< Veprat e Apostujve 15 >

1 Dhe disa, që zbritën nga Judeja, mësonin vëllezërit: “Nëse nuk jeni rrethprerë sipas ritit të Moisiut, nuk mund të shpëtoheni”.
လူ​အ​ချို့​တို့​သည်​ယု​ဒ​ပြည်​မှ​အန္တိ​အုတ်​မြို့ သို့​သွား​ရောက်​၍ ညီ​အစ်​ကို​တို့​အား ``သင်​တို့ သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား​အ​ရ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​ယူ​လျှင်​ကယ်​တင် ခြင်း​မ​ရ​နိုင်'' ဟု​ဟော​ပြော​သွန်​သင်​ကြ​၏။-
2 Duke qenë se u bë një grindje jo e vogël dhe një diskutim nga ana e Palit dhe e Barnabës me ata, u dha urdhër që Pali, Barnaba dhe disa të tjerë nga ata të ngjiten në Jeruzalem tek apostujt dhe te pleqtë për këtë çështje.
ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​နှင့် အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ကာ အ​ချေ​အ​တင် ပြော​ဆို​ကြ​၏။ ထို့​ကြောင့်​အ​သင်း​တော်​သည်​ဤ သို့​အ​ငြင်း​ပွား​သည့်​ကိစ္စ​နှင့်​ပတ်​သက်​၍ တိုင်​ပင် ဆွေး​နွေး​ရန်​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို​တ​ပည့် တော်​အ​ချို့​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​ရှိ အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့​စေ​လွှတ်​ရန် ဆုံး​ဖြတ်​ကြ​၏။
3 Ata, pra, si u përcollën nga kisha, kaluan nëpër Feniki dhe Samari, duke treguar kthimin e johebrenjve dhe duke u sjellë gëzim të madh mbarë vëllezërve.
အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-
4 Kur arritën në Jeruzalem, u pritën nga kisha, nga apostujt dhe nga pleqtë dhe treguan për gjërat e mëdha që Perëndia kishte bërë me anën e tyre.
ယေ​ရု​ရှ​လင်​မြို့​သို့​ဗာ​န​ဗ​တို့​ရောက်​ကြ သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ကွ​တ​မန်​တော် များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​သူ​တို့​အား ကြို​ဆို​လက်​ခံ​သည့်​အ​ခါ မိ​မိ​တို့​အား​ဘု​ရား သ​ခင်​အ​သုံး​ပြု​တော်​မူ​ပုံ​အ​လုံး​စုံ​ကို​ပြန် ကြား​ကြ​၏။-
5 Por u ngritën disa nga sekti i farisenjve, që kishin besuar dhe thanë: “Duhen rrethprerë johebrenjtë dhe të urdhërohen të zbatojnë ligjin e Moisiut”.
သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​အ​ဖွဲ့​ဝင်​များ​အ​နက် ယုံ ကြည်​သူ​လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ​မျိုး​ခြား တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရ​မည်။ မော​ရှေ ၏​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ရ​မည်'' ဟု​ဆို ကြ​၏။
6 Atëherë apostujt dhe pleqtë u mblodhën për ta shqyrtuar këtë problem.
သို့​ဖြစ်​၍​တ​မန်​တော်​များ​နှင့်​အ​သင်း​တော် လူ​ကြီး​များ​သည် ဤ​အ​မှု​ကိစ္စ​ကို​စဉ်း​စား ဆင်​ခြင်​ရန်​စည်း​ဝေး​ကြ​၏။-
7 Dhe duke qenë se lindi një diskutim i madh, Pjetri u çua në këmbë dhe u tha atyre: “Vëllezër, ju e dini se që në kohët e para Perëndia midis nesh më zgjodhi mua, që me anë të gojës sime johebrenjtë të dëgjojnë fjalën e ungjillit dhe të besojnë.
