni të mirë apo të keqe në mënyrë që të mbetemi të habitur duke i parë bashkë.
၂၃အ​နာ​ဂတ်​၌​အ​ဘယ်​အ​ရာ​ဖြစ်​မည်​ကို ငါ​တို့​အား ဖော်​ပြ​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဘု​ရား​များ​ဖြစ် ကြောင်း ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ သို့​တည်း​မ​ဟုတ်​ဘေး​အန္တ​ရာယ်​တစ်​ခု​ခု​ကို သက်​ရောက်​စေ​ကြ​လော့။ ငါ​တို့​အား​စိုး​ရွံ့​ကြောက်​လန့်​တုန်​လှုပ်​အောင် ပြု​ကြ​လော့။
24 Ja, ju jeni një hiç dhe vepra juaj nuk vlen asgjë; ai që ju zgjedh kryen një gjë të neveritshme.
၂၄သင်​တို့​နှင့်​သင်​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​သည် အ​ဘယ်​သို့​မျှ​မ​ရေ​ရာ။ သင်​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​လည်း စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​ပါ​သည်​တ​ကား။
25 Unë thirra dikë nga veriu, dhe ai ka për të ardhur, nga lindja ai do të përmëndë emrin tim; do t’i shkelë princat sikur të ishin prej argjile, ashtu siç vepron poçari që e ngjesh baltën.
၂၅``ငါ​သည်​အ​ရှေ့​ပြည်​သား​တစ်​ဦး​ကို ရွေး​ချယ်​ထား​လေ​ပြီ။ သူ့​အား​ခေါ်​ဆောင်​ကာ​အ​ရှေ့​အ​ရပ်​မှ​နေ​၍ တိုက်​ခိုက်​စေ​မည်။ အိုး​ထိန်း​သည်​ရွှံ့​စေး​ကို​ခြေ​ဖြင့်​နင်း​ချေ သ​ကဲ့​သို့ သူ​သည်​ပြည်​ရှင်​မင်း​တို့​အား နင်း​ချေ​ပစ်​လိမ့်​မည်။
26 Kush e shpalli këtë që në krye me qëllim që ta dinim, shumë më parë që të mund të thonim: “A është e drejtë”? Por nuk ka njeri që ta ketë njoftuar këtë gjë, njeri që ta ketë shpallur, njeri që të ketë dëgjuar fjalët tuaja.
၂၆သင်​တို့​စ​ကား​သည်​မှန်​ပေ​၏​ဟု​ငါ​တို့​ဆို​နိုင် စေ​ရန် ဤ​မည်​သော​အ​မှု​အ​ရာ​ဖြစ်​ပျက်​လိမ့်​မည်​ဟု သင်​တို့​အ​နက်​မှ​အ​ဘယ်​သူ​သည်​ငါ​တို့​အား ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​အ​နာ​ဂတ်​ဟော​စ​တမ်း ထုတ်​ခဲ့​ဖူး​ပါ​သ​နည်း။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​ဤ​သို့​မ​ဟော​ပြော ခဲ့ကြ။ ဟော​ပြော​သည်​ကို​ကြား​သူ​လည်း​တစ်​ယောက်​မျှ မ​ရှိ​ပါ​တ​ကား။
27 E shpalla i pari në Sion: “Shikoni, ja ku janë!”, dhe në Jeruzalem dërgova një lajmëtar me lajme të mira.
၂၇ဇိ​အုန်​မြို့​သ​တင်း​ကောင်း​ကို​ဦး​စွာ​ပ​ထ​မ ပြော​ကြား​သူ​မှာ​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​တည်း။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​တ​မန်​တစ်​ဦး​ကို စေ​လွှတ်​၍ ``သင်​တို့​၏​အ​မျိုး​သား​များ​သည်​ပြန်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ပြော​ကြား​စေ​ခဲ့​၏။
28 Shikova, por nuk kishte asnjë, vërtetë asnjë midis tyre që të dinte të jepte një këshillë, apo, i pyetur, mund të më jepte një përgjigje.
၂၈ငါ​သည်​ဘု​ရား​များ​ကို​ကြည့်​လိုက်​သော​အ​ခါ သူ​တို့​သည်​ငါ့​အား​စ​ကား​တစ်​ခွန်း​တစ်​လေ ကို​မျှ​မ​ပြော​ကြ။ ငါ​မေး​သည့်​မေး​ခွန်း​များ​ကို​လည်း​အ​ဘယ် သူ​မျှ ပြန်​၍​မ​ဖြေ​နိုင်​ကြ။
29 Ja, të gjithë këta janë kot; veprat e tyre janë një hiç dhe shtatoret e tyre janë erë dhe gjëra pa kurrfarë vlere”.
၂၉ထို​ဘု​ရား​အား​လုံး​ပင်​လျှင်​အ​ရာ​မ​ဝင်။ သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ သူ​တို့​၏​ရုပ်​တု​များ​သည်​လည်း​ချည့်​နဲ့​၍ တန်​ခိုး​မ​ရှိ​ကြ။''

< Isaia 41 >