< Eksodi 15 >

1 Atëherë Moisiu dhe bijtë e Izraelit i kënduan këtë kantik Zotit dhe folën duke thënë: “Unë do t’i këndoj Zotit, sepse u lartësua shumë; hodhi në det kuaj dhe kalorës.
ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​အောက်​ပါ ထော​မ​နာ​ပြု​သီ​ချင်း​ကို​ဆို​ကြ​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​ရ ပြီ​ဖြစ်​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ​ပြု ပါ​မည်။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ။
2 Zoti është forca ime dhe kantiku im, ka qënë shpëtimi im. Ky është Perëndia im, unë do ta përlëvdoj; është Perëndia i atit tim, unë do ta lartësoj.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ခွန်​အား​ကြီး​သော အ​ကာ​အ​ကွယ်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​သည်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို ကူး​ရင့်​သီ​ဆို​ပါ​မည်။
3 Zoti është një luftëtar, emri i tij është Zoti.
ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ နာ​မ​တော်​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
4 Ai hodhi në det qerret e Faraonit dhe ushtrinë e tij, luftëtarët më të mirë të tij u mbytën në Detin e Kuq.
``ကိုယ်​တော်​သည်​အီ​ဂျစ်​ဘု​ရင်​၏​ရ​ထား တပ်​နှင့် စစ်​တပ်​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​၏။ သူ​၏​လက်​ရွေး​စင်​စစ်​ဗိုလ်​တို့​သည်​ပင်​လယ် နီ​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကုန်​၏။
5 Ata mbulohen nga humnera; ranë në fund si një gur.
ပင်​လယ်​ရေ​နက်​က​သူ​တို့​ကို​ဖုံး​အုပ်​လျက် သူ​တို့​သည်​ကျောက်​တုံး​ကဲ့​သို့၊အောက်​သို့ စုံး​စုံး​မြုပ်​ကြ​၏။
6 E djathta jote, o Zot, është e mrekullueshme në fuqinë e saj. E djathta jote, o Zot, i dërmoi armiqtë.
``အို ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​၏​အ​စွမ်း​တန်​ခိုး​တော် သည် အံ့​သြ​ကြောက်​မက်​ဖွယ်​ဖြစ်​ပါ​၏။ လက်​ရုံး​တော်​ဖြင့်​ရန်​သူ​ကို​ချေ​မှုန်း​တော်​မူ ပါ​၏။
7 Me madhështinë e madhërisë sate, ti i përmbys ata që ngrihen kundër teje; ti nxjer jashtë zemërimin tënd, ai i prish ata sikur të ishin kallamishte.
ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ဖြင့် ရန်​သူ​များ​ကို ချေ​မှုန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ တောက်​လောင်​၍ သူ​တို့​ကို​ကောက်​ရိုး​ကဲ့​သို့​လောင်​ကျွမ်း​စေ​ပါ​၏။
8 Sa të shfrysh nga vrimat e hundëve, ujërat janë grumbulluar, valët janë ngritur si një mur, dhe dallgët janë përforcuar në zemrën e detit.
ကိုယ်​တော်​သည်​ပင်​လယ်​ရေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ကြွ​တက်​လာ​၍​တံ​တိုင်း​ကဲ့​သို့ တည့်​မတ်​လျက်​နေ​ပါ​၏။ ပင်​လယ်​အောက်​ခြေ​သည်​လည်း​ခိုင်​မာ​လျက် နေ​၏။
9 Armiku thoshte: “Do t’i ndjek, do t’i arrij, do të ndaj kufomat, lakmia ime do të ngopet mbi ta; do të zhvesh shpatën time, dora ime do t’i shfarosë”.
ရန်​သူ​က`ငါ​သည်​သူ​တို့​ကို​မီ​အောင် လိုက်​လံ​ဖမ်း​ဆီး​မည်။ သူ​တို့​ထံ​မှ​သိမ်း​ဆည်း​ရ​မိ​သော​ဥစ္စာ​ပစ္စည်း ကို ခွဲ​ဝေ​၍​ငါ​လို​ချင်​သ​မျှ​ယူ​မည်။ ငါ​၏​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​သူ​တို့​ကို သုတ်​သင်​ပစ်​မည်' ဟု​ဆို​၏။
10 Po ti dërgove jashtë frymën tënde dhe deti i mbuloi; u mbytën si plumbi në ujërat e fuqishme.
၁၀သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။ သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။
11 Kush barazohet me ty midis perëndive, o Zot? Kush barazohet me ty, i mrekullueshëm në shenjtëri, i madhërishëm në lëvdata, o çudibërës?
၁၁အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။
12 Ti shtrive dorën e djathtë, dhe toka i gëlltiti.
၁၂ကိုယ်​တော်​သည်​လက်​ယာ​လက်​ကို​ဆန့်​တော်​မူ သ​ဖြင့်၊ မြေ​ကြီး​သည်​အ​ကျွန်ုပ်​တို့​၏​ရန်​သူ​တို့ ကို​မျို​ပါ​၏။
13 Me mëshirën tënde, ke udhëhequr popullin që e ke shpenguar; me forcën tënde e ke çuar drejt banesës sate të shenjtë.
၁၃က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​သည် မိ​မိ​ရွေး​နုတ်​သော​လူ​မျိုး​ကို​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​ဖြင့်​သူ​တို့​အား ပြည်​တော်​သို့​လမ်း​ပြ​တော်​မူ​၏။
14 Popujt e kanë dëgjuar këtë dhe dridhen. Ankthi ka mbërthyer banorët e Filistinës.
၁၄လူ​မျိုး​အ​ပေါင်း​တို့​သည်​ထို​သ​တင်း​ကို​ကြား​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​ကြ​၏။
15 Që tani krerët e Edomit e kanë humbur, të fuqishmit e Moabit i ka zënë frika, tërë banorët e Kanaanit po shkrihen.
၁၅ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။ မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။
16 Frika dhe tmerri do të bierë mbi ta. Falë forcës së krahut tënd do të bëhen të palëvizshëm si guri, deri sa populli yt, o Zot, të kalojë, deri sa të kalojë populli që ti ke blerë.
