< Ligji i Përtërirë 22 >
1 “Në qoftë se shikon kaun ose delen e vëllait tënd që e kanë humbur rrugën, ti nuk do të bësh sikur nuk i ke parë, por do ta marrësh përsipër t’ia çosh përsëri vëllait tënd.
၁``ဣသရေလအမျိုးသားချင်းတစ်ဦး၏ နွားသို့မဟုတ်သိုးတစ်ကောင်သည် မျက်စိ လည်လမ်းမှားနေသည်ကိုတွေ့ရလျှင် မမြင် ယောင်ဆောင်၍မနေဘဲပိုင်ရှင်ထံသို့ပြန် ပို့ရမည်။-
2 Dhe në qoftë se vëllai yt nuk banon afër teje dhe ti nuk e njeh, do ta çosh kafshën në shtëpinë tënde deri sa yt vëlla të fillojë ta kërkojë; dhe atëherë do t’ia kthesh.
၂ထိုပိုင်ရှင်နေထိုင်ရာအရပ်သည်ခရီးဝေး လျှင်သော်လည်းကောင်း၊ ပိုင်ရှင်မှာမည်သူဖြစ် ကြောင်းမသိလျှင်သော်လည်းကောင်း ထိုနွား သို့မဟုတ်သိုးကိုသင်၏အိမ်သို့ယူဆောင် ခဲ့လော့။ ပိုင်ရှင်ပေါ်လျှင်ပြန်အပ်လော့။-
3 Në të njëjtën mënyrë do të veprosh me gomarin, rrobat dhe çfarëdo send tjetër që yt vëlla ka humbur dhe ti ke gjetur; ti nuk do të bësh sikur nuk i ke parë.
၃ဣသရေလအမျိုးသားချင်း၏မြည်းဖြစ် စေ၊ အဝတ်အထည်ဖြစ်စေ၊ အခြားအရာ တစ်စုံတစ်ခုဖြစ်စေပျောက်ဆုံး၍ သင်တွေ့ လျှင်ထိုနည်းအတိုင်းဆောင်ရွက်ရမည်။''
4 Në qoftë se ti shikon gomarin e vëllait tënd apo kaun e tij të rrëzuar gjatë rrugës, ti nuk do të bësh sikur nuk i ke parë, por do të ndihmosh tët vëlla për t’i ngritur.
၄``ဣသရေလအမျိုးသားချင်း၏မြည်း သို့မဟုတ်နွားသည် လမ်းပေါ်တွင်လဲနေ လျှင်သင်သည်မကူညီဘဲမနေနှင့်။ ဝိုင်း ၍ထူပေးလော့။''
5 Gruaja nuk do të veshë rroba burrash, as burri nuk ka për të veshur rroba grash, sepse kushdo që bën gjëra të tilla neveritet nga Zoti, Perëndia yt.
၅``အမျိုးသမီးတို့သည်ယောကျာ်းတို့၏ အဝတ်ကိုမဝတ်ရ။ ယောကျာ်းတို့သည်လည်း အမျိုးသမီးတို့၏အဝတ်ကိုမဝတ်ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုသို့ဝတ်ဆင်သောသူများကို စက်ဆုပ်ရွံရှာတော်မူ၏။
6 Në rast se rrugës të rastis të gjesh mbi një dru ose për tokë një fole zogu me gjithë të vegjëlit ose me vezët dhe nënën që ngroh të vegjëlit apo vezët, nuk ke për të marrë nënën me të vegjëlit;
၆``သင်သည်ငှက်သိုက်တစ်ခုကိုသစ်ပင်ပေါ် ၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ တွေ့၍ ငှက်မသည်ဥများသို့မဟုတ်ငှက်ကလေး များပေါ်တွင်ဝပ်နေလျှင် ငှက်မကိုမဖမ်း ယူရ။-
7 do të lesh nënën të ikë dhe do të marrësh për vete të vegjëlit, që ti të kesh mbarësi dhe të zgjatësh ditët e tua.
၇ငှက်ကလေးများကိုမူဖမ်းယူနိုင်သည်။ သို့ ရာတွင်ငှက်မကိုလွှတ်ရမည်။ ထိုသို့ပြုလျှင် သင်သည်အသက်ရှည်၍ကြွယ်ဝချမ်းသာ လိမ့်မည်။
8 Kur të ndërtosh një shtëpi të re do të ngresh një parapet rreth çatisë së saj për të mos tërhequr një faj gjaku mbi shtëpinë tënde, në rast se dikush rrëzohet nga çatia.
