< 2 i Samuelit 7 >

1 Ndodhi që, kur mbreti u vendos në shtëpinë e tij dhe Zoti i siguroi paqe nga të gjithë armiqtë që e rrethonin,
ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည်​နန်း​တော်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ရ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဒါ​ဝိဒ်​မင်း​အား​ရန်​သူ​အ​ပေါင်း တို့​ဘေး​မှ​ကင်း​ဝေး​စေ​တော်​မူ​သ​ဖြင့်၊-
2 mbreti i tha profetit Nathan: “Shiko, unë banoj në një shtëpi prej kedri, por arka e Perëndisë ndodhet poshtë një çadre”.
ပ​ရော​ဖက်​နာ​သန်​အား`ကြည့်​လော့။ ငါ​သည် သစ်​က​တိုး​သား​နန်း​တော်​နှင့်​နေ​ထိုင်​ရ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​မူ​ကား​တဲ​တော်​၌​သာ​ကျိန်း​ဝပ်​တော် မူ​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
3 Nathani iu përgjigj mbretit: “Shko, bëj gjithçka ke në zemër, sepse Zoti është me ty”.
နာ​သန်​က`ဘု​ရား​သ​ခင်​သည်​အ​ရှင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ အ​ရှင်​အ​လို​ရှိ​သည့် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။-
4 Por po atë natë fjala e Zotit iu drejtua Nathanit në këtë mënyrë:
သို့​ရာ​တွင်​ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည် နာ​သန်​အား၊-
5 “Shko t’i thuash shërbëtorit tim David: Kështu thotë Zoti: “A do të më ndërtosh një shtëpi, që unë të banoj në të?
``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား`သင်​သည်​ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ​မည်​မ​ဟုတ်။-
6 Sepse nuk kam banuar në një shtëpi nga dita që kam nxjerrë bijtë e Izraelit nga Egjiptit e deri më sot, por kam bredhur nën një çadër dhe në një tabernakull.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ ယ​နေ့​တိုင်​အောင်​ငါ​သည် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ​ခဲ့။ တဲ​တော် ၌​သာ​ကျိန်း​ဝပ်​လျက်​ဒေ​သ​စာ​ရီ​လှည့်​လည် တော်​မူ​ခဲ့​၏။-
7 Kudo që kam shkuar në mes të të gjithë bijve të Izraelit, a i kam folur vallë ndonjë fisi të cilin e kisha urdhëruar të ushqente popullin tim të Izraelit, duke i thënë: Pse nuk më ndërtoni një shtëpi prej kedri?”.
ယင်း​သို့​မိ​မိ​၏​လူ​မျိုး​တော်​နှင့်​လှည့်​လည်​တော် မူ​ခဲ့​စဉ်​အ​ဘယ်​အ​ခါ​၌​မျှ ငါ​သည်​မိ​မိ​ခန့် ထား​သော​ခေါင်း​ဆောင်​တို့​အား`သင်​တို့​အ​ဘယ် ကြောင့်​ငါ​၏​အ​တွက်​သစ်​က​တိုး​သား​ဗိ​မာန် တော်​ကို​ဆောက်​လုပ်​၍​မ​ပေး​ကြ​သ​နည်း' ဟု မေး​တော်​မ​မူ​ခဲ့။-
8 Tani do t’i thuash kështu shërbëtorit tim David; Kështu thotë Zoti i ushtrive: “Unë të mora nga vatha, ndërsa shkoje me dele, që ti të bëheshe udhëheqës i Izraelit, i popullit tim.
သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`ငါ​သည်​သင့် ကို​ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​ဖြစ်​စိမ့်​သော​ငှာ​သိုး​ကျောင်း​ရာ ကွင်း​ထဲ​မှ​ခေါ်​ယူ​ခဲ့​၏။-
9 Kam qenë pranë teje kudo që ke shkuar, kam shfarosur tërë armiqtë e tu para teje dhe e bëra emrin tënd të madh si ai i të mëdhenjve që janë mbi dhe.
သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ငါ​ပါ​ရှိ လျက် သင်​၏​ရန်​သူ​ရှိ​သ​မျှ​တို့​ကို​နှိမ်​နင်း​ပေး ခဲ့​၏။ ငါ​သည်​သင့်​အား​ကမ္ဘာ​ပေါ်​တွင်​အ​ကျော် စော​ဆုံး​သော​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​စေ​မည်။-
10 Do t’i caktoj një vend Izraelit, popullit tim, dhe do ta ngulit që ai të banojë në shtëpinë e tij dhe të mos e shqetësojë më, që njerëzit e këqinj të mos vazhdojnë ta shtypin si në të kaluarën,
၁၀ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​နေ​ရာ​အ​ရပ်​ကို​ရွေး​ချယ်​၍ နောက် တစ်​ဖန်​ညှင်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ​တော့​ဘဲ အ​တည်​တ​ကျ​နေ​ထိုင်​စေ​ပြီ။ ဤ​ပြည် သို့​ဝင်​ရောက်​လာ​ချိန်​မှ​အ​စ​ပြု​၍ သူ​တို့ သည်​အ​ကြမ်း​ဖက်​သူ​လူ​စု​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ခဲ့​ရ​ကြ​သော်​လည်း​နောက်​တစ်​ဖန် ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ သင့်​အား​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​လုံ​ခြုံ​စေ​၍ သား မြေး​များ​ဖြစ်​ထွန်း​စေ​မည်​ဖြစ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။-
11 nga dita që kam vendosur gjyqtarë mbi popullin tim të Izraelit. Do të të siguroj paqe nga tërë armiqtë e tu. Përveç kësaj Zoti të shpall se ka për të të ndërtuar një shtëpi.
၁၁
12 Kur t’i kesh mbushur ditët e tua dhe të jesh duke pushuar bashkë me etërit e tu, unë do të ngre mbas teje pasardhësit e tu që do të dalin nga barku yt dhe do të vendos mbretërinë tënde.
၁၂သင်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​နှင့်​အ​တူ​သင်္ဂြိုဟ် ခြင်း​ကို​ခံ​ရ​သော​အ​ခါ ငါ​သည်​သင်​၏​သား တစ်​ယောက်​ကို​မင်း​မြှောက်​ကာ​သူ​၏​နိုင်​ငံ ကို​တည်​တံ့​ခိုင်​မြဲ​စေ​မည်။-
13 Ai do të ndërtojë një shtëpi në emrin tim dhe unë do ta bëj të qëndrueshëm për gjithnjë fronin e mbretërisë së tij.
၁၃သူ​သည်​ငါ​၏​အ​တွက်​ဗိမာန်​တော်​ကို​တည် ဆောက်​ရ​မည်။ ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-
14 Unë do të jem për të një baba dhe ai një djalë për mua; kur do të bëjë ndonjë të keqe, unë do ta dënoj me shufra njeriu dhe me goditje të bijve të njerëzve,
၁၄ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​၍​သူ​သည်​လည်း​ငါ ၏​သား​ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​အ​မှား​ကို ပြု​သော​အ​ခါ​အ​ဖ​က​သား​ကို​ဆုံး​မ သ​ကဲ့​သို့​သူ့​ကို​ဆုံး​မ​မည်။-
15 por mëshira ime do të largohet, ashtu siç ia kam hequr Saulit, që e kam hequr nga detyra para teje.
၁၅သင့်​အား​ထီး​နန်း​အပ်​နှင်း​နိုင်​ရန်​ငါ​ဖယ်​ရှား လိုက်​သည့်​ရှော​လု​၏​ထံ​မှ ငါ​၏​ထောက်​ခံ​မှု ကို​ရုပ်​သိမ်း​သ​ကဲ့​သို့​သင်​၏​ထံ​မှ​ရုပ်​သိမ်း မည်​မ​ဟုတ်။-
16 Shtëpia jote dhe mbretëria jote do të bëhen të qendrueshme për gjithnjë para meje, dhe froni yt do të jetë i qëndrueshëm për gjithnjë”.
