< Osea 7 >

1 “Kur dëshiroja të shëroja Izraelin, atëherë u zbulua paudhësia e Efraimit dhe ligësia e Samarisë, sepse veprojnë me falsitet: vjedhësi hyn, një bandë vjedhësish bën sulme jashtë.
ငါ​၏​လူ​တို့​အား​တစ်​ဖန်​ကြီး​ပွား​လာ​စေ​၍ ``ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​ရော​ဂါ​ကို​ပျောက် ကင်း​စေ​လို​သည့်​အ​ခါ​တိုင်း ငါ​သည်​သူ​တို့​၏ ဆိုး​ယုတ်​မှု​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​ကို​သာ​တွေ့ နေ​ရ​၏။ သူ​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် လှည့်​ဖြား​ကြ​၏။ အိမ်​များ​ထဲ​သို့​ဖောက်​ထွင်း ဝင်​ရောက်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​၏။ လမ်း​သွား​လမ်း​လာ​များ​ကို​လု​ယက်​ကြ​၏။-
2 Atyre nuk u shkon në mend që unë nuk e harroj gjithë ligësinë e tyre. Tani veprimet e tyre i rrethojnë nga çdo anë; ato qëndrojnë para fytyrës sime.
ငါ​သည်​သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မှတ်​သား​ထား​ကြောင်း​သူ​တို့​မ​ရိပ်​မိ​ကြ။ သူ​တို့​၏​အ​ပြစ်​များ​သည်​သူ​တို့​ကို​ဝိုင်း ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ့​ရှေ့​မှောက်​တွင် ထို​အ​ပြစ်​များ​သည်​ပေါ်​လွင်​ထင်​ရှား လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
3 Me ligësitë e tyre gëzojnë mbretin dhe me gënjeshtrat e tyre krerët e tyre.
ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​မိ​မိ​တို့ ၏​မ​ကောင်း​သော​ကြံ​စည်​မှု​များ​အား​ဖြင့် ဘု​ရင်​နှင့်​မင်း​မှု​ထမ်း​တို့​အား​လှည့်​စား ကြ​၏။-
4 Janë të gjithë shkelës të kurorës, si një furrë e ngrohur nga furrtari, që nuk e nxit më zjarrin mbasi ka brumosur miellin deri sa të vijë brumi.
သူ​တို့​အား​လုံး​သည်​သစ္စာ​ဖောက်​များ​ဖြစ် ကြ​၏။ မုန့်​ဖုတ်​သူ​သည်​မုန့်​ညက်​စိမ်း​အ​ဆင် သင့်​မ​ဖြစ်​မီ​မီး​ကို​မ​ဆွ​သ​ကဲ့​သို့ ထို​သူ တို့​၏​မုန်း​တီး​စိတ်​သည်​မုန့်​ဖို​ထဲ​ရှိ​ထို​မီး ကဲ့​သို့​တစ်​အုံ​နွေး​နွေး​ဖြစ်​၏။-
5 Në ditën e mbretit tonë, krerët e kanë bërë të sëmuret afshin e verës; mbreti u ka shtrirë dorën tallësve.
ဘု​ရင်​ပွဲ​ခံ​သော​နေ့​တွင်​ဘု​ရင်​နှင့်​မင်း​မှု ထမ်း​တို့​ကို​စ​ပျစ်​ရည်​တိုက်​၍​ယစ်​မူး​၍ ရူး​သွပ်​စေ​ကြ​၏။-
6 Ndërsa rrinë në pritë, ata e përgatitin zemrën e tyre si një furrë; furrtari i tyre fle tërë natën, dhe në mëngjes furra e tyre të djeg me një zjarr flakërues.
သူ​တို့​သည်​မုန့်​ဖို​မီး​ကဲ့​သို့​ပုန်​ကန်​လို​သော စိတ်၊ တောက်​လောင်​လျက်​ရှိ​ကြ​၏။ တစ်​ည​လုံး သူ​တို့​၏​အ​မျက်​ဒေါ​သ​စိတ်​သည်​တ​ငွေ့ ငွေ့​လောင်​လျက်​ရှိ​၏။ နံ​နက်​သို့​ရောက်​လျှင် မီး​ထ​တောက်​လေ​၏။
7 Të gjithë janë të zjarrtë si një furrë dhe i hanë gjykatësit e tyre; gjithë mbretërit e tyre kanë rënë, por asnjë prej tyre nuk më kërkon.
``သူ​တို့​သည်​ပူ​ပြင်း​သော​ဒေါ​သ​စိတ်​မွှန်​၍ အုပ်​ချုပ်​သူ​များ​ကို​သတ်​ကြ​၏။ သူ​တို့​သည် ဘု​ရင်​များ​ကို​တစ်​ပါး​ပြီး​တစ်​ပါး​လုပ်​ကြံ သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​မည်​သူ​က​မျှ ငါ့​ထံ​သို့​ကူ​မ​ရန်​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ကြ'' ဟု​မိန့်​တော်​မူ​၏။
