< Даниїл 10 >

1 За третього року Кіра, перського царя, було відкрите слово Даниїлові, що звався ім'я́м Валтасар, а слово це — правда та великий труд; і він зрозумів те слово, і мав зрозумі́ння того виді́ння.
ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ၏။ ထိုဗျာဒိတ် တော်စကားမှန်ပေ၏။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။
2 „Тими днями я, Даниїл, був у жало́бі три тижні ча́су.
ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။
3 Лю́бої стра́ви я не їв, а м'ясо й вино не вхо́дило до моїх уст, і нама́щуватися — не нама́щувався я аж до ви́повнення цих трьох тижнів ча́су.
အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု။
4 А двадцятого й четвертого дня першого місяця та був я нри великій річці, — це Хідде́кел.
ပဌမလနှစ်ဆယ် လေးရက်နေ့၌ငါသည် ဟိဒ ကေလ မြစ်ကြီးအနားမှာရှိစဉ်၊
5 І звів я свої очі та й побачив, аж ось один чоловік, одя́гнений у льняну́ одіж, а сте́гна його опере́зані золотом з Уфазу.
မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင်၏။
6 А тіло його — як топа́з, а обличчя його — як вид бли́скавки, а очі його — як огняне́ по́лум'я, а раме́на його та ноги його — ніби блиску́ча мідь, а звук слів його — як гук на́товпу.
သူ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ၏။
7 А я, Даниїл, сам бачив це виді́ння, а люди, що були ра́зом зо мною, не бачили цього видіння, але велике тремті́ння спало на них, і вони повтікали в укриття́.
ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ၏။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။
8 А я зостався сам, і бачив це велике виді́ння, — і не зоста́лося в мені сили, а краса́ обличчя мого змінилася й зни́щилася, і я не заде́ржав у собі сили.
ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာ သော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက် လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်းမရှိ ဖြစ်လေ၏။
9 І почув я голос його слів. А як почув я голос його слів, то я зомлів, і припав своїм обличчям до землі.
သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေ လျက်နေ၏။
10 І ось рука доторкну́лася до мене, і звела́ мене на коліна мої та на долоні моїх рук.
၁၀ထိုအခါလက်တဘက်သည်ငါ့ကို ကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။
11 І сказав він до мене: „Даниїле, му́жу любий, зрозумій ті слова́, що я скажу́ тобі, і стань на своєму місці, бо тепер я по́сланий до тебе!“А коли він говорив зо мною це слово, устав я й тремтів.
၁၁သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ်မတ်တက်နေ၏။
12 А він промовив до мене: „Не бійся, Даниїле, бо від першого дня, коли ти дав своє серце, щоб зрозуміти видіння, і щоб упокори́тися перед лицем твого Бога, були почуті слова́ твої, і я прийшов ради твоїх слів.
၁၂ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။
13 Але князь перського царства стояв проти мене двадцять і один день, і ось Михаїл, один із перших начальників, прийшов допомогти мені, а я позоставив його там при начальниках перських царів.
၁၃ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။
14 І прийшов я, щоб ти зрозумів, що станеться твоєму наро́дові в кінці днів, бо це видіння ще на наступні дні“.
၁၄ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။
15 А коли він говорив зо мною оці слова, я схилив своє обличчя до землі, і занімів.
၁၅ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ်၍ စကားမပြောနိုင်ပဲနေ၏။
16 І ось хтось, як подоба до лю́дських синів, доторкнувся до губ моїх, і я відкрив свої уста, і говорив та й сказав тому, хто стояв передо мною: „Мій пане, у цьому видінні оберну́лися на мене бо́лі мої, і я не заде́ржав сили в собі.
၁၆ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
17 І як може цей раб мого пана говорити з оцим моїм паном, коли в мені тепер нема сили, і не залишилося й духу?“
၁၇ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏။
18 І знов доторкнувся до мене хтось, як вид люди́ни, і зміцни́в мене,
၁၈နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင်၊
19 та й сказав: „Не бійся, любий му́жу, — мир тобі! Будь міцни́й і будь си́льний!“А коли він говорив зо мною, я зміцни́вся й сказав: „Нехай говорить мій пан, бо я зміцни́вся!“
၁၉အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ် သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
20 І він сказав: „Чи ти знаєш, чого я до тебе прийшов? Та тепер я верта́юсь, щоб воювати з пе́рським кня́зем, а коли ви́йду, то ось при́йде грецький князь.
၂၀ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီး သည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည်။
21 Але́ об'являю тобі записане в книзі правди. І немає ніко́го, хто зміцняв би мене проти них, окрім вашого кня́зя Михаїла.
၂၁သို့ရာတွင် သမ္မာကျမ်းစာ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ။

< Даниїл 10 >