< Eksodi 34 >

1 Zoti i tha Moisiut: “Preji dy pllaka guri ashtu si të parat; dhe unë do të shkruaj mbi pllakat fjalët që ishin mbi pllakat e para që theve.
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ပ​ထ​မ ကျောက်​ပြား​များ​နှင့်​တူ​သော​ကျောက်​ပြား နှစ်​ချပ်​ကို​ဆစ်​လော့။ သင့်​ကြောင့်​ကျိုး​သွား သော​ယ​ခင်​ကျောက်​ပြား​များ​ပေါ်​တွင် ရေး ထိုး​ခဲ့​သည့်​ကမ္ပည်း​စာ​အ​တိုင်း​ငါ​သည်​ဤ ကျောက်​ပြား​များ​ပေါ်​၌​ရေး​ထိုး​မည်။-
2 Kështu ji gati në mëngjes dhe ngjitu në mëngjes në malin Sinai, dhe qëndro aty afër meje në majë të malit.
နက်​ဖြန်​နံ​နက်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ရန် သိ​နာ​တောင်​ထိပ်​ပေါ်​သို့​တက်​လာ​လော့။-
3 Askush të mos ngjitet bashkë me ty dhe të mos duket asnjeri në tërë malin; as kope me bagëti të imët a të trashë përreth këtij mali”.
သင်​နှင့်​အ​တူ​မည်​သူ​မျှ​တောင်​ပေါ်​သို့ မ​တက်​ရ။ တစ်​တောင်​လုံး​တွင်​လူ​မ​ရှိ​စေ ရ။ တောင်​ခြေ​၌​သိုး​နွား​များ​ကို​မ ကျောင်း​ရ'' ဟု​မိန့်​တော်​မူ​၏။-
4 Kështu Moisiu preu dy pllaka guri, si të parat; u ngrit herët në mëngjes dhe u ngjit në malin Sinai ashtu siç e kishte urdhëruar Zoti, dhe mori në dorë të dyja pllakat prej guri.
ထို့​ကြောင့်​မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ကျောက်​ပြား​နှစ်​ချပ်​ကို ဆစ်​ပြီး​လျှင်၊ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်၊ ကျောက်​ပြား​များ​ကို​ကိုင်​ဆောင်​လျက် သိ​နာ​တောင်​ပေါ်​သို့​တက်​လေ​၏။
5 Atëherë Zoti zbriti në renë dhe u ndal aty pranë tij, dhe shpalli emrin e Zotit.
ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုက်​ဖြင့်​ကြွ ဆင်း​လာ​၍၊ မော​ရှေ​အ​နီး​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​တော်​ကို ထုတ်​ဖော်​မြွက်​ကြား​တော်​မူ​၏။-
6 Dhe Zoti kaloi pranë tij dhe thirri: “Zoti, Perëndia i përjetshëm, i mëshirshëm dhe i dhembshur, i ngadalshëm në zemërim, i pasur në mirësi dhe në besnikëri,
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။-
7 që përdor mëshirën për mijëra njerëz, që fal padrejtësinë, shkeljet dhe mëkatin por nuk e lë të pandëshkuar fajtorin, dhe që viziton padrejtësinë e etërve mbi bijtë dhe mbi bijtë e bijve deri në brezin e tretë dhe të katërt”.
ငါ​သည်​ထောင်​သောင်း​မ​က​များ​ပြား​သော အ​မျိုး​အ​စဉ်​အ​ဆက်​တို့​အား ငါ​၏​က​တိ သစ္စာ​ကို​တည်​စေ​မည်။ ငါ​သည်​ဒု​စ​ရိုက်​နှင့် အ​ပြစ်​တို့​အ​တွက်​လူ​တို့​အား​အ​ပြစ်​လွှတ် မည်။ သို့​ရာ​တွင်​မိ​ဘ​တို့​၏​အ​ပြစ်​ကို​သား စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တုတ္ထ အ​ဆက်​သို့​တိုင်​အောင်​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
8 Dhe Moisiu nxitoi të përkulet deri në tokë, dhe adhuroi.
မော​ရှေ​သည်​ချက်​ချင်း​ဦး​ညွှတ်​ရှိ​ခိုး​လျက်၊-
9 Pastaj tha: “O Perëndi, në rast se kam gjetur hir në sytë e tu, eja në mes nesh, sepse ky është një popull me qafë të fortë; na fal padrejtësinë tonë dhe mëkatin tonë, dhe na merr si trashëgiminë tënde”.