အ​တော်​ပင်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​ပြီး သော​အ​ခါ ပေ​တ​ရု​သည်​နေ​ရာ​မှ​ထ​၍ ``ညီ အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည်​သ​တင်း​ကောင်း ကို​ကြား​၍​ယုံ​ကြည်​နိုင်​စေ​ရန် ဘု​ရား​သ​ခင် သည်​လွန်​ခဲ့​သည့်​ကာ​လ​အ​တန်​ကြာ​က သ​တင်း ကောင်း​ကို​ကြေ​ညာ​ရန်​အ​တွက် ငါ့​အား​သင်​တို့ အ​ထဲ​မှ​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။-
8 Perëndia, që i njeh zemrat, u ka dhënë atyre dëshmi, duke u dhënë Frymën e Shenjtë, sikurse edhe neve;
လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။-
9 dhe ai nuk bëri asnjë dallim midis nesh dhe atyre, duke i pastruar zemrat e tyre me anë të besimit.
ကိုယ်​တော်​သည်​သူ​တို့​ကို​ငါ​တို့​နှင့်​ခွဲ​ခြား ခြင်း​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့် သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၏။-
10 Tani, pra, pse e tundoni Perëndinë, duke u vënë mbi qafën e dishepujve një zgjedhë që as etërit tanë e as ne nuk mund ta mbajmë?
၁၀သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​ကို​သွေး​စမ်း​လို​ကြ​သ​နည်း။ ငါ​တို့​ဘိုး ဘေး​များ​သော်​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​တိုင် ပင်​သော်​လည်း​ကောင်း၊ မ​ထမ်း​နိုင်​သည့်​ဝန်​ကို အ​ဘယ်​ကြောင့်​ထို​သူ​တို့​အား​ထမ်း​စေ​ကြ ပါ​သ​နည်း။-
11 Po ne besojmë se do të shpëtohemi me anë të hirit të Zotit Jezu Krishtit, dhe në të njëjtën mënyrë edhe ata”.
၁၁ငါ​တို့​သည်​လည်း​ထို​သူ​တို့​နည်း​တူ​ယုံ​ကြည် သ​ဖြင့် သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏'' ဟု​ဆို​၏။
12 Atëherë e gjithë turma heshti, dhe rrinte e dëgjonte Barnabën dhe Palin, që tregonin ç’shenja e mrekulli kishte bërë Perëndia me anë të tyre ndër johebrenj.
၁၂ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည်​မိ​မိ​တို့​အား ဖြင့် လူ​မျိုး​ခြား​တို့​တွင်​ဘု​ရား​သ​ခင်​ပြု တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​ပြော​ကြား​နေ စဉ်​စု​ဝေး​သော​လူ​အား​လုံး​ပင်​ဆိတ်​ငြိမ်​စွာ နား​ထောင်​လျက်​နေ​ကြ​၏။-
13 Dhe si heshtën ata, Jakobi e mori fjalën dhe tha: “Vëllezër, më dëgjoni!
၁၃သူ​တို့​ပြော​ဆို​ပြီး​သော​အ​ခါ​ယာ​ကုပ်​က ``ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​ပါ။-
14 Simoni ka treguar si i ka vizituar për herë të parë Perëndia johebrenjtë, që të zgjedhë nga ata një popull për emrin e tij.
၁၄ဘု​ရား​သ​ခင်​သည်​ရှေး​ဦး​စွာ​လူ​မျိုး​ခြား​တို့ အ​နက်​အ​ချို့​သော​သူ​တို့​ကို မိ​မိ​၏​လူ​စု တော်​ဝင်​များ​ဖြစ်​စေ​ရန်​ရွေး​ထုတ်​ခြင်း​အား ဖြင့် သူ​တို့​ကို​ဂ​ရု​စိုက်​တော်​မူ​ကြောင်း​ရှိ​မုန် ရှင်း​ပြ​ခဲ့​ပြီ။-
15 Me këtë gjë pajtohen fjalët e profetëve, sikundër është shkruar:
၁၅ပ​ရော​ဖက်​တို့​၏​ဟော​ကြား​ချက်​များ​သည် လည်း ဤ​အ​ချက်​နှင့်​လုံး​ဝ​ကိုက်​ညီ​လျက် ရှိ​၏။ ကျမ်း​စာ​တော်​တွင်၊
16 “Pas këtyre gjerave, unë do të kthehem dhe do ta rindërtoj tabernakullin e Davidit që është rrëzuar, do t’i restauroj gërmadhat e tij dhe do ta ngre përsëri më këmbë,
၁၆`ငါ​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ လူ​မျိုး​ခြား​နှင့်​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ငါ့​ထံ​လာ​စိမ့်​သော​ငှာ​နောက်​မှ​ငါ​ပြန်​လာ​မည်။ ပြို​ကျ​လျက်​ရှိ​သော​ဒါ​ဝိဒ်​၏​နိုင်​ငံ​ကို ငါ​ပြန်​၍​တည်​ဆောက်​မည်။ ပျက်​စီး​ယို​ယွင်း​နေ​သည်​တို့​ကို​အ​သစ်​ပြု​ပြင်​၍ ထို​နိုင်​ငံ​ကို​တစ်​ဖန်​ခိုင်​ခံ့​စေ​မည်။
17 që mbetja e njerëzve dhe të gjitha johebrenjtë mbi të cilat thirret emri im, të kërkojnë Zotin, thotë Zoti që i bën të gjitha këto”.