၁၆သင်​၏​အ​မျိုး​အ​နွယ်​သည်​အ​ဘယ်​အ​ခါ ၌​မျှ​မ​တိမ်​ကော​ဘဲ သင်​၏​နိုင်​ငံ​သည်​ထာ​ဝ စဉ်​တည်​လိမ့်​မည်။ သင်​၏​ရာ​ဇ​အာ​ဏာ​စက် သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း သွား​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
17 Nathani i foli Davidit duke iu përmbajtur këtyre fjalëve dhe simbas vegimit të tij.
၁၇နာ​သန်​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​မိန့် ကြား​တော်​မူ​သ​မျှ​တို့​ကို ဒါ​ဝိဒ်​အား​ဆင့် ဆို​လေ​၏။
18 Atëherë mbreti David shkoi dhe u ul përpara Zotit dhe tha: “Kush jam unë, o Zot, o Zot, dhe çfarë është shtëpia ime që më bëri të vij deri këtu?
၁၈ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​သို့​ဝင်​ပြီး​လျှင်​ထိုင် ၍``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​၏​မိ​သား​စု​သည်​အ​ကျွန်ုပ်​အ​တွက် ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​ကျေး​ဇူး တော်​နှင့်​မ​ထိုက်​မ​တန်​ပါ။-
19 Por kjo ishte akoma një gjë e vogël në sytë e tu, o Zot, o Zot, sepse ti ke folur edhe për shtëpinë e shërbëtorit tënd për një të ardhme të largët; dhe ky është ligji i njeriut, o Zot, o Zot.
၁၉အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား ယ​ခင်​က​ထက်​ပင်​ပို​၍​ကျေး​ဇူး ပြု​တော်​မူ​ပါ​သည်​တ​ကား။ လာ​လတ္တံ့​သော ကာ​လ​၌​အ​ကျွန်ုပ်​၏​သား​မြေး​တို့​အ​တွက် က​တိ​တော်​ပေး​တော်​မူ​ပါ​ပြီ။ အို အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​ကြောင်း​ကို​လူ​တစ်​ယောက်​အား​အ​သိ ပေး​တော်​မူ​ပါ​သည်​တ​ကား။-
20 Çfarë mund të të thoshte më tepër Davidi? Ti e njeh shërbëtorin tënd, o Zot, o Zot!
၂၀အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​အား ထပ်​မံ​လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​အ​ကျွန်ုပ်​အ​ကြောင်း​ကို​ကိုယ် တော်​ရှင်​သိ​တော်​မူ​ပါ​၏။-
21 Për dashurinë e fjalës sate dhe simbas zemrës sate ke bërë tërë këto gjëra të mëdha, me qëllim që t’ia bësh të njohur shërbëtorit tënd.
၂၁ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ကြံ​အ​စည်​တော်​အ​ရ ဤ​သို့​ပြု​တော်​မူ ခြင်း​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အား​သွန်​သင်​စေ​ရန် ဤ​ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု တော်​မူ​ပါ​ပြီ။-
22 Për këtë je i madh, o Zot, o Perëndi. Asnjeri nuk është si ti dhe nuk ka tjetër Perëndi veç teje, me sa kemi dëgjuar me veshët tona.
၂၂အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ​ပါ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​ကြား​သိ​သ​မျှ​အ​တိုင်း​ကိုယ် တော်​ရှင်​နှင့်​တူ​သော​ဘု​ရား၊ ကိုယ်​တော်​ရှင် မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။-
23 Dhe kush është si populli yt, si Izraeli, i vetmi komb mbi dhe që Perëndia erdhi ta shpengojë për vete si popullin e tij për të bërë emër dhe për të kryer për ty vepra të mëdha dhe të tmerrshme për tokën tënde përpara popullit tënd, të cilin e ke shpenguar për vete nga Egjipti, nga kombet e perëndive të tyre?