၈``သင်သည်အိမ်သစ်တစ်ဆောင်ကိုဆောက်သည့် အခါ အမိုးစွန်းပတ်လည်တွင်အကာအရံ ရှိစေရမည်။ ထိုသို့ကာရံထားလျှင်တစ်စုံ တစ်ယောက်သောသူသည် အမိုးပေါ်မှလိမ့် ကျသေဆုံးခဲ့သော်သင်၏တာဝန်မဟုတ်။
9 Nuk do të mbjellësh në vreshtin tënd farëra të llojeve të ndryshme, me qëllim që prodhimi i asaj që ke mbjellë dhe renta e vreshtit të mos preken.
၉``စပျစ်ပင်နှင့်အတူ အခြားအသီးအနှံ ပင်မစိုက်ရ။ ထိုသို့စိုက်လျှင်စပျစ်သီး နှင့်အခြားအသီးအနှံပင်ကိုမစား သုံးရ။
10 Nuk do të punosh njëkohësisht me një ka dhe një gomar.
၁၀``နွားနှင့်မြင်းတပ်၍ထယ်မထွန်ရ။
11 Nuk do të veshësh rroba të bëra me një stof të përzierë leshi dhe liri.
၁၁``သိုးမွေးနှင့်ချည်စပ်၍ရက်သောအထည် ကိုမဝတ်ရ။
12 Nuk do të vësh theka në katër cepat e mantelit me të cilin mbulohesh.
၁၂``သင်၏ခြုံထည်ထောင့်လေးထောင့်တွင်ပန်း ပွားများတပ်ဆင်ရမည်။
13 Në qoftë se një burrë martohet me një grua, hyn tek ajo dhe pastaj fillon ta urrejë,
၁၃``အကယ်၍ယောကျာ်းတစ်ယောက်သည် မိန်းမ တစ်ယောက်နှင့်လက်ထပ်ပေါင်းသင်းပြီးနောက် ထိုမိန်းမကိုမနှစ်သက်သဖြင့် သူသည်အပျို မဟုတ်ဟူ၍မတရားစွပ်စွဲသော်၊-
14 dhe e padit për gjëra të turpshme dhe i nxjerr një nam të keq, duke thënë: “Mora këtë grua, por kur iu afrova nuk gjeta tek ajo shenjat e virgjërisë”,
၁၄
15 babai dhe nëna e së resë do të marrin shenjat e virgjërisë së saj dhe do t’ua tregojnë pleqve të qytetit, te porta;
၁၅မိန်းမ၏မိဘတို့ကသူတို့၏သမီးသည် အပျိုဖြစ်ကြောင်းသက်သေအထောက်အထား ကိုယူဆောင်၍ မြို့အကြီးအကဲထံသို့သွား ရောက်ရကြမည်။-
16 dhe babai i së resë do t’u thotë pleqve: “Unë ia dhashë time bijë për grua këtij burri, por ai filloi ta urrejë,
၁၆ထိုမိန်းမ၏ဖခင်က`အကျွန်ုပ်၏သမီးကို ဤသူနှင့်လက်ထပ်ပေးစားခဲ့ရာ သူသည် ယခုသမီးကိုစွန့်လိုပါသည်။-
17 dhe tani e akuzon për gjëra të turpshme, duke thënë: Nuk gjeta tek jote bijë shenjat e virgjërisë; por këto janë shenjat e virgjërisë të bijës sime”. Dhe do të shpalosin çarçafin përpara pleqve të qytetit.
၁၇သူကအကျွန်ုပ်၏သမီးသည်အပျိုမဟုတ် ဟူ၍မတရားစွပ်စွဲပါသည်။ သို့ရာတွင် အကျွန်ုပ်၏သမီးသည် အပျိုဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ်သွေးစွန်း နေသောမင်္ဂလာဆောင်အခင်းကိုတင်ပြပါ သည်' ဟုအကြီးအကဲတို့အားလျှောက် ဆိုရမည်။-
18 Atëherë pleqtë e atij qyteti do të marrin bashkëshortin dhe do ta dënojnë me rrahje;
၁၈ထိုအခါမြို့အကြီးအကဲတို့ကလင် ယောကျာ်းကိုရိုက်၍ဆုံးမရမည်။-
19 dhe duke qenë se i ka hapur një nam të keq një virgjëreshe të Izraelit, do t’i vënë një gjobë prej njëqind siklash argjendi, që do t’ia japin të atit të së resë; kështu ajo do të mbetet bashkëshorte e tij dhe ai nuk do të mund ta përzërë deri sa të rrojë.
