< Numbers 16 >

1 Kora ọmọ Isari, ọmọ Kohati, ọmọ Lefi àwọn ọmọ Reubeni: Datani àti Abiramu, àwọn ọmọ Eliabu, àti Oni ọmọ Peleti mú ènìyàn mọ́ra.
လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊
2 Wọ́n sì dìde sí Mose, pẹ̀lú àádọ́ta lé nígba ọkùnrin nínú àwọn ọmọ Israẹli, ìjòyè nínú ìjọ, àwọn olórúkọ nínú àjọ, àwọn ọkùnrin olókìkí.
ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊
3 Wọ́n kó ara wọn jọ láti tako Mose àti Aaroni, wọ́n sọ fún wọn pé, “Ẹ ti kọjá ààyè yín, ó tó gẹ́ẹ́! Mímọ́ ni gbogbo ènìyàn, kò sí ẹni tí kò mọ́ láàrín wọn, Olúwa sì wà pẹ̀lú wọn, nítorí kí wá ni ẹ̀yin ṣe gbé ara yín ga ju ìjọ ènìyàn Olúwa lọ?”
မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
4 Nígbà tí Mose gbọ́ èyí, ó dojúbolẹ̀,
ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။
5 Ó sì sọ fún Kora àti gbogbo ẹgbẹ́ rẹ̀ pé, “Ní ọ̀la ni Olúwa yóò fi ẹni tí í ṣe tirẹ̀ àti ẹni tó mọ́ hàn, yóò sì mú kí ẹni náà súnmọ́ òun. Ẹni tí ó bá yàn ni yóò mú kí ó súnmọ́ òun.
တဖန်မောရှေက၊ အဘယ်သူသည် ထာဝရ ဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို ၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည်။
6 Kí Kora àti gbogbo ẹgbẹ́ rẹ̀ ṣe èyí, ẹ mú àwo tùràrí.
အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှ တို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊
7 Kí ẹ sì fi iná àti tùràrí sínú rẹ̀ lọ́la níwájú Olúwa, yóò sì ṣe, ọkùnrin tí Olúwa bá yàn òun ni. Ẹ̀yin ọmọ Lefi, ẹ ti kọjá ààyè yín!”
နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့် လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။
8 Mose sì tún sọ fún Kora pé, “Ẹ gbọ́ báyìí o, ẹ̀yin ọmọ Lefi!
တဖန်မောရှေက၊ အိလေဝိသားတို့၊ နားထောင် ကြပါလော့။
9 Kò ha tọ́ fún yín pé Ọlọ́run Israẹli ti yà yín sọ́tọ̀ lára ìjọ Israẹli yòókù, tó sì mú yín súnmọ́ ara rẹ̀ láti ṣiṣẹ́ nínú àgọ́ Olúwa àti láti dúró ṣiṣẹ́ ìsìn níwájú àwọn ènìyàn?
သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊
10 Ó ti mú àwọn ènìyàn yín tó jẹ́ ọmọ Lefi súnmọ́ ara rẹ̀, ṣùgbọ́n báyìí ẹ tún ń wá ọnà láti ṣiṣẹ́ àlùfáà.
၁၀သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
11 Olúwa ni ìwọ àti gbogbo ẹlẹgbẹ́ rẹ takò. Ta a ni Aaroni jẹ́ tí ẹ̀yin ó fi kùn sí i?”
၁၁ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊
12 Mose sì ránṣẹ́ sí Datani àti Abiramu àwọn ọmọ Eliabu. Ṣùgbọ́n wọ́n wí pé, “Àwa kò ní í wá!
၁၂ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။
13 Kò ha tó gẹ́ẹ́ pé o ti mú wa jáde láti ilẹ̀ tí ó ń sàn fún wàrà àti oyin láti pa wá sínú aginjù yìí? O tún wá fẹ́ sọ ara rẹ di olúwa lé wa lórí bí?
၁၃သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
14 Síbẹ̀síbẹ̀ ìwọ kò sì tí ì mú wa dé ilẹ̀ tí ó ń sàn fún wàrà àti oyin, bẹ́ẹ̀ ni o kò sì pín ilẹ̀ ìní àti ọgbà àjàrà. Ìwọ ha fẹ́ sọ wá di ẹrú bí? Rárá o, àwa kì yóò gòkè wá!”
၁၄ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို၏။
15 Nígbà náà ni Mose bínú gidigidi, ó sì sọ fún Olúwa pé, “Má ṣe gba ọrẹ wọn, èmi kò gba kẹ́tẹ́kẹ́tẹ́ lọ́wọ́ wọn, bẹ́ẹ̀ ni n kò sì pa ẹnikẹ́ni nínú wọn lára!”
၁၅မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက်၍၊
16 Mose sọ fún Kora pé, “Ìwọ àti ọmọ lẹ́yìn rẹ gbọdọ̀ fi ara hàn níwájú Olúwa lọ́la—gbogbo yín, ìwọ, àwọn ọmọ lẹ́yìn rẹ àti Aaroni.