၁၇
18 Prej kohësh janë të njohura te Perëndia të gjitha veprat e tij. (aiōn g165)
၁၈ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း' ဟု​ဖော်​ပြ​ပါ​ရှိ​သည်။ (aiōn g165)
19 Prandaj unë gjykoj që të mos i bezdisim ata nga johebrenjtë që kthehen te Perëndia,
၁၉ယာ​ကုပ်​က​ဆက်​လက်​၍ ``ထို့​ကြောင့်​ဘု​ရား သ​ခင်​ထံ​ပြောင်း​လဲ​လာ​ကြ​သူ လူ​မျိုး​ခြား တို့​အ​ခက်​ကြုံ​စေ​ရန်​ငါ​တို့​မ​ပြု​သင့်။-
20 por t’u shkruhet atyre që të heqin dorë nga ndotjet e idhujve, nga kurvëria, nga gjërat e mbytura dhe nga gjaku.
၂၀သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-
21 Sepse Moisiu që nga kohët e lashta ka njerëz të cilët në çdo qytet e predikojnë atë, duke qënë i lexuar çdo të shtunë në sinagoga”.
၂၁အ​ဘယ်​ကြောင့်​ဆို​သော်​ရှေး​ကာ​လ​မှ​စ​၍ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​တ​ရား​ဇ​ရပ်​များ တွင်​ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ခြင်း၊ သူ​၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​ဆို လေ​သည်။
22 Atëherë iu duk e mirë apostujve dhe pleqve me gjithë kishën të dërgojnë në Antioki, me Palin dhe Barnabën, disa njerëz të zgjedhur nga ata: Judën, mbiquajtur Barsaba, dhe Silën, njerëz me autoritet ndër vëllezërit,
၂၂ထို​အ​ခါ​တ​မန်​တော်​များ၊ အ​သင်း​တော်​လူ ကြီး​များ​နှင့်​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ သည် ကိုယ်​စား​လှယ်​များ​ကို​ရွေး​ချယ်​၍​ပေါ​လု၊ ဗာ​န​ဗ​နှင့်​အ​တူ​အန္တိ​အုတ်​မြို့​သို့​စေ​လွှတ် ရန်​ဆုံး​ဖြတ်​ကြ​၏။ သူ​တို့​သည်​ယုံ​ကြည်​သူ တို့​အ​လွန်​ကြည်​ညို​လေး​စား​ကြ​သော ဗာ​ရှ​ဗ​ခေါ်​ယု​ဒ​နှင့်​သိ​လ​တို့​ကို​ရွေး ချယ်​ကြ​၏။-
23 me një letër të shkruar nga dora e tyre që thoshte: “Apostujt, pleqtë dhe vëllezërit, vëllezërve nga johebrenjtë që janë në Antioki, Siri dhe Kiliki, përshëndetje.
