< Isaia 24 >
1 Ja, Zoti zbras tokën dhe e bën të shkretë, prish faqen e saj dhe shpërndan banorët e saj.
၁ထာဝရဘုရားသည်ကမ္ဘာမြေကြီးကိုပျက် ပြုန်းစေတော်မူ၍ လူသူဆိတ်ငြိမ်ရာဖြစ်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ မျက်နှာပြင်ကိုတွန့်လိမ်စေ၍ လူတို့ကို ကွဲလွင့်စေတော်မူလိမ့်မည်။-
2 Do t’i ndodhë e njëjta gjë popullit ashtu si priftit, shërbëtorit ashtu si padronit të tij, shërbëtores ashtu si padrones së saj, blerësit ashtu si shitësit, ai që jep borxh ashtu si ai që merr borxh, huadhënësit ashtu si huamarrësit.
၂ယဇ်ပုရောဟိတ်နှင့်ပြည်သူ၊ ကျွန်နှင့်သခင်၊ ဝယ်သူနှင့်ရောင်းသူ၊ ချေးသူနှင့်ငှားသူ၊ ချမ်း သာသူနှင့်ဆင်းရဲသူ၊ ရှိရှိသမျှသောလူ တို့သည်ကံကြမ္မာတစ်မျိုးတစ်စားတည်း နှင့်ကြုံတွေ့ရကြလိမ့်မည်။-
3 Toka do të zbrazet plotësisht dhe do të plaçkitet plotësisht, sepse Zoti ka thënë këtë fjalë.
၃ကမ္ဘာမြေကြီးသည်ကစင့်ကလျားဖြစ်လျက် ယိုယွင်းပျက်စီးနေလိမ့်မည်။ ဤကားထာဝရ ဘုရား၏အမိန့်တော်ဖြစ်သဖြင့်ဤနည်း အတိုင်းပင်ဖြစ်ပျက်ရမည်သာတည်း။
4 Toka është në zi dhe vuan, bota po ligështohet dhe po meket, njerëzit me poste nga populli i dheut ligështohen.
၄ကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။-
5 Toka është përdhosur nga banorët e saj, sepse këta kanë shkelur ligjet, kanë ndryshuar statutin, kanë marrë nëpër këmbë besëlidhjen e përjetshme.
၅လူတို့သည်ဘုရားသခင်၏ပညတ်တရား တော်ကိုပစ်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ထာဝရပဋိညာဉ်တော်ကို ချိုးဖောက်ခြင်းအားဖြင့်လည်းကောင်း ကမ္ဘာ မြေကြီးကိုညစ်ညမ်းစေကြ၏။-
6 Prandaj një mallkim e ka përpirë tokën dhe banorët e saj janë të dëshpëruar; prandaj banorët e tokës po digjen dhe të pakët janë burrat që kanë mbetur.
၆ထို့ကြောင့်ဘုရားသခင်သည်ကမ္ဘာမြေကြီး ကိုကျိန်စာသင့်စေတော်မူ၏။ ကမ္ဘာသူကမ္ဘာ သားတို့သည်လည်းမိမိတို့ပြုခဲ့သည့်မ ကောင်းမှု၏အကျိုးဆက်ကိုခံယူရကြကုန် ၏။ အသက်မသေဘဲကျန်ရှိသူများသည် လည်းနည်းသည်ထက်နည်း၍လာတော့၏။-
7 Mushti është në zi, vreshti po prishet dhe gjithë zemërgëzuarit psherëtijnë.
၇စပျစ်ပင်တို့သည်ညှိုးနွမ်းသဖြင့်စပျစ် ရည်ရှားပါး၍လာလေသည်။ အခါတစ်ပါး ကကြည်လင်ရွှင်လန်းလျက်ရှိကြသူလူ အပေါင်းတို့သည် ယခုအခါစိတ်ညှိုး ငယ်လျက်နေကြ၏။-
