< Єремія 36 >

1 І сталося четвертого року Єгоякима, Йосіїного сина, царя Юдиного, було оце слово до Єремії від Господа, кажучи:
ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
2 „Візьми собі книжко́вого зво́я, і напиши на ньому всі ті слова, що Я говорив тобі про Ізраїля й про Юду, та про всі наро́ди від дня, коли Я почав говорити тобі, від днів Йосії та аж до цього дня.
သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်း လက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ၌ စကား အတိုင်း ရေးထားလော့။
3 Може почує дім Юдин усе те зло, що Я ду́маю вчинити їм, щоб верну́лися кожен зо своєї злої дороги, а Я прощу́ їхню провину та їхній гріх“.
ယုဒအမျိုးတို့၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
4 І покликав Єремія Бару́ха, Нерійїного сина, і Бару́х написав з уст Єремії всі Господні слова́, що Він говорив йому, на книжко́вий звій.
ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကား တော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ် ၌ ရေးထားလေ၏။
5 І наказав Єремія Барухові, кажучи: „Я задержаний, — не мо́жу ввійти до Господнього дому.
ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရ သောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။
6 Тому́ піди сам, прочитай зо зво́ю, що написав ти з моїх уст, Господні слова́ в ву́ха народу в Господньому домі в дні по́сту, а також в ву́ха всього Юди, що прихо́дить зо своїх міст, відчитаєш їх.
သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန် တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။
7 Може впаде́ їхнє блага́ння перед Господнє лице́, і вони ве́рнуться кожен зо своєї злої дороги, бо великий гнів та лютість, що Господь говорив проти наро́ду цього!“
သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။
8 І зробив Бару́х, син Нерійїн, усе, що наказав був йому пророк Єремія, щоб прочитати з книги Господні слова́ в Господньому домі.
ထိုသို့ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည်ပြု၍၊ ထာဝရဘုရား၏ စကား တော်ပါသော စာကိုဗိမာန်တော်၌ ဘတ်လေ၏။
9 І сталося п'ятого року Єгоякима, Йосіїного сина, царя Юдиного, дев'ятого місяця, оголосили піст перед Господнім лицем для всього наро́ду в Єрусалимі та для всьо́го того наро́ду, що поприхо́див з Юдиних міст до Єрусалиму.
ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်း တို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာ ရှောင်ရာအချိန်ကို ကြော်ငြာကြ၏။
10 І прочитав Барух з книги Єреміїні слова́ в домі Господньому в кімна́ті писаря Ґемарії, Шафанового сина, на горі́шньому подвір'ї, при вході до ново́ї брами Господнього дому, в ву́ха всього наро́ду.
၁၀ထိုအခါဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နား မှာ၊ အထက်တန်တိုင်းအတွင်း၊ စာရေးတော်ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သော စာကို လူအပေါင်း တို့ ရှေ့မှာဘတ်လေ၏။
11 І почув Михей, син Ґемарії, Шафанового сина, всі Господні слова́ з книги,
၁၁ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကား တော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယ သည်ကြားလျှင်၊
12 і зійшов до царсько́го дому, до кімна́ти писаря, аж ось там сидять усі зверхники: писар Елішама, і Делая, син Шемаїн, і Елнатан, син Ахборів, і Ґемарія, син Шафанів, і Седекі́я, син Хананії, і всі зверхники.
၁၂နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသားဒေလာယ၊ အာခဗော်သားဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာန နိသားဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်း တို့သည် ထိုင်လျက်ရှိကြ၏။
13 І розповів їм Михей всі ті слова́, які він почув був, коли Барух читав із книги в ву́ха наро́ду.
၁၃ထိုအခါဗာရုတ်သည် လူများတို့အား ဘတ် သော စာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။
14 І всі зверхники послали до Баруха Єгудія, сина Нетанії, сина Шелемії, сина Кушіїного, говорячи: „Того зво́я, що читав ти з нього в ву́ха народу, візьми́ його в свою руку та й прийди́!“І взяв Барух, син Нерійїн, звоя в свою руку та й прийшов до них.
၁၄ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသားဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍လာ၏။
15 А ті сказали до нього: „Сідай же, і прочитай його в наші ву́ха!“І прочитав Барух в їхні ву́ха.
၁၅သူတို့ကလည်း ထိုင်လော့။ငါတို့အား ဘတ်လော့ ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဘတ်လေ ၏။
16 І сталося, коли вони почули всі ці слова, жахну́лися один перед о́дним, та й сказали Барухові: „Конче перекажімо царе́ві всі ці слова́!“
၁၆ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြား လျှင်၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။
17 І запитали вони Баруха, говорячи: „Розкажи нам, як ти писав усі ці слова́ з його уст?“
၁၇တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျှင်၊
18 І сказав їм Барух: „Він проказував мені з своїх уст усі ці слова́, а я писав у книзі чорнилом“.
