< 2 i Mbretërve 20 >
1 Në ato ditë Ezekia u sëmur për vdekje. Atëherë profeti Isaia, bir i Amotsit, shkoi tek ai dhe i tha: “Kështu flet Zoti: “Rregullo shtëpinë tënde, sepse ke për të vdekur dhe nuk ke për t’u shëruar””.
၁ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
2 Atëherë ai ktheu fytyrën nga muri dhe iu lut Zotit, duke thënë:
၂ဟေဇကိသည် နံရံဘက်သို့မျက်နှာလှည့်လျက်၊-
3 “Të lutem shumë, o Zot, mos harro si kam ecur para teje me besnikëri dhe me zemër të pastër, duke bërë atë që është e mirë për sytë e tu”. Pastaj Ezekia shpërtheu në vaj.
၃``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
4 Isaia nuk kishte arritur akoma në oborrin qendror, kur fjala e Zotit iu drejtua, duke i thënë:
၄ဟေရှာယသည်မင်းကြီးထံမှထွက်ခွာသွား ရာ နန်းတော်အလယ်ဝင်းကိုမဖြတ်မီဟေ ရှာယထံသို့၊-
5 “Kthehu prapa dhe i thuaj Ezekias, princit të popullit tim: “Kështu flet Zoti, Perëndia i Davidit, atit tënd: Kam dëgjuar lutjen tënde dhe kam parë lotët e tu; ja, unë po të shëroj; ditën e tretë do të ngjitesh në shtëpinë e Zotit.
၅``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
6 Do t’i shtoj pesëmbëdhjetë vjet jetës sate, do të të çliroj ty dhe këtë qytet nga duart e mbretit të Asirisë dhe do ta mbroj këtë qytet për dashurinë që kam ndaj vetes dhe ndaj Davidit, shërbëtorit tim””.
၆ငါသည်သင့်အားနောက်ထပ်တစ်ဆယ့်ငါးနှစ် အသက်ရှင်စေမည်။ ငါသည်သင်နှင့်ဤယေရု ရှလင်မြို့ကို အာရှုရိဧကရာဇ်မင်း၏လက် မှကယ်ဆယ်မည်။ ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားငါပေးသည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ငါသည်ဤမြို့ ကိုကာကွယ်မည်' ဟုဆင့်ဆိုလော့'' ဟုထာဝရ ဘုရားဗျာဒိတ်တော်ရောက်လာ၏။
7 Pastaj Isaia tha: “Merrni një jaki fiqsh”. Kështu ata e morën dhe e vunë mbi ulçerën, dhe mbreti u shërua.
၇ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။-
8 Por Ezekia i tha Isait: Cila është shenja që Zoti do të më shërojë dhe që ditën e tretë do të ngjitem në shtëpinë e Zotit?”.
၈မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။-
9 Atëherë Isaia iu përgjigj: “Kjo është për ty shenja nga ana e Zotit që Zoti do të plotësojë atë që ka thënë: A dëshiron që hieja të shkojë përpara dhjetë shkallëza ose të kthehet prapa dhjetë shkallëza?”.
၉ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်သက်သေလက္ခဏာတစ်ခု ကိုပြတော်မူမည်။ အရှင်သည်လှေကား ပေါ်တွင်ကျလျက်ရှိသောအရိပ်ကိုရှေ့သို့ ဆယ်ထစ်တိုးစေလိုပါသလော။ သို့မဟုတ် နောက်သို့ဆယ်ထစ်ဆုတ်စေလိုပါသလော'' ဟုပြန်၍မေး၏။
10 Ezekia u përgjigj: “Éshtë lehtë për hijen të shkojë përpara dhjetë shkallëza. Jo! Më mirë hieja të shkojë prapa dhjetë shkallëza”.
၁၀ဟေဇကိက``အရိပ်ကိုဆယ်ထစ်တိုးစေရန် မှာလွယ်ကူ၏။ သို့ဖြစ်၍ဆယ်ထစ်ဆုတ်ပါ လေစေ'' ဟုဆို၏။
11 Atëherë profeti Isai kërkoi ndihmën e Zotit, që bëri hijen të kthehej prapa dhjetë shkallëzat që i kishte zënë në shkallën e Ashazit.
၁၁ဟေရှာယသည်ထာဝရဘုရားထံပတ္ထနာ ပြုခြင်းအားဖြင့် အာခတ်မင်းဆောက်လုပ်ထား ခဲ့သည့်လှေကားပေါ်တွင်ကျလျက်ရှိသော အရိပ်သည်နောက်သို့ဆယ်ထစ်ဆုတ်လေ၏။
12 Në atë kohë Berodak-Baladani, bir i Baladanit, mbret i Babilonisë, i dërgoi letra dhe një dhuratë Ezekias, sepse kishte dëgjuar që Ezekia kishte qenë i sëmurë.