``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။
10 Zoti u përgjigj: “Ja, unë po bëj një besëlidhje: Do të bëj para gjithë popullit mrekulli, që nuk janë bërë kurrë mbi të gjithë dheun dhe në asnjë komb tjetër; dhe tërë populli në mes të të cilit
၁၀ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယ​ခု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု မည်။ ငါ​သည်​သူ​တို့​၏​မျက်​မှောက်​တွင်​ကမ္ဘာ​ပေါ် ရှိ​မည်​သည့်​နိုင်​ငံ​တွင်​မျှ​မ​ပြု​ဘူး​သော​ကြီး မား​သော​အ​ရာ​များ​ကို​ငါ​ပြု​မည်။ ငါ​ထာ​ဝရ ဘု​ရား​သည်​ကြီး​မား​သော​အ​ရာ​များ​ကို​ပြု နိုင်​ကြောင်း​လူ​အ​ပေါင်း​တို့​မြင်​ကြ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့ အ​တွက်​ကြောက်​မက်​ဖွယ်​ရာ​အ​မှု​ကို ပြု​မည်။-
11 Kqyr atë që po të urdhëroj sot: Ja unë do t’i dëboj para teje Amorejtë, Kananejtë, Hitejtë, Perezejtë, Hivejtë dhe Jebusejtë.
၁၁ယ​နေ့​သင့်​အား​ငါ​ပေး​မည့်​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ ငါ​သည်​သင်​တို့​ချီ​တက်​ရာ လမ်း​ကြောင်း​မှ​အာ​မော​ရိ​အ​မျိုး​သား၊ ခါ နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​မည်။-
12 Ruhu se bën ndonjë aleancë me banorët e vendit në të cilin ke për të vajtur, me qëllim që të mos jetë një grackë për ty;
၁၂သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​မည့်​ပြည်​သား​တို့ နှင့်​မ​ဟာ​မိတ်​မ​ဖွဲ့​ရန်​သ​တိ​ပြု​လော့။ ထို သို့​ပြု​လုပ်​လျှင် သင်​တို့​သည်​သူ​တို့​၏ ထောင်​ချောက်​တွင်း​သို့​ကျ​လိမ့်​မည်။-
13 por rrëzo altarët e tyre, copëto shtyllat e tyre të shenjta dhe rrëzo shëmbëlltyrat e tyre,
၁၃သင်​တို့​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို ဖျက်​ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ ကို​ဖျက်​ဆီး​ရ​မည်။ သူ​တို့​၏​အာ​ရှ​ရ​ဘု​ရား မ​သစ်​တိုင်​များ​ကို​ခုတ်​လှဲ​ရ​မည်။
14 (sepse nuk do t’i përulesh një perëndi tjetër, sepse Zoti, emri i të cilit është “Xhelozi”, është një Perëndi xheloz).
၁၄``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြိုင်​ဖက်​ကို​လက် မ​ခံ​သော​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည် အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး​ကွယ်​ရ။-
15 Mos bëj asnjë aleancë me banorët e vendit sepse, kur ata kurvërohen te idhujt e tyre dhe ofrojnë fli idhujve të tyre, ndokush prej tyre të fton dhe ti ha nga flitë e tyre,
၁၅သင်​တို့​သည်​ထို​ပြည်​သား​တို့​နှင့်​မ​ဟာ​မိတ် မ​ဖွဲ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်၊ သူ​တို့​သည် သူ​တို့​၏​ဘု​ရား​များ​အား​ရှိ​ခိုး​ပူ​ဇော်​သော အ​ခါ သင်​တို့​ဖိတ်​ခေါ်​သ​ဖြင့်၊ သူ​တို့​၏​ဘု​ရား များ​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​ကို​သင် တို့​စား​မိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
16 dhe merr nga bijat e tyre për bijtë e tu, dhe vajzat e tyre të kurvërohen te idhujt e tyre dhe t’i shtyjnë bijtë e tu të kurvërohen te idhujt e tyre.
၁၆သင်​တို့​၏​သား​များ​သည်​ထို​ပြည်​ရှိ​အ​မျိုး သ​မီး​များ​ကို​ထိမ်း​မြား​မိ​သ​ဖြင့်၊ ထို​အ​မျိုး သ​မီး​တို့​သည်​ငါ့​ကို​စွန့်​၍ သူ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​ရန်၊ သင်​တို့​၏​သား​များ ကို​ဖြား​ယောင်း​ကြ​လိမ့်​မည်။
17 Nuk do të bësh idhull me metal të shkrirë.
၁၇``သတ္တု​ဖြင့်​သွန်း​သော​ဘု​ရား​များ​ပြု​လုပ်​၍​ရှိ မ​ခိုး​ရ။
18 Do të kremtosh festën e të ndormeve. Shtatë ditë me radhë do të hash bukë pa maja, ashtu siç të kam urdhëruar në kohën e caktuar, në muajin e Abibit, sepse në muajin e Abibit ti ke dalë nga Egjipti.
