< 1 i Kronikave 15 >

1 Davidi ndërtoi disa shtëpi në qytetin e Davidit, përgatiti një vend për arkën e Perëndisë dhe ngriti një çadër për atë.
ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​တွက်​အိမ်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​တည်​ဆောက်​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​လည်း နေ​ရာ​တစ်​နေ​ရာ​ကို​အ​သင့်​ပြင်​ဆင်​ကာ တဲ​တော်​တစ်​ဆောင်​ကို​ဆောက်​လုပ်​လေ​သည်။-
2 Atëherë Davidi tha: “Asnjeri nuk duhet të mbartë arkën e Zotit përveç Levitëve, sepse Zoti ka zgjedhur ata për ta mbajtur arkën e Perëndisë dhe për t’i shërbyer atij përjetë”.
ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-
3 Davidi mblodhi tërë Izraelin në Jeruzalem për ta çuar arkën e Zotit në vendin që i kishte përgatitur.
မိ​မိ​အ​သင့်​ပြင်​ဆင်​ထား​သည့်​အ​ရပ်​သို့ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် ယေ​ရု ရှ​လင်​မြို့​တွင်​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း တို့​အား​စု​ရုံး​စေ​၏။-
4 Davidi mblodhi edhe bijtë e Aaronit dhe Levitët.
ထို​နောက်​မင်း​ကြီး​သည်​အာ​ရုန်​၏​သား​မြေး များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ခေါ်​ယူ​တော် မူ​၏။-
5 Nga bijtë e Kehathit, Urielin, të parin, dhe njëqind e njëzet vëllezërit e tij;
ကော​ဟတ်​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​ဥ​ရေ​လ​သည်၊-
6 nga bijtë e Merarit, Asajahun, të parin, dhe dyqind e njëzet vëllezërit e tij;
မေ​ရာ​ရိ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​အ​သာ​ယ​သည်၊-
7 nga bijtë e Gershomit, Joelin, të parin, dhe njëqind e tridhjetë vëllezërit e tij;
ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​သုံး​ဆယ် ကို​ခေါင်း​ဆောင်​၍​ယော​လ​သည်၊-
8 nga bijtë e Elitsafanit, Shemajahun, të parin, dhe dyqind vëllezërit e tij;
ဧ​လိ​ဇ​ဖန်​သား​ချင်း​စု​မှ​လူ​နှစ်​ရာ​ကို ခေါင်း​ဆောင်​၍​ရှေ​မာ​ယ​သည်၊-
9 nga bijtë e Hebronit, Elielin, të parin, dhe tetëdhjetë vëllezërit e tij;
ဟေ​ဗြုန်​သား​ချင်း​စု​မှ​လူ​ရှစ်​ဆယ်​ကို​ခေါင်း ဆောင်​၍​ဧ​လျေ​လ​သည်၊-
10 nga bijtë e Uzielit, Aminadabin, të parin, dhe njëqind e dymbëdhjetë vëllezërit e tij.
၁၀သြ​ဇေ​လ​သား​ချင်း​စု​မှ​လူ​တစ်​ရာ​တစ်​ဆယ့် နှစ်​ယောက်​ကို​ခေါင်း​ဆောင်​၍ အ​မိ​န​ဒပ်​ရောက် ရှိ​လာ​၏။
11 Pastaj Davidi thirri priftërinjtë Tsadok dhe Abiathar, dhe Levitët Uriel, Asajahu, Joel, Shemajahu, Eliel dhe Aminadab,
၁၁ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​အ​နွယ်​ဝင်​များ ဖြစ်​ကြ​သော​သြ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ​နှင့်​အ​မိ​န​ဒပ်​တို့​ကို ခေါ်​ယူ​တော်​မူ​၍၊-
12 dhe u tha atyre: “Ju jeni të parët e shtëpive atërore të Levitëve; shenjtërohuni, ju dhe vëllezëzit tuaj, që të mund të transportojnë arkën e Zotit, Perëndisë të Izraelit, në vendin që i kam përgatitur.
၁၂သူ​တို့​အား``သင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​အ​သင့် ပြင်​ဆင်​ထား​သည့်​ဌာ​န​တော်​သို့ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ နိုင်​စေ​ရန် သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လည်း ကောင်း၊ သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​သော လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​လည်း​ကောင်း​သန့် စင်​စေ​ကြ​လော့။-
13 Sepse herën e parë ju nuk ishit dhe Zoti, Perëndia ynë, hapi një të çarë midis nesh, sepse nuk e kishim kërkuar sipas rregullave të caktuara”.