8 Efraimi përzihet me popujt, Efraimi është një kulaç i pakthyer.
ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ဝက်​သာ​ကျက်​သော​မုန့်​နှင့်​တူ​၏။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​နိုင်​ငံ​များ ကို​အား​ကိုး​ကြ​၏။-
9 Të huajt gllabërojnë forcën e tij, por ai nuk e vë re; po flokët e kokës kanë ngjyrë të përhime, por ai nuk i vë re.
အ​ခြား​နိုင်​ငံ​များ​ကို​အား​ကိုး​ခြင်း​ကြောင့် ထို​နိုင်​ငံ​တို့​၏​သွေး​စုတ်​ခြင်း​ကို​ခံ​ရ​ကြောင်း သူ​တို့​မ​သိ။ သူ​တို့​၏​နိုင်​ငံ​သည်​ပျက်​သုဉ်း ချိန်​နီး​သော်​လည်း​သူ​တို့​မ​သိ​ကြ။-
10 Kryelartësia e Izraelit dëshmon kundër tij, sepse ata nuk kthehen tek Zoti, Perëndia i tyre, nuk e kërkojnë megjithëatë.
၁၀ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​၏​တစ်​ဖက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည်​ဤ​အ​မှု အ​ရာ​တို့​နှင့်​တွေ့​ကြုံ​ခဲ့​ရ​သော်​လည်း​သူ တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​၍​မ​လာ​ကြ။-
11 Efraimi është një pëllumbeshë budallaçkë, pa mend; ata thërresin Egjiptin, shkojnë në Asiri.
၁၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟို​ပျံ သည်​ပျံ​နှင့်​ဉာဏ်​ကင်း​မဲ့​သည့် အ​လွယ်​တ​ကူ လှည့်​ဖြား​၍​ရ​သော​ချိုး​ငှက်​ကဲ့​သို့​ဖြစ်​၏။ ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​အီ​ဂျစ်​ပြည် မှ​အ​ကူ​အ​ညီ​တောင်း​ခံ​၏။ ထို့​နောက် အာ​ရှု​ရိ​သို့​ပြေး​၍​အ​ကူ​အ​ညီ တောင်း​၏။-
12 Ndërsa shkojnë, do të shtrij mbi ta rrjetën time dhe do t’i bëj që të rrëzohen si zogjtë e qiellit; do t’i ndëshkoj, siç u paralajmërua në asamblenë e tyre.
၁၂သို့​ရာ​တွင်​အ​ကူ​အ​ညီ​တောင်း​ရန်​သွား​နေ စဉ်​ငှက်​များ​ကို​ပိုက်​အုပ်​၍​ဖမ်း​သ​ကဲ့​သို့ ငါ​သည်​သူ​တို့​ကို​ဖမ်း​မည်။ သူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​အ​တွက်​ငါ​သည်​သူ​တို့​အား​ဒဏ် ခတ်​မည်။
13 Mjerë ata, sepse janë larguar prej meje! Shkatërrim për ta, sepse janë rebeluar kundër meje! Unë do të doja t’i shpengoja, por ata thonë gënjeshtra kundër meje.
၁၃``သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ ရ​ပြီ။ ငါ့​ကို​စွန့်​ခွာ​၍​ပုန်​ကန်​ကြ​ပြီ။ သို့ ဖြစ်​၍​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​လိမ့် မည်။ ငါ​သည်​သူ​တို့​ကို​ကယ်​တင်​လို​သော် လည်း​သူ​တို့​သည်​ငါ့​အား​မှန်​သော​ကိုး ကွယ်​မှု​မ​ပြု​ကြ၊ လိမ်​လည်​လှည့်​ဖြား ကြ​၏။-
14 Ata nuk më thërresin me zemrën e tyre, por ankohen në shtratin e tyre. Mblidhen bashkë për grurin dhe verën dhe rebelohen kundër meje.
၁၄သူ​တို့​သည်​အ​မှန်​တ​ကယ်​ယုံ​ကြည်​စိတ် ဖြင့်​ဆု​မ​တောင်း​ကြ။ ကိုယ်​ကို​လှဲ​ချ​၍​ဟစ် အော်​မြည်​တမ်း​ကြ​၏။ သူ​တို့​သည်​ဆန်​စ​ပါး နှင့်​စ​ပျစ်​ရည်​ရ​ရှိ​ရန်​ဆု​တောင်း​သော​အ​ခါ ရုပ်​တု​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့​မိ​မိ​ကိုယ်​ကို အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ​တောင်း​တတ်​ကြ ၏။ သူ​တို့​သည်​ငါ့​အား​ပုန်​ကန်​ကြ​ပြီ တ​ကား။-
15 Megjithëse i kam dënuar dhe kam përforcuar krahët e tyre, ata thurin të keqen kundër meje.
၁၅ငါ​သည်​သူ​တို့​ကို​ပြု​စု​စောင့်​ရှောက်​၍​ခွန် အား​ကြီး​လာ​စေ​သော်​လည်း​သူ​တို့​သည် ငါ့​အား​တော်​လှန်​ပုန်​ကန်​ကြ​၏။-
16 Ata kthehen, por jo te Shumë i Larti; janë si një hark që gabon; krerët e tyre do të bien nga shpata për shkak të tërbimit të gjuhës së tyre; kjo do t’i bëjë qesharakë në vendin e Egjiptit”.
၁၆သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။

< Osea 7 >