8 Gëzimi i dajreve ka marrë fund, zhurma e dëfrimtarëve ka mbaruar, gëzimi i harpës pushoi.
၈သူတို့၏စောင်းများ၊ ပတ်သာများမှရွှင်ပျ ချိုသာသောသီချင်းသံသည်လည်း ဆိတ် သုဉ်းသွားလေပြီ။-
9 Nuk pihet më verë me këngë, pija dehëse është e hidhur për ata që e pijnë.
၉သူတို့သည်စပျစ်ရည်သောက်ကာသီချင်း များကိုမဆိုကြတော့ပေ။ အဘယ်သူမျှ စပျစ်ရည်၏အရသာကိုမခံစားကြ တော့ချေ။-
10 Qyteti i rrëmujës është shkatërruar; çdo shtëpi është e mbyllur që të mos hyjë njeri në të.
၁၀မြို့တွင်း၌အစစအရာရာကစင့်ကလျား ဖြစ်လျက်နေ၏။ လူတို့မဝင်နိုင်ရန်အိမ်တိုင်း ကိုလည်းပိတ်ထားကြ၏။-
11 Nëpër rrugë ka ankime, sepse nuk ka verë; çdo gëzim është zhdukur, hareja është zhdukur nga toka.
၁၁လူတို့သည်လမ်းများပေါ်တွင်ရပ်၍စပျစ် ရည်ကိုအော်ဟစ်တောင့်တလျက်နေကြ၏။ ဝမ်းမြောက်ရွှင်လန်းမှုကားထာဝစဉ်ကွယ် ပျောက်သွားတော့၏။ ယင်းကိုပြည်တွင်းမှ နှင်ထုတ်လိုက်ကြလေပြီ။-
12 Në qytet nuk mbetet gjë tjetër veç dëshpërimit, dhe porta është bërë copë-copë dhe është shkatërruar.
၁၂မြို့သည်ပျက်စီးယိုယွင်းလျက်ကျန်ခဲ့၏။ မြို့တံခါးများသည်လည်းကျိုးပျက်၍ သွားလေပြီ။-
13 Sepse në mes të dheut, midis popujve, do të ndodhë ashtu si kur shkunden ullinjtë, ashtu si kur mblidhen vilet e pavjela pas vjeljes.
၁၃ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံရှိသမျှတို့တွင် ဤနည်းအတိုင်းပင်ဖြစ်ပျက်ရလိမ့်မည်။ ဤသို့ဖြစ်ပျက်ရာအချိန်သည်သံလွင်သီး များကိုအပင်ရှိသမျှမှရိုက်ချလျက်၊ စပျစ်သီးအကြွင်းအကျန်များကိုလည်း စပျစ်နွယ်များမှဆွတ်ခူးပြီးသည့်အချိန်၊ သီးနှံများရိတ်သိမ်းမှုပြီးဆုံးရာကာလ နှင့်တူလိမ့်မည်။
14 Ata do të ngrenë zërin, do të lëshojnë klithma gëzimi, për madhështinë e Zotit do të brohorasin nga deti:
၁၄အသက်မသေဘဲကျန်ရှိကြသူတို့သည် ရွှင် လန်းဝမ်းမြောက်လျက်သီချင်းဆိုကြလိမ့် မည်။ အနောက်အရပ်မှလူတို့သည်ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုဖော်ပြ၍၊-
15 “Lëvdoni, pra, Zotin në krahinat e agimit, emrin e Zotit, Perëndinë e Izraelit në ishujt e detit!”.
၁၅အရှေ့အရပ်မှလူတို့ကကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။ ပင်လယ်ကမ်းခြေ တွင်နေထိုင်ကြသူတို့သည်လည်း ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားထောမနာပြုကြလိမ့်မည်။-
16 Nga skaji i tokës dëgjojmë këngë: “Lavdi të drejtit!”. Por unë them: “Mjerë unë! Mjerë unë! Vaj medet! Të pabesët veprojnë me pabesi, po, të pabesët veprojnë me pabesi të madhe.
