< 2 Mose 32 >

1 Mose kyɛree wɔ bepɔ no so saa no, nnipa no nyinaa kɔɔ Aaron so kɔka kyerɛɛ no sɛ, “Ntɛm, yɛ anyame a wɔbɛdi yɛn anim ma yɛn, ɛfiri sɛ, yɛnhunu baabi a Mose a ɔdii yɛn anim de yɛn firi Misraim asase so baa ha no afa; ebia na biribi ayɛ no.”
မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန် ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။
2 Aaron nso ka kyerɛɛ wɔn sɛ, “Monyiyi mo sika nsonkawa nyinaa mmra.”
အာရုန်ကလည်း၊ သင်တို့မယား သားသမီးများ၏ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင်၊
3 Wɔyiyii wɔn nsonkawa no maa Aaron—mmaa ne mmarima ne mmarimaa ne mmaayewa nyinaa.
လူအပေါင်းတို့သည် မိမိတို့နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။
4 Aaron nanee sikakɔkɔɔ nsonkawa no de bɔɔ nantwie ba ohoni. Nnipa no nyinaa teaam sɛ, “Ao, Israel, yei ne mo anyame a ɔyii mo firii Misraim asase so baeɛ no.”
အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
5 Aaron hunuu sɛ nnipa no ani agye sika nantwie ba ohoni no ho no, ɔsii afɔrebukyia sii nantwie ba no anim kaa sɛ, “Ɔkyena yɛbɛhyɛ fa ama Awurade.”
အာရုန်သည် ထိုအမှုကို သိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။
6 Wɔsɔree anɔpahema firii aseɛ bɔɔ ɔhyeɛ afɔdeɛ ne asomdwoeɛ afɔdeɛ de maa nantwie ba ohoni no. Ɛno akyi, wɔtoo ɛpono kɛseɛ bi, didi nomee, goroo abosomgorɔ, yɛɛ ahuhudeɛ hodoɔ.
နက်ဖြန်နံနက်စောစော လူတို့သည် ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက် ထိုင်နေကြ၏ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏။
7 Afei, Awurade ka kyerɛɛ Mose sɛ, “Yɛ ntɛm na siane kɔ wo nkurɔfoɔ a wode wɔn firi Misraim asase so baeɛ no nkyɛn, ɛfiri sɛ, wɔagu wɔn ho fi,
ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖေါက်ပြန်ကြပြီ။
8 na wɔabu me mmara nyinaa nso so. Wɔayɛ sika nantwie ba a wɔsom no, asane abɔ afɔdeɛ nso ama no aka sɛ, ‘Ao, Israel, yei ne mo nyame a ɔyii mo firii Misraim asase so baeɛ no.’”
ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊
9 Awurade kaa sɛ, “Mahunu sɛdeɛ saa nnipa yi yɛ asoɔden na wɔsane yɛ adɔnyɛfoɔ fa.
ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
10 Enti afei, mede mʼabufuhyeɛ bɛtɔre wɔn ase na mama wo Mose mmom ayɛ ɔman kɛseɛ.”
၁၀သို့ဖြစ်၍ ငါ့ကို ရှိစေတော့။ ငါသည် အမျက်ပြင်းစွာ ထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။
11 Nanso, Mose srɛɛ Onyankopɔn sɛ ɔnnyɛ saa. Ɔkɔɔ so sɛ, “Awurade, adɛn enti na wo bo afu atia wo ara wo nkurɔfoɔ a wonam anwanwakwan ne wo tumi so yii wɔn firii Misraim asase so yi?
၁၁မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။
12 Wopɛ sɛ Misraimfoɔ no ka sɛ, ‘Onyankopɔn daadaa wɔn sɛ wɔmmra bepɔ no so sɛdeɛ ɔbɛnya wɔn akum wɔn, atɔre wɔn ase afiri asase so?’ Ma wo bo ntɔ wo yam na gyae adwene a woafa sɛ wode rebɛtia wo nkurɔfoɔ no.
၁၂အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏ လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။
13 Kae ɛbɔ a wohyɛɛ wʼasomfoɔ Abraham, Isak ne Israel no. Wo ara wokaa ntam sɛ, ‘Mɛma mo asefoɔ adɔɔso sɛ ɛsoro nsoromma na mede saa asase a mahyɛ mo ho bɔ yi nyinaa bɛma mo asefoɔ na wɔatena so afebɔɔ.’”
၁၃ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။
14 Na Awurade sesaa nʼadwene de wɔn ho kyɛɛ wɔn.
၁၄ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။
15 Afei, Mose siane firii bepɔ no so baeɛ a ɔkura Mmaransɛm Edu no a wɔatwerɛ agu aboɔ apono mmienu akyi ne animu no.
၁၅မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။
16 Onyankopɔn no ankasa na ɔtwerɛɛ mmaransɛm no wɔ apono no so.
၁၆ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း။
17 Ɛberɛ a Yosua tee sɛ nnipa bi reyɛ gyegyeegye no, ɔka kyerɛɛ Mose sɛ, “Ɛyɛ me sɛ wɔreboaboa wɔn ho akɔ ɔko!”
၁၇လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို၏။
18 Ɛnna Mose nso buaa no sɛ, “Ɛnnyɛ nkonimdie mu anigyeɛ anaa, nkoguo na mmom, ɛyɛ nnwontoɔ.”
