< Isaiah 40 >

1 Ẹ tù ú nínú, ẹ tu ènìyàn mi nínú, ni Ọlọ́run yín wí.
သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။
2 Sọ̀rọ̀ pẹ̀lẹ́pẹ̀lẹ́ fún Jerusalẹmu kí o sì kéde fún un pé iṣẹ́ àṣekára rẹ̀ ti parí, pé à ti san gbèsè ẹ̀ṣẹ̀ rẹ̀, pé ó ti rí i gbà láti ọwọ́ Olúwa ìlọ́po méjì fún gbogbo ẹ̀ṣẹ̀ rẹ̀.
စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့် စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိ အပြစ်အတွက် နှစ်ဆခံရပြီ။
3 Ohùn ẹni tí ń kígbe ní ijù: “Ẹ tún ọ̀nà Olúwa ṣe, ṣe òpópó tí ó tọ́ ní aginjù fún Ọlọ́run wa.
တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ ဘုရား သခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြ လော့။
4 Gbogbo àfonífojì ni a ó gbé sókè, gbogbo òkè ńlá àti òkè kékeré ni yóò di pẹ̀tẹ́lẹ̀; wíwọ́ ni a ó sọ di títọ́ àti ọ̀nà pálapàla ni a óò sọ di títẹ́jú pẹrẹsẹ.
ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီး တောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သော လမ်း များကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကို လည်း သုတ်သင်ပြင်ဆင်ရမည်။
5 Ògo Olúwa yóò sì di mí mọ̀, gbogbo ènìyàn lápapọ̀ ni yóò sì rí i. Nítorí ẹnu Olúwa ni ó ti sọ ọ́.”
ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူ အပေါင်းတို့သည် အတူမြင်ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
6 Ohùn kan wí pé, “Kígbe sókè.” Èmi sì sọ pé, “Igbe kí ni èmi ó ké?” “Gbogbo ènìyàn dàbí i koríko, àti gbogbo ògo wọn dàbí ìtànná igbó.
တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟု ဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
7 Koríko ń rọ ìtànná sì ń rẹ̀, nítorí èémí Olúwa ń fẹ́ lù wọ́n. Nítòótọ́ koríko ni àwọn ènìyàn.
ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင် သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေ တတ်၏။ အကယ်စင်စစ်လူတို့သည် မြက်ပင်ဖြစ်ကြ၏။
8 Koríko ń rọ ìtànná sì ń rẹ̀, ṣùgbọ́n ọ̀rọ̀ Ọlọ́run wa dúró títí láé.”
မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ် တရားမူကား၊ ကာလစဉ်အမြဲတည်၏ဟု ဆိုသတည်း။
9 Ìwọ tí o mú ìyìn ayọ̀ wá sí Sioni, lọ sí orí òkè gíga. Ìwọ tí ó mú ìyìn ayọ̀ wá sí Jerusalẹmu, gbé ohùn rẹ sókè pẹ̀lú ariwo, gbé e sókè, má ṣe bẹ̀rù; sọ fún àwọn ìlú u Juda, “Ọlọ́run rẹ nìyìí!”
ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တက်လော။ ယေရုရှလင် မြို့သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောလော့။
10 Wò ó, Olúwa Olódùmarè náà ń bọ̀ wá pẹ̀lú agbára, apá rẹ̀ sì ń jẹ ọba fún un. Wò ó, èrè rẹ̀ sì wà pẹ̀lú rẹ̀, àti ìdápadà rẹ̀ tí ń bá a bọ̀ wá.
၁၀ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီး သော တန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရ တော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ ပါလျှက်၊ ဆုလပ်တော်သည် ရှေ့တော်၌ ရှိ၏။
11 Ó ń tọ́ àwọn agbo rẹ̀ gẹ́gẹ́ bí olùṣọ́-àgùntàn: Ó kó àwọn ọ̀dọ́-àgùntàn ní apá rẹ̀. Ó sì gbé wọn súnmọ́ oókan àyà rẹ̀; ó sì fi pẹ̀lẹ́pẹ̀lẹ́ darí àwọn tí ó ní.