၁၃ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။
14 Kështu priftërinjtë dhe Levitët u shenjtëruan për të transportuar arkën e Zotit, Perëndisë të Izraelit.
၁၄ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​နိုင် ရန် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​ကြ​ကုန်​၏။-
15 Bijtë e Levitëve e mbajtën arkën e Perëndisë mbi shpatullat e tyre me anë të shufrave, ashtu si kishte urdhëruar Moisiu sipas fjalës të Zotit.
၁၅လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း သေတ္တာ​တော်​ကို​ထမ်း​ပိုး​များ​ဖြင့်​ပ​ခုန်း​ထက် တွင်​ထမ်း​ကာ​ပင့်​ဆောင်​ခဲ့​ကြ​၏။
16 Pastaj Davidi urdhëroi krerët e Levitëve të caktonin vëllezërit e tyre këngëtarë me vegla muzikore, harpa, qeste dhe cembale për të pasur tinguj gëzimi.
၁၆ဒါ​ဝိဒ်​မင်း​သည်​စောင်း​များ၊ လင်း​ကွင်း​များ​ဖြင့် ပျော်​ရွှင်​ဖွယ်​ကောင်း​သော​သီ​ချင်း​များ​သီ​ဆို တီး​မှုတ်​ရန် လေ​ဝိ​အ​နွယ်​ဝင်​အ​သီး​သီး​တို့ ကို​တာ​ဝန်​ပေး​အပ်​မည့်​အ​ကြောင်း ထို​သူ​တို့ ၏​ခေါင်း​ဆောင်​များ​အား​အ​မိန့်​ပေး​တော်​မူ​၏။-
17 Prandaj Levitët caktuan Hemanin, birin e Joelit, midis vëllezërve të tij, Asafin, birin e Berakiahut, dhe midis bijve të Merarit, vëllezërit e tyre, Ethanin, birin e Kushajahut.
၁၇သူ​တို့​သည်​ကြေး​လင်း​ကွင်း​တီး​ရန်​အ​ဆို တော်​သား​ချင်း​စု​များ​မှ​ယော​လ​၏​သား ဟေ​မန်​နှင့် သူ​၏​ဆွေ​မျိုး​ဗေ​ရ​ခိ​၏​သား အာ​သပ်​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကု​ရှာ​ယ ၏​သား​ဧ​သန်​ကို​ရွေး​ချယ်​ကြ​၏။ ထို​သူ​တို့ ကို​ကူ​ညီ​ရာ​တွင်​အ​သံ​မြင့်​စောင်း​များ​ကို တီး​ရန်​ဇာ​ခ​ရိ၊ ဗင်​ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥန္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ သေ​ယ၊ မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ ဟူ​သော​လေဝိ​အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ် ကြ​၏။ အ​သံ​နိမ့်​စောင်း​များ​တီး​ရန်​အ​တွက် မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ​နှင့်​ဗိ​မာန်​တော်​စောင့် သြ​ဗ​ဒေ​ဒုံ၊ ယေ​လ​နှင့်​အာ​ဇ​ဇိ​တို့​ကို ရွေး​ချယ်​ကြ​၏။
18 Me ta ishin vëllezërit e tyre të klasës së dytë: Zakaria, Beni, Jaazieli, Semiramothi, Jehieli, Uni, Eliabi, Benajahu, Maasejahu, Matithiahu, Elifalehu, Miknejahu, Obed-Edomi dhe Jeeli, që ishin derëtarë.