၁၈``တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ သင် တို့​သည်​အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ခဲ့​ရ​သော​ကြောင့်၊ ထို​လ​၌ ငါ​ပ​ညတ်​သည့်​အ​တိုင်း​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။
19 Kushdo që çel barkun është imi; është imja çdo pjellë e parë mashkull të të gjithë bagëtisë sate, qoftë e trashë ose e imët.
၁၉``သင်​တို့​တွင်​သား​ဦး​ဟူ​သ​မျှ​နှင့်​သိုး​နွား​မှ စ​သော တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ပေါက်​ဟူ​သ​မျှ တို့​ကို​ငါ​ပိုင်​၏။-
20 Do të shpengosh me një qengj pjellën e parë mashkull të gomarit; po të jetë se nuk do ta shpengosh, do t’i thyesh qafën. Do të shpengosh edhe çdo të parëlindur të bijve të tu. Asnjeri nuk do të paraqitet para meje duarbosh.
၂၀သို့​ရာ​တွင်​မြည်း​သား​ဦး​ပေါက်​ကို​သိုး​တစ် ကောင်​နှင့်​အ​စား​ထိုး​၍​ရွေး​ယူ​ရ​မည်။ မ​ရွေး ယူ​လို​လျှင်​မြည်း​၏​လည်​ပင်း​ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ဟူ​သ​မျှ​တို့​ကို​ရွေး​ယူ ရ​မည်။ ``မည်​သူ​မျှ​ပူ​ဇော်​သကာ​မ​ပါ​ဘဲ​နှင့်​ငါ့​ထံ သို့​မ​ဝင်​ရ။
21 Do të punosh gjashtë ditë; por ditën e shtatë do të pushosh: do të pushosh edhe në kohën e lërimit dhe të korrjes.
၂၁``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။
22 Do të kremtosh festën e javëve, domethënë, të prodhimit të parë të korrjes së grurit dhe festën e të vjelave në fund të vitit.
၂၂``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။
23 Tri herë në vit do të paraqitet çdo mashkull i juaj para Perëndisë, Zotit, Perëndisë të Izraelit.
၂၃``သင်​တို့​၏​အ​မျိုး​သား​အား​လုံး​တို့​သည်​တစ် နှစ်​လျှင်​သုံး​ကြိမ် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝရ​ဘု​ရား​ထံ​ချဉ်း ကပ်​၍​ဝတ်​ပြု​ရ​မည်။-
24 Sepse unë do të dëboj kombe para teje dhe do të zgjeroj kufijtë e tu, dhe askush nuk do të dëshirojë vendin tënd, kur do të ngjitesh tri herë në vit, për të dalë përpara Zotit, Perëndisë tënd.
၂၄ငါ​သည်​အ​ခြား​လူ​မျိုး​များ​ကို​သင်​တို့​ချီ တက်​ရာ​လမ်း​ကြောင်း​မှ​နှင်​ထုတ်​၍ သင်​တို့​၏ နယ်​မြေ​ကို​တိုး​ချဲ့​ပြီး​သည့်​အ​ခါ​သင်​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ပွဲ​တော်​ကြီး​သုံး​ခု​ကျင်း​ပ​နေ​ချိန်​အ​တွင်း၊ မည်​သည့်​ရန်​သူ​မျှ​သင်​တို့​ကို​မ​တိုက်​ခိုက် စေ​ရ။
25 Nuk do të ofrosh me bukë të mbrujtur gjakun e viktimës së flijuar për mua; flia e festës së Pashkës nuk do të lihet deri në mëngjes.
၂၅``ငါ့​အား​ပူ​ဇော်​သည့်​အ​ခါ၊ ယဇ်​ကောင်​နှင့် အ​တူ ဆက်​သ​သော​မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ ပ​သ​ခါ​ပွဲ​တော်​အ​တွက်​သတ်​သော​တိ​ရစ္ဆာန် ၏​အ​သား​ကို​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း ကျန်​စေ​ရ။
26 Do të çosh në shtëpinë e Zotit, Perëndisë tënd, prodhimet e para të fryteve të tokës sate. Nuk do ta gatuash kecin në qumështin e nënës së tij”.