၁၁မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော် မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
12 Ta ni ó tiwọn omi nínú kòtò ọwọ́ rẹ̀, tàbí pẹ̀lú ìbú ọwọ́ rẹ̀ tí ó wọn àwọn ọ̀run? Ta ni ó ti kó erùpẹ̀ ilẹ̀ ayé jọ nínú apẹ̀rẹ̀, tàbí kí ó wọn àwọn òkè ńlá lórí ìwọ̀n àti òkè kéékèèké nínú òsùwọ̀n?
၁၂ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုဃ်း ကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်၎င်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်၎င်း ချိန် သောသူကား အဘယ်သူနည်း။
13 Ta ni ó ti mọ ọkàn Olúwa, tàbí tí ó ti tọ́ ọ ṣọ́nà gẹ́gẹ́ bí olùdámọ̀ràn rẹ̀?
၁၃ထာဝရဘုရား၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူ သည် အကြံပေးသနည်း။
14 Ta ni Olúwa ké sí kí ó là á lọ́yẹ àti ta ni ó kọ́ òun ní ọ̀nà tí ó tọ́? Ta ni ẹni náà tí ó kọ́ ọ ní ọgbọ́n tàbí tí ó fi ipa ọ̀nà òye hàn án?
၁၄အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကို ပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဥာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။
15 Nítòótọ́ àwọn orílẹ̀-èdè dàbí i ẹ̀kún omi nínú garawa; a kà wọ́n sí gẹ́gẹ́ bí eruku lórí ìwọ̀n; ó wọn àwọn erékùṣù àfi bí eruku múnúmúnú ni wọ́n.
၁၅လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာ ရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။
16 Lebanoni kò tó fún pẹpẹ iná, tàbí kí àwọn ẹranko rẹ̀ kí ó tó fún ẹbọ sísun.
၁၆လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာ ယဇ် ဘို့မလောက်။
17 Níwájú rẹ̀ ni gbogbo orílẹ̀-èdè dàbí ohun tí kò sí; gbogbo wọn ló kà sí ohun tí kò wúlò tí kò tó ohun tí kò sí.
၁၇ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှမဟုတ် သော အရာထက်သာ၍ ငယ်သကဲ့သို့၎င်း၊ အနတ္တကဲ့သို့ ၎င်း မှတ်တော်မူ၏။
18 Ta ni nígbà náà tí ìwọ yóò fi Ọlọ́run wé? Ère wo ni ìwọ yóò fi ṣe àkàwé rẹ̀?
၁၈သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့ နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း။
19 Ní ti ère, oníṣọ̀nà ni ó dà á, ti alágbẹ̀dẹ wúrà sì fi wúrà bò ó tí a sì ṣe ẹ̀wọ̀n ọ̀nà sílífà fún un.
၁၉ပန်းတဉ်းသမားသည် ရုပ်တုကို သွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။
20 Ọkùnrin kan tí ó tálákà jù kí ó lè mú irú ọrẹ bẹ́ẹ̀ wá, wá igi tí kò le è rà. Ó wá oníṣọ̀nà tí ó láti ṣe àgbékalẹ̀ ère tí kì yóò le è ṣubú.
၂၀အဘိုးထိုက်သော အလှူကို မလှူနိုင်သောသူ သည်၊ မဆွေးမြေ့တတ်သော သစ်သားကို ရွေးကောက်ပြီး မှ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှါ၊ လိမ္မာသော လက် သမားကို ရှာတတ်၏။
21 Ǹjẹ́ o kò tí ì mọ̀ ìwọ kò tí ì gbọ́? A kò tí ì sọ fún ọ láti ìbẹ̀rẹ̀ wá? Ìwọ kò tí ì mọ láti ìgbà ìpìlẹ̀ ayé?