၁၈
19 Këngëtarët Heman, Asaf dhe Ethan përdornin cembale prej bronzi;
၁၉
20 Zakaria, Azieli, Shemiramothi, Jehieli, Uni, Eliabi, Maasejahu dhe Benajahu u binin harpave për zëra sopranoje;
၂၀
21 Matithiahu, Elifalehu, Miknejahu, Obed-Edomi, Jejeli dhe Azaziahu u binin qesteve në oktavë për të udhëhequr këngën;
၂၁
22 Kenaiahu, i pari i Levitëve, ishte i ngarkuar me këngën; ai drejtonte këngën, sepse ishte kompetent në këtë fushë.
၂၂ခေ​န​နိ​သည်​ဂီ​တ​ပ​ညာ​တွင်​ကျွမ်း​ကျင် သူ​ဖြစ်​သ​ဖြင့် သူ့​အား​လေ​ဝိ​ဂီ​တ​ပ​ညာ သည်​တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ခန့်​ထား​ကြ​၏။-
23 Berekiahu dhe Elkanahu ishin derëtarë pranë arkës.
၂၃ဗေ​ရ​ခိ​နှင့်​ဧ​လ​ကာ​န​တို့​အား သြ​ဗ​ဒေ​ဒုံ၊ ယေ​ဟိ​တို့​နှင့်​အ​တူ ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​တဲ​တော်​တံ​ခါး​စောင့်​များ​အ​ဖြစ် ဖြင့်​ရွေး​ချယ်​ခန့်​ထား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် များ​ဖြစ်​ကြ​သော​ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ တို့​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​တံ​ပိုး ခ​ရာ​မှုတ်​ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား ကြ​၏။
24 Priftërinjtë Shebarniahu, Joshafati, Nethaneel, Amasai, Zakaria, Benajah dhe Elezieri u binin borive përpara arkës së Perëndisë, kurse Obed-Edomi dhe Jehijahu kryenin detyrën e derëtarit afër arkës.
၂၄
25 Atëherë Davidi, pleqtë e Izraelit dhe komandantët e mijëshëve vepruan me gëzim në transportimin e arkës së besëlidhjes të Zotit nga shtëpia e Obed-Edomit.
၂၅သို့​ဖြစ်​၍​ဒါဝိဒ်​မင်း​နှင့်​တ​ကွ​ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ၊ စစ်​ဘက်​ဆိုင်​ရာ​တပ်​မှူး များ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ရန်​အ​တွက်​သြ​ဗ​ဒေ​ဒုံ​၏​အိမ်​သို့​သွား​ကြ ပြီး​လျှင်​ခမ်း​နား​သော​ပွဲ​လမ်း​သ​ဘင်​တစ်​ရပ် ကို​ကျင်း​ပ​ကြ​၏။-
26 Kështu, sepse Perëndia i ndihmoi Levitët që mbanin arkën e besëlidhjes të Zotit, u ofruan si flijime shtatë dema dhe shtatë desh.
၂၆ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-
27 Davidi kishte veshur një mantel prej liri të hollë, ashtu si tërë Levitët që mbanin arkën, këngëtarët dhe Kenianahu, drejtuesi i këngës së bashku me këngëtarët; Davidi kishte veshur gjithashtu një efod prej liri.
၂၇ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​ကောင်း​မွန်​သော​ပိတ် ချော​ထည်​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လေ​သည်။ ထို​နည်း​တူ​ဂီ​တ​ပ​ညာ​သည်​များ၊ သူ​တို့​၏ ခေါင်း​ဆောင်​ခေ​န​နိ​နှင့်၊ သေတ္တာ​တော်​ကို​ပင့် ဆောင်​ကြ​သူ​လေဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း ဝတ်​ဆင်​ထား​သ​တည်း။ ဒါ​ဝိဒ်​သည်​ပိတ်​ချော သင်​တိုင်း​ကို​လည်း​ဝတ်​ထား​သေး​၏။-
28 Kështu tërë Izraeli e çoi lart arkën e besëlidhjes të Zotit me klithma gëzimi nën tingujt e burive, brirëve, cembaleve, qesteve dhe harpave.
၂၈ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။
29 Por ndodhi që, ndërsa arka e besëlidhjes të Zotit arriti në qytetin e Davidit, Mikal, e bija e Saulit, duke shikuar nga dritarja, pa mbretin David që kërcente dhe hidhej përpjetë, dhe e përçmoi në zemër të saj.
၂၉သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​စဉ် ရှော​လု​မင်း​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​သော​အ​ခါ ဝမ်း မြောက်​စွာ​က​ခုန်​လျက်​နေ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လေ​သည်။ ထို​အ​ခါ​သူ​သည်​မင်း​ကြီး အား​ရွံ​ရှာ​စက်​ဆုပ်​စိတ်​ပေါ်​လာ​၏။

< 1 i Kronikave 15 >