< 2 i Mbretërve 12 >
1 Në vitin e shtatë të Jehut, Joasi filloi të mbetërojë dhe mbretëroi dyzet vjet në Jeruzalem. Nëna e tij quhej Tsibiah, ishte nga Beer-Sheba.
၁ဣသရေလပြည်ဘုရင်ယေဟုမင်း၏နန်း စံခုနစ်နှစ်မြောက်တွင် ယောရှသည်ယုဒပြည် ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်နန်းစံလေသည်။ သူ၏မယ် တော်ကားဗေရရှေဘမြို့သူဇိဗိဖြစ်၏။-
2 Joasi bëri atë që ishte e drejtë në sytë e Zotit për tërë kohën që udhëhiqej nga prifti Jehojada.
၂သူသည်ယဇ်ပုရောဟိတ်ယောယဒ၏သွန် သင်မှုကိုခံယူရရှိသဖြင့် တစ်သက်လုံး ထာဝရဘုရားနှစ်သက်တော်မူသော အမှုများကိုပြု၏။-
3 Megjithatë vendet e larta nuk u ndryshuan; populli vazhdonte të bënte flijime dhe të digjte temjan në vendet e larta.
၃သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများ ကိုမူကား မဖျက်မသိမ်းဘဲထားသဖြင့် ပြည်သူတို့သည်ထိုအရပ်များတွင်ယဇ် ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြသေး၏။
4 Joasi u tha priftërinjve: “Tërë paratë e gjërave të shenjtëruara që çohen në shtëpinë e Zotit, paratë e vëna mënjanë, paratë e caktuara për shpengimin e vetes dhe tërë paratë që secili e ndjen në zemër t’ia çojë shtëpisë së Zotit,
၄ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-
5 t’i marrin priftërinjtë, secili nga i njohuri i tij, dhe të ndreqin dëmtimet që ka pasur tempulli kudo që të ndodhen”.
၅ယဇ်ပုရောဟိတ်အသီးသီးတို့သည်မိမိ တို့ယဇ်ပူဇော်ပေး၍ရရှိသည့်ငွေများဖြင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုတွင်လိုအပ် သလိုအသုံးပြုရန်တာဝန်ယူရသည်။
6 Por në vitin e njëzetetretë të mbretit Joas priftërinjtë nuk kishin ndrequr akoma dëmtimet e tempullit.
၆သို့ရာတွင်ယောရှ၏နန်းစံနှစ်ဆယ့်သုံးနှစ် မြောက်သို့ရောက်ရှိသည်တိုင်အောင် ဗိမာန်တော် တွင်မည်သည့်မွမ်းမံပြင်ဆင်မှုကိုမျှမပြု ရသေးသဖြင့်၊-
7 Atëherë mbreti Joas thirri priftin Jehojada dhe priftërinjtë e tjerë dhe u tha: “Pse nuk i keni ndrequr dëmtimet e tempullit? Prandaj mos merrni më para nga të njohurit tuaj, por u jepni për të ndrequr dëmtimet e tempullit”.
၇ယောရှသည်ယောယဒနှင့်အခြားယဇ်ပုရော ဟိတ်များကိုခေါ်၍``သင်တို့သည်အဘယ် ကြောင့်ဗိမာန်တော်ကိုမပြင်ဘဲနေကြသနည်း။ ယခုအချိန်မှအစပြု၍ သင်တို့သည်မိမိ တို့ရရှိသည့်ငွေကိုသိမ်းဆည်း၍မထားရ ကြ။ ဗိမာန်တော်မွမ်းမံပြင်ဆင်မှုအတွက် ပေးအပ်ရကြမည်'' ဟုဆို၏။-
8 Priftërinjtë pranuan të mos merrnin më para nga populli, as edhe të ndreqnin dëmtimet e tempullit.
၈ယဇ်ပုရောဟိတ်တို့သည်လည်းငွေကိုပေး အပ်ရန်နှင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုကို တာဝန်မယူရန်သဘောတူကြလေသည်။
9 Pastaj prifti Jehojada mori një arkë, hapi një vrimë në kapakun e saj dhe e vendosi përbri altarit, në krahun e djathtë të atij që hyn në shtëpinë e Zotit; priftërinjtë që ruanin hyrjen vendosën aty tërë paratë e sjella në shtëpinë e Zotit.
၉ထိုနောက်ယောယဒသည်သေတ္တာတစ်လုံး ကိုယူ၍အဖုံးတွင်အပေါက်ဖောက်ပြီးလျှင် ဗိမာန်တော်အဝင်လမ်းလက်ယာဘက်ရှိယဇ် ပလ္လင်အနီးတွင်ထား၏။ ဗိမာန်တော်အဝင်ဝ တွင်တာဝန်ကျသောယဇ်ပုရောဟိတ်များ သည် ဝတ်ပြုကိုးကွယ်ရန်လာရောက်သူတို့ ပေးလှူသောငွေတို့ကိုသေတ္တာထဲသို့ထည့် ကြ၏။-
10 Kur ata shihnin që në arkë kishte shumë para, atëherë vinin sekretari i mbretit dhe kryeprifti që i vinin paratë në qese dhe numëronin paratë e gjetura në shtëpinë e Zotit.