၂၆``နှစ်​စဉ်​သင်​တို့​၏​လယ်​မြေ​မှ​အ​ဦး​သီး သော​အ​သီး​အ​နှံ​ကို၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်​သို့​ယူ ဆောင်​ဆက်​သ​ရ​ကြ​မည်။ ``သိုး​ငယ်၊ ဆိတ်​ငယ်​၏​အ​သား​ကို အ​မိ​နို့​ရည် ၌​မ​ချက်​ပြုတ်​ရ'' ဟု​မိန့်​တော်​မူ​၏။
27 Pastaj Zoti i tha Moisiut: “Shkruaji këto fjalë, sepse mbi bazën e këtyre fjalëve kam përfunduar një aleancë me ty dhe me Izraelin”.
၂၇ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ဤ​ပ​ညတ် များ​ကို​ရေး​ထား​လော့။ ငါ​သည်​သင်​နှင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း ကောင်း ဤ​ပ​ညတ်​များ​အ​တိုင်း​ပ​ဋိ​ညာဉ် ပြု​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
28 Kështu Moisiu mbeti aty me Zotin dyzet ditë dhe dyzet net; nuk hëngri bukë as piu ujë. Dhe Zoti shkroi mbi pllakat fjalët e besëlidhjes, dhjetë urdhërimet.
၂၈မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။
29 Por Moisiu, kur zbriti nga mali i Sinait (duke zbritur nga mali Moisiu kishte në dorë dy pllakat e dëshmisë), nuk e dinte që lëkura e fytyrës së tij qe bërë rrëzëllyese, sepse kishte qenë të fliste me Zotin.
၂၉မော​ရှေ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ချပ် ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ဆင်း​လာ​သော​အ​ခါ၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​စ​ကား​ပြော​ခဲ့​ရ သ​ဖြင့်​သူ​၏​မျက်​နှာ​တောက်​ပ​လျက်​ရှိ​၏။ သို့ ရာ​တွင်​သူ​ကိုယ်​တိုင်​မ​သိ။-
30 Kështu, kur Aaroni dhe tërë bijtë e Izraelit panë Moisiun, ja, që lëkura e fytyrës së tij ishte rrëzëllyese dhe ata kishin frikë t’i afroheshin atij.
၃၀အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မော​ရှေ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို တွေ့​မြင်​ရ​သော​အ​ခါ၊ သူ​၏​အ​နား​သို့​မ​ချဉ်း ကပ်​ဝံ့​ကြ​ချေ။-
31 Por Moisiu i thirri dhe Aaroni dhe tërë krerët e asamblesë u rikthyen tek ai, dhe Moisiu u foli atyre.
၃၁သို့​သော်​မော​ရှေ​က​အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို​ခေါ် သ​ဖြင့်၊ သူ​တို့​သည်​မော​ရှေ​ထံ​သို့​ချဉ်း​ကပ် လာ​ကြ​၏။ မော​ရှေ​သည်​လည်း​သူ​တို့​နှင့် စ​ကား​ပြော​လေ​၏။-
32 Pastaj, tërë bijtë e Izraelit u afruan, dhe ai i urdhëroi të bënin të gjitha ato që Zoti i kishte thënë në malin Sinai.
၃၂ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​ကြ ၏။ ထို​အ​ခါ​မော​ရှေ​သည်​သိ​နာ​တောင်​ပေါ်​၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​ပ​ညတ် အား​လုံး​ကို​သူ​တို့​အား​ဆင့်​ဆို​လေ​၏။-
33 Mbasi Moisiu mbaroi së foluri me ta, vuri një vel mbi fytyrën e tij.
၃၃သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စ​ကား​ပြော​ဆို​ပြီး​သော​အ​ခါ၊ သူ​၏ မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​လေ​၏။-
34 Por kur Moisiu hynte përpara Zotit për të biseduar me atë, hiqte velin deri sa të dilte jashtë; duke dalë jashtë, u tregonte bijve të Izraelit ato që e kishin urdhëruar të bënte.
၃၄မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​နှင့်​စ​ကား​ပြော ရန်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ထဲ​သို့​ဝင်​သည့်​အ​ခါ​တိုင်း​ပ​ဝါ​ကို​ချွတ် ထား​လေ့​ရှိ​၏။ ပြန်​ထွက်​လာ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​မိန့်​ကြား​သ​မျှ​ကို​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လေ့​ရှိ​၏။-
35 Bijtë e Izraelit, duke parë fytyrën e Moisiut, shihnin se lëkura e tij rrëzëllente; pastaj Moisiu vinte përsëri velin mbi fytyrën e tij, deri sa hynte të fliste me Zotin.
၃၅ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို​မြင်​ကြ ၏။ ထို့​ကြောင့်၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် စကား​ပြော​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ချိန် အ​ထိ​သူ​၏​မျက်​နှာ​ကို​ပဝါ​ဖြင့်​ဖုံး​အုပ် ထား​လေ့​ရှိ​သည်။

< Eksodi 34 >