၁၈ဗာရုတ်က၊ သူသည်ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မှင်နှင့်ရေးထားပါ၏ဟု ပြန်ပြောသော်၊
19 І сказали зверхники до Баруха: „Іди, сховайся, ти та Єремія, і нехай ніхто не знає, де́ ви!“
၁၉မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့် အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟုဗာရုတ် အားမှာခဲ့၍၊
20 І прийшли вони до царя на подві́р'я, а зво́я поклали в кімна́ті писаря Елішами, і розповіли́ в ву́ха царя всі ті слова.
၂၀စာလိပ်ကိုစာရေးတော်ဧလိရှမာ၏ အခန်း၌ ထားပြီးမှနန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှု ကို အကုန်အစင်လျှောက်ကြ၍။
21 І послав цар Єгудія взяти зво́я, і той узяв його з кімна́ти писаря Елішами. І Єгудій прочитав його в ву́ха царя та в ву́ха всіх зверхнпків, що стояли при царі.
၂၁ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိ ကိုစေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ၏။
22 А цар сидів у зимо́вому домі, дев'ятого місяця, і перед ним був розпа́лений комино́к.
၂၂ထိုအခါနဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်းအခန်းတွင်ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။
23 І сталося, коли Єгудій перечи́тував три чи чотири стовпці́, то цар відрізував це пи́сарським ноже́м та й ки́дав до огню́, що в коминку́, аж поки не згорів увесь звій на огні, що в коминку́.
၂၃ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင်၊ ရှင်ဘုရင်သည် စာရေး၏ထားနှင့်လှီး၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန် အစင်ကျွမ်းလောင်လေ၏။
24 Та не злякалися й не роздерли своїх шат цар та всі його раби, що слухали всі ці слова́.
၂၄ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြား သော ရှင်ဘုရင်၏ ကျွန်တယောက်မျှမကြောက်၊ မိမိ အဝတ်ကိုလည်း မဆုတ်ကြ။
25 І хоч Елнатан, і Делая, і Ґемарія просили царя не палити того зво́ю, та не послухався він їх.
၂၅ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။
26 І наказав цар Єрахмеїлові, синові царе́вому, і Сераї, синові Азріїловому, і Шелемії, синові Авдіїловому, взяти писаря Баруха й пророка Єремію, та Господь їх сховав.
၂၆တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရော ဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော်ယေရ မေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိ တို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
27 І було Господнє слово до Єремії пото́му, як цар спалив був зво́я та ті слова́, що Барух написав з Єреміїних уст, говорячи:
၂၇ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထား သော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ သည်ကား၊
28 „Візьми собі зно́ву іншого зво́я, і напиши на ньому всі перші слова́, що були на першому зво́ї, якого спалив Єгояким, цар Юдин.
၂၈သင်သည်အခြားသော စာလိပ်ကိုယူ၍၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှ သော စကားရင်းအတိုင်း ရေးထားလော့။
29 А про Єгоякима, царя Юдиного, скажеш: Так говорить Господь: Ти спалив цього зво́я, говорячи: На́що написав ти на ньому таке: Конче при́йде цар вавилонський і знищить оцей край, і ви́губить в ньому люди́ну й скотину.
၂၉သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အား ပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ် သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။
30 Тому́ так говорить Господь про Єгоякима, Юдиного царя: Не буде від нього сидячого на Давидовому троні, а його труп буде ки́нений на спеко́ту вдень та на холод вночі.
၃၀ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌နေပူထဲသို့ ၎င်း၊ ညဉ့်အချိန်၌နှင်းခဲထဲသို့၎င်း ပစ်လိုက်ကြလိမ့်မည်။
31 І навіщу́ його та насіння його, і його рабів за їхні провини, і спрова́джу на них та на ме́шканців Єрусалиму й на юде́янина все те зло, що Я говорив до них, та вони не послухали“.
၃၁သူမှစ၍ သူ၏သားမြေးတို့ကို၎င်း၊ သူ၏ ကျွန်တို့ကို၎င်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့်ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နား မထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ် တို့ကို ရောက်စေမည်ဟုမိန့်တော်မူ၏။
32 І Єремія взяв іншого зво́я, і дав його пи́сареві Барухові, синові Нерійїному, і той написав на ньому з Єреміїних уст усі слова тієї книги, яку спалив був Єгояким, цар Юдин, в огні, і до них було до́дано ще багато подібних слів.
၃၂ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ၍၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့်၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ်၍၊ ဗာရုတ်သည်ရေး ထား၏။ အလားတူသော စကားအများကိုလည်းထပ်၍ သွင်းရ၏။

< Єремія 36 >