< Isaia 17 >
1 Profecia kundër Damaskut. “Ja, Damasku do të pushojë së qëni një qytet dhe do të bëhet një grumbull gërmadhash.
၁ဤဗျာဒိတ်တော်သည်ဒမာသက်မြို့နှင့် သက်ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားက``ဒမာသက်မြို့သည်မြို့ အဖြစ်နှင့်ရပ်တည်နေတော့မည်မဟုတ်။ ယို ယွင်းပျက်စီးနေသည့်အဆောက်အဦးစု သာလျှင်ဖြစ်ပေတော့အံ့။-
2 Qytetet e Aroerit do të braktisen; do të bëhen kullota për kopetë që do të pushojnë aty pa i trembur askush.
၂ရှုရိမြို့များသည်လည်းထာဝစဉ်လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ ထိုမြို့တို့သည်သိုး များနှင့်ကျွဲနွားများ၏စားကျက်ဖြစ်လိမ့် မည်။ ထိုတိရစ္ဆာန်တို့အားမောင်းထုတ်မည့်သူ ရှိလိမ့်မည်မဟုတ်။-
3 Efraimit do t’i hiqet fortesa, Damaskut mbretëria; dhe pjesa tjetër e Sirisë do të jetë si lavdia e bijve të Izraelit”, thotë Zoti i ushtrive.
၃ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
4 “Atë ditë do të ndodhë që lavdia e Jakobit do të zhduket dhe shëndoshja e tepërt e trupit e tij do të konsumohet.
၄ထာဝရဘုရားက``ဣသရေလပြည်၏ ဘုန်းအသရေမှေးမှိန်ရာနေ့ရက်ကာလ ကျရောက်လာလိမ့်မည်။ ထိုပြည်သည်ကြွယ် ဝချမ်းသာရာမှဆင်းရဲနွမ်းပါး၍သွား လိမ့်မည်။-
5 Do të ndodhë ashtu si kur korrësi mbledh grurin dhe me krahun e tij pret kallinjtë; do të ndodhë ashtu si kur mblidhen kallinjtë në luginën e Refaimit;
၅ဣသရေလပြည်သည်အသီးအနှံများရိတ် သိမ်းထားသည့်လယ်ကွက်ကဲ့သို့လည်းကောင်း၊ အကုန်အစင်ကောက်သင်းကောက်ထားသည့် ရေဖိမ်ချိုင့်ဝှမ်းမှ လယ်ယာကဲ့သို့လည်း ကောင်းပြုတ်ပြုတ်ပြုန်း၍နေပေလိမ့်မည်။-
6 Do të mbeten disa vile për të mbledhur, ashtu si kur shkunden ullinjtë: dy apo tre ullinj në majë të degëve më të larta, katër ose pesë mbi degët më të ngarkuara”, thotë Zoti, Perëndia i Izraelit.
၆လူအနည်းငယ်သာလျှင်အသက်မသေဘဲ ကျန်ရှိခါ ဣသရေလသည်လည်းအသီးများ ကိုအကုန်အစင်ဆွတ်ခူးပြီးနောက် အပင် ထိပ်ဖျားတွင်နှစ်လုံးသုံးလုံးနှင့်အကိုင်းများ တွင် လေးငါးလုံးမျှသာကျန်ရှိသည့်သံလွင် ပင်နှင့်တူလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင် ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
7 Atë ditë njeriu do ta kthejë shikimin e tij në drejtim të Krijuesit të tij dhe sytë e tij do të shikojnë të Shenjtin e Izraelit.
၇ထိုနေ့ရက်ကာလကျရောက်လာသောအခါ၊ လူတို့သည်မိမိတို့အားကူမတော်မူရန် ဣသရေလအမျိုးသားတို့၏ သန့်ရှင်းတော် မူသောဘုရားသခင်တည်းဟူသောဖန်ဆင်း တော်မူရှင်ကိုဖူးမြော်ကြလိမ့်မည်။-
8 Nuk do të drejtohet më te altarët, vepër e duarve të tij dhe nuk do të shikojë më atë që kanë bërë gishtërinjtë e tij as te Asherimët dhe te altarët për temjan.
၈သူတို့သည်မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသည့် ယဇ်ပလ္လင်များကိုသော်လည်းကောင်း၊ အာရှရ နတ်သမီးအားဝတ်ပြုကိုးကွယ်ရန် မိမိလက် စွမ်းလက်စတံခွန်တိုင်များနှင့်နံ့သာပေါင်း မီးရှို့ရာယဇ်ပလ္လင်များကိုလည်းကောင်း ယုံ ကြည်ကိုးစားကြတော့မည်မဟုတ်။
9 Atë ditë qytetet e fortifikuara të tij do të jenë si një vend i braktisur në pyll ose si një degë e braktisur përpara bijve të Izraelit, dhe kjo do të jetë një shkretim.
၉ထိုနေ့ရက်ကျရောက်လာသောအခါ၊ အခိုင် အမာတံတိုင်းကာရံထားသည့်မြို့များသည် ဟိဝိနှင့်အာမောရိအမျိုးသားတို့သည် ဣသရေလအမျိုးသားများထံမှထွက်ပြေး ရာတွင် စွန့်ပစ်ထားခဲ့သည့်မြို့များကဲ့သို့လူ သူဆိတ်ငြိမ်ရာဖြစ်လျက်ပျက်စီးယိုယွင်း ၍နေလိမ့်မည်။
10 Sepse ke harruar Perëndinë e shpëtimit tënd dhe nuk je kujtuar për Shkëmbin e forcës sate, prandaj mbolle plantacione dhe i ke shartuar me shartesa të huaja.
၁၀အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
11 Ditën që i mbolle i rrethove me një gardh; në mëngjes mbijnë farat e tua, por vjelja do të jetë një tog rrënojash ditën e sëmundjes dhe të dhembjes së pashërueshme.
၁၁သို့သော်ထိုဥယျာဉ်များမှသစ်စေ့တို့သည် သင်စိုက်ပျိုးသည့်နေ့နံနက်၌ပင်အပင်ပေါက် ၍အပွင့်များပွင့်ကြသည်ဆိုစေကာမူ ယင်း တို့မှသင်သည်အသီးများကိုဆွတ်ခူးရလိမ့် မည်မဟုတ်။ ဆင်းရဲဒုက္ခနှင့်မပျောက်နိုင်သည့် ဝေဒနာကိုသာလျှင်ခံစားရလိမ့်မည်။
12 Ah, zhurma e një numri të madh popujsh, që zhurmojnë si gjëmimi i detit dhe si buçima e kombeve, zhurmojnë si buçima e ujërave të fuqishme!
၁၂တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
13 Kombet zhurmojnë si buçima e shumë ujërave, por Perëndia i kërcënon, dhe ata ikin larg, të shtyrë si byku i maleve përpara erës, si një dredhë pluhuri përpara shakullimës.
၁၃ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
14 Në mbrëmje, ja tmerri, dhe para mëngjesit nuk ka më asgjë. Kjo është pjesa e atyre që na plaçkitin, që na bëjnë pre.
၁၄သူတို့သည်လူတို့အားညဥ့်ဦးယံ၌ တုန်လှုပ် ချောက်ချားစေကြသော်လည်း မိုးသောက်ယံ၌ မရှိကြတော့ပါတကား။ ဤကားငါတို့ပြည် ကိုလုယက်တိုက်ခိုက်သူမှန်သမျှတို့၏ကံ ကြမ္မာပင်ဖြစ်လေသည်။