၁၀အလှူခံသေတ္တာတွင်ငွေများလာသည့်အခါ တိုင်း ဘုရင့်အတွင်းဝန်နှင့်ယဇ်ပုရောဟိတ် မင်းတို့လာ၍ ငွေကိုထုတ်ယူကာအရည် ကြိုပြီးလျှင်ချိန်တွယ်ကြ၏။-
11 Pastaj paratë që ishin peshuar i dorëzonin në duart e atyre që kryenin punë, të cilëve u ishte besuar mbikqyrja e shtëpisë së Zotit; dhe këta ua kalonin marangozëve dhe ndërtuesve që punonin në shtëpinë e Zotit,
၁၁သူတို့သည်အလေးချိန်အတိအကျကို မှတ်သားထားပြီးလျှင် ငွေကိုဗိမာန်တော် ပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူတို့၏လက် သို့ပေးအပ်ကြ၏။ ကြီးကြပ်သူတို့သည် ထိုငွေကိုလက်သမား၊-
12 muratorëve dhe gdhëndësve, për të blerë dru dhe gurë të latuar, të nevojshëm për të ndrequr dëmtimet e shtëpisë së Zotit dhe për të mbuluar të gjitha shpenzimet e bëra për ndreqjen e tempullit.
၁၂ပန်းရံသမားနှင့်ကျောက်ဆစ်သမားတို့၏ လုပ်ခများအတွက်လည်းကောင်း၊ မွမ်းမံပြင် ဆင်ရာတွင်လိုအပ်သောသစ်သား၊ ကျောက် ဝယ်ယူရန်နှင့်အခြားလိုအပ်သည့်စရိတ် များအတွက်လည်းကောင်းအသုံးပြုကြ၏။-
13 Por me paratë e sjella në shtëpinë e Zotit nuk u bënë, për shtëpinë e Zotit, as kupa prej argjendi, as pastrues, as enë, as bori, asnjë send ari ose asnjë send argjendi;
၁၃ငွေခွက်၊ ငွေဖလား၊ ငွေတံပိုးခရာနှင့်ငွေ မီးညှပ်များပြုလုပ်ရန်အတွက်သော်လည်း ကောင်း ထိုငွေကိုလုံးဝအသုံးမပြုကြ။-
14 paratë u jepeshin vetëm atyre që kryenin punimet, të cilët i përdornin për të restauruar shtëpinë e Zotit.
၁၄အလုပ်သမားခများပေးရန်နှင့်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာပစ္စည်းများဝယ်ယူရန် အတွက်သာ ထိုငွေကိုအသုံးပြုကြ၏။-
15 Përveç kësaj nuk u kërkohej asnjë llogari atyre që u ishin dorëzuar paratë, të cilat duhet t’u jepeshin zbatuesve të punimeve, sepse këta punonin me përpikmëri.
၁၅လုပ်ငန်းကြီးကြပ်သူတို့သည်လုံးဝယုံ ကြည်စိတ်ချရသူများဖြစ်သဖြင့် သူတို့ အားငွေစာရင်းအင်းများကိုတင်ပြခိုင်း ရန်မလိုချေ။-
16 Paratë e flijimeve të shlyerjes dhe ato të flijimeve për mëkatet nuk çoheshin në shtëpinë e Zotit; ato ishin për priftërinjtë.
၁၆ဒုစရိုက်ဖြေရာပူဇော်သကာနှင့်အပြစ်ဖြေ ရာပူဇော်သကာတို့မှရရှိသည့်ငွေကိုမူ အလှူခံသေတ္တာထဲသို့မထည့်ဘဲယဇ်ပုရော ဟိတ်တို့ယူရကြ၏။
17 Në atë kohë Hazaeli, mbret i Sirisë, doli për të luftuar kundër Gathit dhe e pushtoi; pastaj Hazaeli u përgatit të sulmonte Jeruzalemin.
၁၇ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
18 Atëherë Joasi, mbret i Judës, mori tërë sendet e shenjta që etërit e tij Jozafati, Jehorami dhe Ashaziahu, mbretër të Judës kishin shenjtëruar, ato që kishte shenjtëruar ai vetë dhe tërë arin që gjendej në thesarët e shtëpisë së Zotit dhe në shtëpinë e mbretit, dhe i dërgoi të gjitha Hazaelit, mbretit të Sirisë, që u tërhoq në Jeruzalem.
၁၈ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။
19 Pjesa tjetër e bëmave të Joasit dhe tërë ato që bëri a nuk janë të shkruara në librin e Kronikave të mbretërve të Judës?
၁၉ယောရှမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။
20 Shërbëtorët e Joasit ngritën krye, kurdisën një komplot dhe e vranë në shtëpinë e Milos, në tatëpjetën në drejtim të Silas.
၂၀ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
21 Jozakari, bir i Shimeathit, dhe Jehozabadi, bir i Shomerit, shërbëtorë të tij, e goditën dhe ai vdiq. E varrosën pastaj bashkë me etërit e tij në qytetin e Davidit. Në vend të tij mbretëroi i biri, Amatsiahu.
၂၁