၂၃ထို​သူ​နှစ်​ဦး​၏​လက်​ဖြင့်​စာ​တစ်​စောင်​ပို့​လိုက် ကြ​၏။ ထို​စာ​တွင်၊ ``သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ကြ​သော​တ​မန် တော်​များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​အန္တိ အုတ်​မြို့​နှင့်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​ရှိ​လူ​မျိုး ခြား​သား​များ​ဖြစ်​ကြ​သော​ညီ​အစ်​ကို​များ အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။-
24 Duke qenë se morëm vesh se disa që erdhën prej nesh, por të cilëve ne nuk u kishim dhënë asnjë porosi, ju kanë shqetësuar me fjalë duke trazuar shpirtrat tuaj, duke thënë se ju duhet të rrethpriteni dhe të zbatoni ligjin,
၂၄ကျွန်ုပ်​တို့​အ​ထဲ​မှ​လူ​အ​ချို့​သည်​ကျွန်ုပ်​တို့​၏ ညွှန်​ကြား​ချက်​မ​ရ​ဘဲ သင်​တို့​ထံ​သို့​သွား​၍ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​သည့်​စ​ကား​များ ကို​ပြော​ဆို​ကာ သင်​တို့​အား​ဒုက္ခ​ပေး​ခဲ့​ကြ ကြောင်း​သိ​ရ​ပါ​သည်။-
25 na u duk e mirë neve, të mbledhur tok me një zemër, të zgjedhim disa njerëz dhe t’i dërgojmë bashkë me të dashurit tanë Barnaba dhe Pal,
၂၅သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​အ​စည်း​အ​ဝေး​ပြု လုပ်​၍​လူ​အ​ချို့​ကို​ရွေး​ချယ်​လျက် သင်​တို့​ထံ သို့​စေ​လွှတ်​ရန်​အား​လုံး​သ​ဘော​တူ​ဆုံး​ဖြတ် ကြ​ပါ​သည်။ ထို​သူ​တို့​သည်​ကျွန်ုပ်​တို့​ချစ်​ခင် သူ​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ​လိုက်​သွား ကြ​ပါ​လိမ့်​မည်။-
26 njerëz që kanë përkushtuar jetën e tyre për emrin e Zotit tonë Jezu Krishtit.
၂၆ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ကား ကျွန်ုပ်​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​မှု​တော်​ကို သက်​စွန့် ကြိုး​ပမ်း​ဆောင်​ရွက်​ခဲ့​သူ​များ​ပင်​တည်း။-
27 Kemi dërguar, pra, Judën dhe Silën; edhe ata do t’ju tregojnë me gojë të njëjtat gjëra.
၂၇သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယု​ဒ နှင့်​သိ​လ​တို့​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ သည်။ ကျွန်ုပ်​တို့​၏​စာ​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​အ​ကြောင်း​အ​ရာ​များ​ကို သူ​တို့​ကိုယ်​တိုင် လည်း​ပြော​ပြ​ကြ​ပါ​လိမ့်​မည်။-
28 Në fakt na u duk mirë Frymës së Shenjtë dhe neve që të mos ju ngarkojmë asnjë barrë tjetër përveç këtyre gjërave të nevojshme:
၂၈ရုပ်​တု​များ​အား​ပူ​ဇော်​ထား​သည့်​အ​စား အ​စာ​ကို​မ​စား​နှင့်။ သွေး​ကို​လည်း​မ​စား​နှင့်။-
29 që ju të hiqni dorë nga gjërat e flijiuara idhujve, nga gjaku, nga gjërat e mbytura dhe nga kurvëria; do të bëni mirë të ruheni nga këto. Qofshi mirë”.
၂၉လည်​ညှစ်​သား​ကို​မ​စား​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား မှု​ကို​မ​ပြု​နှင့်​ဟူ​သော​ပ​ညတ်​များ​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို​သင်​တို့​အ​ပေါ်​မ​တင်​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ကျွန်ုပ်​တို့​သ​ဘော တူ​ကြ​ပါ​၏။ ဤ​အ​ရာ​များ​ကို​ရှောင်​ကြဉ်​ကြ ပါ​က သင်​တို့​အ​တွက်​လုံ​လောက်​ပေ​ပြီ။ ကျန်း မာ​ရွှင်​လန်း​ကြ​ပါ​စေ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ သည်။
30 Ata, pra, mbasi u ndanë, zbritën në Antiokia dhe, si mblodhën kuvendin, e dorëzuan letrën.
၃၀စေ​တ​မန်​တို့​အား​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့​သွား​၍​ယုံ​ကြည်​သူ​အ​ပေါင်း တို့​အား စု​ဝေး​စေ​ပြီး​လျှင်​အ​မှာ​စာ​ကို​ပေး အပ်​ကြ​၏။-