၁၆ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့် ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။
17 Ti do t’i futësh dhe do t’i vendosësh në malin e trashëgimisë sate, në vendin që ke përgatitur, o Zot, për banesën tënde, në shenjtëroren që duart e tua, o Perëndi, kanë vendosur.
၁၇အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။
18 Zoti do të mbretërojë gjithnjë, përjetë”.
၁၈ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​မြဲ စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။''
19 Pasi kuajt e Faraonit me qerret e tij dhe kalorësit e tij kishin hyrë në det, dhe Zoti kishte kthyer mbi ta ujërat e detit, por bijtë e Izraelit kishin ecur në mes të detit, në të thatë.
၁၉ဖာ​ရော​ဘု​ရင်​၏​မြင်း​တပ်​နှင့်​ရ​ထား​တပ်​တို့ သည် ပင်​လယ်​ထဲ​သို့​ဆင်း​သက်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​ကို​ပြန်​စီး​စေ​သ​ဖြင့် ရေ​သည်​သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မူ​ကား ခြောက်​သွေ့​သော​မြေ ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​သွား ကြ​၏။
20 Atëherë profetesha Miriam, motra e Aaronit, mori në dorë dajren, dhe të gjitha gratë e ndoqën nga pas me dajre dhe me valle.
၂၀အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-
21 Dhe Miriami u këndonte atyre: “Këndojini Zotit, sepse u lartësua shumë; hodhi në det kuaj dhe kalorës”.
၂၁မိ​ရိ​အံ​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။
22 Pastaj Moisiu i nisi Izraelitët nga Deti i Kuq dhe këta u drejtuan nga shkretëtira e Shurit; ecën tri ditë në shkretëtirë dhe nuk gjetën ujë.
၂၂ထို​နောက်​မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ကို ပင်​လယ်​နီ​မှ​ရှု​ရ​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​လေ​၏။ သူ​တို့​သည် တော​ကန္တာ​ရ​ထဲ​တွင်​သုံး​ရက်​ခ​ရီး​သွား​ခဲ့ ရ​သော်​လည်း​လမ်း​တွင်​ရေ​ကို​မ​တွေ့​ရ။-
23 Kur arritën në Mara nuk mundën të pinë ujërat e Marës sepse ishin të hidhura; prandaj ky vend u quajt Mara.
၂၃ထို​နောက်​မာ​ရ​ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက် ရှိ​လာ​ကြ​ရာ ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ရေ​ခါး​ထွက်​သ​ဖြင့်​ထို အ​ရပ်​ကို​မာ​ရ​ဟု​ခေါ်​တွင်​လေ​၏။-
24 Atëherë populli murmuriti kundër Moisiut, duke thënë: “Ç’do të pimë?”.
၂၄သူ​တို့​သည်​မောရှေ​အား``အ​ကျွန်ုပ်​တို့​ရေ​ငတ် ၍ သေ​ရ​ပါ​တော့​မည်'' ဟု​ညည်း​ညူ​ကြ​၏။-
25 Kështu ai i bërtiti Zotit; dhe Zoti i tregoi një dru; ai e hodhi atë në ujë, dhe ujërat u bënë të ëmbla. Atje Zoti i dha popullit një ligj dhe një dekret, dhe e vuri kështu popullin në provë,
၂၅မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​သစ်​တုံး​တစ်​တုံး​ကို​ညွှန်​ပြ တော်​မူ​၏။ သူ​သည်​သစ်​တုံး​ကို​ရေ​ထဲ​သို့ ပစ်​ချ​လိုက်​သော​အ​ခါ​ရေ​ခါး​သည်​ရေ​ချို ဖြစ်​လာ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​ရပ်​တွင် သူ​တို့ အား​ကျင့်​သုံး​ရန်​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း ၍ ထို​အ​ရပ်​၌​ပင်​သူ​တို့​နား​ထောင်​ခြင်း​ရှိ၊ မ​ရှိ​ကို​စစ်​ဆေး​တော်​မူ​၏။-
26 dhe tha: “Në qoftë se ti dëgjon me vëmëndje zërin e Zotit, Perëndisë tënd, dhe bën atë që është e drejtë në sytë e tij dhe dëgjon urdhërimet e tij dhe respekton tërë ligjet e tij, unë nuk do të jap asnjë nga ato sëmundje që u kam dhënë Egjiptasve, sepse unë jam Zoti që të shëron”.
၂၆ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
27 Kështu arritën në Elim, ku kishte dymbëdhjetë burime uji dhe shtatëdhjetë palma; dhe e ngritën kampin e tyre pranë ujërave.
၂၇ထို​နောက်​သူ​တို့​သည် စမ်း​ရေ​တွင်း​တစ်​ဆယ့် နှစ်​တွင်း​နှင့်​စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​ရှိ​ရာ ဧ​လိမ်​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကြ​၍​ရေ ရှိ​ရာ​အ​နီး​တွင်​စ​ခန်း​ချ​ကြ​၏။

< Eksodi 15 >