< Hebrenjve 13 >
1 Dashuria vëllazërore le të mbetet.
၁သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့် တစ်ဦးကိုတစ်ဦးချစ်မြဲချစ်ကြလော့။-
2 Mos harroni mikpritjen, sepse disa duke e praktikuar e priten pa ditur engjëj!
၂ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
3 Kujtoni të burgosurit si të ishit të lidhur bashkë me ta, dhe ata që keqtrajtohen, sepse edhe ju vetë jeni në trup.
၃သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။
4 Martesa të nderohet nga të gjithë dhe shtrati martesor i papërlyer, sepse Perëndia do të gjykojë kurvarët dhe kurorëshkelësit.
၄ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။
5 Sjellja juaj të jetë pa lakmi paraje dhe kënaquni me atë që keni, sepse vetë Perëndia ka thënë: “Nuk do të të lë, nuk do të të braktis”.
၅သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-
6 Kështu mund të themi, me plot besim: “Perëndia është ndihmuesi im dhe unë nuk do të kem frikë; ç’do të më bëjë njeriu?”.
၆ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။
7 Kujtoni të parët tuaj, që ju shpallën fjalën e Perëndisë dhe, duke çmuar rezultatin e sjelljes së tyre, merrni si shembull besimin e tyre.
၇သင်တို့အားဘုရားသခင်၏တရားတော်ကို ဟောပြောခဲ့သောသင်တို့၏ခေါင်းဆောင်များ ကိုသတိရကြလော့။ သူတို့အဘယ်သို့ပြု မူနေထိုင်ခဲ့သည်၊ အဘယ်သို့သေလွန်သွား ကြသည်ကိုဆင်ခြင်စဉ်းစားကြပြီးနောက် သူတို့ယုံကြည်ခြင်းကိုအတုယူကြလော့။-
8 Krishti është i njëjtë dje, sot e përjetë. (aiōn )
၈ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။- (aiōn )
9 Mos e lëshoni veten aty e këtu prej doktrinah të ndryshme dhe të huaja, sepse është mirë që zemra juaj të forcohet me anë të hirit dhe jo prej ushqimit, të cilat nuk u dhanë asnjë dobi atyre aq sa ecën.
၉သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။
10 Ne kemi një altar prej të cilit nuk kanë të drejtë të hanë ata që i shërbejnë tabernakullit.
၁၀ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။-
11 Sepse trupat e atyre kafshëve, gjaku i të cilave është sjellë prej kryepriftit në shenjtëroren për mëkatin, digjen jashtë fushës.
၁၁ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။-
12 Prandaj edhe Jezusi, për të shenjtëruar popullin me gjakun e vet, pësoi jashtë derës (së qytetit)
၁၂ဤအကြောင်းကြောင့်သခင်ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့၏အပြစ် ဒုစရိုက်များကိုဆေးကြောပေးနိုင်ရန်မြို့ တံခါး၏အပြင်ဘက်၌အသေခံတော်မူ၏။-
13 Le të dalim, pra, drejt tij jashtë fushës, duke bartur poshtërimin e tij.
၁၃သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ရှိရာစခန်း အပြင်သို့သွား၍ ကိုယ်တော်နှင့်အတူကဲ့ရဲ့ ရှုတ်ချခြင်းကိုခံကြကုန်အံ့။-
14 Sepse nuk kemi këtu qytet të përhershëm, por kërkojmë atë që ka për të ardhur.
၁၄အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။-
15 Me anë të tij, pra, le t’i ofrojmë vazhdimisht Perëndisë një flijim lavdie, domethënë frytin e buzëve që rrëfejnë emrin e tij.
၁၅သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။-
16 Dhe mos harroni bamirësinë dhe t’u jepni ndihmë të tjerëve, sepse Perëndisë i pëlqejnë flijime të tilla.
၁၆သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။
17 Dëgjoni të parët tuaj dhe nënshtrohuni atyre, sepse ata rrijnë zgjuar për shpirtërat tuaj, si ata që duhet të japin llogari; që ta bëjnë këtë me gëzim dhe jo me psheretima, sepse kjo nuk do t’ju sillte dobi.
၁၇သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။
18 Lutuni për ne, sepse ne besojmë se kemi ndërgjegje të mirë, duke dashur të sillemi mirë në çdo gjë.
၁၈ငါတို့အတွက်ဆက်လက်ဆုတောင်းနေကြ လော့။ ငါတို့သည်မိမိတို့၏သြတ္တပ္ပစိတ် ကြည်လင်သည်ကိုအသေအချာသိ၏။ အဘယ်ကြောင့်ဆိုသော်ငါတို့သည်အခါ ခပ်သိမ်းမှန်ရာကိုသာပြုလုပ်ရန်ဆန္ဒရှိ ကြသောကြောင့်ဖြစ်၏။-
19 Dhe ju bëj thirrje edhe më shumë ta bëni këtë, që unë të kthehem te ju sa më parë.
၁၉ဘုရားသခင်သည်မကြာမီငါ့အားသင် တို့ထံသို့ပြန်လည်ပို့ဆောင်ပေးတော်မူစေ ရန်ဆုတောင်းကြပါလော့ဟုသင်တို့အား အထူးမေတ္တာရပ်ခံပါ၏။
20 Dhe Perëndia e paqes, që e ngriti nga të vdekurit, me anë të gjakut të Besëlidhjes së amshuar, Bariun e madh të dhënve, Perëndinë tonë Jezu Krisht, (aiōnios )
၂၀အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ (aiōnios )
21 ju bëftë të përsosur për çdo vepër të mirë, që të kryeni vullnetin e tij, duke punuar te ju atë që është e pëlqyer përpara tij, me anë të Jezu Krishtit, të cilit i qoftë lavdi në shekuj të shekujve. Amen. (aiōn )
၂၁ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။ (aiōn )
22 Dhe ju lutem, o vëllezër, ta mbani këtë fjalë këshillimi, sepse ju shkrova shkurt.
၂၂ညီအစ်ကိုတို့၊ ဤအားပေးတိုက်တွန်းချက် ကိုသည်းခံလျက်နာယူကြရန်သင်တို့ အားငါတောင်းပန်၏။ ယခုသင်တို့ထံသို့ ငါရေးလိုက်သောစာသည်များစွာမရှည် ပါ။-
23 Ta dini se vëllai Timoteu u lirua nga burgu. Nëse mbërrin së shpejti, unë do të vij te ju bashkë me të.
၂၃ငါတို့၏ညီတိမောသေသည် အကျဉ်းထောင်မှ လွတ်၍လာပြီဖြစ်ကြောင်းသင်တို့အားသိစေ လို၏။ အကယ်၍သူသည်ငါ့ထံသို့အချိန်မီ ရောက်ရှိလာပါက သင်တို့နှင့်တွေ့ဆုံရန်ငါ လာသောအခါသူ့ကိုခေါ်ခဲ့ပါမည်။
24 Përshëndetni të gjithë të parët tuaj dhe gjithë shenjtorët! Ju përshëndesin ata të Italisë.
၂၄သင်တို့၏ခေါင်းဆောင်အပေါင်းနှင့်ဘုရား သခင်၏လူစုတော်ဝင်ရှိသမျှတို့အား နှုတ်ဆက်လိုက်ကြောင်းပြောပြပါလော့။ အီတလီပြည်မှညီအစ်ကိုတို့ကလည်း သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
25 Hiri qoftë mbi ju të gjithë! Amen.
၂၅ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသတည်း။ ဟေဗြဲသြဝါဒစာပြီး၏။