< 2 i Kronikave 8 >

1 Njëzet vjet pasi Salomoni ndërtoi shtëpinë e Zotit dhe pallatin mbretëror të tij,
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
2 Salomoni rindërtoi qytetet që Hirami i kishte dhënë Salomonit dhe bëri që të banojnë në to bijtë e Izraelit.
ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန် ပြုပြင်၍ ဣသရေလအမျိုးသားတို့ကို နေစေ၏။
3 Salomoni marshoi pastaj kundër Hamath-Tsobahut dhe e pushtoi.
တဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား၍ နိုင်လေ ၏။
4 Përveç kësaj rindërtoi Tadmorin në shkretëtirë dhe të gjitha qytetet e furnizimit që kishte ndërtuar në Hamath.
ပြည်ထဲမှာ တာဒမော်မြို့၊ ဟာမတ်ပြည်၌ ရှိသမျှသော ဘဏ္ဍာတော်မြို့၊
5 Rindërtoi Beth-Horonin e sipërm dhe Beth-Horonin e poshtëm, qytete të fortifikuara me mure, porta dhe shufra,
မြို့ရိုး၊ တံခါး၊ ကန့်လန့်ကျင်နှင့်ခိုင်ခံ့သော အထက်ဗေသော ရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကို လည်း တည်လေ၏။
6 si edhe Baalathin dhe tërë qytetet e furnizimit që i përkisnin Salomonit, të gjitha qytetet e qerreve, qytetet e kalorësisë, me një fjalë të gjitha ato që i pëlqyen të ndërtojë në Jeruzalem, në Liban dhe në tërë vendin që ndodhej nën sundimin e tij.
ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ၊ ရထား တော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
7 Tërë njerëzit e mbetur nga Hitejtë, nga Amorejtë, nga Perezejtë, nga Hivejtë dhe nga Jebusejtë, që nuk ishin nga Izraeli,
ဣသရေလအမျိုးသားမဖျက်ဆီးသောကြောင့်၊
8 (domethënë pasardhësit e tyre që kishin mbetur pas tyre në vend dhe që Izraelitët nuk kishin mundur t’i shkatërronin) Salomoni i rekrutoi për punë të detyrueshme deri ditën e sotme.
ပြည်တော်၌ ကျန်ကြွင်းသော တပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင် အောင် အခွန်ပေးစေ၏။
9 Por nga bijtë e Izraelit Salomoni nuk përdori asnjë si shërbëtor për punimet e tij; këta ishin përkundrazi njerëzit e tij të luftës, krerët e udhëheqësve të tij dhe komandantët e qerreve dhe të kalorësisë së tij.
ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော် မူ၏။
10 Shefat e nënpunësve të mbretit Salomon që kontrollonin popullin ishin dyqind e pesëdhjetë.
၁၀အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ၏။
11 Por Salomoni bëri që vajza e Faraonit të ngjitej nga qyteti i Davidit në shtëpinë që kishte ndërtuar për të, sepse mendonte: “bashkëshortja ime nuk duhet të banojë në shtëpinë e Davidit, mbretit të Izraelit, sepse vendet ku ka hyrë arka e Zotit janë të shenjta”.
၁၁ဖာရောဘုရင်၏ သမီးတော်ကို၊ ရှောလမုန် သည် ဒါဝိဒ်မြို့မှ ခေါ်၍ သူ့အဘို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့၏။ အကြောင်းမူကား၊ ထာဝရ ဘုရား၏ သေတ္တာတော်ရောက်လာသော အရပ်သည် သန့်ရှင်းသောကြောင့်၊ ငါ့မယားသည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်အိမ်တော်၌ မနေသင့်ဟု သဘောရှိ၏။
12 Atëherë Salomoni i ofroi olokauste Zotit mbi altarin e Zotit, që ai kishte ndërtuar përpara portikut të tempullit;
၁၂ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ၊ ရှောလမုန်သည် မောရှေ၏ ပညတ်တရားနှင့်အညီ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏။
13 dhe e bënte këtë në bazë të numrit që kërkohej çdo ditë, duke i ofruar sipas urdhërimeve të Moisiut, të shtunave, kur kishte hënë të re dhe gjatë festave solemne, tri herë në vit, domethënë në festat e bukëve të ndorme, në festat e javëve dhe në festën e kasolleve.
၁၃ထိုမှတပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌၎င်း၊ အဇုမပွဲ၊ ခုနစ်သိတင်းပွဲ၊ သကေနေပွဲတည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံးပွဲခံသော နေ့၌၎င်း ယဇ်ပူဇော် လေ့ရှိ၏။
14 Duke iu përmbajtur normave të Davidit, atit të tij, ai vendosi klasat e priftërinjve për shërbimin e tyre, Levitët në funksionet e tyre (të lëvdojnë Zotin dhe të shërbejnë para priftërinjve) sipas detyrave të përditshme, dhe derëtarët sipas klasave të tyre në çdo portë, sepse kështu kishte urdhëruar Davidi, njeriu i Perëndisë.
၁၄ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို၎င်း၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထော မနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။
15 Ata nuk u larguan nga urdhëri i mbretit, që u ishte dhënë priftërinjve dhe Levitëve, për çdo gjë dhe për thesaret.
၁၅အမှုတော်များ၊ ဘဏ္ဍာတော်များနှင့်ဆိုင်သော အရာမှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ၏။
16 Tërë puna e Salomonit ishte e organizuar mirë nga dita që u hodhën themelet e shtëpisë të Zotit deri sa kjo mbaroi. Kështu shtëpia e Zotit u përfundua.
၁၆ထာဝရဘုရား၏ အိမ်တော်အမြစ်မချမှီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။
17 Atëherë mbreti Salomon shkoi në Etsion-Geber dhe në Elath mbi bregun e detit, në vendin e Edomit.
၁၇တဖန်ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ် ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။
18 Hirami me anë të shërbëtorëve të tij i dërgoi anije dhe shërbëtorë që njihnin detin. Këta shkuan me shërbëtorët e Salomonit në Ofir, morën aty katërqind e pesëdhjetë talenta ari dhe ia çuan mbretit Salomon.
၁၈ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။

< 2 i Kronikave 8 >