၁၂ထိုအချိန်ကာလ၌ဗာလဒန်မင်း၏သားတော် ဗာဗုလုန်ဘုရင်မေရောဒဗာလဒန်သည် ဟေ ဇကိမင်းဖျားနာလျက်ရှိကြောင်းကြားသိရ သဖြင့် သဝဏ်လွှာတစ်စောင်နှင့်လက်ဆောင်ပေး ပို့ရာ၊-
13 Ezekia priti në audiencë të dërguarit dhe u tregoi tërë shtëpinë e thesarit të tij: argjendin, arin, aromat, vajrat shumë të mira, arsenalin e tij dhe të gjitha gjërat që ndodheshin në magazinat e tij. Nuk pati asgjë në shtëpinë e tij dhe në të gjitha pronat e tij që Ezekia nuk ua tregoi atyre.
၁၃ဟေဇကိသည်စေတမန်တို့ကိုကြိုဆိုပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ရှိသမျှ ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများနှင့်နိုင်ငံ တော်အရပ်ရပ်တွင်ရှိသမျှသောအရာများ ကို ထိုသူတို့အားမင်းကြီးပြလေ၏။-
14 Atëherë profeti Isaia shkoi te mbreti Ezekia dhe i tha: “Çfarë thanë ata njerëz dhe nga kanë ardhur te ti?”. Ezekia iu përgjigj: “Kanë ardhur nga një vend i largët, nga Babilonia”.
၁၄ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံသွား ၍``ထိုသူတို့သည်အဘယ်အရပ်မှလာကြပါ သနည်း။ သူတို့ကအရှင်အားအဘယ်သို့တင် လျှောက်ကြပါသနည်း'' ဟုမေး၏။ ဟေဇကိ က``သူတို့သည်အလွန်ဝေးသောဗာဗုလုန် ပြည်မှလာပါသည်'' ဟုဖြေ၏။
15 Isaia i tha: “Çfarë kanë parë në shtëpinë tënde?”. Ezekia u përgjigj: “Kanë parë të gjitha ato që ka shtëpia ime; u tregova edhe ato gjëra që janë në magazinat e mia”.
၁၅ဟေရှာယက``သူတို့သည်နန်းတော်တွင်း၌ အဘယ်အရာများကိုတွေ့မြင်သွားကြ ပါသနည်း'' ဟုမေးပြန်၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများထဲမှသူတို့အား ငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
16 Atëherë Isaiai i tha Ezekias: “Dëgjo fjalën e Zotit:
၁၆ထိုအခါဟေရှာယသည်မင်းကြီးအား``အရှင့် နန်းတော်တွင်ရှိသမျှသောအရာတို့ကိုလည်း ကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုးဘေးတို့စု ဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာရှိသမျှကို လည်းကောင်း ဗာဗုလုန်ပြည်သို့ဆောင်ယူသွား ရာနေ့ရက်ကာလရောက်ရှိလာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခုမျှကျန်ရစ် လိမ့်မည်မဟုတ်။-
17 “Ja, do të vijnë ditët, kur tërë ato që ka shtëpia jote dhe tërë ato që etërit e tu kanë grumbulluar deri më sot, do të çohen në Babiloni; asgjë nuk do të lihet, thotë Zoti.
၁၇
18 Përveç kësaj, disa nga bijtë e tu, që kanë dalë nga ti dhe që të kanë lindur, do të bëhen eunukë në pallatin e mbretit të Babilonisë””.
၁၈အရှင့်သားမြေးအရင်းအချာအချို့တို့သည် လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင်၏နန်း တော်တွင် မိန်းမစိုးများအဖြစ်ဖြင့်အမှုထမ်း ရကြလိမ့်မည်ဖြစ်ကြောင်း အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူပါ၏'' ဟုဆင့် ဆိုလေသည်။
19 Ezekia iu përgjigj pastaj Isaias: “Fjala e Zotit që ti ke shqiptuar është e mirë”. Në fakt ai mendonte: “A nuk është një gjë e bukur që të ketë paqe dhe siguri gjatë jetës sime?”.
၁၉ဟေဇကိမင်းသည်မိမိ၏လက်ထက်၌ ငြိမ်း ချမ်းသာယာမှုနှင့်ဘေးမဲ့လုံခြုံမှုရှိလိမ့် မည်ဟု အနက်အဋ္ဌိပ္ပါယ်ကောက်ယူကာ``ငါ့အား ဆင့်ဆိုသည့်ထာဝရဘုရားထံမှဗျာဒိတ် တော်သည်ကောင်းပေ၏'' ဟုဆို၏။
20 Pjesa tjetër e bëmave të Ezekias dhe të gjitha trimëritë e tij, ndërtimi i rezervuarit dhe i ujësjellësit, me anën e të cilëve pruri ujin në qytet, a nuk janë të shkruara në librin e Kronikave të mbretërve të Judës?
၂၀ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
21 Pastaj Ezekian e zuri gjumi me etërit e tij dhe në vend të tij mbretëroi i biri, Manasi.
၂၁ဟေဇကိကွယ်လွန်သောအခါသူ၏သားတော် မနာရှေသည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။