< लूका 14 >

1 फिर ऐसा हुआ कि वो सबत के दिन फ़रीसियों के सरदारों में से किसी के घर खाना खाने को गया; और वो उसकी ताक में रहे।
ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​သည်​အ​စား အ​စာ​သုံး​ဆောင်​တော်​မူ​ရန် ဖာ​ရိ​ရှဲ​အ​ကြီး အ​ကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ထို အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ချောင်း ကြည့်​နေ​ကြ​၏။-
2 और देखो, एक शख़्स उसके सामने था जिसे जलन्दर था।
ကိုယ်​တော်​၏​ရှေ့​တွင်​ရေ​ဖျင်း​နာ​စွဲ​သူ​လူ တစ်​ယောက်​ရှိ​၏။-
3 ईसा ने शरा' के 'आलिमों और फ़रीसियों से कहा, “सबत के दिन शिफ़ा बख़्शना जायज़ है या नहीं?”
ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​အပ်​သ​လော'' ဟု​ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အား​မေး​တော် မူ​၏။
4 वो चुप रह गए। उसने उसे हाथ लगा कर शिफ़ा बख़्शी और रुख़्सत किया,
သို့​ရာ​တွင်​သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​နာ​ကို​ခေါ်​လျက်​ရော​ဂါ​ကို ပျောက်​ကင်း​စေ​ပြီး​လျှင်​သူ့​အား​ထွက်​သွား စေ​တော်​မူ​၏။-
5 और उनसे कहा, “तुम में ऐसा कौन है, जिसका गधा या बैल कूएँ में गिर पड़े और वो सबत के दिन उसको फ़ौरन न निकाल ले?”
ကိုယ်​တော်​က ``သင်​တို့​အ​နက်​အ​ဘယ်​သူ​သည် မိ​မိ​၏​သား​ဖြစ်​စေ၊ နွား​ဖြစ်​စေ​ဥ​ပုသ်​နေ့​၌ ရေ​တွင်း​ထဲ​သို့​ကျ​ခဲ့​သော်​ချက်​ချင်း​မ​ဆွဲ မ​တင်​ဘဲ​နေ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
6 वो इन बातों का जवाब न दे सके।
သို့​ရာ​တွင်​သူ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ဖြေ မ​ပေး​တတ်​ကြ။
7 जब उसने देखा कि मेहमान सद्र जगह किस तरह पसन्द करते हैं तो उनसे एक मिसाल कही,
စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။-
8 “जब कोई तुझे शादी में बुलाए तो सद्र जगह पर न बैठ, कि शायद उसने तुझ से भी किसी ज़्यादा 'इज़्ज़तदार को बुलाया हो;
ကိုယ်​တော်​က ``သင်​သည်​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ် ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ အ​ကောင်း​ဆုံး​သော နေ​ရာ​တွင်​မ​ထိုင်​နှင့်။ အ​ကယ်​၍​သင့်​ထက်​ဂုဏ် မြင့်​သူ​တစ်​ဦး​အား​လည်း​ဖိတ်​ခေါ်​ထား​ခဲ့​သော်။-
9 और जिसने तुझे और उसे दोनों को बुलाया है, आकर तुझ से कहे, 'इसको जगह दे, 'फिर तुझे शर्मिन्दा होकर सबसे नीचे बैठना पड़े।
ပွဲ​ရှင်​သည်​သင့်​ထံ​သို့​လာ​၍ `ဤ​သူ​အား​နေ​ရာ ဖယ်​ပေး​လိုက်​ပါ' ဟု​ဆို​ပေ​အံ့။ ထို​အ​ခါ​သင် သည်​အ​ရှက်​ရ​လျက် နိမ့်​ကျ​သည့်​နေ​ရာ​တွင် ထိုင်​ရ​လိမ့်​မည်။-
10 बल्कि जब तू बुलाया जाए तो सबसे नीची जगह जा बैठ, ताकि जब तेरा बुलाने वाला आए तो तुझ देखे, 'ऐ दोस्त, आगे बढ़कर बैठ, 'तब उन सब की नज़र में जो तेरे साथ खाने बैठे हैं तेरी इज़्ज़त होगी।
၁၀သို့​ဖြစ်​၍​သင်​သည်​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​လျှင် ပွဲ​သို့​သွား​၍​အ​နိမ့်​ကျ​ဆုံး​သော​နေ​ရာ​တွင် ထိုင်​လော့။ သို့​မှ​သာ​ပွဲ​ရှင်​သည်​သင့်​ထံ​လာ​၍ `အ​ဆွေ​သာ​၍​ကောင်း​သော​နေ​ရာ​သို့​ကြွ​ပါ' ဟု​သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ​သင်​သည် ဧည့်​ပ​ရိ​သတ်​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ ရှိ​လိမ့်​မည်။-