၁၉ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။
20 Por në qoftë se vërtetohet fakti dhe tek e reja nuk janë gjetur shenjat e virgjërisë,
၂၀``အကယ်၍ထိုစွပ်စွဲချက်သည်မှန်သဖြင့် မိန်းမသည်အပျိုဖြစ်ကြောင်းသက်သေ အထောက်အထားမပြနိုင်လျှင်၊-
21 atëherë do ta nxjerrin të renë te pragu i shtëpisë së babait të saj dhe njerëzit e qytetit të saj do ta vrasin me gurë, dhe ajo ka për të vdekur, sepse ka kryer një vepër të turpshme në Izrael, duke u bërë kurvë në shtëpinë e atit të saj. Kështu do të shkulësh të keqen nga gjiri juaj
၂၁မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
22 Në rast se një burrë gjendet në shtrat me një grua të martuar, do të vriten që të dy, si burri që ka rënë me gruan dhe gruaja. Kështu do të shkulësh të keqen nga gjiri i Izraelit.
၂၂``ယောကျာ်းတစ်ယောက်ကလင်ရှိမယားတစ် ဦးနှင့် ကာမစပ်ယှက်နေသည်ကိုမိလျှင် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်သင်တို့သည်ဤဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။
23 Kur një vajzë e virgjër është e fejuar, dhe një burrë e gjen në qytet dhe bie në shtrat me të,
၂၃``အကယ်၍ယောကျာ်းတစ်ဦးသည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့် မြို့ထဲ၌ကာမစပ်ယှက်နေသည်ကိုမိ လျှင်၊-
24 që të dy do t’i çoni në portën e atij qyteti dhe do t’i vritni me gurë, dhe ata do të vdesin: vajza sepse, ndonëse ishte në qytet, nuk bërtiti, dhe burri sepse ka çnderuar gruan e të afërmit të tij. Kështu do ta shkulësh të keqen nga gjiri yt.
၂၄သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
25 Por në rast se burri gjen një vajzë të fejuar, në arë, e dhunon dhe shtrihet me të, atëherë do të vritet vetëm burri që është shtrirë me të;
၂၅``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့်မြို့ပြင်၌တွေ့၍မုဒိမ်းကျင့်လျှင် ထို ယောကျာ်းကိုသာသေဒဏ်စီရင်ရမည်။-
26 por nuk do t’i bësh asgjë vajzës; kjo nuk ka asnjë mëkat që meriton vdekjen, sepse ky rast është si ai kur një njeri ngrihet kundër të afërmit të tij dhe e vret;
၂၆မိန်းမသည်သေထိုက်သောအပြစ်မကူးလွန် သဖြင့် သူ့အားဒဏ်မစီရင်စေရ။ ဤအမှု သည်ယောကျာ်းတစ်ဦးက အခြားတစ်ဦးကို ခိုက်ရန်ပြု၍သတ်သောအမှုကဲ့သို့ဖြစ် သည်။-
27 në fakt ai e gjeti në arë; vajza e fejuar ka bërtitur, por nuk kishte njeri që ta shpëtonte.
၂၇ထိုယောကျာ်းသည်မိန်းမအားမြို့ပြင်၌ မုဒိမ်းကျင့်သည်ဖြစ်ရာ မိန်းမကအော်ဟစ် ၍အကူအညီတောင်းသော်လည်းသူ့အား ကယ်မည့်သူမရှိသဖြင့်သူ၌အပြစ်မရှိ။
28 Në rast se një burrë gjen një vajzë të virgjër që nuk është e fejuar, e merr dhe bie në shtrat me të, dhe kapen në flagrancë,
၂၈``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြားသူနှင့်လက်ထပ်ရန်စေ့စပ်ထား ခြင်းမရှိသောမိန်းမအားမုဒိမ်းကျင့် သည်ကိုမိလျှင်၊-
29 burri që është shtrirë me të do t’i japë atit të vajzës pesëdhjetë sikla argjendi dhe ajo do të bëhet bashkëshortja e tij, sepse e ka çnderuar dhe nuk mund ta përzërë sa të jetë gjallë.
၂၉သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။
30 Asnjeri nuk ka për të marrë gruan e atit të tij, as ka për të ngritur skajin e mbulesës së atit të tij”.
၃၀``မည်သူမျှမိမိဖခင်၏မယားတစ်ဦးဦး နှင့်ဖောက်ပြန်၍ဖခင်အားအရှက်မခွဲ စေရ။