၁၈မောရှေကလည်း၊ ငါကြားသော အသံသည် အောင်၍ ကြွေးကြော်သံမဟုတ်၊ ရှုံး၍ ငိုကြွေးသံလည်း မဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။
19 Wɔbɛduruu atenaeɛ hɔ, Mose hunuu nantwie ba no ne asa a wɔresa. Enti, ɔde abufuhyeɛ too twerɛ apono no hwee fam ma ɛbubuu wɔ bepɔ no ase.
၁၉တပ်အနီးသို့ ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။
20 Ɔfaa nantwie ba no nanee no wɔ ogya mu na ɛdwoeɛ no, ɔyam no muhumuhu de guu nsuo mu maa nnipa no nomeeɛ.
၂၀သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ၏။
21 Afei, ɔbisaa Aaron sɛ, “Ɛdeɛn nko ara na nnipa no ka kyerɛɛ wo a enti ɛnam so maa wode saa bɔne kɛseɛ yi baa wɔn so?”
၂၁အာရုန်ကိုလည်းခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင်၊
22 Aaron buaa no sɛ, “Mma wo bo mfu. Wo ara wonim sɛdeɛ wo nkurɔfoɔ yi yɛ nnipa bɔne fa.
၂၂အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ၏။
23 Wɔn ara na wɔka kyerɛɛ me sɛ, ‘Yɛ onyame bi ma yɛn na ɔnkyerɛ yɛn ɛkwan na biribi ayɛ saa Mose a ɔdii yɛn anim firii Misraim no.’
၂၃သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊
24 Enti, me nso mekaa sɛ, ‘Monyiyi mo sikakɔkɔɔ nsonkawa mma me.’ Wɔyiyi de maa me na mede guu ogya mu. Ɛne saa nantwie ba no.”
၂၄အကျွန်ုပ်က၊ ရွှေရှိသော သူသည် ချွတ်စေဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသငယ် ထွက်လာပါသည်ဟု ပြန်ပြော၏။
25 Mose hunuu sɛ Aaron ama nnipa no adane adwamammɔfoɔ ama wɔn atamfoɔ anya wɔn no,
၂၅ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊
26 ɔgyinaa wɔn atenaeɛ hɔ ɛpono no ano teaam sɛ, “Mo a mowɔ Awurade afa no, mommra me nkyɛn.” Lewifoɔ no nyinaa kɔɔ ne nkyɛn.
၂၆တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။
27 Ɔka kyerɛɛ wɔn sɛ, “Awurade Israel Onyankopɔn se, ‘Momfa mo akofena nhyehyɛ mo ho na monni mo atenaeɛ hɔ akɔneaba, na monkunkum mo nuanom, mo nnamfonom ne mo afipamfoɔ.’”
၂၇မောရှေကလည်း၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီး အသီး မိမိ ညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊
28 Enti, wɔyɛɛ saa maa nnipa bɛyɛ mpensa totɔɔ ɛda no.
၂၈မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။
29 Afei, Mose ka kyerɛɛ Lewifoɔ no sɛ, “Ɛnnɛ, moatu mo ho akyɛ sɛ mobɛsom Awurade, ɛfiri sɛ, moayɛ ɔsetie ama no ama mpo, monam so akunkum mo mma ne mo nuanom, enti ɔbɛhyira mo bebree.”
၂၉တဖန် မောရှေက၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ၏။
30 Adeɛ kyee anɔpa no, Mose ka kyerɛɛ nkurɔfoɔ no sɛ, “Moayɛ bɔne a ɛso bi mmaa da, nanso mɛsane akɔ Awurade nkyɛn wɔ bepɔ no so akɔhwɛ sɛ ebia, mɛnya bɔnefakyɛ ama mo anaa.”
၃၀နက်ဖြန်နေ့၌လည်း၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ၏။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား၍၊သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊
31 Enti, Mose sane kɔɔ Awurade nkyɛn kɔka kyerɛɛ no sɛ, “Ao, saa nnipa yi ayɛ bɔne a ɛso bi mmaa da, na wɔde sikakɔkɔɔ ayɛ wɔn anyame.
၃၁ထာဝရဘုရားအထံတော်သို့ ပြန်သွား၍၊ အိုဘုရားသခင်။ ဤလူတို့သည် ပြစ်မှားသော အပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကို လုပ်ပါပြီ။
32 Enti, meredi ama wɔn sɛ, fa wɔn bɔne kyɛ wɔn, na sɛ ɛnte saa nso a, pepa me din firi nwoma a woatwerɛ no mu.”
၃၂သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော် စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ လျှောက်လျှင်၊
33 Awurade buaa Mose sɛ, “Obiara a wayɛ me bɔne no, mɛpepa no afiri me nwoma mu.
၃၃ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကို ပြစ်မှား၏၊ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။
34 Enti afei, kɔ na di nkurɔfoɔ no anim kɔ beaeɛ a mekyerɛɛ woɔ no na mehyɛ wo bɔ sɛ, mɛma me ɔbɔfoɔ adi wʼanim; nanso sɛ mebɛsra nkurɔfoɔ no a, mɛtwe wɔn aso wɔ wɔn bɔne no ho.”
၃၄သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌ အပြစ်ပေးလျက် ကြွလာမည်ကို မိန့်တော်မူ၏။
35 Na ɛsiane sɛ nnipa no somm Aaron nantwie ba no enti, ɔtee yadeɛ guu wɔn so.
၃၅အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။

< 2 Mose 32 >