11 क्यूँकि जो कोई अपने आप को बड़ा बनाएगा, वो छोटा किया जाएगा; और जो अपने आप को छोटा बनाएगा, वो बड़ा किया जाएगा।”
၁၁မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
12 फिर उसने अपने बुलानेवाले से कहा, “जब तू दिन का या रात का खाना तैयार करे, तो अपने दोस्तों या भाइयों या रिश्तेदारों या दौलतमन्द पड़ोसियों को न बुला; ताकि ऐसा न हो कि वो भी तुझे बुलाएँ और तेरा बदला हो जाए।
၁၂ထို​နောက်​ကိုယ်​တော်​က​အိမ်​ရှင်​အား ``သင်​သည် နံ​နက်​စာ​သော်​လည်း​ကောင်း၊ ည​စာ​သော်​လည်း ကောင်း​ကျွေး​မွေး​ဧည့်​ခံ​မည်​ပြု​သော​အ​ခါ မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ၊ ချမ်း​သာ​ကြွယ်​ဝ​သော​အိမ်​နီး​ချင်း​များ အား​မ​ဖိတ်​မ​ခေါ်​နှင့်။ ဖိတ်​ခေါ်​ခဲ့​ပါ​မူ​သူ တို့​သည်​သင့်​အား​ပြန်​ဖိတ်​ခေါ်​ပြီး​လျှင် ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-
13 बल्कि जब तू दावत करे तो ग़रीबों, लुन्जों, लंगड़ों, अन्धों को बुला।
၁၃သို့​ဖြစ်​၍​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​ကို​ကျင်း​ပ သော​အ​ခါ​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ဖိတ်​ခေါ် လော့။-
14 और तुझ पर बर्क़त होगी, क्यूँकि उनके पास तुझे बदला देने को कुछ नहीं, और तुझे रास्त्बाज़ों की क़यामत में बदला मिलेगा।”
၁၄သို့​ဖိတ်​ခေါ်​လျှင်​သင်​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည် သင့်​အား ပြန်​၍​ကျေး​ဇူး​ဆပ်​နိုင်​စွမ်း​မ​ရှိ​ကြ​သော​ကြောင့် ဖြစ်​သည်။ သူ​တော်​ကောင်း​တို့​သေ​ခြင်း​မှ​ထ​မြောက် ရာ​ကာ​လ​၌ သင်​သည်​ကျေးဇူး​ဆပ်​ခြင်း​ကို​ခံ​ရ လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
15 जो उसके साथ खाना खाने बैठे थे उनमें से एक ने ये बातें सुनकर उससे कहा, “मुबारिक़ है वो जो ख़ुदा की बादशाही में खाना खाए।”
၁၅ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သူ​လူ​တစ်​ယောက် သည်​ထို​စ​ကား​တော်​ကို​ကြား​လျှင် ``ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပွဲ​ဝင်​ရ​မည့်​သူ​သည် မင်္ဂ​လာ​ရှိ​၏'' ဟု​လျှောက်​၏။
16 उसने उसे कहा, “एक शख़्स ने बड़ी दावत की और बहुत से लोगों को बुलाया।
၁၆ကိုယ်​တော်​က ``လူ​တစ်​ယောက်​သည်​ကျွေး​မွေး ဧည့်​ခံ​ပွဲ​ကြီး​တစ်​ရပ်​ကို​ကျင်း​ပ​ရန်​ဧည့်​သည် အ​မြောက်​အ​မြား​ကို​ဖိတ်​ကြား​၏။-
17 और खाने के वक़्त अपने नौकर को भेजा कि बुलाए हुओं से कहे, 'आओ, अब खाना तैयार है।
၁၇အ​ချိန်​ရောက်​သော​အ​ခါ​မိ​မိ​ဖိတ်​ခေါ်​ထား သူ​များ​၏​ထံ​သို့​အ​စေ​ခံ​တစ်​ယောက်​အား စေ​လွှတ်​၍ `ကြွ​ကြ​ပါ၊ အား​လုံး​အ​သင့်​ရှိ ပြီ' ဟု​ပြော​ကြား​စေ​၏။-
18 इस पर सब ने मिलकर मु'आफ़ी मांगना शुरू किया। पहले ने उससे कहा, 'मैंने खेत ख़रीदा है, मुझे ज़रूर है कि जाकर उसे देखूँ; मैं तेरी ख़ुशामद करता हूँ, मुझे मु'आफ़ कर।