31 Dhe ata, mbasi e lexuan, u gëzuan për ngushëllimin.
၃၁ထို​စာ​ကို​ဖတ်​ပြ​ကြ​သော​အ​ခါ​သူ​တို့​သည် အား​ပေး​စ​ကား​များ​ကြောင့်​လွန်​စွာ​ဝမ်း မြောက်​ကြ​၏။-
32 Dhe Juda e Sila, që ishin edhe ata profetë, me shumë fjalë i nxitën vëllezërit dhe i forcuan.
၃၂ယု​ဒ​နှင့်​သိ​လ​တို့​သည်​လည်း​ပ​ရော​ဖက်​များ ဖြစ်​ကြ​သည့်​အ​လျောက် သူ​တို့​အား​အ​ချိန်​ကြာ မြင့်​စွာ​တိုက်​တွန်း​အား​ပေး​သ​ဖြင့်​သူ​တို့​အား ကြံ့​ခိုင်​စေ​ကြ​၏။-
33 Mbasi ndenjën atje ca kohë, u dërguan prapë me paqtim nga vëllezërit tek apostujt.
၃၃သူ​တို့​သည်​ထို​အ​ရပ်​တွင်​ကာ​လ​အ​တန်​ကြာ နေ​ပြီး​နောက် ယုံ​ကြည်​သူ​တို့​အား​နှုတ်​ဆက်​၍ ပြန်​လွှတ်​လိုက်​ကြ​၏။-
34 Por Silës iu duk mirë të mbetej aty.
၃၄သို့​သော်​လည်း​သိ​လ​သည်​နေ​ရစ်​ရန်​ဆုံး​ဖြတ်​၏။
35 Edhe Pali e Barnaba qëndruan në Antioki, duke mësuar dhe duke shpallur me shumë të tjerë fjalën e Zotit.
၃၅ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အန္တိ​အုတ်​မြို့​တွင် ဆက်​လက်​နေ​ထိုင်​၍ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​အ​ခြား​သူ​များ​နှင့်​အ​တူ​ဟော​ပြော သွန်​သင်​ကြ​၏။
36 Pas disa ditësh Pali i tha Barnabës: “Le të kthehemi të shohim vëllezërit tanë në çdo qytet, ku kemi shpallur fjalën e Perëndisë, për të parë si janë”.
၃၆ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ပေါ​လု​က ဗာ​န​ဗ​အား ``သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ငါ​တို့​ဟော​ပြော​ခဲ့​သည့်​မြို့ တိုင်း ရှိ​ညီ​အစ်​ကို​များ​ထံ​သို့​ပြန်​သွား​၍ သူ တို့​၏​အ​ခြေ​အ​နေ​ကို​လေ့​လာ​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
37 Dhe Barnaba donte të merrte me vete Gjonin, të quajtur Mark.
၃၇ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။-
38 Por Pali mendonte se nuk duhej marrë me vete atë që ishte ndarë prej tyre në Pamfili, dhe nuk kishte shkuar me ata në punë.
၃၈သို့​သော်​ပေါ​လု​က​မိ​မိ​တို့​နှင့်​သာ​သ​နာ ပြု​ခ​ရီး​အ​ဆုံး​တိုင်​အောင်​မ​လိုက်​ဘဲ ပံ​ဖု​လိ ပြည်​တွင်​မိ​မိ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ခဲ့​သူ ကို​ခေါ်​ဆောင်​ရန်​မ​သင့်​လျော်​ဟု​ယူ​ဆ​၏။-
39 Atëherë lindi një grindje saqë ata u ndanë njëri nga tjetri; pastaj Barnaba, mbasi mori Markun, lundroi për në Qipro.
၃၉သူ​တို့​သည်​အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ပြီး နောက်​လမ်း​ခွဲ​ခွာ​သွား​ကြ​၏။ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​၍​ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော လွှင့်​လေ​၏။-
40 Por Pali zgjodhi Silën dhe u nis, pasi vëllezërit e lanë në hir të Perëndisë.
၄၀ပေါ​လု​မူ​ကား​သိ​လ​ကို​ရွေး​ချယ်​၍​ထွက်​ခွာ သွား​လေ​သည်။ ယုံ​ကြည်​သူ​များ​သည်​ပေါ​လု အား​သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့​အပ်​နှံ ကြ​၏။-
41 Dhe përshkoi Sirinë dhe Kilikinë, duke i forcuar kishat.
၄၁ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။

< Veprat e Apostujve 15 >