၂၃အ​ဘယ်​လူ​မျိုး​မျှ​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​လူ​မျိုး​နှင့်​နှိုင်း​ယှဉ်​၍​မ​ရ ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော် စစ်​ချီ​လာ​ချိန်​၌​အ​ခြား​လူ​မျိုး​တို့​နှင့် သူ တို့​၏​ဘု​ရား​များ​အား​နှင်​ထုတ်​တော်​မူ​ခဲ့ ပါ​၏။ အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ​ကယ် ဆယ်​တော်​မူ​ခဲ့​သော​လူ​တို့​ကို​မိ​မိ​၏​လူ မျိုး​တော်​ဖြစ်​စေ​တော်​မူ​ပါ​၏။-
24 Dhe ti ke vendosur për vete që populli yt i Izaelit, të jetë populli yt për gjithnjë; dhe ti, o Zot, je bërë Perëndia i tij.
၂၄ကိုယ်​တော်​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​အား မိမိ​ထာ​ဝ​စဉ်​ပိုင်​ရာ​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​ပြီ။''
25 Dhe tani, o Zot, o Perëndi, fjalën që ke thënë lidhur me shërbëtorin tënd dhe me shtëpinë e tij mbaje të qëndrueshme për gjithnjë dhe vepro ashtu si ke thënë,
၂၅``အို ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​နှင့်​အိမ်​ထောင်​အ​တွက်​ပေး​တော်​မူ​သော က​တိ​တော်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​တော် မူ​၍ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။-
26 me qëllim që emri yt të lavdërohet përjetë dhe të thuhet: “Zoti i ushtrive është Perëndia i Izraelit”. Dhe shtëpia e shërbëtorit tënd David u bëftë e qëndrueshme para teje!
၂၆ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည်​အ​စဉ် အ​မြဲ​ထင်​ပေါ်​ကျော်​ကြား​ပါ​လိမ့်​မည်။ လူ တို့​က`အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏' ဟု​အ​စဉ်​အ​မြဲ​ပြော​ဆို ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​၏​မင်း​ဆက်​ကို​လည်း​တည်​မြဲ​စေ တော်​မူ​ပါ။-
27 Sepse ti, o Zoti i ushtrive, Perëndia i Izraelit, ia ke treguar këtë shërbëtorit tënd, duke i thënë: “Unë do të ndërtoj një shtëpi për ty”. Prandaj shërbëtori yt pati guximin të të drejtojë këtë lutje.
၂၇ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​အား​ဤ​အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​၍ ကိုယ်​တော့်​ကျွန်​၏​သား​မြေး​များ​ကို​မင်း မြှောက်​တော်​မူ​မည်​ဖြစ်​ကြောင်း​မိန့်​တော်​မူ သော​ကြောင့် ကိုယ်​တော့်​ကျွန်​သည်​ဤ​ဆု​တောင်း ပတ္ထနာ​ကို​အ​ထံ​တော်​သို့​တင်​လျှောက်​ဝံ့ ပါ​၏။''
28 Dhe tani, o Zot, o Zot, ti je Perëndia, fjalët e tua janë të vërteta, dhe i ke premtuar këto gjëra të bukura shërbëtorit tënd.
၂၈``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော် တို့​ကို​လည်း​အ​စဉ်​တည်​မြဲ​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော့်​ကျွန်​အား​ဤ​အံ့​သြ​ဖွယ်​သော က​တိ​တော်​ကို​ပေး​တော်​မူ​ပါ​ပြီ။-
29 Prandaj tani prano të bekosh shtëpinë e shërbëtorit tënd, në mënyrë që ajo të qëndrojë gjithnjë para teje, sepse ti, o Zot, o Zot, ke folur, dhe si pasojë e bekimit tënd shtëpia e shërbëtorit tënd do të jetë e bekuar përjetë!”.
၂၉ကိုယ်​တော့်​ကျွန်​၏​သား​မြေး​တို့​သည်​ရှေ့ တော်​၌ ဆက်​လက်​၍​မျက်​နှာ​ရ​စေ​ရန်​သူ တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ။ အို အ​ရှင် ထာ​ဝ​ရ​ဘုရား၊ ကိုယ်​တော်​ရှင်​သည်​က​တိ ထား​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ကိုယ်​တော့်​ကျွန်​၏​သား​မြေး တို့​ထာ​ဝ​စဉ်​ခံ​စား​စေ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​သ​တည်း။

< 2 i Samuelit 7 >