၁၈သူ​တို့​အား​လုံး​တစ်​ယောက်​ပြီး​တစ်​ယောက်​ခွင့်​ပန် ကြ​၏။ ပ​ထ​မ​လူ​က`အ​ကျွန်ုပ်​သည်​လယ်​တစ်​ကွက် ကို​ဝယ်​ထား​သ​ဖြင့်​သွား​၍​ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။-
19 दूसरे ने कहा, 'मैंने पाँच जोड़ी बैल ख़रीदे हैं, और उन्हें आज़माने जाता हूँ; मैं तुझसे ख़ुशामद करता हूँ, मुझे मु'आफ़ कर।
၁၉အခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​နွား​ငါး​ရှဉ်း ကို​ဝယ်​ထား​သ​ဖြင့် သွား​၍​စမ်း​သပ်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။-
20 एक और ने कहा, मैंने शादी की है, इस वजह से नहीं आ सकता।
၂၀အ​ခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​ယ​ခု​ပင် အိမ်​ထောင်​ကျ​သ​ဖြင့်​မ​လာ​နိုင်​ပါ' ဟု​ဆို​၏။-
21 पस उस नौकर ने आकर अपने मालिक को इन बातों की ख़बर दी। इस पर घर के मालिक ने ग़ुस्सा होकर अपने नौकर से कहा, 'जल्द शहर के बाज़ारों और कूचों में जाकर ग़रीबों, लुन्जों, और लंगड़ों को यहाँ ले आओ।
၂၁အ​စေ​ခံ​သည်​မိ​မိ​၏​အ​ရှင်​ထံ​သို့​ပြန်​လာ​၍ ထို​အ​ကြောင်း​များ​ကို​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​အ​မျက်​ထွက်​၍ `လမ်း​မ​လမ်း​ကြား​သို့ အ​မြန်​သွား​၍​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ခေါ်​ခဲ့​လော့' ဟု​အ​စေ​ခံ​အား​စေ​ခိုင်း​၏။-
22 नौकर ने कहा, 'ऐ ख़ुदावन्द, जैसा तूने फ़रमाया था वैसा ही हुआ; और अब भी जगह है।
၂၂မ​ကြာ​မီ​အ​စေ​ခံ​ပြန်​ရောက်​လာ​၍`အ​ရှင်​စေ ခိုင်း​သည့်​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။ သို့​ရာ တွင်​နေ​ရာ​လပ်​ရှိ​ပါ​သေး​သည်' ဟု​လျှောက်​၏။-
23 मालिक ने उस नौकर से कहा, 'सड़कों और खेत की बाड़ी की तरफ़ जा और लोगों को मजबूर करके ला ताकि मेरा घर भर जाए।
၂၃အိမ်​ရှင်​က `ကျေး​လက်​တော​ရွာ​လမ်း​များ​ကို သွား​၍​အိမ်​ပြည့်​အောင်​လူ​များ​ကို​အ​နိုင် အ​ထက်​ခေါ်​ခဲ့​လော့။-
24 क्यूँकि मैं तुम से कहता हूँ कि जो बुलाए गए थे उनमें से कोई शख़्स मेरा खाना चखने न पाएगा।”
၂၄ယ​ခင်​က​ငါ​ဖိတ်​ခေါ်​ထား​သူ​တစ်​ယောက်​မျှ ငါ​၏​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​သို့​မ​ဝင်​ရ​ဟု သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။
25 जब बहुत से लोग उसके साथ जा रहे थे, तो उसने पीछे मुड़कर उनसे कहा,
၂၅တစ်​နေ့​သ​၌​လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​လာ​ကြ​၏။ ကိုယ်​တော် သည်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင်၊-
26 “अगर कोई मेरे पास आए, और बच्चों और भाइयों और बहनों बल्कि अपनी जान से भी दुश्मनी न करे तो मेरा शागिर्द नहीं हो सकता।
၂၆``ငါ့​ထံ​ကို​လာ​သော်​လည်း​ငါ့​ကို​ချစ်​သည် ထက် မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို​မောင်​နှ​မ နှင့်​မိ​မိ​ကိုယ်​ကို​ပို​၍​ချစ်​သော​သူ​သည် ငါ ၏​တ​ပည့်​မ​ဖြစ်​နိုင်။-
27 जो कोई अपनी सलीब उठाकर मेरे पीछे न आए, वो मेरा शागिर्द नहीं हो सकता।”
၂၇မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။-
28 “क्यूँकि तुम में ऐसा कौन है कि जब वो एक गुम्बद बनाना चाहे, तो पहले बैठकर लागत का हिसाब न कर ले कि आया मेरे पास उसके तैयार करने का सामान है या नहीं?