၁၆ငါတို့သည်သူတော်ကောင်းတရားကျင့်သူ ဣသရေလအမျိုးသားတို့အား ကမ္ဘာရပ်စွန်း ရပ်ဖျားများမှချီးကူးကြသည့်သီချင်း သံများကိုကြားရကြလိမ့်မည်။ သို့ရာတွင်ငါသည်မျှော်လင့်ရာမဲ့ဖြစ်လျက် လုံးပါးပါး၍နေပါသည်တကား။ သစ္စာမဲ့ သူတို့သည်ဆက်လက်၍သစ္စာဖောက်လျက် ဆိုးရွားသည်ထက်ဆိုးရွား၍လာကြ၏။-
17 Tmerri, gropa dhe laku të kërcënojnë, o banor i dheut.
၁၇အို ကမ္ဘာသူကမ္ဘာသားတို့၊ ထိတ်လန့်ဖွယ်ရာ ဘေးဥပဒ်များ၊ မြေတွင်းများနှင့်ကျော့ကွင်း များသည်သင်တို့အားစောင့်မျှော်လျက်နေ ကြ၏။-
18 Dhe ka për të ndodhur që ai që do të ikë përballë britmës së tmerrit do të bjerë në gropë, dhe kush do të dalë nga gropa do të kapet nga laku. Sepse nga lart do të hapen ujëvara dhe themelet e dheut do të tronditen.
၁၈ထိတ်လန့်ဖွယ်ရာဘေးဥပဒ်မှလွတ်မြောက် ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ကျ လိမ့်မည်။ မြေတွင်းမှလွတ်မြောက်လာသူသည် ကျော့ကွင်းတွင်မိလိမ့်မည်။ ကောင်းကင်မှမိုး ကြီးသည်းထန်စွာရွာသွန်း၍ ကမ္ဘာမြေကြီး ၏အုတ်မြစ်များသည်တုန်လှုပ်လိမ့်မည်။-
19 Toka do të çahet e tëra; toka do të kriset tërësisht, toka do të dridhet me forcë.
၁၉ကမ္ဘာမြေကြီးသည်ကွဲအက်ကာကစင့် ကလျားဖြစ်လျက်နှစ်ခြမ်းပွင့်၍သွား လိမ့်မည်။-
20 Toka do të lëkundet si një i dehur, do të tronditet si një kasolle. Mëkati i saj rëndon mbi të, do të rrëzohet dhe nuk do të ngrihet më.
၂၀ကမ္ဘာမြေကြီးသည်လေမုန်တိုင်းမိသည့်တဲ ကဲ့သို့လည်းကောင်း၊ သေသောက်ကြူးသူကဲ့သို့ လည်းကောင်းယိမ်းယိုင်လျက်နေလိမ့်မည်။ ကမ္ဘာ လောကသည်အပြစ်ဝန်ထုပ်ပိလျက်နေ သဖြင့် ပြိုလဲသွားလိမ့်မည်။ နောက်တစ်ဖန် ပြန်၍ထနိုင်တော့မည်မဟုတ်။
21 Atë ditë do të ndodhë që Zoti do të dënojë ushtrinë që është atje lart, dhe poshtë mbi tokë mbretërit e dheut;
၂၁မိုးကောင်းကင်ကိုအစိုးရသည့်နတ်များ နှင့်လောကီဘုရင်တို့အား ထာဝရဘုရား အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။-
22 do të mblidhen bashkë si të burgosur në një burg të nëndheshëm; do të mbyllen në një burg dhe pas shumë ditësh do të ndëshkohen.
၂၂ဘုရားသခင်သည်ပြည်ရှင်မင်းတို့အား အကျဉ်းသမားများသဖွယ် တွင်းတစ်ခုတွင် ပြွတ်သိပ်၍ချုပ်နှောင်ထားတော်မူလိမ့်မည်။ အပြစ်ဒဏ်ခံရကြမည့်အချိန်မရောက် မချင်း သူတို့အားကိုယ်တော်သည်အကျဉ်း ချ၍ထားတော်မူလိမ့်မည်။-
23 Hënën do ta mbulojë rrëmuja dhe diellin turpi, sepse Zoti i ushtrive do të mbretërojë mbi malin e Sionit dhe në Jeruzalem, dhe lavdia e tij përpara pleqve.
၂၃အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။