၁၆ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။
17 Kí ẹnìkọ̀ọ̀kan yín mú àwo tùràrí, kí ó sì fi tùràrí sínú rẹ̀, kí gbogbo rẹ̀ jẹ́ àádọ́ta lé nígba àwo tùràrí kí ẹ sì ko wá síwájú Olúwa. Ìwọ àti Aaroni yóò mú àwo tùràrí wá pẹ̀lú.”
၁၇လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ၍ လောဗန်ကို တင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း၊
18 Nígbà náà ni oníkálùkù wọn mú àwo tùràrí, wọ́n fi iná àti tùràrí sí i nínú, wọ́n sì dúró sí ẹnu-ọ̀nà àgọ́ ìpàdé, àwọn pẹ̀lú Mose àti Aaroni.
၁၈ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့် အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။
19 Nígbà tí Kora kó gbogbo àwọn ẹlẹgbẹ́ rẹ̀ jọ sí ẹnu-ọ̀nà àgọ́ ìpàdé, ògo Olúwa sì farahan gbogbo ìjọ ènìyàn.
၁၉ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
20 Olúwa sì sọ fún Mose àti Aaroni pé,
၂၀ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။
21 “Ẹ ya ara yín sọ́tọ̀ kúrò láàrín ìjọ wọ̀nyí, kí ń ba à le pa wọ́n run lẹ́ẹ̀kan náà.”
၂၁ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊
22 Ṣùgbọ́n Mose àti Aaroni dojúbolẹ̀ wọ́n sì kígbe sókè pé, “Ọlọ́run, Ọlọ́run ẹ̀mí gbogbo ènìyàn, Ìwọ ó wa bínú sí gbogbo ìjọ ènìyàn nígbà tó jẹ́ pé ẹnìkan ló ṣẹ̀?”
၂၂သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
23 Olúwa tún sọ fún Mose pé,
၂၃ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊
24 “Sọ fún ìjọ ènìyàn pé, ‘Kí wọ́n jìnnà sí àgọ́ Kora, Datani àti Abiramu.’”
၂၄ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
25 Mose sì dìde lọ bá Datani àti Abiramu àwọn àgbàgbà Israẹli sì tẹ̀lé.
၂၅မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊
26 Ó sì kìlọ̀ fún ìjọ ènìyàn pé, “Ẹ kúrò ní àgọ́ àwọn ènìyàn búburú yìí! Ẹ má ṣe fọwọ́ kan ohun kan tí í ṣe tiwọn kí ẹ má ba à parun nítorí ẹ̀ṣẹ̀ wọn.”
၂၆ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြ ပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊
27 Àwọn ènìyàn sì sún kúrò ní àgọ́ Kora, Datani àti Abiramu. Datani àti Abiramu jáde, àwọn ìyàwó wọn àti àwọn ọmọ wọn sì dúró sí ẹnu-ọ̀nà àgọ́ wọn.
၂၇လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယား အကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။
28 Nígbà náà ni Mose wí pé, “Báyìí ni ẹ ó ṣe mọ̀ pé Olúwa ló rán mi láti ṣe gbogbo iṣẹ́ wọ̀nyí àti pé kì í ṣe ìfẹ́ inú mi ni àwọn ohun tí mò ń ṣe.
၂၈မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား၊
29 Bí àwọn ènìyàn yìí bá kú bí gbogbo ènìyàn ti ń kú, bí ìrírí wọn kò bá sì yàtọ̀ sí ti àwọn ènìyàn yòókù, a jẹ́ pé kì í ṣe Olúwa ló rán mi.
၂၉ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ။
30 Ṣùgbọ́n bí Olúwa bá ṣe ohun tuntun, tí ilẹ̀ sì la ẹnu, tó gbé wọn mì, àwọn pẹ̀lú gbogbo ohun tí wọ́n ní, tí wọ́n sì wọ inú ibojì wọn lọ láààyè, nígbà náà ni ẹ̀yin ó mọ̀ pé àwọn ènìyàn yìí ti kẹ́gàn Olúwa.” (Sheol h7585)
၃၀သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
31 Bí ó sì ṣe parí ọ̀rọ̀ wọ̀nyí, ilẹ̀ pín sí méjì nísàlẹ̀ wọn,
၃၁ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ၍၊
32 ilẹ̀ sì lanu ó sì gbé wọn mì pẹ̀lú gbogbo ará ilé wọn àti àwọn ènìyàn Kora àti gbogbo ohun tí wọ́n ní.
၃၂မိမိခံတွင်းကို ဖွင့်သဖြင့်၊ သူတိုနှင့် သူတို့အိမ် များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။
33 Gbogbo wọn sì sọ̀kalẹ̀ sínú ibojì wọn láààyè pẹ̀lú ohun gbogbo tí wọ́n ní, ilẹ̀ sì padé mọ́ wọn, wọ́n sì ṣègbé kúrò láàrín ìjọ ènìyàn. (Sheol h7585)
၃၃ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ (Sheol h7585)
34 Gbogbo ènìyàn Israẹli tí ó yí wọn ká sì sálọ tí àwọn yòókù gbọ́ igbe wọn, wọ́n wí pé, “Ilẹ̀ yóò gbé àwa náà mì pẹ̀lú.”