၂၈သင်​တို့​အ​နက်​အ​ဘယ်​သူ​သည်​မျှော်​စင်​တစ်​ခု ကို​တည်​ဆောက်​မည်​ကြံ​ပြီး​နောက်​မျှော်​စင်​ပြီး အောင်​တည်​ဆောက်​ရန် မိ​မိ​၌​ငွေ​အ​လုံ​အ​လောက် ရှိ​မ​ရှိ​ကို​သိ​ရန်​ဦး​စွာ​ထိုင်​၍​တွက်​ချက်​မ ကြည့်​ဘဲ​နေ​ပါ​မည်​နည်း။-
29 ऐसा न हो कि जब नीव डालकर तैयार न कर सके, तो सब देखने वाले ये कहकर उस पर हँसना शुरू' करें कि,
၂၉ထို​သို့​တွက်​ချက်​မ​ကြည့်​ဘဲ​မျှော်​စင်​ကို​အုတ် မြစ်​ချ​၍​အ​ဆုံး​မ​သတ်​နိုင်​ရှိ​ချေ​သော် ကြည့် မြင်​သူ​အ​ပေါင်း​တို့​သည်​ထို​သူ​အား​ပြောင် လှောင်​ကြ​လိမ့်​မည်။-
30 इस शख़्स ने 'इमारत शुरू तो की मगर मुकम्मल न कर सका।
၃၀`ဤ​သူ​ကား​တည်​ဆောက်​မှု​ကို​အ​စ​ပြု​၏။ သို့​ရာ​တွင်​အ​ဆုံး​မ​သတ်​နိုင်​ပါ​တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။-
31 या कौन सा बादशाह है जो दूसरे बादशाह से लड़ने जाता हो और पहले बैठकर मशवरा न कर ले कि आया मैं दस हज़ार से उसका मुक़ाबिला कर सकता हूँ या नहीं जो बीस हज़ार लेकर मुझ पर चढ़ आता है?
၃၁အ​ခြား​တစ်​နည်း​ဆို​သော်၊ အ​ဘယ်​မည်​သော ဘု​ရင်​သည်​အ​ခြား​ဘု​ရင်​တစ်​ပါး​နှင့်​စစ်​ပြိုင် ရန်​ထွက်​မည်​ပြု​သော​အ​ခါ မိ​မိ​၏​စစ်​သည် တစ်​သောင်း​ဖြင့် စစ်​သည်​နှစ်​သောင်း​နှင့်​ချီ​လာ သော​ဘု​ရင်​အား​ခု​ခံ​နိုင်​ပါ​မည်​လော​ဟု ဦး စွာ​ထိုင်​၍​မ​စဉ်း​စား​ဘဲ​နေ​ပါ​မည်​လော။-
32 नहीं तो उसके दूर रहते ही एल्ची भेजकर सुलह की गुज़ारिश करेगा।
၃၂အ​ကယ်​၍​မ​ခု​ခံ​နိုင်​ပါ​လျှင်​သူ​သည်​စစ်​ချီ လာ​သော​ဘု​ရင်​အ​ဝေး​၌​ရှိ​နေ​သေး​စဉ် သံ တ​မန်​များ​ကို​စေ​လွှတ်​၍​စစ်​ပြေ​ငြိမ်း​ရေး စ​ကား​ကမ်း​လှမ်း​ရ​ပေ​လိမ့်​မည်။-
33 पस इसी तरह तुम में से जो कोई अपना सब कुछ छोड़ न दे, वो मेरा शागिर्द नहीं हो सकता।”
၃၃ထို​နည်း​တူ​စွာ​သင်​တို့​အ​နက် မည်​သူ​မ​ဆို မိ​မိ​၌​ရှိ​သ​မျှ​ကို​မ​စွန့်​လျှင်​ငါ​၏​တပည့် မ​ဖြစ်​နိုင်။
34 “नमक अच्छा तो है, लेकिन अगर नमक का मज़ा जाता रहे तो वो किस चीज़ से मज़ेदार किया जाएगा।
၃၄``ဆား​သည်​ကောင်း​ပေ​၏။ သို့​ရာ​တွင်​ဆား​မှ အ​ငန်​ကင်း​ပျောက်​လျှင် အ​ဘယ်​သို့​မျှ​ငန်​သော အ​ရ​သာ​ကို​ပြန်​၍​မ​ရ​နိုင်။-
35 न वो ज़मीन के काम का रहा न खाद के, लोग उसे बाहर फेंक देते हैं। जिसके कान सुनने के हों वो सुन ले।”
၃၅လယ်​မြေ​အ​တွက်​သော်​လည်း​ကောင်း၊ မြေ​သြ​ဇာ အ​တွက်​သော်​လည်း​ကောင်း​အ​သုံး​မ​ဝင်​တော့ ပေ။ ထို့​ကြောင့်​ထို​ဆား​ကို​လူ​တို့​စွန့်​ပစ်​လိုက် တတ်​၏။ ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။

< लूका 14 >