၂၁သင်တို့သည် မသိကြသလော။ မကြားကြသ လော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဘော်မပြသလော။ မြေကြီးတည်သည်အကြောင်းကို နားမလည်ကြသလော။
22 Òun jókòó lórí ìtẹ́ ní òkè òbírí ilẹ̀ ayé, àwọn ènìyàn rẹ̀ sì dàbí i láńtata. Ó ta àwọn ọ̀run bí ìbòrí ìgúnwà, ó sì nà wọ́n jáde gẹ́gẹ́ bí àgọ́ láti gbé.
၂၂မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသား တို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်း ကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊
23 Ó sọ àwọn ọmọ ọba di asán àti àwọn aláṣẹ ayé yìí ni ó ti sọ dòfo.
၂၃မင်းတို့ကို ရှုတ်ချ၍၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသော သူပေတည်း။
24 Gẹ́rẹ́ tí a ti gbìn wọ́n, kété tí a gbìn wọ́n, kété tí wọ́n fi gbòǹgbò múlẹ̀, bẹ́ẹ̀ ni ó fẹ́ atẹ́gùn lù wọ́n gbogbo wọn sì gbẹ, bẹ́ ni ìjì líle sì gbá wọn lọ gẹ́gẹ́ bí ìyàngbò.
၂၄အကယ်စင်စစ်သူတို့ကို မစိုက်မပျိုးရ။ အကယ် စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့ အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ် တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေ ဘွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။
25 “Ta ni ẹ ó fi mi wé? Tàbí ta ni ó bá mi dọ́gba?” ni Ẹni Mímọ́ wí.
၂၅သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသော ဘုရားမေးတော်မူ၏။
26 Gbé ojú rẹ sókè kí o sì wo àwọn ọ̀run. Ta ni ó dá àwọn wọ̀nyí? Ẹni tí ó mú àkójọpọ̀ àwọn ìràwọ̀ jáde wá ní ọ̀kọ̀ọ̀kan tí ó sì pè wọ́n ní orúkọ lọ́kọ̀ọ̀kan. Nítorí agbára ńlá àti ipá rẹ̀, ọ̀kan ṣoṣo nínú wọn kò sọnù.
၂၆အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံး အရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခုမျှ မပေါ် ဘဲမနေရ။
27 Èéṣe tí o fi sọ, ìwọ Jakọbu? Àti tí o ṣàròyé, ìwọ Israẹli, “Ọ̀nà mi pamọ́ níwájú Olúwa; ìṣe mi ni a kò kọbi ara sí láti ọwọ́ Ọlọ́run mi”?
၂၇အိုယာကုပ်အမျိုး၊ သင်သွားသော လမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသ နည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရား သခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။
28 Ìwọ kò tí ì mọ̀? Ìwọ kò tí ì gbọ́? Olúwa òun ni Ọlọ́run ayérayé, Ẹlẹ́dàá gbogbo ìpẹ̀kun ilẹ̀ ayé. Agara kì yóò da bẹ́ẹ̀ ni kò ní ṣàárẹ̀, àti òye rẹ̀ ni ẹnikẹ́ni kò le ṣe òdínwọ̀n rẹ̀.
၂၈ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော ဘုရားသခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင် အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူးသလော။
29 Ó ń fi agbára fún àwọn aláàárẹ̀ ó sì fi kún agbára àwọn tí agara dá.
၂၉ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။
30 Àní, ó ń rẹ̀ wọ́n àwọn ọ̀dọ́, wọ́n ń rẹ̀wẹ̀sì, àwọn ọ̀dọ́mọkùnrin sì ń kọsẹ̀ wọ́n ṣubú;
၃၀လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။
31 ṣùgbọ́n àwọn tí ó gbẹ́kẹ̀lé Olúwa yóò sọ agbára wọn di ọ̀tun. Wọn yóò fìyẹ́ fò lókè bí idì; wọn yóò sáré àárẹ̀ kò ní mú wọn, wọn yóò rìn òòyì kò ní kọ́ wọn.
၃၁ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။

< Isaiah 40 >