၃၄သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ၏။
35 Iná sì jáde láti ọ̀dọ̀ Olúwa ó sì run àádọ́ta lé nígba ọkùnrin tí wọ́n mú tùràrí wá.
၃၅နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
36 Olúwa sọ fún Mose pé,
၃၆ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကို ပစ်ချပြီးမှ၊
37 “Sọ fún Eleasari ọmọ Aaroni tí í ṣe àlùfáà, pé kí ó mú àwọn àwo tùràrí jáde kúrò nínú iná nítorí pé wọ́n jẹ́ mímọ́, kí ó sì tan iná náà káàkiri sí ibi tó jìnnà.
၃၇
38 Èyí ni àwo tùràrí àwọn tí ó kú nítorí ẹ̀ṣẹ̀ wọn. Kí ẹ gún àwo tùràrí yìí, kí ẹ sì fi ṣe ìbòrí fún pẹpẹ, wọ́n jẹ́ mímọ́ nítorí pé wọ́n ti mú wọn wá síwájú Olúwa. Kí wọ́n jẹ́ àmì fún àwọn ọmọ Israẹli.”
၃၈ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
39 Eleasari tí í ṣe àlùfáà sì kó gbogbo àwo tùràrí tí àwọn tí ó jóná mú wa, ó gún wọn pọ̀, ó fi ṣe ìbòrí fún pẹpẹ,
၃၉ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
40 gẹ́gẹ́ bí Olúwa ṣe sọ láti ẹnu Mose. Èyí yóò jẹ́ ohun ìrántí fún àwọn ọmọ Israẹli pé, àlejò yàtọ̀ sí irú-ọmọ Aaroni kò gbọdọ̀ jó tùràrí níwájú Olúwa, ẹni tí ó bá ṣe bẹ́ẹ̀, yóò dàbí Kora àti àwọn ẹgbẹ́ rẹ̀.
၄၀ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
41 Ní ọjọ́ kejì gbogbo ìjọ àwọn ọmọ Israẹli kùn sí Mose àti Aaroni pé, “Ẹ ti pa àwọn ènìyàn Olúwa.”
၄၁နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင်၍ မြည်တမ်းကြ၏။
42 Ṣùgbọ́n nígbà tí gbogbo ìjọ ènìyàn péjọ lòdì sí Mose àti Aaroni, níwájú àgọ́ ìpàdé, lójijì ni ìkùùkuu bolẹ̀, ògo Olúwa sì fi ara hàn.
၄၂ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။
43 Nígbà náà ni Mose àti Aaroni lọ síwájú àgọ́ ìpàdé,
၄၃မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
44 Olúwa sì sọ fún Mose pé,
၄၄ထာဝရဘုရားကလည်း၊
45 “Yàgò kúrò láàrín ìjọ ènìyàn yìí, kí ń ba le run wọ́n ní ìṣẹ́jú kan.” Wọ́n sì dojúbolẹ̀.
၄၅ဤပရိသတ်တို့ကိုရှောင်၍ နေကြလော့။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။
46 Mose sì sọ fún Aaroni pé, “Mú àwo tùràrí, kí o fi iná sí i lórí pẹpẹ, fi tùràrí sínú rẹ̀, kí o sì tètè mu lọ sí àárín ìjọ ènìyàn láti ṣe ètùtù fún wọn nítorí pé ìbínú Olúwa ti jáde, àjàkálẹ̀-ààrùn sì ti bẹ̀rẹ̀.”
၄၆မောရှေကလည်း၊ သင်သည် လင်ပန်းကို ကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကို လည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု၊
47 Aaroni ṣe bí Mose ti wí, ó sáré lọ sí àárín àwọn ènìyàn, ṣùgbọ́n àjàkálẹ̀-ààrùn ti bẹ̀rẹ̀ láàrín wọn, ṣùgbọ́n Aaroni fín tùràrí, ó sì ṣe ètùtù fún wọn.
၄၇အာရုန်အား မှာထားသည်အတိုင်း၊ အာရုန် သည် ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု၏။
48 Ó dúró láàrín àwọn alààyè àti òkú, àjàkálẹ̀-ààrùn náà sì dúró.
၄၈အသက်ရှင်သောသူ၊ သေသောသူ စပ်ကြားမှာ ရပ်နေ၍၊ ဘေးဥပဒ် ငြိမ်းလေ၏။
49 Ṣùgbọ́n àjàkálẹ̀-ààrùn ti pa ẹgbàá méje ó lé lẹ̀ẹ́dẹ́gbẹ̀rin ènìyàn ní àfikún sí àwọn tí ó kú níbi ìṣẹ̀lẹ̀ Kora.
၄၉ကောရ အမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း။
50 Aaroni padà tọ Mose lọ ní ẹnu-ọ̀nà àgọ́ ìpàdé nítorí pé àjàkálẹ̀-ààrùn náà ti dúró.
၅၀ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။

< Numbers 16 >